Industry

Issue 54

ထိုင်းနိုင်ငံမှထွက်ရှိသည့် ဒူးရင်းသီးများသည် ၄င်းတို့ ၏စူးရှပြင်းပြသည့်ရနံ့ ထက်သာလွန် ၍

လုပ်ငန်းရှင်များအတွက် မြောက်မြားစွာသောအခွင့် အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။

ဒူးရင်းသီးသည် ၄င်း၏စူးရှသည့်ရနံ့ ကြောင့် လူသိများထင်ရှားမည်ဖြစ်သော်လည်း၊ အသီးသည် ဒေသ တလွှားတင်ပို့  ရောင်းချနိုင်သည့် အလားအလာကောင်းရှိနေပါသည်။ ရင်းနှီးမြှပ်နှံမှုဘဏ်၏ ပြောကြား ချက်အရ ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ တင်ပို့ ရောင်းချရသည့် သစ်သီးတန်ဖိုးများအနက် စည်သွတ် နာနတ် သီး (အမေရိကန်ဒေါ်လာ ၅၀၅ မီလီယံ) ပြီးလျင် ဒူးရင်းသီး သည် (အမေရိကန် ဒေါ်လာ ၄၂၆ မီလီယံ) ဒုတိယ နေရာဖြင့် သမင်မျက်လုံး (longan) (အမေရိကန်ဒေါ်လာ ၄၁၅ မီလီယံ) ၏အထက် တွင်ရှိနေခဲ့ပါသည်။ အချုပ်ဆိုရသော်၊ ဤသစ်သီးသုံးမျိုးတင်ပို့ ရောင်းချရသည့် တန်ဖိုးသည် နိုင်ငံ၏ သစ်သီးတင်ပို့ ရောင်းချရသည့် တန်ဖိုး၏ ၅၀%ရှိပါသည်။

တီထွင်ဆန်းသစ်မှုအတွက် 7 Innovation Awards 2016 ဆုအား အသင့်ဖျော်သောက်နိုင်သည့် ဒူးရင်းသီးဖျော်ရည်ဖြင့်ရရှိခဲ့သည့် Orta အမှတ်တံဆိပ်အားထုတ်လုပ်သူ၊ Pornthip Premium ၏ စီအီးအို ဖြစ်သည့် Wirawat Piamwiwattikul မှ "ထိုင်းနိုင်ငံက ကုန်ကြမ်းအမျိုးမျိုးကနေ ဆန်းသစ်တဲ့ ပစ္စည်းတွေကို တီထွင်ထုတ်လုပ်နိုင်တဲ့ အရည် အချင်းတွေရှိပါတယ်။ အထူးသဖြင့် သစ်သီးတွေပေါ့" ဟုပြောပြပါသည်။

ကုမ္ပဏီသည် ပညာရပ်ဆိုင်ရာသုတေသနပညာရှင်များအကူအညီဖြင့် ဆန်းသစ်သည့်ထုတ်ကုန် များထုတ်လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၎င်းမှ "စားသောက်ကုန်လုပ်ငန်းက ဆွဲဆောင်မှုရှိတဲ့လုပ်ငန်းကဏ္ဍတစ်ခုဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ ပြီး ဒေသတွင်းမှာ ကျွန်တော်တို့ ရဲ့ ထုတ်ကုန်တွေကိုယှဉ်ပြိုင်ရောင်းချလိုပါတယ်။ ကျွန်တော်တို့ ရဲ့  သုတေသနနဲ့  ဖွံ့  ဖြိုးတိုးတက်မှု (research and development (R&D)) အတွက် Silpakorn တက္ကသိုလ်နဲ့  ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟုဆိုပါသည်။

အပူပိုင်းဒေသတွင်ထွက်ရှိသည့် သီးနှံအမြောက်အမြားအနက်မှ Orta အမှတ်တံဆိပ်ကို ဖန်တီးရန် မှန်ကန်သည့် သီးနှံကိုရွေးချယ်ခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်း Piamwiwattikul မှဆိုပါသည်။ "ကျွန်တော်တို့  monthong အမျိုးအစားကိုပဲရွေးသုံးတယ်။ ဘာလို့ လဲဆိုရင် သူ့ ရဲ့ အသားမှာ အမျှင် ဓာတ်ပိုပါတယ်။ တခြားအမျိုးအစားတွေမှာက သကြားဓာတ်ပိုပါတယ်။ ဒါကြောင့် (သကြားဓာတ် ပိုပါတဲ့အမျိုးအစားတွေနဲ့ ဆိုရင်) အသားနဲ့ အရသာ သမမျှတဖို့ လုပ်ရတာခက်တယ်" ဟု၎င်းမှ ရှင်းလင်း ပြောပြပါသည်။

Orta သည် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံများတွင် အပြုသဘောဆောင် သည့် တုံ့  ပြန်မှုများကိုရရှိထားကြောင်း Piamwiwattikul မှဆိုပါသည်။ ဤတုံ့ ပြန်မှုများသည် ကုမ္ပဏီ အားထုတ်ကုန်အမျိုးအစားမြောက်မြားစွာထုတ်လုပ်ရန်နှင့် ဈေးကွက်ပိုမိုချဲ့ ထွင်ရန်အတွက် တွန်းအား ဖြစ်ပါသည်။

