Issue 65

ဧပြီလ ၂၁ ရက်နေ့ က နှစ်နိုင်ငံမှပူးတွဲကျင်းပ ပြုလုပ်ခဲ့သည့် ကုန်သွယ်မှုနှင့်စီးပွားရေး ကော်ပိုရေးရှင်း ဆပ်-ကော်မတီ အစည်းအဝေးပွဲကြီးတွင် ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံများမှ ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို လျှော့ချသွားရန် သဘောတူညီခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး ယူအက်စ်ဒေါ်လာ ၁၀ ဘီလျံ ဖြင့် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု ငါးဆတိုးမြင့် လိုသောရည်ရွယ်ချက်ဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အတားအဆီးများကိုလျှော့ချရန်

အစည်းအဝေးကြီးမှ သဘောတူခဲ့ကြောင်း စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ ပြောကြားပါသည်။

နှစ်နိုင်ငံလုံးမှလည်း ထိုင်းနိုင်ငံနှင့် ရုရှား၊ ကာဇက်စတန်၊ ဘီလာရပ်စ်၊ အာမေးနီးယား နှင့် ကာဂျစ်စတန် နိုင်ငံ များပါဝင်သည့် ယူရေးရှား စီးပွားရေး ယူနီယံ (Eurasian Economic Union) အကြား ကုန်သွယ်ရေး ကင်းလွတ်ခွင့် သဘောတူညီမှု (free trade agreement - FTA) နှင့်ဆိုင်သည့် ဖြစ်နိုင်ချေများကို ဆန်းစစ် လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

 

367930