Issue 63

တိုင်းပြည်၏ကြီးပွားတိုးတက်ရေးအတွက် ထိုင်းခရီးသွားလာရေးလုပ်ငန်းသည် အဓိကကျသည့် အခန်းကဏ္ဍ မှ ဆက်လက်ပါဝင်နေပါသည်။ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့  (Tourism Authority of Thailand (TAT) ) သည် စံချိန်တင်ရရှိခဲ့သော အမြတ်ငွေ၊ ရည်မှန်းချက်ကမ်ပိန်းသစ်များဖြင့် ATF 2018 ပွဲအားလက်ခံ ကျင်းပ ရန်အတွက် ပြင်ဆင်နေပြီဖြစ်ပါသည်။

ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့  (TAT) သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ မှ ၂၀ ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားဖိုရမ် ၂၀၁၇ ခုနှစ် (ASEAN Tourism Forum (ATF) 2017) ၌ ၄င်း၏ ၂၀၁၇ ခုနှစ် အတွက်ရည်မှန်းချက်များနှင့် Shaping Our Tourism Journey Together ဆိုသည့် ကမ်ပိန်းသစ် အားစတင် ဆောင်ရွက် ခဲ့ပါသည်။

အခမ်းအနားပွဲကြီးတွင် TAT ခေါင်းဆောင် Dr. Yuthasak Supasorn မှ "၂၀၁၆ ခုနှစ်မှာ၊ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ် ငန်းကနေ အခွန်ဘဏ္ဍာငွေ ထိုင်းဘတ် ၁ ဒသမ ၆၅ ထြီလျံ ဘတ် (ယူအက်စ်ဒေါ်လာ ၄၆ ဘီလျံ ၀န်းကျင်ခန့် ) ရရှိ ခဲ့ပြီး၊ လာရောက်လည်ပတ်သူဦးရေ ၃၂ ဒသမ ၆ မီလျံ ရှိခဲ့တာကြောင့် စံချိန်ကျိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ နှစ်တစ် နှစ်ပါ။ နောက်ပြီး အရင်နှစ်ကထက်စာရင် လည်ပတ်သူဦးရေကလည်း ၉ ရာခိုင်နှုန်းတိုးတက်လာတယ်" ဟုပြော ကြားခဲ့ပါသည်။

"၂၀၁၇ ခုနှစ်မှာ၊ ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဘဏ္ဍာငွေ ထိုင်းဘတ် ၁ ဒသမ ၈ ထြီလျံ ဘတ် (ယူအက်စ် ဒေါ်လာ ၅၀ ဘီလျံ ခန့် ) နဲ့ နိုင်ငံခြားသား ခရီးသွား ၃၄ ဒသမ ၅ မီလျံ ကိုရောက်ရှိနိုင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ကမ္ဘာကသိရှိလာစေဖို့ အတွက် Unique Local Experiences ဆိုတဲ့ ဆန်းသစ်ပြောင်းလဲတဲ့ ကမ်ပိန်းသစ်ကို ဖော်ဆောင်ထားပါတယ်။"

"ဒီကနေ့ မှာ၊ စစ်မှန်ပြီးယုံကြည်နိုင်လောက်တဲ့ ဒေသဆိုင်ရာအဖြစ်အပျက်ဇာတ်လမ်းတွေကို လူတွေက ပိုပိုပြီး ရှာဖွေ လာကြတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ က ကျွန်တော်တို့ ရဲ့ ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့ အတွက် နဲ့  သူတို့  ရဲ့  သဘောထားအမြင်တွေကို ပြောင်းလဲဖို့ အတွက် တမူထူးခြား တဲ့ ထိုင်းဒေသဆိုင်ရာ အတွေ့ အကြုံတွေကိုပေးအပ် နေပါတယ်။ ထိုင်းနိုင်ငံကိုလာလည်တာ ရှုခင်းတွေကြည့်ရှုခံစားဖို့  အတွက်ပဲမဟုတ်ပဲ၊ စစ်မှန်တဲ့ ထိုင်းလိုက်ဖ်စတိုင် ကိုလေ့လာခံစားနိုင်စေချင်ပါတယ်။ ဒါ့အပြင်၊ ဒီအံ့သြဖွယ်ကောင်းတဲ့ နိုင်ငံရဲ့ ထူးခြားပြောင်မြောက်တဲ့ အရာတွေကို လည်းခံစားနိုင်စေချင်ပါတယ်။"

TAT ခေါင်းဆောင် မှ ထိုင်းနိုင်ငံသည် ATF 2018 ဖိုရမ်အား ချင်းမိုင်မြို့ တွင် ASEAN – Sustainable Connectivity, Boundless Prosperity ဆိုသည့်ခေါင်းစဉ် လက်ခံကျင်းပသွားရန်အတွက် ပြင်ဆင်မှု များဆောင်ရွက်နေကြောင်း ဧည့်ပရိသတ်များအား အသိပေးထုတ်ပြန်ကြေညာခဲ့ပါသည်။