၎င်းမှ "၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကျရင် သုတ်စားစရာဒူးရင်းသီးယို နဲ့ ဒူးရင်းသီး ကော်ဖီ တို့ လို မျိုး သုတေသနနဲ့ ဖွံ့ ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေပြုလုပ်ပြီးတဲ့ နောက်ထပ် ပစ္စည်း ငါးမျိုး၊ ခြောက်မျိုး လောက် ထုတ်လုပ်ဖြန့် ချိဖို့ အတွက် စီစဉ်ထားပါတယ်။ ကျွန်တော်တို့ ရဲ့ အဓိကပန်းတိုင်က အရှေ့  အလယ်ပိုင်းနဲ့  အနောက်နိုင်ငံတွေကို ဈေးကွက်ချဲ့ ထွင်နိုင်ဖို့ ဖြစ်ပါတယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံ၏ ပထ၀ီဝင်မြေအနေအထားအရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ စင်္ကာပူ နှင့် မလေးရှား နိုင်ငံများကဲ့သို့ သော အလားအလာကောင်းမွန်သည့်ဈေးကွက်နိုင်ငံများအလယ်တွင်တည်ရှိနေသည့် အတွက် အားသာချက်မှာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအားဖြင့် အကျိုးအမြတ်များ ရရှိ နိုင်ခြင်း ပင်ဖြစ်ပါသည်။ "ကျွန်တော်တို့ ရဲ့ ပြိုင်ဖက်တွေက မိတ်ဖက်တွေဖြစ်လာမယ်ဆိုရင် ပိုပြီးကောင်းသလို၊ ကျွန်တော်တို့  တွေအတူတကွ ကြီးပွားတိုးတက်လာနိုင်ပါတယ်" ၄င်းမှ ဆိုသည်။ ကုမ္ပဏီသည် အနာဂတ် တွင် AEC အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များကို တီထွင်ထုတ်လုပ်ဖြစ်လိမ့် မည်ဖြစ်ကြောင်း လည်း ၄င်းမှ ဖြည့်စွက် ပြောပြပါသည်။

Piamwiwattikul မှ ကုမ္ပဏီများသည် ရင်းနှီးမြှပ်နှံမှုအနည်းငယ်အား တန်ဖိုးမြင့်တင်ခြင်းဖြင့် ပြီးပြည့် စုံသည့် စီးပွားရေးကဏ္ဍကိုအကောင် အထည် ဖော်ဆောင်ခြင်း ဆိုသည့် ဘုရင် Bhumibol Adulyadej ၏ အတွေးအခေါ်အယူအဆအား လိုက်နာကျင့်ကြံသင့်ကြောင်း အကြံပြုပြောဆိုပါသည်။ "အောင်မြင် ဖို့  က အရမ်းကြီးကို မခက်ပါဘူး" ဟု၎င်းကဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.pornthipphuket.com အားဝင်ရောက်လေ့လာဖတ်ရှုပါ။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

Issue 53

ထိုင်းပို့ ကုန်တင်ပို့ သူများမှ နိုင်ငံ၏အဓိကတင်ပို့ သည့် ကောက်ပဲသီးနှံဈေးကွက်မှာ ပြောင်းလဲကွဲပြားပြီး အမြတ်အစွန်း လည်းများပြားကြောင်း သိရှိလာခဲ့ကြပါသည်။

ဆန်သည် ထိုင်းနိုင်ငံ၏အဓိက ပြည်ပပို့ ကုန်တစ်ခုအဖြစ် တည်ရှိနေဆဲပင်ဖြစ်ပါသည်။ အမျိုးသား သိပ္ပံ နှင့် နည်းပညာဖွံ့ ဖြိုးတိုးတက်ရေး အေဂျင်စီ (National Science and Technology Development Agency (NSTDA)) မှဖွဲ့ စည်းထားသည့် (၂၀၁၁ ခုနှစ်- ၂၀၁၆ ခုနှစ်) နည်းဗျူဟာ ရေးဆွဲရေး အဖွဲ့  (Strategic Planning Alliance (2011-2016)) အရ ဆန်အားရောင်းချခြင်းမှ နှစ်စဉ် ခန့် မှန်းခြေအားဖြင့် ထိုင်းဘတ် ၁၇၀ မှ ၂၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၈ မှ ၅.၇ ဘီလီယံ) ရရှိကြောင်းသိရပါသည်။

ကွဲပြားသည့် စားသုံးသူများ၏ lifestyle နှင့် လက်ရှိကျန်းမာရေးဆိုင်ရာအသိများကြောင့် ထိုင်းဆန်လုပ်ငန်း ၏ အခြေအနေကောင်းမွန်နေသည့်တိုင်၊ နောက်ကုန် ပစ္စည်းများအတွက်လည်း များစွာအလားအလာ ရှိနေပါ သည်။ ကုမ္ပဏီအမြောက်အမြားမှ ၄င်းတို့ ၏ကုန်ပစ္စည်းအမျိုးအစားများကို ချဲ့ ထွင်ရန်အတွက် ထိုင်းဆန်၏ အားသာချက်နှင့် ထူးခြားသည့်ပင်ကို လက္ခဏာများကို အသုံးချနေကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည့် နယူးယောက်မြို့ ကြီးရှိ DITP ရုံးခွဲမှ ပြုလုပ် သော သုတေသနစာတမ်းတွင် ဂလူတန် (gluten) _နှင့် အလာဂျန် (allergen) ကင်းမဲ့သည့်ကုန်ပစ္စည်းများ၏ ဈေးကွက် ကြီးမားလာမည့်အလားအလာကို မီးမောင်းထိုးပြခဲ့သည်။ ဤတွင် ဆန် စီရီရယ်၊ သဘာဝ အရောင်အသွေးနှင့် ဆန်၊ ဂလူတန်ကင်းမဲ့သည့် ဆန်ပါစတာ နှင့် ဆန်လုံးညိုနှင့်ပြုလုပ်ထားသည့် ကြာဇံခေါက်ဆွဲ များလည်းပါဝင်ပါသည်။

