Issue 61

ဒေသတွင်းဆိုင်ရာပူပေါင်းဆောင်ရွက်မှုများတိုးတက်လာခြင်းနှင့် ဈေးကွက်ဆိုင်ရာအခွင့်အလမ်းများ မြင့်မားလာခြင်းများသည် ယခင်က Original Equipment Manufacturer (OEM) ထုတ်ကုန်များ အား အထူးအလေးထားထုတ်လုပ်ခဲ့သည့် ထိုင်း ကုမ္ပဏီ တစ်ခုအတွက်၎င်း၏ ကိုယ်ပိုင်အမှတ် တံဆိပ်ကို ဖန်တီးနိုင်မည့်အခွင့်အလမ်းဖြစ်လာခဲ့ပါသည်။

ကုမ္ပဏီကြီးများအတွက် လျှပ်စစ်အသုံးအဆောင်ပစ္စည်းအမျိုးအစားမြောက်မြားစွာကို ထုတ်လုပ်ပေးရာ တွင်ကြီးမားသည့် အောင်မြင်မှုများရရှိနေသည့် Thai Habel Industrial သည် ၄င်းကိုယ်ပိုင် အရည်အ သွေးမြင့်မားသည့် LED TV အား Altron ဆိုသည့်အမှတ်တံဆိပ်ဖြင့် ၂၀၁၅ ခုနှစ်အတွင်း စတင်ဖြန့် ဖြူး ရောင်းချခဲ့သည်။

ကုမ္ပဏီ၏ ဒုမန်းနေးဂျင်း ဒါရိုက်တာတစ်ဦးဖြစ်သူ Narindej Thaveesangpanich မှ "သက္ကရာဇ် ၁၉၈၇ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Thai Habel Industrial ကုမ္ပဏီက အဓိက မော်ဒန် ကုန်သွယ်ရေးအတွက် OEM အနေနဲ့ ရောင်စုံ TV တွေ၊ LCD TV တွေ၊ LED TV တွေ နဲ့  DVD player တွေစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် မီးဖိုချောင်သုံး ပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေး ခဲ့ပါတယ်" ဟု ပြောပြပါသည်။

ဆက်လက်၍ ၄င်းမှ "ကျွန်တော်တို့  Altron ကို ပြည်တွင်းဈေးကွက်မှာသာမက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ် (CLMV) လေးနိုင်ငံမှာလည်း စီးပွားရေး ဈေးကွက်ထိုးဖောက်တဲ့အနေနဲ့ ကြော်ငြာ ခဲ့ပါတယ်။ CLMV လေးနိုင်ငံမှာ ကျွန်တော်တို့ ရဲ့ ဘေ့စ်ကိုတိုးချဲ့ နိုင်ဖို့ အတွက် ရည်မှန်းထားပြီး၊ အဲဒီ နောက်မှ အာဆီယံက အလားအလာကောင်းမွန်တဲ့အခြားဈေးကွက်တွေထဲကို ၀င်ရောက်ဖို့ အတွက် မျှော်မှန်းထားပါတယ်" ဟုဆိုပါသည်။

CRT TV များကို ယခုထက်တိုင် အသုံးပြုလျက်ရှိနေကြဆဲဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါ နိုင်ငံများသို့ ၎င်း၏ TV များကိုစတင်တင်ပို့ ရောင်းချခဲ့သည့် ပထမဆုံးနှစ်တွင်ပင် ရောင်းအား ထိုင်းဘတ် သန်း ၁၀၀ ကျော် (ယူအက်စ် ဒေါ်လာ ၂ ဒသမ ၈ သန်းခန့် ) ရှိခဲ့ခြင်းကြောင့် ရှေး ဂန္တ၀င် TV များကို ယခုတိုင်သုံးစွဲနေကြသည့် အာဖရိကဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် Thaveesangpanich မှစီစဉ် လျက်ရှိနေပါသည်။

