Issue 65

ရုတ်ချည်းအောင်မြင်မှုများရရှိလာသည့် ချီလီနိုင်ငံ၏ အစားအသောက်ထရပ်ကား (food truck) စီးပွားရေး လုပ်ငန်းသည် ထိုင်းလုပ်ငန်းရှင်များအတွက် မော်တော်ကားနှင့် မော်တော်ကားဆက်စပ်ပစ္စည်းများကို တောင်အမေရိကနိုင်ငံများသို့ တင်ပို့ နိုင်မည့်အခွင့်အရေးကောင်းကိုဖန်တီးပေးနေသည်ဟု ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေး ငှာန (DITP) ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ မတ်လ ၃၀ ရက်နေ့ ကပြောကြားပါသည်။

စန်ဒီယေဂိုမြို့ တွင်အခြေစိုက်ထားသည့် ထိုင်းကုန်သွယ်ရေးစင်တာ (Thai Trade Centre) ၏ပြောကြားချက် အရ ချီလီနိုင်ငံတွင် အစားအသောက်ထရပ်ကားစီးပွားရေးလုပ်ငန်းဆောင်ရွက်သူများ အရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် ဦးရေ ၈၀၀ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁,၂၀၀ သို့ တိုးတက်လာခဲ့ပါသည်။

စီးပွားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Chulalak Khemthong မှ "လက်ရှိအခြေအနေက ချီလီနိုင်ငံရဲ့ မိုင်း လုပ်ငန်းမှာ သုံးနေတဲ့ ပစ်ကပ် ထရပ်ကားတွေနဲ့ ထရပ်ကားကြီးတွေကို ထိုင်းနိုင်ငံကအများဆုံးတင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအသောက်ထရပ်ကားလုပ်ငန်းရဲ့ ရုတ်ချည်းအောင်မြင်လာမှုကြောင့် ဒီစီးပွားရေးလုပ်ငန်း နယ်ပယ်အတွက် ပြုပြင်မွမ်းမံပြီးသုံးနိုင်တဲ့ ဗန်ကား၊ သုံးဘီးမော်တော်ဆိုင်ကယ် နဲ့ ထရပ်ကားတွေရဲ့  ၀ယ်လို အားမြင့်လာတယ်။ ဒါက ထိုင်းလုပ်ငန်းရှင်တွေအတွက် သူတို့ ရဲ့ ဈေးကွက်ကိုချဲ့ ထွင်နိုင်မယ့်၊ ချီလီနိုင်ငံကို မော်တော်ကားနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကိုတင်ပို့ ရောင်းချနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သလို၊ ထိုင်း စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့ ကလည်း ဒီမှာ သူတို့ ရဲ့ လုပ်ငန်းသစ်တွေကိုဖွင့်လှစ်နိုင်မယ့် အခွင့်

အရေးကောင်းကြီးတစ်ရပ်ပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

 

367849