Tradeshows

Issue 46

ယခင်နှစ်သည် ထိုင်းနိုင်ငံ၏ခရီးသွားလာရေးကဏ္ဍအတွက် တိုးတက်မှုနှုန်း 20% ဖြင့်ကောင်းမွန်သော နှစ်တစ်နှစ် ဖြစ်ခဲ့ပါ သည်။ ယခုနှစ်တွင်လည်း TAT သည်နည်းဗျူဟာနှစ်မျိုးနှစ်သွယ်ဖြင့်ဤအားကျအတုယူဖွယ်ကောင်းလှသည့်ဆောင်ရွက်မှု ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များတွင် တရုတ်နိုင်ငံသားများ၏ဦးရေသည် အများဆုံး ဖြစ်သည်။ ယခင်နှစ်တွင် တိုင်းပြည်သို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသားဦးရေသည် 7.88 သန်းရှိခဲ့သည်။ ယခုနှစ်တွင်လည်း ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်အဖွဲ့ အစည်း၏ ကိန်းဂဏန်းအချက်အလက်များအရ ထိုဧည့်သည်ဦးရေ ဆက်လက်တိုးတက်နေမည်ဟု ခန့် မှန်းရပါသည်။

TAT ၏အုပ်ချုပ်ရေးဒါရိုက်တာ Yuthasak Supasorn မှ "2016 ခုနှစ် ဇန်န၀ါရီလမှာ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံခဲ့တဲ့ တရုတ် ခရီးသွားဧည့်သည် 814,593 ဦးရှိခဲ့ပါတယ်။ 2015 ခုနှစ် ဇန်န၀ါရီလထက် 45.37% ပိုလာပါတယ်" ဟု Horizon Thailand နှင့်ပြုလုပ်သည့် သီးသန့် အင်တာဗျူးတွင်ပြောကြားခဲ့ပါသည်။ TAT မှ တရုတ်ခရီးသွားဧည့်သည်များထံမှ အခွန်ဘဏ္ဍာငွေ (၀င်ငွေ) ဘတ်ဘီလီယံပေါင်း 436 ဘီလီယံ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြပြီး 2015 ခုနှစ်၏ ကိန်းဂဏန်းထက် 16% ပိုမို ပါသည်။

ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နေသည့် အကြောင်းအရာအမျိုးမျိုးရှိနေသည်ဟု Supasorn မှ ယုံကြည်ထားပါသည်။

၎င်းမှ "ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေအကြားမှာ ဖော်ရွေပျူငှာမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ တန်ဖိုးသင့်တဲ့ ထုတ်ကုန် ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ နဲ့ အတူ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြောက်မြားလှတဲ့အရာတွေ ရှိနေပါ တယ်" ဟု ပြောပါသည်။ ဆိုက်ရောက် ဗီဇာ နှင့် "ထိုင်းနိုင်ငံတခွင်တွင် သာလွန်ကောင်းမွန်သည့်တရုတ်ဟင်းလျာများ"ကို ရရှိ နိုင်ခြင်းများသည်လည်း (တရုတ်) ခရီးသွားဧည့်သည်များပြားရခြင်း၏ အရင်းခံအကြောင်းရင်းများတွင်ပါဝင်ပါသည် ဟု၎င်းမှ ဖြည့်စွက်ပြောကြားပါသည်။

TAT ၏အုပ်ချုပ်ရေးမှူးသည် အားကောင်းလှသည့် ဈေးကွက်မြှင့်တင်ရေးကမ်ပိန်းကို ဦးဆောင်ဦးရွက်ပြုနေသော တရုတ် နိုင်ငံ ဘေဂျင်း၊ ချန်ဒူ၊ ကွမ်ကျိုး၊ ကူမင်း နှင့် ရှန်ဟိုင်းမြို့ များရှိ ၄င်းတို့ ၏ရုံး ငါးရုံးအကြောင်းကိုလည်း အလေးပေးပြောပြ ပါသည်။ ဈေးကွက်မြှင့်တင်ရေးကမ်ပိန်းမှ "ပထမဦးဆုံးအကြိမ် နှင့် တဖန်ပြည်လည်လာရောက်ကြသည့် ဧည့်သည်များသာ မက လွတ်လပ်စွာလည်ပတ်ကြသည့်ခရီးသွားများ (Free Independent Travellers (FITs)) နှင့် high-end ဈေးကွက် အခန်းကဏ္ဍများ" ကို ပစ်မှတ်ထားဦးတည်ပါသည်။ ဤနည်းဗျူဟာသည် အစိုးရ၏ ရောက်ရှိလာကြသော ဧည့်သည် အရေအတွက်အပေါ်တွင်သာ အာရုံမစိုက်ပဲ၊ ကမ္ဘာလှည့်ခရီးသွားများ သုံးစွဲချင်စိတ်ရှိလာစေရန်အတွက် လှုံ့ ဆော် ပေးနိုင် မည့်အကြောင်းအရာများအပေါ်တွင်လည်း အာရုံစိုက်ကြရန် ဆိုသည့် မူနှင့်လည်း ကိုက်ညီပါသည်။

၎င်းမှ "ထိုင်းနိုင်ငံအကြောင်းကိုTAT က တရုတ်ပြည်မှာ ဆက်တိုက်ဆိုသလိုကြော်ငြာနေတာပါ။ အထူးသဖြင့် ထိုင်းနဲ့  တရုတ်လူမျိုးတွေရဲ့ ခရီးသွားကုမ္ပဏီတွေအကြားမှာ အကျိုးတူစီးပွားရေးလုပ်ငန်းတွေ တည်ထောင်ပြီး ပက်ကေ့ဂ်ျတိုး (tour packages) တွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တာကို အသားပေးပြီးဈေးကွက်ရောင်းအားကို မြှင့်တင်နေတာပါ။ ပြီး ထိုင်းနိုင်ငံကို tourist destination အဖြစ် လူသိ များလာစေဖို့  ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပွဲတွေမှာလည်းပါဝင်ပါတယ်" ဟုဖြည့်စွက်ပြောပြပါသည်။

2016 ခုနှစ်အတွက် TAT မှ တိုင်းပြည်၏ ကျန်းမာရေးနှင့် Wellness၊ ထို့ အပြင် စပါ ကဏ္ဍများအား အလေးထား ဖော်ပြရန် ရည်ရွယ်ထားပါသည်။

