Issue 47

 
 

ဈေးကွက်တွင်းဦးဆောင်နေသည့် ထိုင်းဖက်ရှင် လုပ်ငန်းရှင်များမှ ၄င်းတို့ ၏လုပ်ငန်းများကို ယခုမတ်လအတွင်းက ဘန်ကောက်ဖက်ရှင်တွဲ (Bangkok Fashion Cluster) ခေါင်းစီးအောက်တွင် BIFF & BIL ၂၀၁၆ ခုနှစ် ပြပွဲအဖြစ် ပြသခဲ့ကြပါသည်။

စက်မှုလုပ်ငန်းတိုးတက်မြင့်တင်ရေးငှာန (Department of Industrial Promotion (DIP)) နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေး အဖွဲ့ အစည်း (Institute for Small and Medium Enterprises Development (ISMED)) တို့ ၏ပံ့ပိုးကူညီမှုဖြင့် ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရသည့် ဘန်ကောက် ဖက်ရှင်မြို့ တော် ကမ်ပိန်း (Bangkok Fashion City campaign) အား ဖက်ရှင်ကုမ္ပဏီပေါင်း ၄၂ ခုမှ ပြန်လည် အသက်ဝင်လှုပ်ရှားလာစေခဲ့ပါသည်။ ယခုအချိန်တွင်မူ ဘန်ကောက်ဖက်ရှင်တွဲ (Bangkok Fashion Cluster (BFC)) အဖြစ်ခေါ်တွင်ပြီး ဖက်ရှင်လုပ်ငန်းတွင်းရှိ ထိုင်းထုတ်လုပ်သူများအတွက် တံခါးဖွင့်ပေးထားပါသည်။

Maneesilp ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သည့် Molee Maneechot မှ "အဖွဲ့ အနေနဲ့  မိမိတို့ ရဲ့ ထုတ်ကုန်တွေကို ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ နဲ့  အဖွဲ့ တိုင်းရဲ့ အမှတ်သညာကို ထင်ဟပ်ပေါ်လွင်စေမယ့် ပစ္စည်းတွေ ကို ဖန်တီးဖို့ အတွက် သာမက ကမ္ဘာ့ဈေးကွက်ဝင် အလုပ်အတွက် မိမိကိုယ်ကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတဲ့ ISMED ကပေးတဲ့ သင်တန်း ကိုတက်ရောက်ပြီးဖြစ်သလို ပေးအပ်တဲ့အကြံဥာဏ်တွေကို လည်း လက်ခံရ ရှိပြီး ဖြစ်ပါတယ်" ဟုရှင်းလင်းပြောပြပါသည်။ ကုမ္ပဏီမှ လက်လုပ်သားရေရှူးဖိနပ်များကို ထိုင်းနိုင်ငံသာမက မီလန် နှင့် လိုဇန် ကဲ့ သို့ သော နိုင်ငံရပ်ခြား မြို့ ကြီးများတွင် ရောင်းချနေသည်မျာ နှစ်ပေါင်း ၂၅ နှစ်တိုင် ရှိနေပြီဖြစ်ပါသည်။

Taew Thai Silk ၏ ရိုးရာထိုင်းပိုးထည် ထုတ်လုပ်သူ Sakchai Boonyanusith မှ BFC သည် ပုဂ္ဂလိက အခန်း ကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ဖက်ရှင်လုပ်ငန်းအား လက်တွေ့ ကျကျ အကောင်အထည် ဖော်ဆောင်ရန်ရည်ရွယ်ရင်းဖြစ်ပါသည်။ "အဖွဲ့ ဝင်တွေက ကုန်ကြမ်းပစ္စည်းတွေကနေ နည်းလမ်းတွေနဲ့ နည်းပညာ တွေအထိ သူတို့ တွေရဲ့ အတွေ့ အကြုံဗဟုသုတတွေကို တစ်ယောက်နဲ့ တစ်ယောက်မျှဝေနိုင်တယ်။ ဒီဟာက ကျွန်တော်တို့ ရဲ့ အမြင်နဲ့ ဖန်တီးနိုင်စွမ်းကို ကျယ်ပြန့် လာစေတယ်။ အချင်ချင်းအတွက်လည်း တန်ဖိုးတွေ တက်လာအောင်ဆောင်ရွက်ပေးနိုင်တယ်" ဟု၎င်းမှပြောဆိုပါသည်။