Food Specialize သည် စီးဇန်နင်းဆော့(စ်) (seasoning sauces) မျိုးစုံအား ထုတ်လုပ်ဖြန့် ဖြူးခဲ့သည်မှာ နှစ်ပေါင်း ၄၆ နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် နှစ်တွင် ဂလူတန် နှင့် ဓာတ်မတည့်သည့် ဥရောပမှ စားသုံးသူ ဦးရေးမြင့်တက်လာခဲ့ကြောင်းကကုမ္ပဏီမှ သိနားလည်လာခဲ့ရသည်။ ထို့ ကြောင့်၊ ကုမ္ပဏီမှ ပြောင်းလဲ လာသည့် စားသုံးသူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့် ထုတ်ကုန်သစ်များကို စိတ်ဝင်စား လာခဲ့သည်။ ၄င်းမှ ထိုင်းဆန်ဖြင့် ပါစတာ (ခေါက်ဆွဲ) ပြုလုပ်နိုင်ကြောင်းရှာဖွေတွေ့ ရှိခဲ့ပါသည်။ ထို့ ကြောင့် မိသားစုတစ်စုလုံး စားသုံးနိုင်သည့် Pasmily ဆိုသည့် အမှတ်တံဆိပ်ဖြင့် ဆန်လုံးညို ပါစတာကို ထုတ်လုပ်ခဲ့ ပါသည်။

ကုမ္ပဏီ၏ အရောင်းနှင့်ဈေးကွက်မန်နေဂျာဖြစ်သူ Sarute Nakaratanakorn မှ "ကျွန်မတို့ ရဲ့ ဆန်လုံးညို ပါစတာ မှာ အာဟာရမြင့်မားစွာပါဝင်ပါတယ်။ ဂလူတန်ကင်းမဲ့ပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန် တယ်။ ကျွန်မတို့ ရဲ့ ကုန်ကို ၂၀၁၆ ခုနှစ်ဦးပိုင်းမှာမှ စတင်ဖြန့် ဖြူးရောင်းချခဲ့ပေမယ့် ဖောက်သည်တွေဆီကနေ ကောင်းမွန်တဲ့ တုံ့ ပြန်မှုတွေကို ရရှိထားပါတယ်။ ကျွန်မတို့ ရဲ့ အဓိကဖောက်သည်တွေက ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယန် နဲ့ လူဇမ်းဘာ့ဂ် စတဲ့ ဥရောပနိုင်ငံတွေကပဲဖြစ်ပါတယ်။ နောက်ပြီး အခြားနိုင်ငံတွေဆီကိုလည်း မကြာမီမှာ ဖြန့် ဖြူးရောင်းချဖို့ အစီစဉ်ရှိပါတယ်" ဟုဆိုပါသည်။

ထိုင်းဆန်၏အရည်အသွေးကို ကမ္ဘာမှအသိအမှတ်ပြုထားသည့်အတွက် ဆန်ဖြင့်ပြုလုပ်ထားသည့် အခြား စားသောက်ကုန်များအတွက် အခွင့်အလမ်းမြောက်မြားစွာရှိနိုင်ကြောင်း Nakaratanakorn မှယုံကြည်နေ ပါသည်။

Diamond Preserved Food ၏ ပို့ ကုန်အရောင်းမန်နေဂျာဖြစ်သည့် Ornticha Tangjaichertchutam မှလည်း ထို အမြင်ကို ထောက်ခံပါသည်။ ၄င်းမှ "ကျွန်မတို့ ရဲ့ ဖောက်သည်တွေ အမြဲပြောတာက သူတို့ တွေ ထိုင်းဆန် ဆိုတဲ့ တံဆိပ်နဲ့ ကုန် ပစ္စည်းကိုတွေ့ တယ်ဆိုရင် ၀ယ်ချင်စိတ်ဖြစ်မိတယ်တဲ့။ ဘာကြောင့်ဆိုရင် ထိုင်းနိုင်ငံက အကောင်းဆုံး ပစ္စည်းတွေထုတ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားခြင်းခံရလို့ ပါပဲတဲ့။ ဒါကြောင့်၊ ထိုင်းဆန် နဲ့  ဆန်ကလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ ဈေးကွက်ကလည်း ဆက်ပြီးကြီးထွားလာမှာကတော့ အသေအချာပါပဲ" ဟု ပြောပြပါသည်။

