Issue 69

စားပွဲတင်မယ်လမင်းပစ္စည်းများ (ပန်းကန်ခွက်ယောက်များ) အားထုတ်လုပ်နေသည့် ကမ္ဘာ့ရှေ့ ဆောင်ကုမ္ပဏီ၏ ဥက္ကဌမှ အောင်မြင်ရခြင်း အကြောင်းနှင့် အနာဂတ်အစီအစဉ်များကိုရှင်းလင်း ပြောပြထားခြင်းဖြစ်ပါသည်။

ကမ္ဘာ့အကြီးမားဆုံး Srithai Superware ကုမ္ပဏီကြီးသည် ၁၀၀ ရာခိုင်နှုန်း မယ်လမင်း tableware (ပန်းကန်ခွက်ယောက်) ပစ္စည်းများကိုထုတ်လုပ်နေသောကုမ္ပဏီကြီးဖြစ်ပါသည်။ ၄င်းသည် ကမ္ဘာအရပ်ရပ်ရှိ စားသုံးသူများ၏ လိုအပ် ချက်များကို ဘက်ပေါင်းစုံမှဖြည့်ဆည်းပေးနိုင်ရန်နှင့် ကမ္ဘာ့နောက်ဆုံးပေါ် ခေတ် ရေစီးကြောင်းများနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ၄င်းတို့ ၏ထုတ်ကုန်ပစ္စည်းများကိုစဉ်ဆက်မပြတ် တိုးတက် ဖော်ဆောင်၍ သစ်လွင်သော စတိုင်လ်ရှိသည့် ပစ္စည်းများကိုပေးအပ်လျက်ရှိနေပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ပြောကြားချက်အရ ၂၀၁၆ ခုနှစ် အတွင်း ထိုင်းနိုင်ငံ၏ tableware (ပန်းကန်ခွက်ယောက်များ) နှင့် မီးဖိုချောင်သုံးပစ္စည်းများကို တင်ပို့ ရောင်းချ သည့် တန်ဖိုး သည် ပလတ်စတစ်ထုတ်ကုန်ပစ္စည်း ယူအက်စ်ဒေါ်လာ ၁၄၃ ဒသမ ၂၀ သန်းဖြင့် ယူအက်စ် ဒေါ်လာ ၇၇၉ ဒသမ ၆၉ သန်း ရှိခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း၊ ပလတ်စတစ် (tableware) ပန်းကန်ခွက်ယောက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို တင်ပို့ ရောင်းချရသည့်တန်ဖိုးသည် ယူအက်စ်ဒေါ်လာ ၆၅ ဒသမ ၄၇ သန်းရှိခဲ့ပြီး၊ tableware (ပန်းကန် ခွက်ယောက်) နှင့် မီးဖိုချောင်သုံးပစ္စည်းအလုံးစုံ တင်ပို့  ရောင်းချခြင်းမှ စုစုပေါင်း ယူအက်စ်ဒေါ်လာ ၃၅၇ ဒသမ ၉၆ သန်းရရှိထားပါသည်။

ကုမ္ပဏီ၏ သဘာပတိနှင့် ဥက္ကဌဖြစ်သူ မစ္စတာ Sanan Angubolkul မှ "ကျွန်တော်တို့ ရဲ့  Srithai Superware မှာ ဖောက်သည်ရှေးရှုထုတ်ကုန် ပစ္စည်းတွေကို တိုးတက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဈေးကွက်တွေမှာ ဖြန့် ချိတဲ့ ကျွန်တော်တို့ ရဲ့  ဒေသတွင်းဖြန့် ဖြူးရောင်းချသူတွေက ကျွန်တော်တို့ တွေကို စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို ပြောပြကြတယ်။ နောက်ပြီး၊ ကျွန်တော်တို့ ရဲ့  သုတေသနနဲ့ တိုးတက်ဖော် ဆောင်ရေးအဖွဲ့ ကလည်း သူတို့ တွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်ကြပြီး၊ ကျွန်တော်တို့ ရဲ့  ပစ္စည်း suppliers တွေကလည်း အဲ့ဒါကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ကြတယ်။ ဒါပေမယ့်၊ ထုတ်ကုန်သစ်တွေကို မထုတ်ခင်မှာ အဲဒါတွေရဲ့ ဈေးကွက်ဝင်နိုင်မှုကို သေချာစေရမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

လုပ်ငန်းအတွေ့ အကြုံ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်သည့် ကုမ္ပဏီကြီးသည် ၄င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ် Superware ဖြင့် မယ်လမင်း tableware (ပန်းကန်ခွက်ယောက်အသုံးအဆောင်ပစ္စည်း) များကို ထုတ်လုပ် နေသကဲ့သို့ ၊ အနောက်နိုင်ငံများ၌ လူသိများထင်ရှားသည့် အမှတ်တံဆိပ်အချို့ အတွက် original equipment manufacturer (OEM) အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။

