Issue 64

ဆိုးလ်မြို့ ကြီးရှိ ထိုင်းကုန်သွယ်ရေးစင်တာ သည် မတ်လ ၁ ရက် မှ ၃၁ ရက်နေ့ ထိ Homeplus ဆိုင်ခွဲပေါင်း ၁၄၂ ဆိုင်တွင် ထိုင်းလယ်ယာထွက်ကုန်များ အတွက် အရောင်းမြင့်တင်ပေးသည့် အစီအစဉ်ကို ပြုလုပ် ကျင်းပရန်အတွက် တောင်ကိုရီးယားနိုင်ငံရှိ ဒုတိယအကြီးမား ဟိုင်ပါမားကက် ဖြစ်သည့် Homeplus နှင့် နှစ်ဦးနှစ်ဖက်ကြား နားလည်မှု စာချွန်လွှာ (Memorandum of Understanding (MoU)) ကိုရေးထိုးခဲ့ပါ သည်။

ထိုင်းလယ်ယာထုတ်ကုန်များတွင် အေးခဲထားသည့် ပုစွန်၊ ရေဘ၀ဲ အကောင်ပေါက်စ နှင့် Namdokmai သရက်သီး များပါဝင်ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကိုရီးယားလူမျိုး စားသုံးသူတွေရဲ့ တုံ့ ပြန်မှုက အားရစရာပါပဲ။ ဒီအရောင်းမြင့်တင်တဲ့ အစီအစဉ် ကနေ ခန့် မှန်းခြေအားဖြင့် အေးခဲပုစွန် ရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၅၄၀,၀၀၀ (ထိုင်းဘတ် ၁၉ သန်း)၊ ရေးဘ၀ဲ အကောင်ပေါက်လေးတွေ ရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၂၁၀,၀၀၀ (ထိုင်းဘတ် ၇ ဒသမ ၆ သန်း) နဲ့  Namdokmai သရက်သီးရောင်းချရငွေ ယူအက်စ်ဒေါ်လာ ၁၇၁,၀၀၀ (ထိုင်းဘတ် ၆ သန်း) ရရှိဖို့ အတွက်မျှော်လင့် ထားပါတယ်" ဟုပြောကြားပါသည်။

 

368053