Issue 63

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှ ဖေဖော်ဝါရီလအတွင်း ကြီးမှူးကျင်းပ ခဲ့သည့် ၅၉ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး (BGJF 59) တွင် ရရှိခဲ့သည့် အခွန်ဘဏ္ဍာ သည် ယခင်နှစ်ထက်သာလွန်နိုင်သည်ဟု ကြိုတင်ခန့် မှန်းပြောဆိုထားပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ကျင်းပခဲ့တဲ့ ပြပွဲကြီးကနေ ယူအက်စ် ဒေါ်လာ ၄၇၅ မီလျံ (ထိုင်းဘတ် ၁၆ ဒသမ ၉၆ ဘီလျံ) ရခဲ့တဲ့ အတွက် DITP က ပြပွဲကြီးကနေ ရောင်းချရတဲ့တန်ဖိုး ယူအက်စ်ဒေါ်လာ ၄၈၇ မီလျံ ကျော် (ထိုင်းဘတ် ၁၇ ဘီလျံ) ရရှိဖို့ မျှော်မှန်းထားပါတယ်" ဟုပြောကြားပါသည်။

ပြပွဲကြီးသည် နိုင်ငံရပ်ခြားမှ ပြပွဲတင်ဆက်ပြသသူများ (overseas exhibitors) ၏အလယ်တွင် ပိုမိုထင်ရှား ကျော်ကြားလာသည်ဟု DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ယခုကဲ့သို့  ပြောကြားပါသည်။ "နိုင်ငံခြားကနေ လာရောက်ပါဝင်ပြသသူ ဦးရေက အရင်နှစ် ကထက် ၁၈ ရာခိုင်နှုန်း ပိုများလာတယ်။ နောက်ပြီး ကမ္ဘာအရပ်ရပ်က ဧည့်သည် ၂၃,၀၀၀ ကျော်ရဲ့ စိတ်ဝင်စားမှုကို လည်းရရှိခဲ့ပါတယ်။"

ထိုင်းနိုင်ငံသည် ကမ္ဘာ့ ၁၀ နိုင်ငံမြောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အများဆုံးထုတ်လုပ်တင်ပို့ သော နိုင်ငံ အဖြစ်ရပ်တည်လျက်ရှိပါသည်။ ရွှေအားချန်လှပ်၍ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ မှ ဒီဇင်ဘာလအတွင်း ကျောက်မျက် နှင့် လက်ဝတ်ရတနာများကို တင်ပို့ ရောင်းချခြင်းမှ ယူအက်စ်ဒေါ်လာ ၆ ဒသမ ၉၇ ဘီလျံ (ထိုင်းဘတ် ၂၄၃ ဒသမ ၉ ဘီလျံ) အား ရရှိခဲ့ပါသည်။

ယခုနှစ်အတွက် ရွှေအားချန်လှပ်၍ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာတင်ပို့ ရောင်းချရမှု ၅ ရာခိုင်နှုန်း တိုးတက်၍ ယူအက်စ်ဒေါ်လာ ၇ ဒသမ ၃၂ ဘီလျံ (ထိုင်းဘတ် ၂၅၆ ဒသမ ၆ ဘီလျံ) ရရှိရန် ခန့် မှန်းထားကြောင်း စီးပွားရေးဝန်ကြီးမှ ပြောကြားပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်နေ့ ထိ ဘန်ကောက်မြို့ ၊ မွမ်ထုံနီ ရှိ Impact အဆောက်အအုံ Challenger ခန်းမ များ ၌ပြုလုပ်ကျင်းပခဲ့သည့် ပြပွဲကြီးတွင် ကမ္ဘာအရပ်ရပ် နိုင်ငံများရှိ ကုမ္ပဏီပေါင်း ၇၃၀ နီးပါး (ပြခန်းပေါင်း ၂,၀၀၀ ကျော်) မှပြ၀င်ပြသခဲ့ပါသည်။

367253