Supasorn မှ "ပြန်လည်နုပျိုခြင်းနဲ့ ရောဂါပျောက်ကင်းချမ်းသာခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ အော်ဂဲနစ်စပါ နဲ့  ထိုင်း ရိုးရာအနှိပ်နည်းပညာတွေကတော့ ထိုင်းယဉ်ကျေးမှုရဲ့ အသက်သွေးကြောပင်မအစိတ်အပိုင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ က လက်ဆင့်ကမ်းဝေမျှလာခဲ့ကြတာပါ။ ထိုင်းရိုးရာစပါကလည်း မြောက်ပိုင်း လားနားစတိုင် ကနေ (Lanna style) တောင်ပိုင်း နိုရာ (Nora) စတိုင် အထိ အမျိုးမျိုးရှိတဲ့အတွက် ဧည့်သည်တွေစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်" ဟု ပြောပြပါ သည်။

"၀န်ဆောင်မှုအရည်အသွေးကောင်းမွန်မှု၊ထိုင်းလူမျိုးများ၏ပျူငှာမှု၊ဈေးနှုန်းသင့်တင့်ပြီးရောဂါကုထုံးပညာရှင်များ၏ကျွမ်းကျင်မှုများ" သည်လာရောက်လည်ပတ်ကြသူများကို ဆွဲဆောင်နေသည့် အကြောင်းအရာများဖြစ်သည်ဟု Supasorn မှလက်ခံထားပါသည်။

ကမ္ဘာတလွှား ထင်ရှားလူသိများလာသည့် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံးများသည်လည်း ဆေးဝါးကုသလိုသည့် ခရီးသွား ဧည့်သည်များကို သံလိုက်သဖွယ်အားကောင်းစွာ ဆွဲဆောင်နေကြောင်း Supasorn ၏ပြောကြားချက်အရ သိရှိရပါသည်။

"ခရီးသွားဧည့်သည်တွေအနေနဲ့တိုင်းပြည်တနံတလျားမှာထိုင်းရိုးရာအနှိပ်ဆိုင်တွေ၊နေ့ပိုင်းစပါဆိုင်တွေကနေWellnessစင်တာတွေ၊ နိုင်ငံတကာအဆင့်မီဆေးရုံတွေအထိ ရွေးချယ်စရာ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုတွေက မရေမတွက်နိုင်လောင်အောင်ရှိနေပါတယ်" ဟု၎င်းမှပြောပြပါသည်။

Supasorn ၏ပြောပြချက်များအရ တိုင်းပြည်အနှံ့ တွင် လောလောလတ်လတ် လူကြိုက်များနေသည့် "အိုမင်းမှုအား ဆန့်  ကျင်တိုက်ဖျက်ခြင်း" (anti-ageing) ဆိုင်ရာဝန်ဆောင်မှုကို အထူးပြုသည့် စင်တာများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်နှစ်တွင် TAT မှကြီးမှူး၍ "ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် Wellness ခရီးသွားလုပ်ငန်း ပြပွဲ 2015 ခုနှစ်; အိုမင်းမှုအားဆန့် ကျင်တိုက်ဖျက်ခြင်း: ကျန်းမာရေးဆိုင်ရာခရီးသွားလုပ်ငန်း၏ ကြီးကျယ်သည့်အရာ" (Thailand Health and Wellness Tourism Showcase 2015; Anti Aging: The Next Big Thing in Health Tourism) ပြပွဲအား ပြုလုပ် ကျင်းပခဲ့သည်။

"ပွဲမှာ ဆေးရုံ၊ anti-ageing ဆေးခန်း၊ အလှအပရေးရာ (ပြင်လျာတင့်မောမှုဆိုင်ရာ) ဆေးခန်း တွေလိုမျိုး ထိုင်းနိုင်ငံက ထိပ်တန်း anti-ageing နဲ့ အလှအပရေးရာ (ပြင်လျာတင့်မောမှုဆိုင်ရာ) ၀န်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့ အစည်း 36 ဖွဲ့ ၊ ဆေးဝါးကုသမှုဆိုင်ရာ ခရီးလုပ်ငန်းကို ပံ့ပိုးကူညီသူ အယောက် 50၊ ခရီးသွားလုပ်ငန်းအေဂျင်စီတွေ အပါအ၀င် နိုင်ငံပေါင်း 18 နိုင်ငံကတက်ရောက်လာသူတွေအတွက် စီးပွားရေးဆိုင်ရာညီလာခံတွေ၊ စီးပွားရေးလုပ်ငန်းဆက်စပ်ကိုက်ညှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်" ဟု၎င်းမှပြောပြပါသည်။

၎င်း၏လက်ရှိ ဆောင်ရွက်ချက်များပေါ်မူတည်ပြောဆိုရပါလျှင်၊ ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းသည် အဟုတ်ပင် နုပျိုနေဆဲပင် ဖြစ်ပါတော့သည်။

Mark Bibby Jackson မှရေးသားတင်ဆက်ပါသည်။

 

 

Issue 45

 
 

၅၇ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားကုန်စည်ပြပွဲသည် ထိုင်းနိုင်ငံအား အာစီယံ၏ ရွှေလမ်းခင်းဂိတ်လမ်း အဖြစ် ကြေညာထားခဲ့ပါသည်။

"ထိုင်းကျောက်မျက်ရတနာ နှင့် လက်ဝတ်လက်စားစက်မှုလုပ်ငန်းမှာ နောက်နှစ်ပေါင်းအနည်းငယ်အတွင်း အာစီယံနိုင်ငံများတွင် သာမက တစ်ကမ္ဘာလုံးတွင် ရတနာလက်ဝတ်လက်စား၏အချက်အချာတစ်ခုအဖြစ် လမ်းကြောင်းပေါ်တွင်လျှောက်လမ်းနေပြီလို့ ယုံကြည်တယ်"လို့ ထိုင်းကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားရောင်းဝယ်သူများအစည်းအရုံး (TGJTA) ၏ ဥက္ကဌချုပ် Suttipong Damrongsakul က ဖော်ဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၅၇ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာ နှင့် လက်ဝတ်လက်စား ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ စုဝေးရောက်ရှိနေကြသောသတင်းမီဒီယာများကို ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားစက်မှုလုပ်ငန်းသည်နိုင်ငံ၏ပြည်ပပို့ကုန်တွင်အလွန်အရေးပါသည့်အစိတ် အပိုင်းတစ်ခုကို ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ရတနာလက်ဝတ်လက်စားစက်မှုလုပ်ငန်းမှာ အမောင်းယာဉ်များနှင့်လျှပ်စစ်ပစ္စည်းများ နောက် တတိယအဆင့်တွင်စာရင်းချိတ်နေပြီး၊ ၎င်းသည် ဘတ်ငွေသန်းပေါင်း ၃၇၁ (အမေရိကန်ဒေါ်လာ ၁၀.၃ သန်း) ကို ထုတ်လုပ်ပေးနေပါသည်။ ၎င်းစက်မှုလုပ်ငန်းရှိ စီးပွားရေးလုပ်ငန်းများအရည်အတွက် ၁၅၇၇၇ ခုကလည်း လူပေါင်း ၁.၃ သိန်းကို အလုပ်ခန့်အပ်ထားပေးပါသည်။

