Issue 61

ထိုင်းနိုင်ငံမှဆန်များတွင် ပလတ်စတစ် အရောအနှောများပါဝင်နေသည်ဟု ယူအက်စ် ဖေ့စ်ဘွတ် post

တစ်ခုတွင်ရေးသားထားပါသည်။ ထိုရေးသားချက်ကိုတုံ့ ပြန်သည့်အနေဖြင့် ထိုင်းနိုင်ငံမှတင်ပို့ သည့် ဆန်များတွင် အခြားအရာဝတ္ထုများရောနှောပါဝင်နေခြင်း မရှိပါဟု စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ ဇန်န၀ါရီလ ၆ ရက်နေ့ ကအတည်ပြုပြောကြားပါသည်။

ဝန်ကြီး Tantraporn မှ "ဂျက်စမင်ဆန် အမှတ်တံဆိပ်ကို တင်ပို့ ရောင်းချနေတဲ့ Siam Grains က သူတို့ က ခေတ်မီတဲ့ထုတ်လုပ်မှုနဲ့ ထုပ်ပိုးမှု နည်းပညာတွေကို သုံးထား တဲ့အတွက် သူတို့ ရဲ့  ဆန်တွေ မှာ အခြားအရာတွေရောနှောပါဝင်နေခြင်းမရှိတာကို ရဲရဲအာမခံနိုင်ပါ တယ်လို့  ဆိုရှယ်မီဒီယာဆိုက် ပေါ်မှာ ဆိုထားပါတယ်။ တင်းကြပ်တဲ့ အရည်အသွေးစစ်ဆေးမှုတွေကို အောင်မြင်မှ နိုင်ငံခြားတိုင်းပြည် တွေကိုဆန်တင်ပို့ နိုင်တဲ့အတွက် ထိုင်းဆန်တွေက အရည်အသွေးအမြင့်မားဆုံးပါ" ဟုပြောကြားပါ သည်။

ဖေ့စ်ဘွတ်တွင် ဗွီဒီယိုအားတင်ခဲ့သည့်အဆိုပါ ပုဂ္ဂိုလ်အား တင်ပို့ ရောင်းချသူများမှ တရားစွဲဆိုသွားရန် စဉ်းစားနေကြကြောင်း ၀န်ကြီးမှအတည်ပြုပြောကြားပါသည်။

လောလောဆယ်တွင်၊ DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ထိုင်းနိုင်ငံ၏ စည်သွတ် သစ်သီးဗူးများတွင် HIV ဗိုင်းရပ်စ် ပါဝင်နေသည်ဆိုသည့် မကြာမီကထွက်ရှိလာသည့် ကောလဟာလ အားငြင်းဆန်ထားပါသည်။

Choklumlerd မှ "သတင်းက နောက်ပြောင်လိမ်လည်မှုပါ။ HIV ဗိုင်းရပ်စ် ရှင်သန်နိုင်ဖို့ အတွက် လူသား လက်ခံဆဲလ် လိုအပ်ပါတယ်။ အဲဒီဗိုင်းရပ်စ်က လူ့  ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ အချိန်အကြာ ကြီးအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့်၊ စည်သွတ်သစ်သီးဗူးတွေမှာ HIV ဗိုင်းရပ်စ်ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်က ဖြစ်နိုင်ချေမရှိပါဘူး။ ထိုင်းစည်သွတ်ထုတ်ကုန်တွေကို သေသေချာချာကို စစ်ဆေးထား တာပါ။ နောက်ပြီး၊ နိုင်ငံခြားတိုင်းပြည်တွေကိုမတင်ပို့ မီမှာ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းတွေနဲ့  ကိုက်ညီမှုရှိတယ်ဆိုတဲ့ထောက်ခံချက်တွေကို ရယူထားတာပါ" ဟုပြောကြားပါသည်။

 

 

366856