ကုမ္ပဏီမှ အစားအသောက် dressings အားထုတ်လုပ်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာရှည်ခဲ့ပြီ ဖြစ်ပါသည်။ ယခု အခါတွင် ဂျက်စမင်ဆန်ဖြင့် ပြုလုပ်ထားသည့် ရှာလကာရည်အား Signature Thai ဆိုသည့် တံဆိပ် ဖြင့် လက်လီဖြန့် ဖြူးရောင်းချလျက်ရှိပါသည်။

၎င်းမှ "ကျွန်မတို့ ရဲ့ ဂျက်စမင်ဆန်ရှာလကာရည် အတွက် ဖောက်သည်တွေဆီကနေ အရမ်းကောင်းတဲ့တုံ့ ပြန်မှု တွေကို ရရှိထားပါတယ်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်းဒေသကပါ။ ဘာကြောင့်ဆိုရင် အဲဒါက အရသာ ကောင်းပြီး သဘာဝအချိုရဲ့ အရသာကိုပေါ်လွင်စေသလို ဆန်ရဲ့ မွှေးပျံ့ တဲ့ ရနံ့ ကိုလည်း ရရှိစေလို့ ပါ။ အဓိက ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ထုတ်ကုန်တစ်ခုပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.ditp.go.th၊ www.foodspecialize.com၊ နှင့် This email address is being protected from spambots. You need JavaScript enabled to view it. တို့ အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက် ၍ Food Specialize Co Ltd နှင့် Diamond Preserved Food Co Ltd တို့ ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများအား ရိုက်ကူးဖော်ပြပါသည်။

 

Issue 51

အစ္စလာမ်မစ်ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် ကြီးမားသည့်ဈေးကွက်ဖြစ်ပြီး မွတ်စလင်များသွားလာ လည်ပတ်ရန် အတွက်ကောင်းမွန်သော (Muslim-friendly) နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားကျော်ကြားလာစေရန် ဆောင်ရွက်မှုများကို အစိုးမှလည်းအသိအမှတ်ပြုထားပါသည်။

ဟာလာခရီးသွားလုပ်ငန်းသည် ကြီးမားသည့်စီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်ရှိ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံနှင့် နှိုင်းယှဉ်ထားသော ယူကေနိုင်ငံရှိ သုတေသန ကုမ္ပဏီ ဖြစ်သည့် Context Consulting ၏ ဟာလာခရီး ၂၀၁၆ ခုနှစ် (Halal Travel 2016) အစီရင်ခံစာအရ သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် ဟာလာခရီး သည်ဦးရေ သည် သန်းပေါင်း ၁၅၀ သို့ ရောက်ရှိလာနိုင်ပြီး သုံးစွဲမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ သို့ မြင့်တက် လာ မည်ဖြစ်ကြောင်းသိရရှိပါသည်။

Master Card Crescent Rating Global Muslim Travel Index 2016 တွင် နှစ်နှစ်ဆက်တိုက်

Non-Organisation of Islamic Cooperation (OIC) ပန်းတိုင်များစာရင်းတွင် ဒုတိယနေရာ ရရှိခဲ့သည့် ထိုင်း နိုင်ငံအတွက် ဤသည်မှာသတင်းကောင်းပင်ဖြစ်ပါသည်။

သို့ သော်၊ နိုင်ငံတကာစံချိန်မီ ဟိုတယ်အမြောက်အမြားရှိနေပါသော်လည်း၊ ကြယ်လေးပွင့်အဆင့်ရှိ Al Meroz ဟာလာဟိုတယ်အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ဘန်ကောက် Ramkhamhaeng အရပ် ၌ မဖွင့်လှစ်မီ အချိန်အထိ ထိုင်းနိုင်ငံတွင် မွတ်စလင်ခရီးသွားများအတွက် အထူးဒီဇိုင်းရေးဆွဲထားသည့် ဟိုတယ်များမရှိ ခဲ့ပေ။

Al Meroz ၏ ဥက္ကဌ နှင့် စီအီးအို ဖြစ်သည့် Rausak Mulsap မှ "ကျွန်တော်က ဆိုဖီယာ ဟာလာ စားသောက်ဆိုင်ကိုဖွင့်ပြီး မွတ်စလင်ခရီးသည်တွေကို ၀န်ဆောင်မှုပေးနေတာ ဆယ်စုနှစ်ပေါင်းများစွာကြာပါပြီ။ ကျွန်တော့်ရဲ့ နိုင်ငံခြားသားဖောက်သည်တွေနဲ့ ခရီးသွားကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံမှာ ဘာကြောင့် ၁၀၀ % ဟာလာနေရာထိုင်ခင်းနဲ့ တည်းခိုခန်းတွေမရှိတာလဲလို့ အမြဲမေးကြတယ်။ အဲဒါက ဒီဟိုတယ်ကို ဖွင့်ဖြစ်ရတဲ့ အကြောင်းရင်းပါ။ ဟာလာဟိုတယ်ရဲ့ ရည်ရွယ်ချက်ကတော့ ဟာလာလက်မှတ်နဲ့ အစားအသောက် တွေကိုဝန်ဆောင်မှုပေးမယ်၊ မွတ်စလင်တွေနဲ့ သဟဇာတဖြစ်တဲ့ဝန်းကျင်ကို ဖန်တီးပေးမယ်၊ နောက်ပြီး ဘာသာရေးသက်ဝင်ယုံကြည်မှုနဲ့ ကိုက်ညီတဲ့ လုံခြုံရေးနဲ့ တစ်ကိုယ်ရေနဲ့ ပတ်ဝန်ကျင်သန့် ရှင်းရေးတွေကို ပံ့ပိုး ပေးအပ်သွားတာတွေပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ဟိုတယ်ထဲကိုဝင်လိုက်သည်နှင့် အာရေဗျ ဗိသုကာလက်ရာ နှင့် တေးဂီတ များကို ဧည့်သည်များမှ ချက်ချင်း လက်ငင်းတွေ့ မြင်ခံစား နားဆင်နိုင်ကြမည်ဖြစ်ပြီး၊ ထို့ နောက်တွင်မူ အစ္စလာမ်မစ် ရိုးရာတူညီဝတ်စုံများ ၀တ်ဆင်ထားကြသည့် ဧည့်ကြိုများမှ ကြိုဆိုနှုတ်ဆက်ကြမည်ဖြစ်ပါသည်။ Al Meroz ၏ ၀န်ထမ်း ခြောက်ဆယ်ရာနှုန်းမှာ မွတ်စလင်များဖြစ်ကြပါသည်။

