Issue 49

ထိုင်းအန်နီမေးရှင်းလုပ်ငန်းသည် အရည်အချင်းနှင့်ပြည့်စုံသည့် မျိုးဆက်သစ်အန်နီမေးရှင်းပညာရှင်များနှင့်အတူ ရှေ့ သို့ လှမ်းချီလျက်ရှိနေပါသည်။

ထိုင်းနိုင်ငံရှိ တီထွင်ဖန်တီးသည့်လုပ်ငန်းနယ်ပယ်အား တည်ထောင်ထားခါစ အန်နီမေးရှင်းစတူဒီယို မှသည် DITP မှ ကူညီထောက်ပံ့ပေးလျက်ရှိသည့်လုပ်ငန်းများ နှင့် ဆော့ဖ်ဝဲလုပ်ငန်း တိုးတက်မြင့်တင်ရေးအေဂျင်စီငှာန (Software Industry Promotion Agency (SIPA)) ကဲ့သို့ သော ပုဂ္ဂလိကနှင့် ပြည်သူပိုင်ကဏ္ဍများ မှ စီမံဆောင်ရွက်လျက် ရှိနေပါ သည်။

၂၀၁၅ ခုနှစ်တွင် DITP နှင့် SIPA တို့ မှ ထိုင်းအန်နီမေးရှင်းကုမ္ပဏီငါးခုအား တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးတွင် ကျင်းပသည့် အာရှအန်နီမေးရှင်း ညီလာခံအစည်းအဝေး (Asian Animation Summit (AAS 2015)) သို့  တက်ရောက်စေခဲ့သည်။

ပွဲမတိုင်မီတွင် DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ရည်ရွယ်ချက်ကတော့ ထင်ရှားတဲ့ အန်နီမေးရှင်း ပညာရှင်တွေ၊ ရင်းနှီးမြှပ်နှံသူတွေ၊ မိတ်ဖက်တွေ၊ ထုတ်လုပ်ဖြန့် ချိသူတွေနဲ့ ကွန်ယက် အဆက် အသွယ် ချိတ်ဆက် နိုင်မဲ့ အခွင့်အလမ်းတွေရှိတဲ့ အဲဒီလို အပြည်ပြည်ဆိုင်ရာပွဲကြီးမှာ ထိုင်းအန်နီမေးရှင်းလုပ်ငန်း ကုမ္ပဏီတွေရဲ့  စွမ်းဆောင်ရည်ကို ပြသချင်လို့ ဖြစ်ပါတယ်" ဟုဆိုပါသည်။

တောင်ကိုရီးယားရှိ Kid Screen မှကျင်းပသည့် ပွဲအတွက် ရွေးချယ်စေလွှတ်ခြင်းခံရသည့် အန်နီမေးရှင်း စတူဒီယို ငါးခုတွင် Moonhouse စတူဒီယိုသည်လည်းတစ်ခုအပါအ၀င်ဖြစ်ပါသည်။

 

Moonhouse တည်ထောင်သူ Pavidcha Arayaphong မှ "AAS ၂၀၁၅ ခုနှစ်ပွဲမှာ ကျွန်တော်တို့ ကျွန်တော်တို့ ရဲ့  ပရောဂျက်လုပ်ငန်းကို တစ်ကမ္ဘာလုံးက ဖြန့် ဖြူးရောင်းချသူတွေရှေ့ မှာပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဖွဲ့ အတွက် အရမ်းကောင်းတဲ့အခွင့်အရေးတစ်ရပ်ပါ။ ပြီးကျွန်တော်တို့ တခြားတိုင်းပြည်တွေမှာအန်နီမေးရှင်းရုပ်ရှင်တွေကို ဘယ်လိုထုတ်လုပ်နေကြလဲဆိုတာကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်" ဟုပြောပြပါသည်။

Arayaphong သည် အမေရိကန်နိုင်ငံတွင် ဆယ်စုနှစ်တစ်စုကျော် အန်နီမေးရှင်းပညာရှင်အဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်ဦးပိုင်းတွင် မိမိကိုယ်ပိုင်စတူဒီယိုအား ထူထောင်ရန်အတွက် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။

Arayaphong မှ "ကျွန်တော်ကလေးဘ၀တုန်းက ကာတွန်းရုပ်ပုံတွေ ဆွဲရတာ၊ ကာတွန်းကားတွေကြည့်ရ အရမ်းကို သဘောကျတယ်။ ဗိသုကာနဲ့ ဘွဲ့ ရပြီးတော့ အမေရိကန်နိုင်ငံကို ပညာဆက်သင်ဖို့ သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်အခန်းဖော်က ကျွန်တော့်ကိုသူနဲ့ အတူ အန်နီမေးရှင်းအတန်းလိုက်တက်ခိုင်းတယ်။ အဲဒါက ကျွန်တော် အန်နီမေးရှင်းစတင်လေ့လာဖြစ်တဲ့အကြောင်းရင်းပါပဲ။ အဲဒီလိုနဲ့ အမေရိကန်မှာ ပညာလေ့လာသင်ယူ ရင်း ပရီထုတ်လုပ်မှု (pre-production) ဒီဇိုင်နာအဖြစ်အလုပ်လုပ်ရင်း ၁၄ နှစ်လောက်နေခဲ့တယ်" ဟုပြောပြပါသည်။