"ဤစက်မှုလုပ်ငန်းကိုစတည်ခဲ့သည့်အချိန်က လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာမှ အဝေးကြီးလျှောက်လှမ်းလာခဲ့ပြီးဖြစ်တယ်။ ဒီကနေ့၊ ထိုင်းနိုင်ငံ၏ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားကို ၎င်း၏လက်ရာပြောင်မြောက်မှုနှင့်အရည်အချင်းရှိသော ပန်းထိမ် အနုပညာ တို့ကြောင့် ကမ္ဘာရှိနေရာအနှံ့အပြားကလည်း လက်ခံလာနေကြပြီ။" လို့ ထိုင်းနိုင်ငံ၏ ထိုင်းကျောက်မျက်ရတနာ၊ လက်ဝတ်လက်စား နှင့် အဖိုးတန်သောသတ္တုကျောက် မဟာမိတ်အဖွဲ့ (GJPCT) ၏ ဥက္ကဌ Somchai Phornchindarak က ပြောဆိုခဲ့ပါသည်။

 

 
 

Damrongsakul က ၎င်းစက်မှုလုပ်ငန်းမှာ ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စား၏အချက်အချာကျ အခြေအနေတစ်ခုဖြစ်လာစေရန် အတွက် ထိုင်းနိုင်ငံ၏၎င်းရည်ရွယ်ချက်ကိုရယူအောင်မြင်နိုင်ရန် အချို့သောတိကျသည့်ကိစ္စရပ်များအပေါ် အာရုံထားရန်လိုအပ်နေတယ် လို့ ယုံကြည်ထားပါတယ်။

"ပထမဆုံးအနေဖြင့်၊ ကျတော်တို့တွေ ကျွမ်းကျင်အလုပ်သမားများ နှင့် ဒီဇိုင်းနာများ ပိုမိုတိုးချဲ့တည်ဆောက်သင့်ပါတယ်။ ဒုတိယ အနေဖြင့်၊ နောက်လာမည့်ကုန်ပစ္စည်းများဖြစ်သည့် ကျောက်ကြမ်းများ၊ ရတနာကျောက်ကြမ်းများ၊ စိန်ကျောက်ကြမ်းများ ပြတ်လပ်ခြင်းကိုပြုပြင်ရန် နည်းလမ်းကိုရှာရမယ်။ တတိယအနေဖြင့်၊ ကုန်ထုတ်လုပ်သူများ နှင့် ပြည်ပကုန်ပို့သူများအတွက် ဈေးကွက် ရောင်းဝယ်ဖောက်ကားခြင်းအထောက်အပံ့ကို တက်ကြွလာစေရန်လုပ်ရမယ်။ စတုတ္ထအနေဖြင့်၊ စက်မှုလုပ်ငန်းကို ထောက်ပံ့ပေး ထားသည့် ဥပဒေတို့ကိုလည်းပြုပြင်ရမယ်။ နောက်တစ်ချက်အနေဖြင့်၊ SMEs ကို ထိုင်းနိုင်ငံတွင် ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ချက်များမှ ငွေကြေးအထောက်အပံ့ကိုရရှိအောင် ကူညီပေးရမယ်။ နောက်ဆုံးအနေဖြင့်၊ ကျတော်တို့က စက်မှုလုပ်ငန်း အတွင်း နည်းပညာနှင့်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုများကို အားပေးရဦးမယ်၊" လို့ ပြောဆိုခဲ့ပါသည်။

စက်မှုလုပ်ငန်းကျွမ်းကျင်ပညာရှင်များက ၅၇ကြိမ်မြောက် BGJF ၏အခွင့်အရေးကိုရယူ၍၊ နောင်နှစ် ဧပြီလ၊ ထိုင်းနိုင်ငံမြို့တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့် ၂၀၁၇ ခုနှစ် ပတ္တမြားကျောက်မျက်ရတနာညီလာခံအစည်းအဝေးအတွက် ဖွင့်လှစ်သွားမှာ ဖြစ်ပါသည်။

"ကျတော်တို့က ကမ္ဘာ့ပတ္တမြားကျောက်စက်မှုလုပ်ငန်းရှိကုန်သွယ်မှုနှင့်ဆိုင်သောကိစ္စရပ်များအကြောင်းကိုအာရုံစိုက်ရန် နောင်လာမည့် ၂၀၁၇ခုနှစ် ဘန်ကောက်မြို့တွင် ပတ္တမြားကျောက်မျက်ရတနာညီလာခံအစည်းအဝေးကိုကျင်းပသွားရန် အစိုးရတို့နှင့်အတူ လုပ်ကိုင် သွားရန်ရည်ရွယ်ထားပါတယ်။ အဓိကမှတ်တမ်းအရပြောဆိုသူများလည်း ကမ္ဘာတစ်ဝန်းလုံး၏ အစုရှယ်ယာဝင်များနှင့်အတူ၊ ပါဝင် ဆောင်ရွက်သူပေါင်းအယောက် ၄၀၀ ကျော်ကလည်း ဤအစီအစဉ်ကိုတက်ရောက်ပါဝင်သွားလိမ့်မှာဖြစ်တယ်၊"လို့ Suttipong Damrongsakul က ပြောကြားသွားခဲ့ပါသည်။

"ဒီပတ္တမြားကျောက်မျက်ရတနာညီလာခံအစည်းအဝေး၏ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ပတ္တမြားကုန်သွယ်ရေး၏စိန်ခေါ်မှုများနှင့်ကိစ္စ များကိုဖော်ပြသွားရန် နှင့် နိုင်ငံတကာအဆင့်တစ်ခုအပေါ် ယုံကြည်စိတ်ချနိုင်ပြီး ရှင်းလင်းမြင်သာနိုင်သော ထောက်ပံ့ပေးသွင်းခြင်း ကွင်းဆက်တစ်ခုကို တည်ထောင်ဖို့ဖြစ်တယ်၊" လို့ Somchai Phornchindarak က ထပ်လောင်းပြောဆိုခဲ့ပါသေးသည်။

Suttipong Damrongsakul က ထိုင်းနိုင်ငံ၏ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားများသည် ၎င်း၏ယှဉ်ပြိုင်နိုင်သောအားသာချက် များအပေါ် ဒေသဆိုင်ရာစွမ်းအားတစ်ခုဖြစ်လာစေရန် တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