လာရောက်တည်းခိုကြသူများတွင် ထိုင်းလူမျိုးများအပြင် ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ တရုတ် နှင့် အာဆီယံ တိုင်းပြည်များမှ ဧည့်သည်များလည်းပါဝင်ကြသည်။

Al Meroz ဟိုတယ်၏ မန်းနေဂျင်းနှင့် အထွေထွေမန်နေဂျာဖြစ်သူ Sanya Saengboon မှ ဟိုတယ်သည် မွတ်စလင်များအတွက်သာ မဟုတ်ကြောင်းကိုလည်းရှင်းလင်းပြောပြခဲ့ပါသည်။

၎င်းမှ "Al Meroz က သန့် ရှင်းသပ်ရပ်ပြီး လုံခြုံဆိတ်ငြိမ်တာကိုနှစ်သက်ကြတဲ့ ဥရောပက ဧည့်သည်တွေကို ကြိုဆိုလက်ခံနေပါတယ်။ ကျွန်တော်တို့ ဆီမှာလာတည်းကြတဲ့ဧည့်သည်တွေ ဘန်ကောက်မြို့ တွင်းနဲ့ အခြား နေရာကို လွယ်ကူသက်သာစွာသွားလာနိုင်ကြပါတယ်။ ဘာကြောင့်ဆိုရင် လေဆိပ်ရောက်တဲ့ရထားနဲ့ အိတ်စ ပရက်(စ်)ကားဝင်း အပါအ၀င် ဒီဧရိယာထဲမှာ ကောင်းမွန်တဲ့သယ်ယူပို့ ဆောင်ရေးကွန်ယက်ကြီးက ရှိနေပါ တယ်" ဟုဆိုပါသည်။

နောက်လာမည့် နှစ်အနည်းအတွင်း မြင့်မားသည့်လိုအပ်ချက်ကြောင့် ဟာလာဟိုတယ်များပိုမိုပေါ်ပေါက် လာလိမ့်မည် ဟု၎င်းမှယုံကြည်နေပါသည်။

"ဟာလာဟိုတယ်ဈေးကွက်မှာ Al Meroz ကစွန့် ဦးတည်ထောင်သူပါ။ ရင်းနှီးမြှုပ်နှံသူတွေက ကြီးမားလာမယ့် အလားအလာကိုတွေ့ မြင်တဲ့အတွက် ကျွန်တော့်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ခရီးသည်တွေအမြောက်အမြား သွားလာ ကြတဲ့ tourist destinations တွေဖြစ်တဲ့ ပတ္တရား နဲ့  ဟွာဟင်း လိုနေရာတွေမှာ စီးပွားရေးတိုးချဲ့ ဖို့ ဖိတ်ခေါ်ကြ တယ်။ အခုကတော့ Al Meroz ဟိုတယ်ပေါ်မှာပဲနှစ်မြှုပ်ထားပြီး အနာဂတ်မှာတော့ အခြားခရိုင်ဒေသတွေမှာ ဖက်စပ်အနေနဲ့ ဟာလာဟိုတယ်တွေကိုဖွင့်ကောင်းဖွင့်ဖြစ်မှာပါ" ဟု၎င်းမှဆိုသည်။

ပိုမိုသိရှိလိုပါက www.almerozhotel.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားဖော်ပြသည်။

 

Issue 52

လေဖြတ်နေသည့်ဝေဒနာရှင်များ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပြောဆိုနိုင်မည့်နည်းလမ်းဆိုင်ရာ ကနဦး သုတေသန၏ ပရိုဂရမ်များသည် ထိုင်းနိုင်ငံ၏ ပြင်ပတွင်သာရှိခဲ့ပါသည်။

