Issue 64

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) သည် မတ်လ ၁၀ ရက်နေ့ တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကြီး ၌ ပြုလုပ်ကျင်းပခဲ့သော ထိုင်း-ကနေဒါ ဂိမ်း လုပ်ငန်း မိတ်ဖက်အစီအစဉ် အခမ်းအနားသို့  ထိုင်းနိုင်ငံ၏ ဂိမ်း နှင့် အန်နီမေးရှင်းလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များကို တက်ရောက်စေ ခဲ့ပါသည်။

ဗြိတိသျှ ကိုလံဘီယာ (British Columbia) မှ ကနေဒီယန်လူမျိုး စီးပွားရေးလုပ်ငန်းရှင် အယောက် သုံးဆယ် သည် Magic Box Asia၊ Infinity Levels Studio၊ Sanook Games နှင့် Yggdrazil Group အပါအ၀င် ကုမ္ပဏီလေးခုမှ ထိုင်းကိုယ်စားလှယ်များနှင့်တွေ့ ဆုံခဲ့ကြသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းနိုင်ငံရဲ့ ဂိမ်းလုပ်ငန်းက အရှိန်အဟုန်နဲ့ ကြီးထွား လာနေတဲ့အတွက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကမြင့်တက်လာနေတယ်။ အခမ်းအနားမှာ အပြုသဘောဆောင်တဲ့ဝေဖန်အကြံပြုချက်တွေကို ရရှိခဲ့ပြီး အဲဒါက နောက်ပိုင်း နှစ်နိုင်ငံ ကြားစီးပွားရေး လုပ်ငန်း တွေကို တိုးမြင့်လုပ်ဆောင်နိုင်စေမယ့်အရာဖြစ်ဖို့ ကျွန်မတို့ ကမျှော်လင့်ထားပါတယ်" ဟုပြောကြားပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဂိမ်းလုပ်ငန်းသည် ယူအက်စ်ဒေါ်လာ သန်းပေါင်း ၂၅၄ သန်း (ထိုင်းဘတ် ၈ ဒသမ ၈၉ ဘီလျံ) တန်ဖိုးရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ခန့် မှန်းခြေအားဖြင့် ၁၃ ဒသမ ၅ ရာခိုင်နှုန်း နှင့် ၂၀၁၇ ခုနှစ် ၂၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဂိမ်းတင်ပို့ ရောင်းချရသည့် တန်ဖိုးသည် ခန့် မှန်းခြေအားဖြင့် ယူအက်ဒေါ်လာ သန်းပေါင်း ၂၉ သန်း (ထိုင်းဘတ် ၁ ဒသမ ၀၄ ဘီလျံ) ရှိခဲ့ပါသည်။

367158