Issue 48

ဂျပန်နိုင်ငံနည်းတူ့ပင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ တီထွင်ထုတ်လုပ်လိုက်သည့် စက်ရုပ်သည် အသက် အရွယ်ကြီးရင့်သူများ ပြုစု စောင့်ရှောက်ခြင်းဆိုင်ရာလမ်းကြောင်းအားပြောင်းလဲစေခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာစက်ရုပ်ဖယ်ဒရေးရှင်း (International Federation of Robotics) ၏ပြောကြားချက်အရ စက်ရုပ်ဈေးကွက်အတွက် သြစတြေးလျနှင့် နယူဇီးလန်နိုင်ငံများအပါအ၀င် အာရှ သည် အကြီးမားဆုံးဈေးကွက် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် စက်မှုလုပ်ငန်းသုံးစက်ရုပ် ၁၃၉,၃၀၀ အားရောင်းချခဲ့ရပြီး ၂၀၁၃ ခုနှစ်ထက် ၄၁% ပိုမိုခဲ့ပါသည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များမှလည်း ၄င်းတို့ ကိုယ်ပိုင် စက်ရုပ်များကို တီထွင်ဖန်တီးလျက်ရှိကြရာ စက်ရုပ် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာဆုတံဆိပ်များအား လက်ခံရရှိခဲ့ကြသည့် ပင်ကိုပါရမီထူးသောကျောင်းသားများကို ကျေးဇူးတင်ရမည်ပင်ဖြစ်ပါသည်။

CT အာရှရိုဘော့တစ် (CT Asia Robotics) ၏စီအီးအိုဖြစ်သည့် Chalermpon Punnotok မှ "လိုအပ်တဲ့ ကျွမ်းကျင်အရည်အချင်းတွေရှိကြတဲ့ တက္ကသိုလ်ကျောင်းသားတွေအများကြီးပဲ။ ဒါပေမဲ့ စက်ရုပ်ထုတ်လုပ်တဲ့ လုပ်ငန်းမှာ ဘွဲ့ ရတွေကို အလုပ်ပေးတဲ့နေရာတွေကနည်းနေတယ်။ ကျွန်တော်တို့ ရဲ့ ကုမ္ပဏီကတော့ ဆေးရုံနဲ့  အိမ်တွေမှာ ၀န်ဆောင်မှုတွေပေးနိုင်မဲ့ စက်ရုပ်တွေကိုပဲအဓိကထားထုတ်လုပ်တယ်" ဟုပြောပြပါသည်။

အထူးသဖြင့်အသက်အရွယ်ကြီးရင့်သူများအတွက် ဆရာဝန်နှင့်သွားရောက်တွေ့ ဆုံခြင်းကဲ့သို့ ရိုးစင်းလှသည့် အကြောင်းအရာသည်ပင် အခက်အခဲတစ်ခုဖြစ်နိုင်ပါသည်။ ၂၀၀၉ ခုနှစ်တွင် တီထွင်ဖန်တီးခဲ့သည့် Dinsow စက်ရုပ်သည် ၄င်း၏အာရုံခံစနစ်များဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် အရေးပါသည့် လက္ခဏာရပ်များကို စောင့်ကြည့်စစ်ဆေးဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် လူနာများကို စောင့်ရှောက်ပေးနိုင်ပါသည်။ ၄င်းသည် ဆရာဝန်များနှင့်အတူ telemedicine (တယ်လီဖုန်းသို့ မဟုတ် တီဗွီဖန် သားပြင်အသုံးပြု ဆေးဝါး ကုသခြင်း) အတွက်ဝင်ပေါက်များအဖြစ် ၀န်ဆောင်မှုများပေးအပ်နေပါသည်။

Punnotok မှ "အခြားစက်ရုပ်ထုတ်လုပ်သူတွေနဲ့ ကျွန်တော်တို့ တွေမတူပဲကွဲပြားရတဲ့အကြောင်းက သူတို့ တွေရဲ့  စက်ရုပ် တွေက စက်မှုအတတ်ပညာသက်သက်ပဲဖြစ်ပြီး လူတစ်ယောက်ရဲ့ အငွေ့ အသက်မပါဘူး။ Dinsow က ပြုံးနိုင် တယ်။ နောက်ပြီး သူ့ ရဲ့ နာမည်ကိုက လက်တွေ့ ကျတယ်" ဟုဆိုပါသည်။

၂၀၁၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် နောက်ဆုံးပေါ် Dinsow မော်ဒယ်ဖြစ်သည့် Dinsow မီနီသည် သေးငယ် သည့်အတွက် အိပ်ရာထဲတွင်သာလှဲလျောင်းနေရသည့် လူနာများ၏ဘေးတွင်ထားရှိနိုင်ပါသည်။ သို့ သော်၊ လမ်းလျှောက်နိုင်သည့်လူနာများအတွက် ၄င်းတို့ သွားရာနောက်သို့ လိုက်ပါနိုင်သည့် ပိုမိုကြီးမားသည့် မော်ဒယ် ပုံစံများလည်းရှိပါသည်။