"စင်္ကာပူ၊ ဟောင်ကောင် နှင့် တရုတ်နိုင်ငံတို့နှင့်ယှဉ်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံက သူဒေသအတွင်း စီးပွားရေးလုပ်ရတာ ကောင်းတဲ့ နေရာတစ်ခုပါပဲ။ ကျတော်တို့ရဲ့စီးပွားရေးလုပ်ငန်း ကုန်ကျစာရိတ်နှင့်သုံးစွဲမှုများမှာလည်း စီးပွားရေုးလုပ်ကိုင်သူများအတွက်တော့ တတ်နိုင်တာပါပဲ။ ထိုင်းနိုင်ငံဟာဆိုရင် အာစီယံအတွက်သာမကာ၊ အာစီယံ+၆ အတွက်တောင် အချက်အချာကျ နေရာတစ်ခုလည်း ဖြစ်နိုင်ပါတယ်၊" လို့ သူကအဲဒီလိုပြောဆိုခဲ့ပါသေးသည်။

၂၀၁၇ အတွက်အပြောင်းအလဲတစ်ခုအနေဖြင့်၊ BGJF ကို ဖေဖော်ဝါရီလတွင်ကျင်းပသွားမည်မဟုတ်ပဲ၊ ဇန်နဝါရီလတွင်သာ ပြောင်းလဲ ကျင်းပသွားလိမ့်မည်သာ ဖြစ်ပြီး၊ ဟောင်ကောင်နိုင်ငံတကာကျောက်မျက်လက်ဝတ်လက်စားပြပွဲမှကိုယ်တိုင် ရက်အကွာအဝေးကိုထားရှိ ကျင်းပသွားရန်ရည်ရွယ်၍ ရွှေ့ပြောင်းလိုက်ခြင်းပင်ဖြစ်ပါသည်။ စက်တင်ဘာလ BGJF ကိုလည်း သြဂုတ်လသို့ ရှေ့တိုးပြောင်းရွှေ့သွားမှာ ဖြစ်ပါသည်။

"ဤသို့လုပ်ဆောင်ရခြင်းမှာ ဝယ်ယူသူတို့အနေဖြင့် ဒေသတစ်ခုအတွင်း ကျတော်တို့၏ကုန်စည်ရောင်းချပွဲ နှင့် အခြားပွဲတို့မှ အလျင်စလို မဖြစ်စေရန်အတွက်ဖြစ်ပြီး၊ ကုန်စည်ချပြသူများမှာလည်း ကုန်စည်ရောင်းချပွဲတွင်ပါဝင်နိုင်ရန်အတွက် သေချာအောင်လုပ်ရခြင်း ဖြစ်တယ်၊" လို့ Suttipong Damrongsakul က ပြောကြားခဲ့ပါတယ်။

၅၇ကြိမ်မြောက် BGJF ပွဲတော်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ဘန်ကောက်မြို့၊ အင်ပတ်-မူဝမ်သောင်းထန်နိ (Impact Muang Thong Thani) တွင် ကျင်းပခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိဧည့်သည်အယောက်ပေါင်း ၃၀၀၀၀ ကျော်ကလည်း အာရှတိုက်၏် ဒုတိယ အကြီးဆုံးကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စားကုန်စည်ပြပွဲရှိ ကုန်စည်ရောင်းချသူအယောက် ၂၆၀၀ ထံလာလည်ခဲ့ကြပါသည်။

ဆောင်းပါး - Mark Bibby Jackson

 

 

Issue 43

 
 

ထိုင်းလက်ဝတ်ရတနာများသည် ကမ္ဘာ့အလယ်တွင် ၄င်း၏ ဒီဇိုင်း၊ သွေးထားသည့်လက်ရာနှင့် အရောင်တင်ထားသည့် အရည်အသွေးများကြောင့် မျက်နှာပန်းပွင့်လျက်ရှိပါသည်။ သို့ သော်၊ ထိပ်တန်းတင်ပို့ သူ တစ်ဦးဖြစ်သည့် Yakhunit မှ ဈေးကွက်ချဲ့ ထွင်ရန်အတွက်လုပ်ဆောင်ရန်များစွာရှိနေသေးကြောင်း ဆိုပါသည်။

လာရောက်လည်ပတ်ကြည့်ရှုမည့်သူများသည် ဖေဖော်ဝါရီလ 24 ရက်နေ့ မှ 28 ရက်နေ့ များတွင် ဘန်ကောက်မြို့ တော်ရှိ IMPACT ပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မည့် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြပွဲကြီး (57th Bangkok Gem and Jewelry Fair (BGJF)) သို့ လာရောက်လည်ပတ်ကြည့်ရှုမည့်သူများသည် ထိုင်း ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း၏ အနုစိတ်သည့်လက်ရာ၊ ဆန်းသစ်သည့်နည်းပညာများ နှင့် ခေတ်မီဆန်းပြား သည့် ဒီဇိုင်းများကို မြင်တွေ့ ခံစားနိုင်မည်ဖြစ်ပါသည်။

 

 
 

သြစတြေးလျ၊ အမေရိကန်၊ အီးယူ နှင့် အရှေ့ အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့  ငွေနှင့်ရွှေကွပ်ထားသော တန်ဖိုးသိပ် မကြီးလှသည့် ကျောက်များကို တင်ပို့ ရောင်းချနေသည့် Yakhunit ၏ပိုင်ရှင် Khajohnkiat Suwanichkul မှ "ဟောင်ကောင်က စိန်တွေနဲ့ ပတ်သက်ပြီးနာမည်ကြီးနေချိန်မှာ ထိုင်းနိုင်ငံကလည်း သူ့ ရဲ့ ကျောက်မျက်တွေနဲ့ ပတ်သက် ပြီး လူတွေရဲ့ အသိအမှတ်ပြုတာကို ခံနေရပါပြီ။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံမှာ တန်ဖိုးရှိကျောက်မျက်တွေကို ရှာတွေ့  နိုင်ဖို့ ပိုပြီးခက်ခဲလာပေမယ့်၊ ကမ္ဘာ့အလယ်မှာ တန်ဖိုးရှိနဲ့ တန်ဖိုးသိပ်မကြီးတဲ့ ကျောက်မျက်တွေကို သွေးတဲ့ အနုလက်ရာ တွေကြောင့် နာမည်ကြီးနေပါတယ်" ဟုပြောဆိုပါသည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းသည် ကြီးပွားတိုးတက်အောင်မြင်လျက်ရှိသည်။ 2014 ခုနှစ်တွင် တင်ပို့ ရောင်းချမှုမှ ဘတ်ဘီလီယံပေါင်း 324.1 ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 9 ဘီလီယံ) ရရှိခဲ့သည်။ 2015 ခုနှစ် ပထမ 11 လအတွင်း တင်ပို့ ရောင်းချရသည့်တန်ဖိုးသည် ယခင်နှစ်ထက် 16.8% ပိုခဲ့သည်။ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာတစ်ခုလုံး တင်ပို့ ရောင်းချရသည့် တန်ဖိုးတွင် ရွှေ နှင့် ရွှေရည်ပြည့်မီခြင်းမရှိသည့် အခြားသောရွှေများ၊ လက်ဝတ်ရတနာ နှင့် စိန်များပြီးလျှင် ကျောက်မျက် များကိုတင်ပို့ ရောင်းချရ သည့် တန်ဖိုးသည် 12.33% ရှိသည်။