ထိုင်းခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၏ အဖွဲ့ ဝင်များသည်လည်းပျော်ရွှင်နေခဲ့ကြပါသည်။

ကျွန်တော်တို့ ရဲ့ ဟိုတယ်တွေက နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်ဘွတ်ကင်တွေနဲ့ ပြည့်နေတတ်ပါတယ်" ဟု Santhiya Resorts & Spas ၏ အလုပ်အမှုဆောင်လူကြီးတစ်ဦးဖြစ်သူ Komjet Chantaravisoot မှဆိုပါသည်။

ဖူးခက်ရှိ Merlin ဟိုတယ်၏ အရောင်းဒါရိုက်တာဖြစ်သူ Piyawan Chirayus မှ "နိုင်ငံတကာက ခရီးသွားဧည့်သည် တွေ အထူးသဖြင့် ဥရောပသားတွေက ကျွန်တော်တို့ အလှဆင်ထားတဲ့အရာတွေကတဆင့်ပေါ်လွင်နေတဲ့ Thainess၊ နွေးပျူငှာဧည့်ဝတ်ကျေပွန်မှုနဲ့ စိတ်ကောင်းစေတနာကောင်းရှိကြတဲ့ ထိုင်းလူမျိုးတွေရဲ့ ဝန်ဆောင်မှုတွေ ကို တကယ့်ကိုကြိုက်ကြတယ်။ ဒီဟာက ကျွန်တော်တို့ ထိန်းသိမ်းသင့်တဲ့ တိုင်းပြည်ရဲ့ ဆွဲဆောင်မှုတွေပါ" ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အားသာချက်အပေါ်ထောက်ခံပြီး၊ လုပ်ငန်းကဏ္ဍအတွင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း အလေးထားပြောကြားသွားပါသည်။

၎င်းမှ "ကျွန်တော်တို့ ခရီးသွားလုပ်ငန်းအခြေအနေက ထင်သာတဲ့တိုးတက်မှုတွေရှိနေပေမယ့် ကျွန်တော်တို့  ဧည့်သည်တွေကို တစ်ခါပြီးတစ်ခါ ပြန်ပြီးလာလည်ချင်အောင် သူတို့ ရဲ့ မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပြီး စိတ်ကျေနပ်နိုင်စေဖို့ အတွက် ကျွန်တော်တို့ ရဲ့ ဝန်ဆောင်မှုတွေကို ဒီထက်ပိုပြီးကောင်းအောင်ဆောင်ရွက်နိုင်ဖို့  သူတို့ တွေကို လူကိုယ်တိုင်တွေ့ ပြီး သူတို့ ရဲ့ သဘောထားအမြင်တွေကို ရရှိဖို့ လိုပါတယ်" ဟုဆိုပါသည်။

ထိုင်းခရီးသွားအေးဂျင့်များအဖွဲ့  (Association of Thai Travel Agents) ၏ ဒုတိယ ဥက္ကဌ Mingkwan Metmowlee မှလည်း တိုင်းပြည် ခရီးသွားလုပ်ငန်းကဏ္ဍ၏အားသားချက်များအပေါ် သူမ၏ ထင်မြင်ယူဆချက်များ ကိုပြောပါသည်။

"ထိုင်းနိုင်ငံက ခရီသွားလုပ်ငန်းကဏ္ဍအတွက် အရမ်းကိုအလားအလာကောင်းတွေရှိနေပါတယ်။ သယ်ယူပို့ ဆောင် ရေး၊ ၀န်ဆောင်မှု၊ ခရီးသွားတွေလည်ပတ်ကြည့်ရှုနိုင်မယ့်နေရာတွေ၊ ယဉ်ကျေးမှုနဲ့ အသိပညာဗဟုသုတတွေ အပါအ၀င် ခရီးသွားတွေ လိုအပ်မယ့်အရာတွေအားလုံးကျွန်မတို့ မှာပြည့်စုံတယ်။ အခမ်းအနားမှာ စတင်ခဲ့တဲ့ Visit ASEAN@50: Golden Celebration ကမ်ပိန်းသစ်အရ၊ အာဆီယံနိုင်ငံတွေက ခရီးသွားတွေ ထိုင်းကိုလာလည်ဖို့  အတွက် ပိုမိုစိတ်ဝင်စားလာကြတဲ့အတွက် ၂၀၁၇ ခုနှစ်က ထိုင်းခရီးသွားလုပ်ငန်းအတွက် အရမ်းကောင်းတဲ့ နှစ်တစ် နှစ် ဖြစ်မယ်လို့ ထင်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ www.atf2017.comwww.tourismthailand.org များသို့ ဝင်ရောက်ဖတ်ရှုနိုင်ပါ သည်။

ATF2017 ၏ ခွင့်ပြုချက်ဖြင့် ပုံများကိုရယူဖော်ပြပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

365689