Issue 63

ထိုင်းလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းများအတွက် အလားအလာကောင်းမွန်နေသည့် ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံမြို့ ကြီးများတွင် စီးပွားရေးအခွင့်အလမ်းများအား စူးစမ်းလေ့လာရှာဖွေနိုင်ရန်အတွက် စီးပွားရေးဝန်ကြီးငှာန (Ministry of Commerce) နှင့် အာဆီယံကွန်ရက်စင်မြင့် ဖြစ်သည့် C asean တို့ မှပူးပေါင်း၍ Deepening CLMV: Urbanization Project ဆိုသည့် စီမံကိန်းအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကစတင် ဆောင် ရွက် ခဲ့ပါသည်။

စီးပွားရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Winichai Chaemchaeng မှ "အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ အတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ စီယမ်ရိ မြို့ (Siem Reap)၊ မြန်မာနိုင်ငံရဲ့  မန္တလေးမြို့ ၊ လာအိုနိုင်ငံရဲ့ ချန်ပါစက်မြို့  (Champasak) နဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဟိုင်ဖုန်မြို့  (Hai Phong) ကြီးတွေက ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အထူး အလေး ထားရှေးရှုရမယ့်မြို့ ကြီးတွေဖြစ်ကြပါတယ်။ စီးပွားရေးဝန်ကြီးငှာနနဲ့  C asean တို့ ပူးပေါင်းပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ရတာက ထိုင်းလုပ်ငန်းတွေနဲ့  CLMV လေးနိုင်ငံရဲ့ အစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍတွေက ကိုယ်စား လှယ်တွေကြား စီးပွားရေးလုပ်ငန်းပူးပေါင်းလုပ်ဆောင်ချင်သူတွေအတွက် ကွန်ရက်ချိတ်ဆက် ဆက်သွယ်ပေးနိုင်ဖို့  ပဲဖြစ်ပါတယ်" ဟုပြောကြားပါသည်။

၎င်းမှ "ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ဈေးကွက်အခြေအနေကို သိရှိနိုင်ဖို့ နဲ့  အလားအလာ ကောင်းမွန်တဲ့ စီးပွားရေး မိတ်ဖက်တွေကို ရှာဖွေနိုင်ဖို့ အတွက် ဒီမြို့ ကြီးတွေဆီကို စီးပွားရေးလုပ်ငန်းခရီးတိုတွေ ပို့  ဆောင်ပေးဖို့  ကျွန်တော်တို့ စီစဉ်ပေးသွားဖြစ်ပါတယ်" ဟုဖြည့်စွက်ပြောကြားပါသည်။

ဤအစီအစဉ်အား ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ အီးမေးလ် လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. သို့  စာဖြင့် ရေးသားဆက်သွယ်မေးမြန်းနိုင်သကဲ့သို့ ၊ တယ်လီဖုန်းနံပါတ် +662-785-9093 သို့ ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။

 

368368