2000 ခုနှစ်တွင် ကျောက်မျက်ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် ဘရာဇီးနိုင်ငံမှ ထွက်ရှိသည့် တန်ဖိုးသိပ်မကြီးလှသည့် ကျောက်များဖြင့် Yakhunit အား စတင်တည်ထောင်ခဲ့ပါသည်။

 

Suwanichkul မှ "လက်တင်အမေရိက က သူ့ ရဲ့ တန်ဖိုးသိပ်မကြီးတဲ့ကျောက်တွေဖြစ်တဲ့ နီလာခရမ်း၊ ဥဿဖရားပြာ အစရှိတဲ့ ကျောက်တွေကြောင့်နာမည်ကြီးတယ်။ ကျွန်တော်တို့ ရဲ့ စီးပွားရေးကို ဒီဇိုင်းနဲ့ လက်မှုအနုလက်ရာအပေါ်မှာ အခြေပြုထားပါတယ်" ဟုပြောဆိုပါသည်။

Suwanichkul ၏အဆိုအရ ထိုင်းလက်မှုအနုလက်ရာသည် ကမ္ဘာ့လက်ဝတ်ရတနာဈေးကွက်တွင် လူအများ၏ အထူးနှစ်ခြိုက် မှု ကို ရရှိနေပါသည်။ ၄င်းမှ "၀ယ်ယူတဲ့သူဖောက်သည်တွေက Made in Thailand ဆိုရင် ယုံကြည်မှုရှိ ကြတယ်" ဟုဆိုပါသည်။ သို့ သော်၊ လက်ဝတ်ရတနာလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ၄င်းမှ လုပ်ငန်းကြီးပွားတိုးတက်ရန် အတွက် လုပ်ဆောင်ရမည့်အရာများစွာရှိနေသေးသည်ဟုဆိုသည်။ "ထိုင်းနိုင်ငံက အဖိုးတန်တဲ့ကျောက်တွေကြောင့် လူသိများထင်ရှားတယ်။ ဒါပေမယ့်၊ လက်ဝတ်ရတနာဒီဇိုင်းနဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုးထုတ်လုပ်နိုင်ဖို့ လိုနေသေးတယ်။ ထိုင်းလုပ်ငန်းရှင်တွေကသာ ဒါကိုသိပြီး ထုတ်လုပ်နိုင်မယ်ဆိုရင်၊ ကျွန်တော်ထင်တယ် ကျွန်တော်တို့ ရဲ့ လုပ်ငန်းကြီးက ဒီထက်ကို ပိုပြီးဆွဲဆောင်မှုရှိလာမှာ" ဟု၎င်းမှပြောပါသည်။

ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြပွဲကြီး (BGJF) သည် ထိုင်းကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း အတွက် ဈေးကွက်မြောက်မြားစွာကို ပိုမိုရရှိစေနိုင်မည့် အဓိကလမ်းကြောင်းများမှ တစ်ခုဖြစ်သည်။ "ဘန်ကောက် ကျောက်မျက် နဲ့ လက်ဝတ်ရတနာ ပြပွဲကြီးမှာ AEC နိုင်ငံတွေကနေ လုပ်ငန်းရှင်အများအပြားကို ရရှိနိုင်ခဲ့မယ်ဆိုရင်၊ ပြပွဲ ကြီးက ဒီ့ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းမှာပါ။ ထိုင်းနိုင်ငံက ASEAN အတွက်လည်း ကျောက်မျက်၊ လက်ဝတ်ရတနာ တွေနဲ့ ပတ်သက်ရင် ၀င်ပေါက်ထွက်ပေါက် ဖြစ်လာနိုင်ပါတယ်။ ဘန်ကောက် ကျောက်မျက် နဲ့ လက်ဝတ်ရတနာ ပြပွဲကြီးမှာ VAT နဲ့  အခွန်ပေးစရာမလိုတဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေကလည်း အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေရှိဖို့ လို ပါတယ်" ဟုဆိုပါသည်။

Yakhunit ကုမ္ပဏီ အနေဖြင့် 2016 ခုနှစ်တွင် ၄င်း၏ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖြန့် ချိနိုင်ရန်ပြင်ဆင်နေကြောင်း Suwanichkul မှဆိုသည်။ "ကျွန်တော်တို့ ရဲ့ ထိုင်းလက်ဝတ်ရတနာလုပ်ငန်းက (ပန်းတိုင်ရောက်ဖို့ ) ခရီးအရှည်ကြီး သွားဖို့  လိုပါသေးတယ်လို့ ထင်တယ်" ဟု ၄င်းမှ ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.yakhunit.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 


 

 

Issue 44

ကျောက်မျက်နှင့် လက်ဝတ်ရတနာ ကဏ္ဍသည် ထိုင်းနိုင်ငံတွင် အလျင်အမြန် ကြီးထွားလာနေသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့်၊ ငယ်ရွယ်နုပျိုသည့် ဒီဇိုင်နာများအား လက်ကမ်းကြိုနေခြင်း၊ ၄င်းတို့ ၏ စိတ်ကူးဒီဇိုင်းကို လွတ်လပ်စွာပုံဖော်နိုင်ခြင်းနှင့် လက်မှုအနုလက်ရာများ တိုးတက်ကောင်းမွန်လာသည့် အတွက်ကြောင့် ဖြစ်ပါ သည်။

အလုပ်ကြိုးစားလုပ်ဆောင်သည်သာမက၊ ၀ါသနာထုံ ၍ ဖန်တီးနိုင်စွမ်းရှိလျင် အောင်မြင်နိုင်မည်ဖြစ်ကြောင်းကို ခေတ်မီ လက်ဝတ်ရတနာနှင့် ကျောက်မျက် အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Arquetype အား တည်ထောင်သူ ဖြစ်သလို ဒီဇိုင်နာလည်းဖြစ်သည့် Anek Tantasirin မှ သာဓကပင်ဖြစ်ပါသည်။ Design Excellence Award 2014 နှင့် Good Design Award ဆုများအပါအ၀င် ဆုပေါင်းမြောက်မြားစွာကို လက်ခံ ရရှိ ပြီးနောက် ၄င်း၏ ပစ္စည်းများကို ပြင်သစ်နိုင်ငံ ပါရီမြို့ တွင် ကျင်းပသည့် Premiere Classe ကုန်စည်ပြပွဲတွင် ပြသခဲ့ပါသည်။

