Issue 62

စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကောင်းမွန်ခြင်းမရှိသော်လည်း သင့်လျော်မှန်ကန်သည့် ထုတ်ကုန်အတွက် အာဖရိကတိုက်သည်အခွင့်အလမ်းများပြည့်နှက်နေသည့် တိုက်တစ်တိုက်ဖြစ်ပါ သည်။

ဈေးကွက်ပိုင်းဆိုင်ရာတွင် အတွေ့ အကြုံရင့်ကျက်သည့် ထိုင်းစီးပွားရေးသမားတစ်ဦး၏ပြောကြားချက် အရ၊ အထူးသဖြင့် ဒေသခံစားသုံးသူများကို ဦးတည်သည့် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက် ကုန်နှင့်ဖျော်ရည်များဆိုင်ရာ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အာဖရိကတိုက်သည် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

Green Spot ထိုင်းပဲနို့ ပို့ ကုန်လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးခေါင်းဆောင်ဖြစ်သူ Nampetch Tatiyawong မှ "အာဖရိကမှာစားသုံးကြတဲ့ စားသောက်ကုန် ၈၀ ရာခိုင်နှုန်းလောက်ကို နိုင်ငံရပ်ခြား တိုင်းပြည်တွေက မှာယူတင်သွင်းကြတာဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် ဒေသကြီးထဲမှာ အလုံအ လောက် မထုတ်လုပ်နိုင်ကြဘူး" ဟုဆိုပါသည်။

၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Green Spot သည် ကမ္ဘာ အရပ်ရပ်ရှိနိုင်ငံပေါင်း ၄၀ ကျော်သို့ ၎င်း၏ထုတ်ကုန်များကို တင်ပို့ ရောင်းချလျက်ရှိပါသည်။ အာရှရှိ ဈေးကွက်များ အပြင် အထူးသဖြင့် အာဖရိကတိုက်ရှိ ဂါနာ နှင့် နိုင်ဂျီးရီးယား နိုင်ငံများသို့ လည်း ၄င်း၏ကုန်စည်များကို ရောင်းချနိုင်ရန်အတွက် ဦးတည်ဆောင်ရွက်ရှိသည်။

Tatiyawong မှ "အာဖရိကတိုင်းပြည်တွေမှာက ဇိမ်ခံပစ္စည်း များများစားစားသိပ်မရှိတဲ့အတွက် စားသုံး သူတွေက သူတို့ ရဲ့ ပိုက်ဆံတွေကို အထူးသဖြင့် အစားအသောက်လို အိမ်အတွက်လိုအပ်တဲ့ ပစ္စည်း တွေကိုဝယ်ယူရာမှာသုံးစွဲကြတယ်" ဟု ဆိုပါသည်။ ထို့ အပြင်၊ အာဖရိကန်လူမျိုးများသည် ၄င်းတို့ ၏ အစားအသောက်နှင့် ကျန်းမာသည့် လူမှုဘ၀နေထိုင်မှုပုံစံအပေါ် အထူးဂရုပြုအလေးထားသောကြောင့် ၄င်းတို့ ၏ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဖျော်ရည်များကို ရွေးချယ်သောက်သုံးကြသည်ဟု ၄င်းမှဖြည့်စွပ်ပြောပြပါသည်။

သတင်းစကားသည် ဈေးကွက်တွင်းထိုးဖောက်ဝင်ရောက်ရေးအတွက် အထူးအရေးပါနေဆဲပင်ဖြစ် ပါ သည်။

Tatiyawong မှ "သူတို့ (စားသုံးသူများ) တွေ ပစ္စည်းကိုကြိုက်ခဲ့မယ်ဆိုရင် သူတို့ ရဲ့ မိတ်ဆွေတွေကို ပစ္စည်း ၀ယ်ဖို့ ထောက်ခံပေးကြလိမ့်မယ်။ အထူးသဖြင့် အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာပေါ့။ နိုင်ဂျီးရီးယားမှာဆိုရင် ပစ္စည်းအတော်များများကို ပြည်တွင်းမှာနေထိုင်သူတွေနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်ကြသူတွေအတွက် ၀ယ်ယူတင်သွင်းကြတယ်" ဟုဆိုပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့် ဖျော်ရည်များအပြင်၊ အသင့်စား စားသောက်ကုန်များသည်လည်း လူကြိုက်များလာလျက်ရှိသည်။

Thailand Trust Mark ကဲ့သို့ သော တရားဝင်ထောက်ခံချက်များ ရရှိထားခြင်းသည်လည်း ကုန် ပစ္စည်းအမှတ်တံဆိပ်ကို စားသုံးသူများ အသိအမှတ်ပြုလက်ခံရာတွင် အထောက်အကူဖြစ်စေသကဲ့သို့  အမှတ်တံဆိပ်အပေါ်စိတ်ချယုံကြည်မှုအားလည်း တိုးပွားလာစေပါသည်။

၎င်းမှ "ထိုင်းဆန်အပြင် Made in Thailand ဆိုတဲ့အမှတ်တံဆိပ်ပါတဲ့ ပစ္စည်းတွေကို အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းတွေအဖြစ်အသိအမှတ်ပြုတာကိုခံထားရတယ်။ အထူးသဖြင့်၊ ပိုမိုကောင်းမွန်တဲ့ ဘ၀အသက်တာကိုရရှိဖို့ အတွက် သူတို့ ရဲ့ ငွေတွေကိုသုံးကြတဲ့ စားသုံးသူတွေရဲ့ အသိအမှတ်ပြုခြင်း ကိုခံရတယ်။ အဓိက ကတော့ ကိုယ့်ထုတ်ကုန်တွေရဲ့ ကောင်းမွန်တဲ့အရည်အသွေးကို အာမခံနိုင်ရ မယ်။ နောက်ပြီး ဥရောပနိုင်ငံတွေက တင်သွင်းလာတဲ့ကုန်စည်တွေထက် တန်ဖိုးနည်းရမယ်။ ဒါဆိုရင် ဈေးကွက်မှာ ကိုယ့်ရဲ့ ပစ္စည်းတွေအတွက် အမြဲနေရာရှိနေမှာပါ" ဟုပြောပြပါသည်။

စားသုံးသူများသည် ကျန်းမာရေးနှင့်ညီညွတ်သည့် ဘ၀နေထိုင်မှုပုံစံကို ပိုမိုအလေးထားလာသည်နှင့် အမျှ၊ Green Spot မှလည်း ၄င်းတို့ ၏ထုတ်ကုန်ကို စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်ရန်ကြိုးစား လျက်ရှိနေသည်သာမက၊ ပဲပိစပ်ဖြင့်ထုတ်လုပ်ထားသော အရည်အသွေးကောင်းမွန်သည့် ဖျော်ရည် များဈေးကွက်၏ ဦးစီးဦးဆောင်သူဖြစ်လာရန်အတွက်လည်း ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

Tatiyawong မှ "ကျွန်မတို့  အာရှတိုက်နဲ့ အာဖရိကတိုက်နှစ်ခုစလုံးအတွက် အယ်လ်မွန်သီးနို့ ၊ ဆန် ကနေထုတ်တဲ့နို့  ဒါမှမဟုတ် အစေ့အဆန်တွေကနေထုတ်တဲ့နို့ တွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်ပြီး နို့ ထွက် ပစ္စည်းမဟုတ်တဲ့ရွေးချယ်စရာ ထုတ်ကုန်သစ်တွေကိုပေးနိုင်ဖို့ အတွက် အစဉ်တစိုက် ကြိုး ပမ်းဆောင် ရွက်နေပါတယ်" ဟု ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.greenspotthailand.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

366670