DIP ၏ပြောကြားချက်အရ ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဖက်ရှင်လုပ်ငန်းမှ ဘတ် ဘီလီယံပေါင်း ၆၂၀ ဘီလီယံ (ခန့် မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ ၁၇.၅ သန်း) ကျော်ရရှိခဲ့ကြောင်းနှင့် ၄% မှ ၅% ၀န်းကျင်အထိ စဉ်ဆက်မပြတ် ကြီးထွားတိုးတက်လာကြောင်း သိရှိရပါသည်။ အချိန် ငါးနှစ်တာကာလအတွင်း ထိုင်းနိုင်ငံရှိ ဖက်ရှင်လုပ်ငန်းမှ ဘတ်တစ် ထြီလျံ သို့ မဟုတ် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ထိတိုင်ရရှိနိုင်ရန် မျှော်မှန်းထား ကြောင်းလည်း သိရှိရပါသည်။

Boonyanusith မှ စီမံကိန်း၏ရည်ရွယ်ချက်မှာ နိုင်ငံအရပ်ရပ်ရှိ ပရိသတ်များအား လုပ်ငန်းကြီး၏ တီထွင်ဖန်တီး နိုင်စွမ်းကို ပြသရန်အတွက်သာမက ဆန်းသစ်သည့် လုပ်ကိုင်ဆောင်ရွက်မှုနည်းလမ်းများကိုလည်း မျှဝေရန် ရည်ရွယ်သည်ဟု ဖြည့်စွက်ပြောကြားပါသည်။

၎င်းမှ "ဥပမာအားဖြင့်၊ ပိုးက တန်ဖိုးကြီးဇိမ်ခံအ၀တ်အထည်ပဲ ဖြစ်တယ်လို့ လူအချို့ ကပြောကြတယ်။ ဒါပေမယ့် "ဖက်ရှင်" ဆိုတဲ့ ဝေါဟာရ ကိုပြောရမယ်ဆိုရင် ဒီဟာက ဒီဇိုင်းနဲ့ တီထွင်ဖန်တီးမှု ဖြစ်ပြီး အင်မတန်ကျယ်ပြန့် ပါ တယ်။ ပိုးထည်က ရှူးဖိနပ်၊ လက်ကိုင်အိတ် ဒါမှ မဟုတ် အခြားအရာတွေနဲ့ လိုက်ဖက်ညီအောင် တွဲဖက်နိုင်တဲ့ အရာ ဖြစ်ပါတယ်" ဟုဆိုပါသည်။

ရေးဆွဲထားသည့် အစီအစဉ်အရ BFC ထုတ်ကုန်များကို စင်္ကာပူနိုင်ငံရှိ Takashimaya Mall နှင့် ရှန်ဟိုင်းရှိ Super Brand Mall များကဲ့သို့ သောနိုင်ငံရပ်ခြားတိုင်းပြည်များသို့ တင်ပို့ ရောင်းချရန်ဖြစ်ပါသည်။

Maneechot မှ "ကျွန်တော်တို့ တင်ပို့ ရောင်းချဖို့ အတွက် အဆင်သင့်ဖြစ်နေတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်သွားမှာ ပါ။ BFC အဖွဲ့ ဝင်တွေအနေနဲ့ သူတို့ ရဲ့ ထုတ်ကုန်တွေကို ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက် နှစ်မျိုးစလုံးအတွက် သင့်လျော်တဲ့ ပစ္စည်းတွေဖြစ်ဖို့ ဆောင်ရွက်ထားဖို့ လိုပါတယ်" ဟုဆိုပါသည်။ ၄င်းမှ အပြည်ပြည်ဆိုင်ရာဈေးကွက် အတော်များများအတွက် ထုတ်ကုန်ပစ္စည်းများအား ကုန်သွယ်ရေးရာဝန်ကြီးငှာန၌ မှတ်ပုံတင်ထားရန် လိုအပ် ကြောင်းဖြည့်စွက်ပြောကြားပါသည်။ "အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲကို ၀င်ရောက်လိုတဲ့ လုပ်ငန်းရှင်တွေအနေ နဲ့ လေ့လာဆည်းပူးသင်ယူဖို့ လိုအပ်သလို မှန်ကန်ဖို့ လည်းလိုပါတယ်" ဟု ၄င်းမှဆိုပါသည်။

Maneechot မှ အဖွဲ့ ဝင်များသည် တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီကြမည့် မိတ်ဖက်များသဖွယ် ပြုမူဆောင်ရွက်သင့် သည်ဟုထင်မြင်သည်။ "ကျွန်တော်တို့ ဈေးနှုန်းအရ မဟုတ်ပဲ အရည်အသွေးအပေါ်မှာပဲ ယှဉ်ပြိုင်ဖို့ လိုတာပါ။ ဒါဆိုရင် တည်ငြိမ်ငြိမ်နဲ့ တိုးတက်ကြီးပွားလာမှာပါ" ဟု၎င်းမှဆိုသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

367084