Tantasirin မှ "Arquetype မှ ယောက်ျားမိန်းမ မရွေးဝတ်ဆင်နိုင်တဲ့ ရွေးချယ်စရာတွေစုံတဲ့ ကမ္ဘာအနှံ့ က ကျောက်မျက်မျိုးစုံ ရရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ဖောက်သည်နဲ့  အမှတ်တံဆိပ်အကြားမှာ စိတ်ခံစား ချက်ချင်း ဆက်နွယ်စေတဲ့အရာကို ဖန်တီးနိုင်ရင်၊ ဒါ့အပြင် ဖောက်သည်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့ အကြုံ ကိုပေးနိုင်မယ်ဆိုရင် အောင်မြင်မှုကရောက်လာလိမ့်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်၊ ကျွန်တော့်ရဲ့ ဒီဇိုင်းတွေ မှာ သဘာဝ၊ အနုပညာ နဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်တည်ရှိနေတဲ့ အကြောင်းအရာတွေက လွှမ်းမိုးနေတာပါ။

ငယ်ရွယ်သည့် ထိုင်းဒီဇိုင်နာ၏ အရည်အချင်းကို ပြည်တွင်း သာမက ပြည်ပ ၀ယ်ယူသူများမှလည်း အသိအမှတ်ပြု လက်ခံကြပါသည်။ Arquetype ကို Emporium နှင့် Siam Paragon များကဲ့သို့ အဓိက ထိုင်းကုန်ပဒေသာတိုက် ကြီးများတွင် သာမက၊ ရုရှား၊ ဂျာမနီ၊ စင်င်္ကာပူ၊ ဟောင်ကောင် နှင့် ပြင်သစ် အစရှိသည့် နိုင်ငံများရှိ ၀ယ်ယူသူများ ထံသို့ လည်းရောင်းချပေးလျက်ရှိပါသည်။ "လောလောဆယ်မှာ ဒူဘိုင်းမှာ ရှိတဲ့ ၀ယ်သူတွေအတွက်လည်း ရောင်းချပေးပို့ ကျွန်တော်တို့ သဘောတူထားပါတယ်" ဟု Tantasirin မှပြောပြပါသည်။
၎င်း၏ ပစ္စည်းများကို စတာလင်ငွေ၊ သဘာဝ နှင့် တန်ဖိုးသိပ် မကြီးသည့် ကျောက်များစသည်ဖြင့် ကွဲပြားသည့် ဈေးကွက် ၏ အကြိုက်ကိုလိုက်၍ ထုတ်လုပ်ထားသော်လည်း၊ အချို့ သောကျောက်မျက်များမှအပ ထိုင်းနိုင်ငံမှ ထွက်ရှိသည့် သဘာဝသံယံဇာတများ ကိုသာ အဓိကအသုံးပြုထားပါသည်။

Tantasirin မှ ၀ယ်ယူသူများ၏ သစ္စာစောင့်သိမှုကို အလွန်တရာမှပင် လေးစားတန်ဖိုးထားပါသည်။ "ကျွန်တော်တို့  က အရည်အသွေးမြင့်တဲ့ပစ္စည်းတွေ၊ ထူးကဲသာလွန်ကောင်းမွန်တဲ့ ဒီဇိုင်းတွေ နဲ့ ခြွင်းချက်မရှိတဲ့ဝန်ဆောင်မှုတွေကို ပေးပါတယ်။ ဒါကြောင့် ၀ယ်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမဲ့ စတိုင်တွေဖြစ်အောင် ပြုပြင်ပါတယ်" ဟု ၄င်းမှ ဆိုပါသည်။

၎င်းမှ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာ ကဏ္ဍသည် ဒေသတွင်းတွင် ထုတ်လုပ်မှုအချက်အချာ နေရာတစ်ခုအဖြစ်သို့  ပြောင်းလဲလာနေကြောင်း နှင့် ဤ ကဲ့သို့ တိုးတက်လာရခြင်းမှာ အဓိကအားဖြင့် ငယ်ရွယ်နုပျို သည့် ဒီဇိုင်နာ များ၏ ဆန်းသစ် တီထွင်ဖန်တီးနိုင်မှုများကြောင့် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။

"အံ့ဘနန်း အနုလက်ရာတွေအပြင်၊ ဒီလုပ်ငန်းကြီးရဲ့ အားတွေဖြစ်တဲ့ အရည်အသွေးမြင့် ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်ပေးနိုင်ဖို့ ကိုလည်း ထုတ်လုပ်သူတွေက အာရုံစိုက်ထားကြပါတယ်။ အခုဆိုရင် ထိုင်းဒီဇိုင်နာတွေက အိုင်ဒီယာသစ်တွေနဲ့ အတွေ့ အကြုံတွေပေါ်မူတည်ပြီး ပစ္စည်းတွေကို ဖန်တီးဖို့ ကြိုးစားနေကြပါပြီ။ ဒါတွေက ဒီဇိုင်နာရဲ့ လက်ရာကို ထူးခြားစေလို၊ အမှတ်တံဆိပ်အတွက် ကိုယ်ပိုင်အမှတ်အသားကို ဖန်တီးစေနိုင်ဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်" ဟု ၄င်းမှ ဆိုပါသည်။
လူကြိုက်များသည့် ဒီဇိုင်နာတစ်ဦးမှ Arquetype ၏တောက်ပသည့်အနာဂတ်ကို လှမ်းမျှော်တွေ့ မြင်နိုင်ခြင်းမှာ အံ့သြဖွယ်တော့မဟုတ်ပေ။

၎င်းမှ "2016 ခုနှစ်မှာ ပတ်သက်နေတဲ့ အေဂျင်စီတွေနဲ့  ပစ္စည်းတွေကို ရောင်းအားမြင့်ဖို့ ၊ ဖောက်သည်တွေရဲ့  လိုအပ်ချက်တွေသိဖို့ အတူလက်တွဲဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ အနာဂတ်အတွက် ကျွန်တော်တို့ ရဲ့  အစီအစဉ်တွေမှာ ဖောက်သည်ဖြစ်လာနိုင်မဲ့သူတွေအတွက် ပစ္စည်းရဲ့ ကောင်းမွန်မှုတွေ၊ ဆန်းသစ်မှုတွေကို ပြနိုင်ဖို့  ပြည်တွင်းနဲ့ ပြည်ပတွေမှာ လုပ်တဲ့ပြပွဲတွေမှာ ပါဝင်ပြသဖို့ အတွက်လည်းရှိပါတယ်" ဟု ၄င်းမှ ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.arquetypeofficial.com အားလေ့လာဖတ်ရှုနိုင်ပါသည်။
Manisa Maini မှရေးသားတင်ဆက်သည်။

