Issue 69

စီးပွားရေးဝန်ကြီးဌာန (MoC) ၏၀န်ကြီးသည် ထိုင်းနိုင်ငံ၏ ထူးချွန်ထင်ရှားသော ပို့ ကုန် လုပ်ငန်းရှင် ၃၃ ဦးအား Prime Minister's Export Awards (၀န်ကြီးချုပ်၏ ပို့ ကုန်လုပ်ငန်းရှင်ဆု) သို့ မဟုတ် PM Awards ဆုများကို ထိုင်းနိုင်ငံ၏ အစိုးရအိမ်တော် (the Government House of Thailand) ၌ သြဂုတ်လ ၃၀ ရက်နေ့ က ပေးအပ် ချီးမြင့်ခဲ့ပါသည်။

ထိုဆုချီးမြင့်သည့် အခမ်းအနားတွင် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာ(General Prayuth Chan-ocha) မှတက်ရောက်၍ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) မှရွေးချယ်ထားသော ထိပ်တန်းပို့ ကုန်လုပ်ငန်းရှင်များအား PM Award ဆုများကို ပေးအပ်ချီးမြင့်ပေးခဲ့ပါသည်။

ယခုနှစ်ပေးအပ်ချီးမြင့်သည့် ဆုအမျိုးအစားများတွင် - အကောင်းဆုံးပို့ ကုန်လုပ်ငန်းရှင်ဆု (Best Exporter)၊ သဘာဝ ၀န်းကျင်နှင့်သဟဇာတဖြစ်သည့် အကောင်းဆုံးပြောင်းလဲဆန်းသစ်တီထွင်မှုဆု (Best Green Innovation)၊ အကောင်းဆုံးထိုင်းကုန်အမှတ်တံဆိပ်ဆု (Best Thai Brand)၊ အကောင်းဆုံး ဒီဇိုင်းဆု (Best Design)၊ အကောင်းဆုံး ၀န်ဆောင်မှုလုပ်ငန်းဆု (Best Service Enterprise)၊ အကောင်းဆုံး OTOP ဆု (Best OTOP) နှင့် အကောင်းဆုံး ဟာလာဆု (Best Halal) စသည်ဖြင့် ဆုအမျိုးအစားပေါင်း ခုနစ်မျိုးကို ပေးအပ် ချီးမြင့် ခဲ့ပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.pm-award.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

 

365257