Issue 46

ထိုင်းကုန်သွယ်ရေးဝန်ကြီးငှာနသည်စီးပွားရေးလုပ်ငန်းဆက်စပ်ကိုက်ညှိသည့်လုပ်ဆောင်ချက်များမှတဆင့်ရာဘာလုပ်ငန်း တိုးတက်ကြီးမားလာစေရန်ဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းနိုင်ငံ၏ ရာဘာလုပ်ငန်းသည် နှစ်စဉ် ခန့် မှန်းခြေအားဖြင့် သဘာဝရာဘာ တန်ချိန် 4 သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် ကြီးမားသည့်လုပ်ငန်းကြီးဖြစ်ပါသည်။ 2015 ခုနှစ်တွင် ရာဘာတင်ပို့ ရောင်းချသည့် ကဏ္ဍမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 5 ဘီလီယံနှင့် ရာဘာထုတ်ကုန်ပစ္စည်း တင်ပို့ ရောင်းချရာမှ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း 6.85 ဘီလီယံ အားရရှိခဲ့သည်။ ထိုင်းနိုင်ငံမှ ရာဘာအား ၀ယ်ယူတင်သွင်းကြသည့် ထိပ်တန်းနိုင်ငံများမှာ တရုတ်၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံများဖြစ်ကြပါသည်။

မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ တောင်အာဖရိက၊ အိန္ဒိယ၊ တောင်ကိုရီးယား နှင့် ဆော်ဒီအာရေဗျ နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း 28 နိုင်ငံမှ ရာဘာဝယ်ယူတင်သွင်းသူပေါင်း 150 တို့ သည် ထိုင်းကုမ္ပဏီ 109 ခုတို့ နှင့် စီးပွားရေး စေ့စပ်ညှိနှိုင်း ဆောင်ရွက်မှုအစီအစဉ်အား ဘန်ကောက်မြို့ တော်ရှိ Centara Grand ဟိုတယ်၊ Central Plaza Ladprao တွင် ဖေဖော်ဝါရီလ29 ရက်မှ မတ်လ 2 ရက်နေ့ ထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

ကုန်သွယ်ရေးရာဝန်ကြီး Apiradee Tantraporn မှ "ကုန်သွယ်ရေးဝန်ကြီးငှာနကတော့ ဒီစီးပွားရေးဆက်စပ်ကိုက်ညှိတဲ့ ဆောင်ရွက်မှုတွေက ထိုင်းရာဘာလုပ်ငန်းအတွက် နိုင်ငံရပ်ခြားက မိတ်ဖက်တွေနဲ့ စီးပွားရေးဆိုင်ရာဆက်ဆံရေးကို တည်ဆောက်နိုင်မဲ့ အရေးပါတဲ့ခြေလှမ်းတွေလို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင်၊ ဒီလိုဆောင်ရွက်မှုတွေက ထိုင်း ကုမ္ပဏီ တွေအတွက် နိုင်ငံအသီးသီးက အလားအလာရှိတဲ့ဝယ်ယူသူတွေနဲ့ တွေ့ ဆုံနိုင်တဲ့ အခွင့်အရေးသစ်တွေကိုလည်း ဖော်ဆောင်ပေးနေတာပဲဖြစ်ပါတယ်" ဟုပြောဆိုပါသည်။

ထိုအစီအစဉ်၌ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ရာဘာထုတ်လုပ်သူနှင့်တင်ပို့ ရောင်းချသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် Von Bundit သည် တရုတ်နိုင်ငံသားဝယ်ယူတင်သွင်းသူသုံးဦးဖြစ်ကြသည့် Qingdao Runlian၊ Shanghai Han Qing Import & Export နှင့် Shanghai Ting Qing Industry လုပ်ငန်းများနှင့် တန်ချိန် 110,000 ထက်ပိုမို သည့် ရာဘာ အမျိုးမျိုးအား တင်ပို့ ရောင်းချရန်အတွက် သဘောတူညီမှုစာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ဝယ်ယူသူများမှ အများဆုံးစိတ်ဝင်စားကြသည့် သဘာဝရာဘာထုတ်ကုန် ပစ္စည်းများတွင် တာယာ၊ ကြက်ပေါင်စေး (ရာဘာစေး) ခေါင်းအုံးနှင့် မွေ့ ရာများ၊ သဘာဝရာဘာ၊ ရာဘာလက်အိတ် နှင့် ရာဘာဖြင့် ပြုလုပ်ထားသည့် ကား ပစ္စည်း အစိတ်အပိုင်းများ ပါဝင်ပါသည်။