 

 


 

 

Issue 42

ကမ္ဘာပေါ်ရှိ အကြီးကျယ်အခမ်းနားဆုံးသော ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကြီးများတွင် အပါအ၀င်ဖြစ်သည့် ပြပွဲကြီးအား ဘန်ကောက်မြို့ တွင် ဖွင့်လှစ်ကျင်းပလိုက်ပြီဖြစ်ပါသည်။

ဖေဖော်ဝါရီလအတွင်း လင်းလက်တောက်ပစွာဖြင့် သက်ဝင်လှုပ်ရှားလာမည့် ဘန်ကောက်မြို့ တော်ကို မြင်တွေနိုင်မည် ဖြစ်ပါသည်။ နှစ် နှစ်တစ်ကြိမ် ကျင်းပသည့် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး (Bangkok Gems and Jewelry Fair (BGJF)) ထိုင်းနိုင်ငံ၏မြို့ တော်တွင် ပြန်လည်ကျင်းပရန်အချိန်ကျရောက်လာသည့် အတွက်ကြောင့် ပင်ဖြစ်ပါသည်။ အာရှ ရှိ ဒုတိယအကြီးမားအကျယ်ပြန့် ဆုံးကျောက်မျက်ပြပွဲကြီး ဖြစ်သကဲ့သို့  ကမ္ဘာပေါ်တွင်လည်း ပဉ္စမ အကြီးကျယ်အခမ်းနားဆုံးဖြစ်သည့် အတွက် ပြပွဲကြောင့် ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံများ အတွက် အပြောင်း အလဲ များကို ဖန်တီးဖော်ဆောင်ပေးနိုင်သောသူဖြစ်လာလိမ့်မည်ဟု ပွဲစီစဉ်သူများမှ ခိုင်မာစွာယုံကြည်ထားကြပါသည်။

ဘန်ကောက်ရှိ အာရှ၏အကြီးမားဆုံး ထောက်တိုင် ကင်းမဲ့၊ မြေညီထပ်ပြခန်းအဆောက်အအုံ ဖြစ်သည့် IMPACT Exhibition and Convention Center တွင် ဖေဖော်ဝါရီလ 24 ရက်နေ့ မှ 28 ရက်နေ့ တွင် ပြုလုပ်ကျင်းပမည့် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (the 57th BGJF) ကြီးမှ အမေရိကန် မှ အီးယူ၊ ထို့  အပြင် ရုရှား မှ အရှေ့ အလယ်ပိုင်းဒေသများအပါအ၀င် ကမ္ဘာတစ်လွှားရှိ ထောင်ပေါင်းများစွာသော ၀ယ်ယူသူများ ကို သာမက၊ လာရောက်လည်ပတ်ကြည့်ရှုမည့် ဒေသခံ 30,000 ကျော်၏ စိတ်ကိုဆွဲဆောင်နိုင်ရန်အတွက် မျှော်လင့်ထား ပါသည်။ လွန်ခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည့် 56 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (the 56th BGJF) ကြီးတွင် ပါဝင်ပြသသူပေါင်း 1,500 ကျော်နှင့် ဆိုင်ခန်းပေါင်း 3,000 ကျော်ရှိခဲ့ပြီး တင်ပို့ ရောင်းချရခြင်းမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 12.8 ဘီလီယံကျော် ရရှိခဲ့ပါသည်။

လူအများ၏အလယ်တွင် BGJF ထူးခြားပေါ်လွင်ထင်ရှားရခြင်းအကြောင်းကို Somchai Phornchindarak မှ ယုံမှား သံသယမဖြစ်မိပေ။ "ကျွန်တော်တို့ ရဲ့ ပွဲက တခြားပွဲတွေနဲ့ မတူ၊ တမူထူးတယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့ ရဲ့  ပစ္စည်းတွေက မတူဘူး။ ကွဲပြားတယ်။ ကျွန်တော်တို့ ရဲ့ လက်ရာဒီဇိုင်းတွေကလည်း အရမ်းကောင်းတယ်။ ဒါ့အပြင် ကျွန်တော်တို့ က ကမ္ဘာမှာ နံပါတ်တစ်ပဲ"ဟု ထိုင်းနိုင်ငံ၏ ကျောက်မျက်၊ လက်ဝတ်ရတနာနှင့် အဖိုးတန်သတ္တု များဆိုင်ရာအဖွဲ့ အစည်း (Gems, Jewelry and Precious Metal Confederation of Thailand) ဥက္ကဌ မှပြောပါသည်။

57 ကြိမ်မြောက် BGJF ပွဲသည် ထိုင်းနိုင်ငံ၏ ကျွမ်းကျင်မှုအနုလက်ရာ နှင့် စွမ်းရည်ကိုဖော်ထုတ်ပြသနိုင်မည့် ပွဲ တစ်ခုဖြစ် ကြောင်း ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာကူးသန်းရောင်းဝယ်ရေး အဖွဲ့  (Thai Gem and Jewelry Traders Association (TGJTA)) ဥက္ကဌ Suttipong Damrongsakul မှယုံကြည်ထားပါသည်။ ၄င်းမှ "ဆန်းသစ်ပြောင်းလဲ တာ တွေလုပ်ဖို့ အတွက် ပြပွဲပြသသူတွေကို တိုက်တွန်းအားပေးချင်ပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံခြားကနေလာပြီး ၀ယ်ကြမဲ့ ၀ယ်ယူသူတွေ ကို ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာကုမ္ပဏီတွေရဲ့ အစွမ်းအစကို သိစေချင်ပါတယ်" ဟုပြောကြားပါသည်။

ကုန်သွယ်မှုတိုးတက်မြင့်တင်ရေးငှာန (Department of Trade and Promotion (DITP)) ၏ အထွေထွေ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သည့် Chantira Jimreivat Vivatrat မှ "အစိုးရကတော့ ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာ စီးပွားရေးလုပ်ငန်းတွေရဲ့ အစွမ်းကို ယုံကြည်ပြီးသားပါ။ ကူးသန်းရောင်းဝယ်မှုအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အပြုသဘော ဆောင်တဲ့ အားပေးမှုတွေကို အသိပေးတင်ပြထားပြီးဖြစ်ပါတယ်" ဟုပြောဆိုခဲ့ပါသည်။

