Issue 67

ထိုင်း ဒစ်ဂျစ်တယ် လုပ်ငန်းကဏ္ဍ အတွင်းရှိ MAD အနာဂတ်

လက်ရှိ ထိုင်းနိုင်းငံရှိ အလားအလာကောင်းမွန်နေသည့် လုပ်ငန်း ကဏ္ဍများတွင် ဒစ်ဂျစ်တယ် လုပ်ငန်း ကဏ္ဍသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အထူးသဖြင့် ဂိမ်းအခန်းကဏ္ဍတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် ကဏ္ဍသည်လည်း ကြီးပွားတိုးတက်လာနေသည့် စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပို့ ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ သန်း (ထိုင်းဘတ် ၁ ဒသမ ၅ ဘီလျံ) ဖြင့် ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်း၏ဈေးကွက်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၅၃ သန်း (ထိုင်းဘတ် ၁၂ ဘီလျံ) သို့ တက်လာခဲ့သည့်ဟု Bangkok International Digital Content Festival 2017 အားရည်ညွှန်းလျက် မစ္စတာ Chatchai Khunpitiluk မှ မတ်လ ၈ ရက်နေ့ ကပြောပြပါသည်။

၂၂ ရာခိုင်နှုန်း ပိုသာစွာ ကြီးမား ကျယ်ပြန့် လာသည့် ဂိမ်းဈေးကွက်နှင့်အတူ အန်နီမေးရှင်းဈေးကွက် သည်လည်း ၂၀၁၇ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ကြီးမားကျယ်ပြန့် လာလိမ့်မည်ဟု Ministry of Digital Economy and Society ၏ Digital Economy Promotion Agency (DEPA) ဒါရိုက်တာ ၏ အထူး ကျွမ်းကျင်လက်ထောက်အဖြစ်ဆောင်ရွက်နေသူမှ ကြိုတင်ခန့် မှန်းပြောဆိုပါသည်။

ဒစ်ဂျစ်တယ် လုပ်ငန်း၏တောက်ပသည့် အနာဂတ်ကိုထင်ဟပ်ပေါ်လွင်နေသည့် ကုမ္ပဏီတစ်ခုမှာ MAD Virtual Reality Studio ဟုခေါ်တွင်သည့် ကုမ္ပဏီပင်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ ပြီး၊ ထိတ်လန့် ကြောက်ရွံ့ ဖွယ် (horror) ARAYA ဂိမ်းကို ၁၃ လကြာဖန်တီးခဲ့သည်။ ထို့ နောက်၊ နောက်တစ်နှစ်တွင်ပင် ထိုဂိမ်းကို ဖြန့် ချိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းဂိမ်းကစားသူများ၏ အပြုသဘောဆောင် သည့် တုံ့ ပြန်မှုများကို လက်ခံရရှိခဲ့ပါသည်။

စွန့် ပစ်ထားသည့် ဆေးရုံကို ဇာတ်အိမ်တည်ထားသည့် ထိုင်းအမျိုးသမီးတစ္ဆေ ထိတ်လန့် ကြောက်ရွံ့  ဖွယ် ဂိမ်းသည် ယခုအခါတွင် ၄င်း၏ ပဟေဠိကြောင့် ကမ္ဘာ၏ လက်ခံမှုကိုရရှိနေပြီဖြစ်ပြီး၊ ယူကျူ့  (YouTube) တွင်လည်း ၄င်းကို ကြည့်ရှုသူပေါင်း သန်း ၅၀ ရှိနေပြီဖြစ်ပါသည်။

MAD VRS ၏ တည်ထောင်သူနှင့် အရာရှိချုပ် မစ္စတာ Alan Archapilasa မှ "ထိုင်းနိုင်ငံက ဒစ်ဂျစ်တယ် ပစ္စည်း ထုတ်လုပ်ရေးပိုင်းမှာ ထူးချွန်ထင်ရှားပါတယ်။ ကျွန်တော်တို့ ရဲ့ ဂိမ်းကို ပထမဆုံးအကြိမ်မြင်တဲ့ နိုင်ငံခြားသားဖောက်သည်တွေက အံ့သြကြတယ်။ ဘာကြောင့်ဆိုရင်သူတို့ တွေက ဂျပန် နဲ့ အမေရိကန် တွေ ထိုင်းနိုင်ငံကို ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းပိုင်းမှာ ပံ့ပိုးကူညီကြတယ်လို့ ထင်မိကြလို့ ပါပဲ။ ဒါပေမယ့်၊ အခုမှာဆိုရင် ထိုင်းနိုင်ငံက တကယ့်အစစ်အမှန်အတိုင်းမြင်တွေ့ ခံစားရစေမယ့် နည်းပညာအသုံးပြု ဂိမ်း ကိုဖန်တီးတီထွင်နိုင်နေပြီဖြစ်ပါတယ်" ဟုဆိုပါသည်။

ယခုအခါတွင် ARAYA ဂိမ်းအား အမေရိကန် ဂျာမနီ၊ တရုတ် ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံများ စသည်ဖြင့် ကမ္ဘာအနှံ့ သို့ ရောင်းချနေရပြီဖြစ်ပါသည်။

ARAYA သည် ကမ္ဘာတစ်ဝှမ်းရှိ ဂိမ်းကစားသူများ၏အလယ်တွင် ထင်ရှားလူကြိုက်များသည့်အပြင်၊ Bangkok International Digital Content Festival 2017 ပွဲကြီးတွင်လည်း Excellent Game of the Year (တစ်နှစ်အတွင်း အကောင်းဆုံးဂိမ်း) ဆုအားလည်း လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

MAD VRS သည် ဂိမ်းများကို တီထွင်ဖန်တီးနေသည့်အပြင်၊ နာမည်ကြီးထင်ရှားကျော်ကြားသည့် စတား များ၏ သွင်ပြင်ကို တုပထားသည့် ဖျော်ဖြေရေး ဖုန်းဂိမ်း ပရိုဂရမ်များနှင့် တိုင်းပြည် အေဂျင်စီများ အတွက် B2G စီးပွားရေးဆန်းသစ်ဖန်တီးမှုများကိုလည်း ထုတ်လုပ် နေပါသည်။

မစ္စတာ Archapilasa မှ ကုမ္ပဏီသည် ARAYA ၏ အောင်မြင်မှုပေါ်အခြေခံလျက် ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်မှုများရရှိနိုင်မည့် စီမံကိန်းများကို ဖန်တီးနိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်နေပါသည်။

၎င်းမှ "ကျွန်တော်တို့ တွေရဲ့ ထုတ်ကုန်သစ်တွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတွေရဲ့ အရမ်းကောင်းတဲ့ တုံ့ ပြန်မှုကို ထပ်ပြီးရရှိမယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ ဘာကြောင့်ဆိုရင် ကျွန်တော် တို့ ရဲ့ လုပ်နိုင်စွမ်းကို လူတွေက ကျယ်ကျယ်ပြန့် ပြန့် လက်ခံကြတာကို သက်သေပြပြီးပါပြီ။ နောက်ပြီး၊ ဒါက အရမ်းကိုထင်ထင်ရှားရှားကောင်းမွန်တဲ့အရာပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www. madvrstudio.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

MAD Virtual Reality Studio Co., Ltd ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများကို ဖော်ပြသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

366976