Thai Habel Industrial ၏ ဈေးကွက်နည်းဗျူဟာမှာ ကုန်အမှတ်တံဆိပ်အား လူသိများလာစေရန် နှင့် ယုံကြည်လက်ခံလာနိုင်စေရန်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကုန်ပိုင်းတွင် ရောင်းအား ထိုင်းဘတ် သန်း ၃၀၀ (ယူအက်စ် ဒေါ်လာ ၈ ဒသမ ၄ သန်း) ရရှိရန် ရည်မှန်းထားသည်။ ကုမ္ပဏီသည် ISO၊ Thai Industrial Standards Institute နှင့် စီးပွားရေးဝန်ကြီးငှာန၏ Thailand Trust Mark စသည့် တတိယ အဖွဲ့ အစည်းများထံမှ အကျိုးကျေးဇူးများကိုလည်း လက်ခံရရှိထားပါသည်။

လတ်တလောတွင် Altron နှင့် OEM တို့ ၏ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချရသည့် အချိုးအား နှိုင်းယှဉ်ရလျှင် ၃၀ အချိုး ၇၀ ဖြစ်သည်ဟု Thaveesangpanich မှပြောပြပါသည်။

၎င်းမှ "ကျွန်တော်တို့ လုပ်ရမှာ အတွင်းခွန်အားကိုတည်ဆောက် (Building Strength Within) ဖို့ ပါ။ ဈေးကွက်သုတေသနကနေသိလာရတာက ထိုင်းဖြစ်ရတာကို ဂုဏ်ယူကြတဲ့ ၀ယ်ယူသုံးစွဲသူ ဖောက်သည်တွေက ထိုင်းစက်ရုံတွေကနေ ထုတ်လုပ်လိုက်တဲ့ ထိုင်းကုန်စည်တွေအပေါ်မှာ စိတ်ချယုံ ကြည်မှုရှိကြတယ်။ ဒါက ကျွန်တော်တို့ ထိုင်းကုမ္ပဏီကနေ ထိုင်းလူမျိုးတွေအတွက် အရည်အသွေး ကောင်းမွန်တဲ့ TV ဖြစ်တဲ့ Altron TV ကို ထုတ်လုပ်စေတဲ့ တွန်းအားတစ်ခုပဲဖြစ်ပါတယ်" ဟုပြောပြ ပါသည်။

Thai Habel Industrial ၏ လာမည့် ငါးနှစ်အတွက်ရည်မှန်းချက်ပန်းတိုင်မှာ ပြည်တွင်း၌သာမက ဒေသကြီးအတွင်း၌ပါ Altron အမှတ်တံဆိပ်၏ရောင်းအားများမြင့်မားလျက် ရေရှည်တည်တံ့ခိုင်မြဲမည့် နည်းလမ်းဖြင့် ၄င်း၏စီးပွားကို နည်းဗျူဟာတကျကြီးပွားတိုးတက်လာစေရန်ဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက်အ၀န်း (Asean Economic Community (AEC)) အားဖြင့် ကုမ္ပဏီသည် အိမ်နီးချင်းနိုင်ငံများအပေါ် တိုး၍မျှော်မှန်းချက်များထားရှိနိုင်ပြီး ကုမ္ပဏီ၏ စီးပွားရေးနည်းဗျူဟာအတွက်

အကျိုးသက်ရောက်မှုရှိနှင့်နေပြီ ဖြစ်သည်။

"ကျွန်တော်တို့ ဖြန့် ဖြူးရေးဗဟိုအဖြစ်သာမက CLMV လေးနိုင်ငံ ဒေသခွဲမှာ ထုတ်လုပ်ရေးငှာနချုပ် ဖြစ်လာနိုင်မယ့် အခွင့်အလမ်းတွေကို ပိုမိုရရှိလာနေပြီဖြစ်ပါတယ်။ ဒေသကြီးအတွက် သယ်ယူပို့  ဆောင်ရေး အချက်အချာဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ အားသာတဲ့ ပထ၀ီမြေ အနေအထားကို ကျေးဇူးတင်ပါ တယ်" ဟု ၄င်းမှဆိုပါသည်။

ပိုမိုသိရှိလိုပါက www.thaihabel.co.th သို့ မဟုတ် www.altronthailand.com အားဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

365900