သို့ သော် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (57th BGJF) သည် ကမ္ဘာ့အကောင်းဆုံး စိန်နှင့် အရောင်အသွေးစုံလင်လှသည့်ကျောက်မျက်များဖြင့် လင်းလက်တောက်ပနေမည့် ပြပွဲကြီးတစ်ခုထက် လုပ်ငန်းခွင် နေရာတစ်ခုနှင့် တူနေပေလိမ့်မည်။ "ပြပွဲကြီးရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားဝယ်ယူသူတွေလာပြီး အော်ဒါမှာယူနိုင်ဖို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြပွဲကြီးကို တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပတာပဲဖြစ်ပါတယ်" ဟု Phornchindarak မှ ဆိုပါသည်။

အနာဂတ်ကုန်သွယ်မှုကို အားပေးရန်ရည်ရွယ်၍ အစိုးရမှ 57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (BGJF) တွင်ရောင်းချမည့် ပြည်ပမှတင်သွင်းလာသော ကျောက်မျက်နှင့်လက်ဝတ် ရတနာ ရောင်းချ ရမှု အတွက် 20% အခွန်ကင်းလွတ်ခွင့်ပြုထားသည်။ နိုင်ငံရပ်ခြားမှ လာရောက်ပြသမည့်သူများသည် လည်း ကျောက်မျက် နှင့် လက်ဝတ်ရတနာများကို အခြားတိုင်းပြည်များမှ တင်သွင်းရောင်းချခွင့်ပြုထားပြီး အခွန်ကင်းလွတ် ခွင့်ပေးထားသည်။ ပြည်တွင်းမှ ပြသမည့်သူများသည်လည်း ပစ္စည်းများကို အပြိုင်အဆိုင် ပိုမို၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အဆုံးတွင်မူ ၀ယ်ယူသူများအမြတ်ထွက်မည့် ပြပွဲကြီးပင် ဖြစ်ပါသည်။

Phornchindarak ၏ပြောကြားချက်အရ (ဤကဲ့သို့ သော) ဆောင်ရွက်မှုသည် အစိုးရ၏ စီးပွားရေးလုပ်ငန်းအပေါ် စဉ်ဆက်မပြတ်ပံ့ပိုးအားပေးနေသည့် ဆောင်ရွက်မှုပင်ဖြစ်ပါသည်။ ၄င်းမှ "အစိုးရက ကျွန်တော်တို့ ခရီးစဉ်ရဲ့ ခြေလှမ်း တိုင်းမှာ ကျွန်တော်တို့ နဲ့ အတူရှိနေပါတယ်။ ပို့ ကုန်တိုးတက်ရောင်းချရဖို့ ကူညီတယ်။ ဒါတွေမကသေးပဲ ကုန်စည်ပြပွဲ တွေ၊ လှည့်လည်ပြသတဲ့ပွဲတွေနဲ့ ထူးကဲ သာလွန်ကောင်းမွန်တဲ့ပြပွဲကြီးတွေ ကတဆင့် နိုင်ငံရပ်ခြားမှာ ဈေကွက်တိုးချဲ့  နိုင်ဖို စီစဉ်ဆောင်ရွက်ပေးတယ်။ ဒီပြောင်းလဲမှုတွေအားလုံးကြောင့် လူတိုင်းရဲ့ အနာဂတ်က တောက်ပနေတယ်လို့  ကြိုတင် ဟောကိန်းထုတ်လို့ ရနေတယ်" ဟုပြောဆိုပါသည်။

အစိုးရမှပေးအပ်သော အခြားအထူးအခွင့်အရေးမှာ့ ၀န်ဆောင်မှုကြီးကြပ်ခွန်ကင်းလွတ်ခွင့် (Zero VAT) ပင်ဖြစ်ပါသည်။ ကျောက်ရိုင်းတုံးများနှင့် အကြမ်းထည်ပစ္စည်းများကို ၀ယ်ယူသောသူများသည် ၀န်ဆောင်မှုကြီးကြပ်ခွန် 7% အား ပေးဆောင်ရန်မလိုအပ်ပေ။
အခွန်များကိုလျှော့ချပေးသာမက 57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (57th BGJF) တွင် DITP ၏ထိုင်းဒီဇိုင်းလက်ရာပြခန်းအပါအ၀င် ဒီဇိုင်းမြောက်မြားစွာခင်းကျင်းပြသမည့် ပြခန်းများနှင့် ယူကေနိုင်ငံရှိ Gemsfield မှ ကြီးမှူးမည့် ပြခန်းတစ်ခုတွင် ကမ္ဘာအနှံ့ ရှိအကောင်းဆုံးသော ကျောက်မျက် လက်ဝတ်ရတနာများကို ခင်းကျင်းပြသမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းကို ပိုမိုလွယ်ကူချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် ယခုနှစ်တွင် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (BGJF)မှ ၄င်း၏ ကိုယ်ပိုင် မိုဘိုင်းလ် အက်ပလီကေးရှင်းအားထားရှိပေးမည်ဖြစ်ပြီး၊ ၀ယ်ယူသူများမှ ရောင်းချသူများကို ဆက်သွယ်နိုင်မည့်အပြင် ပြပွဲကြီး၏ အခြေခံဗိသုကာပုံစံကိုလည်း လေ့လာကြည့်ရှုသိရှိနိုင် မည်ဖြစ် ပါသည်။ ၄င်းပြင် ညီလာခံများ၊ ပြိုင်ပွဲများ၊ လက်ရှိခေတ်ရေစီးကြောင်း ဆိုင်ရာအကြောင်းအရာများ နှင့် အထူးအခွင့်အရေး ပေးအပ်ခြင်းများလည်း ပါဝင်မည်ဖြစ်ပါသည်။
57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (57th BGJF) သည် လုပ်ငန်း၏တောက်ပသည့် အနာဂတ်ကို မီးမောင်းထိုးပြနေသည်ဟု ယုံကြည်ကြောင်း ၄င်း၏အောင်မြင်မှုအပေါ်အတွင် သာယာနေခြင်း မရှိသည့် Phornchindarak မှဆိုပါသည်။ ၄င်းမှ "ကျွန်တော်တို့ က ထိုင်းနိုင်ငံကို အာဆီယံရဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ တွေရဲ့ အဓိကအချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် တွန်းအားပေးဖို့ လိုပါတယ်" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက www.bangkokgemsfair.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

Mark Bibby Jackson မှရေးသားတင်ဆက်သည်။

 

 

 

367659