ထိုင်းအစိုးရမှ အရည်အသွေးအကောင်းဆုံးဖြစ်သည်သာမက ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီမည့် ရာဘာများ ကို ထုတ်လုပ် နိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်မှု၊ ဈေးကွက်နှင့် နည်းပညာရပ်များဆိုင်ရာ သုတေသနစင်တာကို တည်ထောင် ဖွင့်လှစ်ထားပါသည်။

ထိုင်းနိုင်ငံရာဘာလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်း၏ ဈေးကွက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့ ဝင်ဖြစ်သည့် Parimon Charoonthan မှ ဤ စီးပွားရေးဆက်စပ်ကိုက်ညှိသည့်ဆောင်ရွက်မှုများသည် ထိုင်းရာဘာလုပ်ငန်းအား ပြည်ပနိုင်ငံများသို့  တိုးချဲ့ နိုင်ရန်အတွက်ကူညီရာရောက်ကြောင်း ယုံကြည်နေပါသည်။
သူမမှ "ထိုင်းနိုင်ငံရာဘာလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းက ရာဘာတွေကို ရာဘာစေး၊ ရာဘာတုံးတွေအဖြစ် ထုတ်လုပ် ပါတယ်။ ကျွန်မအနေနဲ့ ကတော့ ဒီ နိုင်ငံခြားဝယ်ယူသူတွေနဲ့ စီးပွားဆက်စပ်ကိုက်ညှိတဲ့ဆောင်ရွက်ချက်တွေက ကျွန်မတို့  ရဲ့ ရာဘာလုပ်ငန်းကြီး ဒီ့ထက်ပိုပြီးကြီးမားတိုးတက်လာမယ့် အခွင့်အရေးကိုပေးမယ်လို့ ထင်ပါတယ်" ဟုပြောဆိုပါသည်။

"ကျွန်မတို့ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းတွေမှာ (ရာဘာ) ရင်းမြစ်တွေအများကြီးရှိပါတယ်။ အခု ကျွန်မတို့  က ထိုင်းနိုင်ငံထဲက ရာဘာ ပစ္စည်းတွေထုတ်နေတဲ့ ၀ယ်ယူသူတွေဆီကိုပဲ ရာဘာတွေကိုရောင်းနေကြရတာ။ ဒီ စီးပွားရေး ဆက်စပ်ကိုက်ညှိတဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေကနေ ရာဘာထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံရပ်ခြား ၀ယ်ယူသူတွေနဲ့ အဆက်အသွယ်တိုက်ရိုက်ရဖို့ မျှော်လင့်ပါတယ်" ဟု သူမမှပြောကြားပါသည်။

ထိုအစီအစဉ်တွင် ထိုင်းရာဘာ၏ပုံရိပ်ကို မြင့်တင်ရန်အတွက် ရာဘာထုတ်ကုန်များအား ခင်းကျင်းပြသ ခဲ့ သကဲ့သို့  စက်ရုံ များသို့ လှည့်ပတ်လေ့လာကြည့်ရှုသည့် အစီအစဉ်များလည်း ပါဝင်ခဲ့ပါသည်။ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများမှာ ကုန်သွယ်ရေး ကဏ္ဍတွင် ထိုင်းဘတ် 10 ဘီလီယံကျော် ရရှိနိုင်ရန်အတွက် မျှော်လင့်ထားခဲ့ကြပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

366900