လေဖြတ်သည့်ဝေဒနာကြောင့် ထိုင်းနိုင်ငံတွင် နေ့ စဉ်လူပေါင်း ၃၆ ဦးတို့ သေဆုံးလျက်ရှိပါသည်။ ကျန်းမာရေး ၀န်ကြီးငှာနမှ ကိန်းဂဏန်းများအရ တစ်နှစ်လျှင် သေဆုံးကြရသည့် ဦးရေသည် ၁၃,၃၅၃ ဦးဖြစ်ပါသည်။ လက်ရှိတွင် ထိုင်းလူမျိုး ၇၅၁,၃၅၀ ဦးတို့ သည် လေဖြတ်သည့်ရောဂါဝေဒနာအား ခံစားနေကြရပြီး၊ ဝေဒနာရှင်ဦးရေသည် ဆက်လက်၍မြင့်တက်လာလျက်ရှိပါသည်။

Meditech Solution (ဆေးဝါးနည်းပညာအဖြေရှာခြင်း)၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Piyasak Bunkhomrat မှ ထိုင်းလူမျိုးများ၏ မိမိတို့ ကျန်းမာရေးအပေါ်ထားရှိသည့် သဘောထားအမြင်များသည် ကြီးမားစွာပြောင်းလဲ လာခဲ့ကြောင်းပြောပြပါသည်။

၎င်းမှ "လူတွေကသူတို့ ရဲ့ ကျန်းမာရေးကို ပိုပြီးအလေး ထားလာကြတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အထူး သဖြင့် လူကြီးတွေပေါ့။ ဒါကြောင့် ဆေးဝါးသိပ္ပံ နဲ့ ပတ်သက်ပြီး ဆန်းသစ်ပြောင်းလဲတာတွေလုပ်နိုင်မဲ့ အခွင့် အရေးတစ်ရပ်လို့ မြင်မိတယ်" ဟုဆိုပါသည်။

လေငန်းဖြတ်ခြင်းကြောင့် မလှုပ်ရှားနိုင်သည့် ဝေဒနာရှင်များအတွက် မျက်လုံးနှင့်ဆက်သွယ်ပြောဆိုနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် SenzE သည် ထို ကဲ့သို့ သော ဆန်းသစ် ပြောင်းလဲခြင်းပင်ဖြစ်ပါသည်။ အမျိုးသား ဆန်းသစ်ပြောင်းလဲခြင်းဆိုင်ရာအဖွဲ့ အစည်း (National Innovation Agency) ၏ အသိအမှတ်ပြုခြင်းနှင့် ငွေကြေးထောက်ပံ့မှုများရရှိခဲ့ပြီး၊ Thai IT Tycoon ဆု နှင့် ၂၀၁၂ ခုနှစ် တွင် TRUE Innovation Awards (စစ်မှန်သည့်ဆန်းသစ်ပြောင်းလဲခြင်းဆု) ကြေးဆုများအားရရှိခဲ့ပါသည်။ ထို ပရိုဂရမ်အား Prasat Neurological Institute (ပရာစက် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအင်စတီကျူ့ )တွင် စမ်းသပ်အသုံးပြုခဲ့ပါ သည်။

Bunkhomrat မှ "အဲဒါက ထိုင်းဆော့(ဖ်)၀ဲထည့်ထားတဲ့ ကမ္ဘာ့ပထမဆုံး မျက်လုံးနဲ့ ခြေရာခံ တဲ့စနစ် (Eye Tracking System) ဖြစ်ပါတယ်" ဟုဆိုပါသည်။ SenzE သည် စာမရေးနိုင်သည့် သို့ မဟုတ် စကားမပြော နိုင်သည့် လေငန်းဖြတ်ဝေဒနာသည်များ နှင့် ALS (Amyotrophic Lateral Sclerosis - ကြွက်သားတစ်ရှုးများ ဘေးတိုက် မလှုပ်ရှားနိုင်သည့် လက္ခဏာ) ဝေဒနာရှင်များအား ၄င်းတို့ ၏မျက်လုံးများဖြင့် ဆက်သွယ်ပြောဆို နိုင်စေခြင်းဖြစ်သည်။

"လွန်ခဲ့တဲ့ငါးနှစ်က ALS ဝေဒနာရှင် ဖခင်ကိုပြုစုနေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းနဲ့ စကားပြောနေတဲ့အချိန် မှာ နည်းပညာတွေက ဝေဒနာရှင်တွေကို ဆက်သွယ်ပြောဆိုနိုင်ဖို့ ကူညီနိုင်မဲ့နည်းလမ်းတွေကို ဆွေးနွေးဖြစ်ခဲ့ကြ တယ်" ဟု Bunkhomrat ပြောပါသည်။

လေ့လာသင်ယူမှုများပြုလုပ်ပြီးနောက် ဝေဒနာရှင်များအား ဆက်သွယ်ပြောဆိုရာတွင်ကူညီပေးမည့် မျက်လုံး ခြေရာခံနည်းပညာသည် အမေရိကန်၊ ဆွီဒင် နှင့် ဂျာမနီ စသည့် သုံးနိုင်ငံတွင်သာရှိကြောင်း ၄င်းမှတွေ့ ရှိခဲ့ သည်။

"ကျွန်တော် အမျိုးသား ဆန်းသစ်ပြောင်းလဲခြင်းဆိုင်ရာအဖွဲ့ အစည်း (National Innovation Agency-NIA) ကို ဒီ အိုင်ဒီယာကို တင်ပြတယ်။ NIA နဲ့ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) တို့ ကနေ ငွေရေးကြေးရေးအထောက်အပံ့တွေကို ရခဲ့တယ်။ ကျွန်တော်တို့ မှာ ဆေးပညာဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်

ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အင်စတီကျူ့  က ဆေးပညာဆိုင်ရာ ပရော်ဖက်ဆာ နဲ့ နည်းပညာရပ်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဘန်ကောက်မြောက်ပိုင်းက ဘုရင်မုန်ကွပ် နည်းပညာဆိုင်ရာ တက္ကသိုလ် (Mongkut's University of Technology North Bangkok) က ပရော်ဖက်ဆာတို့ ရှိတယ်" ဟု၎င်းမှပြောပြပါသည်။

SenzE အားအသုံးပြုရာတွင် ယခုချိန်ထိတိုင် ကန့် သတ်ချက်များရှိနေသေးသော်လည်း အကျိုးပိုမိုဖြစ်ထွန်းနိုင် သည့် ပရိုဂရမ်များကို ဖန်တီးနိုင်ရန်အတွက် Bunkhomrat မှမျှော်လင့်လျက်ရှိသည်။ ၄င်းမှ "ကျွန်တော်တို့  ၂၀၁၇ ခုနှစ်မှာ အာရှနဲ့ ဂျပန် ဈေးကွက်တွေမှာ ဖြန့် ဖြူးရောင်းချနိုင်ဖို့ အတွက် တီထွင်ဖန်တီးသူတွေနဲ့ ပြော ဆိုနေပါတယ်" ဟုဆိုပါသည်။

၎င်း၏အတွေ့ အကြုံများအရ Bunkhomrat သဘောပေါက်နားလည်လာခဲ့သည်မှာ ကောင်းမွန်သည့် အိုင်ဒီယာ များသည် အစီအစဉ်ရေးဆွဲနေသည့်အဆင့်မှာပင် ဖယ်ရှားစွန့် ပစ်ခြင်းခံရကြောင်းပင် ဖြစ်သည်။

၎င်းမှ "ထိုင်းလုပ်ငန်းရှင်တွေမှာ အရမ်းကောင်းတဲ့ စိတ်ကူးအိုင်ဒီယာတွေရှိတယ်။ ဒါပေမယ့်၊ စိတ်ကူးအချို့ ကပဲ လက်တွေ့ အကောင်အထည်ပေါ်လာတယ်။ လုပ်ခဲ့သမျှသုတေသနတွေက အများအားဖြင့် စာရွက်တွေ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့နမူနာတွေလောက်နဲ့ ပဲရပ်သွားပြီး ဈေးကွက်ထဲကိုရောက်လာတာက ရှားတယ်။ ဒါကြောင့်၊ ကိုယ့်ရဲ့  ကမ္ဘာကျဉ်းလေးထဲကထွက်ပြီး အခွင့်အလမ်းတွေကို မြင်ဖို့ အချိန်ရောက်နေပါပြီ" ဟုဆိုပါသည်။

ပိုမိုနားလည်သိရှိလိုပါက၊ ကျေးဇူးပြု ၍ www.meditechsolution.com အားလေ့လာဖတ်ရှုပါ။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

Issue 50

ဒီဇိုင်းနှင့် တီထွင်ဖန်တီးမှုများအပေါ်ပိုမိုအလေးထားလုပ်ဆောင်လိုက်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ရာဘာလုပ်ငန်း အခန်းကဏ္ဍသည် နိုင်ငံရပ်ခြားဈေးကွက်များသို့ တိုင်ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

ရာဘာထုတ်ကုန်များကို ထုတ်လုပ်နေစဉ်တွင်း ဒီဇိုင်းအပေါ် ပိုမိုအလေးထားဆောင်ရွက်ပါက ထိုင်းနိုင်ငံ၏ ရာဘာလုပ်ငန်းသည် ယခုထက်ပိုမိုတိုးတက်ဖွံ့ ဖြိုးလာမည့် အလားအလာရှိသည်ဟု Rubberly ဟုခေါ် တွင်သည့် ကုန်အမှတ်တံဆိပ်ဖြင့် သဘာဝရာဘာကုန်ပစ္စည်းများထုတ်လုပ်နေသော Zense Design ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာ Phinyo Kongsuphapsiri မှထင်မြင်ယူဆသည်။

ကမ္ဘာ့အလယ်တွင် ထိုင်းနိုင်ငံရာဘာထုတ်ကုန်များ၏ ဂုဏ်သတင်းကျော်ဇောနိုင်စေရန်အတွက် Kongsuphapsiri မှစီစဉ်ဆောင်ရွက်နေပါသည်။ ထို့ ကြောင့် သဘာဝထုတ်ကုန်များကို နိုင်ငံ၏အဓိကပို့ ကုန်များမှတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အရုပ်များထုတ်လုပ်သည့် မိသားစု စီးပွားရေးလုပ်ငန်းအဖြစ် စတင်ခဲ့သည့် ကုမ္ပဏီသည် ၄င်း၏ထုတ်ကုန်လမ်းကြောင်းအားချဲ့ ထွင်ရန် အတွက် Rubberly ကုန်အမှတ်တံဆိပ်အား မကြာမီက စတင်ခဲ့ခြင်းဖြစ်ပါသည်။