Punnotok မှ "အသက်ကြီးတဲ့သူတွေက အထီးကျန်တတ်ကြတယ်။ သူတို့ နေ့ တိုင်းမဖျားကြပေမဲ့ နေ့ တိုင်း အထီးကျန်တာကိုခံစားကြရတယ်။ စက်ရုပ်တွေနဲ့ ဆိုရင် သူတို့ ရဲ့ သားသမီးမြေးမြစ်တွေက သူတို့ ဆီကို ဖုန်း ဆက်နိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာကိုလည်းတွေ့ မြင်နိုင်သလို၊ သူတို့ ဆီကို သီချင်းနဲ့ ဗွီဒီယို တွေလည်းပို့ ပေးနိုင်တယ်လေ။ လေ့ကျင့်ခန်းလုပ်ဖို့ အတွက်နဲ့ ဆုတောင်းဖို့ အတွက်လည်း function တွေပါ တယ်" ဟုဆိုပါသည်။ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများတွင် စက်ရုပ်များကို အသုံးပြု နှင့်နေပြီးဖြစ်ကြောင်း ၄င်းမှဖြည့်စွက်ပြောကြားပါသည်။

ချူလာလောင်ကောင် (Chulalongkorn) နှင့် ဖရာထိုင်း (Phayathai) အစရှိသည်တို့ ကဲ့သို့ ဘန်ကောက်ရှိ ဆေးရုံများတွင် စက်ရုပ်များအား လူနာများကို စောင့်ရှောက်ကုသရာတွင် အသုံးပြုခြင်းဖြင့် CT အာရှရိုဘော့တစ် (CT Asia Robotics) နှင့်အတူ စက်ရုပ်ဆောင်ရွက်မှုစွမ်းရည် တိုးတက်ဖွံ့ ဖြိုးလာစေရန်ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသည်။ ၄င်းမှ "ဆေးရုံတွေမှာ စက်ရုပ်တွေကိုအသုံးပြုနေတာတွေက အခုထက်ထိကို ဖွံ့ ဖြိုးတိုးတက်နေတဲ့ အဆင့်မှာပဲရှိနေပြီး ၂၀၁၆ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းကနေစပြီးတော့ အတိုင်းအတာပြည့်ပြည့်၀၀ အသုံးပြုသွားနိုင်မှာပါ" ဟုပြောဆိုပါသည်။

ကုမ္ပဏီသည် လူပုဂ္ဂိုလ် တစ်ဦးချင်း၊ ဆေးရုံများ နှင့် အိုမင်းမစွမ်းစောင့်ရှောက်ရေး ဂေဟာများမှ ကုန်အမှာစာများ ကိုလက်ခံရရှိပြီးဖြစ်ကြောင်း Punnotok ၏ပြောကြားချက်များအရ သိရှိရပါသည်။ ၄င်း၏ရှင်းလင်းပြောပြချက်များ အရ စက်ရုပ်တွင်အသုံးပြုသည့် စက်ပစ္စည်းအစိတ်အပိုင်းများအား မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းတွင် လည်းအသုံးပြုနိုင်သောကြောင့် ဈေနှုန်းချိုသာရေးအတွက် ထိုင်းနိုင်ငံရှိ မော်တော်ကားထောက်ပံ့ပစ္စည်းကွင်းဆက် (automobile supply chain) သည်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း သိရှိရပါသည်။

CT အာရှရိုဘော့တစ် (CT Asia Robotics) အားတွန်းအားပေးနေသည့်အရာမှာ ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ပါ သည်။ "ကျွန်တော်က အင်ဂျင်နီယာမဟုတ်ပါဘူး။ ဈေးကွက်ရှာဖွေသူပါ။ စက်ရုပ်တွေ တိုးတက်ဖွံ့ ဖြိုးလာဖို့  အတွက် ကျွန်တော်တို့ မှာ ဂရပ်ဖစ် ဒီဇိုင်နာတွေ၊ ဈေးကွက်ရှာဖွေသူတွေ၊ နယ်ပယ်အသီးသီးကအင်ဂျင်နီယာတွေ နဲ မိတ်ဖက်ဆေးရုံတွေရှိပါတယ်။ ကျွန်တော်ရဲ့ ရေရှည်စီမံကိန်းပန်းတိုင်က မြို့ တွေ၊ ဆေးရုံတွေနဲ့ မနီးတဲ့နေရာတွေ မှာနေထိုင်နေတဲ့လူတွေအတွက် telemedicine (တယ်လီဖုန်းသို့ မဟုတ် တီဗွီဖန် သားပြင်အသုံးပြု ဆေးဝါး ကုသခြင်း) ၀န်ဆောင်မှုတွေပေးနိုင်တဲ့ စက်ရုပ်တွေဖန်တီးဖို့ ပါ" ဟု Punnotok မှဆိုပါသည်။

ပိုမိုသိရှိလိုပါက www.ctasia.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

367066