အန်နီမေးရှင်းရုပ်ရှင်ကားတစ်ကား ပြီးမြောက်ရန်အတွက် ပရီထုတ်လုပ်မှု (pre-production) အဆင့်မှ ပြသခွင့်ပြု သည့်အဆင့်ထိ အချိန်ခြောက်နှစ်မှ ခုနှစ်နှစ် အထိကြာမြင့်နိုင်ကြောင်း Arayaphong မှဆိုသည်။

"ကျွန်တော် ယူအက်စ်မှာရှိနေတုန်း ပါဝင်ထုတ်လုပ်ခဲ့ဖူးတဲ့ အန်နီမေးရှင်းရုပ်ရှင်ကားတွေကတော့ Penguins of Madagascar နဲ့  Strange Magic ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ယူအက်စ်မှာ Dreamworks နဲ့  Lucasfilm တွေနဲ့  လည်းအလုပ်လုပ်ခဲ့ဖူးပါတယ်" ဟု၎င်းမှဖြည့်စွက်ပြောပြပါသည်။

ထိုင်းနိုင်ငံရှိ အန်နီမေးရှင်းလုပ်ငန်းသည် ခရီးလမ်းအရှည်ကြီးအား ဖြတ်သန်းလာခဲ့ပြီးဖြစ်ကြောင်းကို Arayaphong မှ ယုံကြည်ပါသည်။ ယနေ့ ချိန်ခါတွင် အန်နီမေးရှင်းပညာရှင်မျာွးအတွက် မြောက်မြားစွာသော ဆော့ဖ်ဝဲများ ပေါ်ပေါက်နေပြီဖြစ်သကဲ့သို့  လုပ်ငန်းနယ်ပယ်တွင်းရှိ ကျွမ်းကျင်ပညာရှင်များမှလည်း ဆန်းသစ်သည့်အရာများအား လေ့လာသင်ယူရန်၊ ၄င်းတို့ ၏အရည်အသွေး တိုးတက်ဖွံ့ ဖြိုးလာစေရန်အတွက် အလွန်ပင်စိတ်အားထက်သန်နေကြ သည်ဟု ၄င်းမှဆိုသည်။ Silpakorn နှင့် မဟီဒေါ ကဲ့သို့ သော တက္ကသိုလ်များမှ ပူပူနွေးနွေးဘွဲ့ ရရှိခဲ့ကြသည့် ဘွဲ့  ရ များသည် ၄င်းတို့ ၏ စာတမ်းများ (theses) အတွက် အရည်အသွေးကောင်းမွန်သည့် အန်နီမေးရှင်းများကို ထုတ် လုပ်ခဲ့ ကြသည်ဟု ၄င်းမှထပ်လောင်းဖြည့်စွက်ပြောပြပါသည်။

၎င်းမှ "အန်နီမေးရှင်းရဲ့ နှလုံးသည်းပွတ်ကတော့ ပုံပြင်ပြောကြားဖြင်းပါပဲ။ ကျွန်တော်တို့ အဲဒါကို ကောင်းကောင်းလုပ် နိုင်မယ်ဆိုရင် ထိုင်းအန်နီမေးရှင်းက အောင်မြင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ ဒီမှာရှိတဲ့ လူတွေက အရည်အချင်း မြင့်မားကြတယ်။ ပြီး အန်နီမေးရှင်းရုပ်ရှင်သစ်တွေ ထုတ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေအတွက်လည်း သူတို့ က အဆင်သင့်ပဲ" ဟုဆိုပါသည်။

လူအများမှ အမှန်တကယ်နှစ်ခြိုက်ကြသည့် အန်နီမေးရှင်းကောင်းများကို ထုတ်လုပ်ရန်မှာ Arayaphong ၏ ရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်ပါသည်။ "အကြောင်းအရာတွေကတော့ ထိုင်းယဉ်ကျေးမှုနဲ့ ဆိုင်တဲ့အကြောင်းအရာတွေ ပဲဖြစ်စရာမလိုပါဘူး။ ပျော်ရွှင်စရာ၊ နှစ်သက်စရာကောင်းတဲ့ ဘယ်အကြောင်းအရာမဆို ဖြစ်ပါတယ်" ဟု၎င်းမှ ဆိုသည်။

ပိုမိုသိရှိလိုပါက http://m-h-studio.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

DITP ၏ခွင့်ပြုချက်ကိုတောင်းခံရယူပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

367109