မစ္စတာ Angubolkul မှ "လွန်ခဲ့တဲ့ နှစ်တွေမှာ လူတွေက သဘာဝထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် သဘာဝဆန်တဲ့ သွင်ပြင်နဲ့  texture (ခံစားမှု) ရှိတဲ့ ထုတ်ကုန်တွေကို ၀ယ်ယူဖို့ ပိုပြီးစိတ်ဝင်စားလာကြတယ်။ ဒါကြောင့် ကျွန်တော်တို့ က သဘာဝကျောက်သား texture ရှိတဲ့ မယ်လမင်း tableware (ပန်းကန်ခွက်ယောက်)တွေကို ပေးစွမ်းမယ့် Sila collection ကိုဖော်ဆောင်ခဲ့ပါတယ်။ မယ်လမင်းလုပ်ငန်းအတွက် ကြီးမားတဲ့ဆန်းသစ် ပြောင်းလဲမှုကြီးပါ။ နောက်ပြီး၊ ဒီနေ့ ထိ ဘယ်ကုမ္ပဏီကမှ ကျွန်တော်တို့ ကိုအတုမခိုးနိုင်သေးပါဘူး" ဟုဆိုပါ သည်။

ကုမ္ပဏီမှ မယ်လမင်း tableware (ပန်းကန်ခွက်ယောက်)၊ ပုံနှိပ်ပုံဖော်ထားသည့် အထည်သား (printed fabric) ဖြင့်ပြုလုပ်သည့် မီးဖိုချောင်သုံးပစ္စည်းများနှင့် လက်ကိုင်အိတ်များဖြင့် ငယ်ရွယ်သည့် စားသုံးသူများကို ဆွဲဆောင်နိုင်ရန်အတွက် The Potters ဆိုသည့် လိုက်ဖ်စတိုင် အမှတ်တံဆိပ် ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပါ သည်။

မစ္စတာ Angubolkul မှ "ကျွန်တော်တို့ တွေ The Potters အမှတ်တံဆိပ်အတွက် အဓိက ဒီဇိုင်းလိုင်းကိုဖန်တီး ခဲ့ပါတယ်။ ထုတ်ကုန်အားလုံးရဲ့ ဒီဇိုင်းလိုင်းကို ၁၇ ရာစု ဂန္တ၀င်ဥရောပစတိုင် လွှမ်းမိုးထားတဲ့ ထူးခြားတဲ့ ၀ိသေ လက္ခဏာတွေ ရှိတဲ့ ပုံပြင်တွေနဲ့ ဖန်တီးထားပါတယ်။ ကျွန်တော်တို့ အတွက်လည်း ပြောင်းလဲတဲ့ဆန်းသစ်မှုကြီး ပါ။ ဘာကြောင့်လဲဆိုရင်၊ ဒီပစ္စည်းတွေက သာမာန်မယ်လမင်းပစ္စည်းတွေမဟုတ်ပါဘူး။ ကုန်အမှတ်တံဆိပ် ရဲ့  ထူးခြားတဲ့ပုံပြင်နဲ့ လိုက်ဖ်စတိုင်ပစ္စည်းတွေဖြစ်လို့ ပါ။ ဒီဟာက အဓိကစားသုံးသူသစ်တွေကို ရရှိဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်" ဟုဆိုပါသည်။

ယခုအခါတွင် Srithai Superware သည် ကမ္ဘာအရပ်ရပ်ရှိနိုင်ငံပေါင်း ၁၀၀ ကျော်သို့ ၎င်း၏ထုတ်ကုန်များကို တင်ပို့ ရောင်းချနေပါသည်။ ထိုင်းနိုင်ငံအပြင်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း စက်ရုံများတည်ထောင်ထားပြီး၊ ထုတ်ကုန်များကို ဒေသတွင်းဈေးကွက်များအတွက် အဓိကထုတ်လုပ်ပေးလျက် ရှိပါသည်။ ထို့ ပြင်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် သီရိလင်္ကာနိုင်ငံများ ၌လည်းစက်ရုံများကိုတည်ထောင်ရန် အကောင်အထည်ဖော်ဆောင်နေပါသည်။ "ကျွန်တော်တို့ ရဲ့ ကုမ္ပဏီက လက်ရှိဈေးကွက်တွေနဲ့  ဈေးကွက်သစ် တွေမှာ စီးပွားရေးကျဆင်းတဲ့ လှည့်ပြောင်းမှုဒဏ်တွေလျော့နည်းသက်သာစေဖို့ စီးပွားရေး အခွင့်အလမ်းသစ် တွေကို စဉ်ဆက်မပြတ်ရှာဖွေနေပါတယ်" ဟု မစ္စတာ Angubolkul မှဆိုသည်။

ကမ္ဘာ့ဈေးကွက်များအလယ်တွင် ရရှိနေသည့် ၄င်း၏အောင်မြင်မှုကို အသိအမှတ်ပြု သည့်အနေဖြင့် DITP မှ Srithai Superware အား Prime Minister's Award for Best Exporter ဆု ကြီးကို ၂၀၁၆ ခုနှစ်တွင် ပေးအပ် ချီးမြင့် ခဲ့ပါသည်။ ထုတ်လုပ်မှုပိုင်းတွင် စိတ်ချယုံကြည်ရသည့် အကောင်းဆုံး အရည်အသွေး အမှတ်သင်္ကေတ၊ မျှတသည့်လုပ်ငန်းခွင်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်ထား ရှိသည့် တာဝန်ဝတ္တရား များ၏ သင်္ကေတဖြစ်သည့် Thailand Trust Mark (T Mark) အားလည်းရရှိထားပါသည်။

ပိုမိုသိရှိလိုပါက www.srithaisuperware.com နှင့်www.thepotterssince2012.com တို့ အားဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

366692