Issue 63

ထိုင်းနိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်သစ် H.E. Mrs. María Alicia Cuzzoni de Sonschein နှင့် စီးပွားရေး ၀န်ကြီး Minister Apiradi Tantraporn တို့ သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် စီးပွားရေးဝန်ကြီးငှာနရုံး၌ တွေ့  ဆုံဆွေးနွေးခဲ့ကြပါသည်။

စီးပွားရေးဝန်ကြီး Apiradi Tantraporn မှ "ကျွန်မတို့ အာဂျင်တီးနားနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ အရှေ့ ပိုင်း စီးပွားရေးဇုံ (Eastern Economic Corridor (EEC)) မှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့  ဖိတ်ခေါ်ထားပါတယ်။ ဘာကြောင့်ဆိုရင် ထိုင်းနိုင်ငံက ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်မှုအခွင့်အရေးတွေကို ပေးအပ် နေတဲ့အပြင်၊ CLMV လေးနိုင်ငံမှာ ကုန်ကြမ်း ပစ္စည်းတွေကိုဝယ်ယူနိုင်ပြီး သူတို့ ရဲ့ ဈေးကွက်ကိုလည်းချဲ့ ထွင်နိုင်မယ့် အချက်အချာနေရာတစ်ခုအဖြစ်နဲ့ လည်းအသုံးပြုနိုင်တဲ့ အတွက်ကြောင့်ပါ။ အာဂျင်တီးနားက သူတို့ ရဲ့ စီးပွားရေး ကို ထိုင်းနိုင်ငံကို ချဲ့ ထွင်ချင်ပါတယ်။ အထူးသဖြင့် အမဲသားတင်ပို့ တဲ့လုပ်ငန်းမှာပါ။ သံအမတ်ကြီးက ထိုင်းရင်းနှီးမြှုပ်နှံ သူတွေကို အာဂျင်တီးနားရဲ့ မိုင်းတွင်းကဏ္ဍ နဲ့ ပြန်လည်ထုတ်လုပ်နိုင်တဲ့စွမ်းအင် (renewable energy) ကဏ္ဍတွေ မှာရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်" ဟုပြောကြားပါသည်။

ထိုင်းနိုင်ငံ၏ ECC ဖွံ့ ဖြိုးရေးစီမံကိန်းသည် ထိုင်းနိုင်ငံ၏အရှေ့ပိုင်းပင်လယ်ကမ်းခြေဒေသအား အာဆီယံနိုင်ငံများ အတွင်း စီးပွားရေးဆိုင်ရာ အဓိကဦးဆောင်သူအဖြစ် အကောင်အထည်ဖော်ဆောင်ရန်ရည်ရွယ်သည်။ ၄င်း စီမံကိန်း တွင် ချုံဘူရီ (Chon Buri)၊ ရရောင်း (Rayong) နှင့် ချာချုံစောင် (Chachoengsao) ခရိုင်းများပါဝင်ပါသည်။ စီမံကိန်း ကြီးသည် နောင်မျိုးဆက် မော်တော်ကားလုပ်ငန်း (next-generation automotives)ကဏ္ဍ၊ စမတ်အီလက်ထရွန်နစ် လုပ်ငန်းကဏ္ဍ၊ ပြီးပြည့်စုံသည့် ဆေးဝါးကုသမှုနှင့် wellness ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေး နှင့် ဇီဝနည်းပညာကဏ္ဍ၊ အနာဂတ်အစားအစာ (food for the future) လုပ်ငန်းကဏ္ဍများကဲ့သို့ သော လုပ်ငန်း ကဏ္ဍ ၁၀ ခု ဖွံ့ ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

367642