Kongsuphapsiri မှ "လွန်ခဲ့တဲ့ သုံးနှစ်၊ တိုင်းပြည်မှာရှိတဲ့ သဘာဝရာဘာရဲ့ ဈေးနှုန်း အရမ်းကျနေတဲ့အချိန်က ရာဘာအရုပ်တွေအပြင် ရာဘာ ပစ္စည်းမျိုးစုံကို ပိုပြီးဖန်တီးထုတ်လုပ်ဖို့ အတွက် စိတ်ကူးခဲ့တယ်။ ကျွန်တော်တို့  အိတ်တွေ၊ ရှူးဖိနပ်တွေ၊ နံရံအလှဆင်ပစ္စည်းတွေအစရှိတဲ့ lifestyle ကုန်ပစ္စည်းတွေကို စပြီးထုတ်လုပ်ခဲ့တယ်။ ရဘာကို ပုံစံမျိုးစုံနဲ့ ပျံ့ နှံ့ စေချင်တယ်။ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဆေးရုံတွေ၊ တိုက်ခန်းတွေ နဲ့ ကွန်ဒိုတိုက်ခန်း စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို မျက်စိကျခဲ့တယ်" ဟုဆိုပါသည်။

Zense Design သည် မကြာသေးမီအချိန်များအတွင်းက အဆိပ်ဖြစ်ပေါ်ခြင်းမရှိ၊ ၁၀၀ % သဘာဝပစ္စည်းများဖြင့် ပြုလုပ် ထားပြီး၊ တာရှည်ခံ ၍ နူးညံ့သည့် 3D နံရံကပ်စက္ကူများကို ထုတ်လုပ်ရန်စဉ်းစားခဲ့သည်။ ၄င်းမှ "ဒီနေ့  ဈေးကွက်ထဲမှာရနိုင်တဲ့ နံရံအကာအကွယ်ပစ္စည်းတွေကို ပလတ်စတစ် ဒါမှမဟုတ် ဖိုင်ဘာတွေနဲ့ လုပ်ထားတော့ ကိုင်ရာတာ တစ်ခုမှမနူးညံ့ဘူး" ဟုဆိုသည်။

Zense Design ၏ထုတ်ကုန်အရည်အသွေးသည် အီးယူ၏ EN71၊ အမေရိကန်နိုင်ငံ၏ ASTM စံချိန်စံညွှန်း နှစ်မျိုး လုံးနှင့် ကိုက်ညီမှုရှိသော်လည်း လက်ရှိ ၈၀% သောရောင်းအားမှာ ပြည်တွင်း နှင့် အထူးသဖြင့် မလေးရှား၊ ထိုင်ဝမ်၊ တရုတ်၊ ဂျပန် နှင့် ဟောင်ကောင် နိုင်ငံများကဲ့သို့ သော အာရှရှိတိုင်းပြည်များသို့ သာ အဓိက တင်ပို့  ရောင်းချနေရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ် တွင် ရာဘာတန်ချိန် ၄ သန်းအားထုတ်လုပ်နိုင်ခဲ့သည်။ တန် ၃ သန်း၏ ၈၀% ကျော် အား ရာဘာကုန်ကြမ်းပစ္စည်းအဖြစ် တင်ပို့ ရောင်းချခဲ့ရသည်။ Kongsuphapsiri ၏ပြောကြားချက်အရ မလေးရှား နိုင်ငံမှ ၄င်းတို့ ၏ ၅၀% သောရာဘာကို ပြုပြင်ထုတ်လုပ်နေချိန်တွင် ထိုင်းနိုင်ငံမှ ၁၂ %အားသာ ပြုပြင်ထုတ် လုပ် နိုင်ခြင်းဖြစ်သည်။

၎င်းမှ "ကျွန်တော်တို့ မှာ ပစ္စည်းကောင်းတွေရှိတယ်။ ဒါပေမဲ့ အဲဒါကို တန်ဖိုးတက်လာစေဖို့ အတွက် ပြုပြင်ဖန်တီး မှုတွေမလုပ်ခင်မှာ လျင်လျင်မြန်မြန်နဲ့ ရောင်းထုတ်လိုက်တယ်။ လူတွေကသာ ရာဘာပစ္စည်းတွေရဲ့ ဒီဇိုင်းအပေါ် မှာပိုပြီးအာရုံစိုက်နိုင်မယ်ဆိုရင် လုပ်ငန်းနယ်ပယ်ကြီးတိုးတက်ကြီးပွားဖို့ အတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ် နိုင်မှာဖြစ်ပါတယ်။ ဒီနေ့ ရာဘာထုတ်ကုန်တွေကို အဓိကအားဖြင့် ခေါင်းအုံး ဒါမှမဟုတ် မွေ့ ရာစတဲ့ ပုံစံအနေနဲ့ ပဲ တွေ့ မြင်ရတယ်" ဟုဆိုပါသည်။

Kongsuphapsiri's goal is to create a partner network in order to export a greater variety of rubber products to strengthen the industry.

လုပ်ငန်းနယ်ပယ်အား တောင့်တင်းခိုင်မာစေရန်အတွက် ရာဘာပစ္စည်းမျိုးစုံအား တင်ပို့ နိုင်ရန်အလို့ ငှာ မိတ်ဖက်ကွန်ယက် ကိုတည်ထောင်နိုင်ရန်မှာ Kongsuphapsiri ၏ရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်ပါတော့သည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ rubberly.lnwshop.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

366988