Sinee Dumrongkitkarn သည် ဟန်းမိတ် စာရေးကိရိယာ ပစ္စည်းလေးများကို ၀ါသနာကြီးစွာ တီထွင်ဖန်တီးရာမှတဆင့် Zequenz အား ကမ္ဘာဈေးကွက်အလယ်တွင် အောင်အောင်မြင်မြင် ထင်ထင်ပေါ် ပေါ်ဖြစ်စေခဲ့ဖြစ်ပါသည်။

Sinee Damrongkijakarn သည် ထိုင်း လက်မှု စာရေးကိရိယာအမှတ်တံဆိပ်ဖြစ်သည့် Zequenz ၏ နောက်ကွယ်တွင်ရှိသည့် Zenith စီးပွားရေးလုပ်ငန်းအား 1989 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကနဦးမှပင် ၄င်း၏မစ်ရှင်ရည်ရွယ်ချက်မှာ ကာစတန်မာများအတွက် အရည်အသွေးမြင့်ထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ပေးရန် ပင်ဖြစ်ပါသည်။  

ရာစုနှစ်သုံးခု လောက်မျှစဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်များကို ထိုင်းနိုင်ငံ နှင့် နိုင်ငံ ရပ်ခြားတွင် ရှိသည့် မြောက်မြားစွာသော အဖွဲ့ အစည်းများမှ ချီးမြှင့်သည့် ဆုများနှင့် လက်မှတ်များကို ဆွတ်ခူးနိုင်ခြင်းဖြင့် ရရှိခံစားနိုင်ခဲ့သည်။ Maison & Objet နှင့် Paperworld တို့ ကဲ့သို့ သော အပြည်ပြည် ဆိုင်ရာပြပွဲများတွင် Zequenz ၏အမှတ်တံဆိပ်ကို အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ 2012 ခုနှစ်တွင် ထိုင်း နိုင်ငံ၏ Trust Mark (TTM) ကိုရရှိခဲ့ပြီး၊ ယခုအခါတွင် ၄င်း၏ကုန်ပစ္စည်းများကို ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်၊ ဘရာဇီး၊ ယူကရိန်း နှင့် အမေရိကန် အစရှိသည့် နိုင်ငံများသို့ တင်ပို့ ရောင်းချ လျက်ရှိပါသည်။

၎င်း၏ထူးခြားသည့် ဒီဇိုင်း၊ အရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများကိုအသုံးပြုထားခြင်း နှင့် စေ့စပ် သေချာသည့် နည်းစနစ်များဖြင့်ထုတ်လုပ်ထားသောကြောင့် ယှဉ်ပြိုင်ဘက်များအလယ်တွင် Zequenz မှာ ထင်ပေါ်ရခြင်းဖြစ်ပါသည်။

မန်းနေးဂျင်း ဒါရိုက်တာ Sinee Damrongkijakarn မှ “အသေးစိတ်အနေနဲ့ ကတော့ ထူးခြားမှုမရှိလှပါဘူး၊  ကျွန်မ တို့ ရဲ့ ပစ္စည်းတွေက နည်းနည်းဈေးကြီးပေမဲ့ လက်နဲ့ သေချာဂရုတစိုက်ပြုလုပ်ထားတာရယ်၊ ကုန်ကြမ်းအရည်အသွေး အကောင်းဆုံးတွေကို သုံးထားတာတွေကြောင့် ကာစတန်မာတွေကလည်း အရည်အသွေးကိုသိပြီး ပေးရတာတန်တယ်လို့ ခံစားမိကြတယ်” ဟုပြောဆိုပါသည်။

 

ဤကဲ့သို့ စဉ်ဆက်မပြတ်ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် Zenith မှလည်း လူအများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆန်းသစ်သည့် ပစ္စည်းဒီဇိုင်းများကို စဉ်ဆက်မပြတ် ဖန်တီးနေရမည်ကို Damrongkijakarn မှလည်းသိရှိနားလည် ထားပါသည်။ ထပ်မံ ၍ သူမမှ “ကျွန်မက ဆန်းသစ်တဲ့ စတိုင် တွေကို အမြဲပဲ လေ့လာတယ်” ဟုဖြည့်စွက်ပြောကြားပါသည်။

Damrongkijakarn မှ ကုမ္ပဏီ၏ ပစ္စည်းများသည် နိုင်ငံတကာစံချိန်စံညွှန်းအရည်အသွေးနှင့် စံပြု လောက် သည့် “ထိုင်းစတိုင်” များကို ပေါင်းစပ်ထုတ်လုပ်ထားကြောင်း ယုံကြည်ထားသည်။
သူမမှ “ကျွန်မတို့ ရဲ့ ပစ္စည်းက “ထိုင်းစတိုင်”ကို နိုင်ငံတကာဒီဇိုင်းနဲ့ ပုံဖော်ထားတာပါ။ ကုမ္ပဏီ သေးလေးပဲ ဖြစ်တဲ့အတွက်ကြောင့် ပိုကြီးတဲ့ ကုမ္ပဏီတွေနဲ့ တော့မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မတို့ ဘာလုပ်နိုင်လဲ ဆိုရင် ကျွန်မတို့ ရဲ့ ကာစတန်မာတွေဆီကို အရည်အသွေးမြင့်မားတဲ့ ပစ္စည်းတွေကို ဖြန့် ချိပေးပြီး ကျွန်မတို့  အပေါ်စိတ်ချယုံကြည်မှုရှိလာဖို့ လုပ်ပါတယ်” ဟုပြောဆိုပါသည်။

Zenith မှ TTM ၏ ပဓာနကျလှသည့် အခန်းကဏ္ဍဖြစ်သည့် - လျော့နည်းစေခြင်း (reduce) ၊ ပြန်လည် အသုံးချရန် ဆောင်ရွက်ခြင်း (recycle) ၊ ပြန်လည်အသုံးပြုခြင်း (reuse) - အစရှိသည့် 3Rs သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေသများကို လေးစားလိုက်နာပါသည်။ သစ်ပင်ကြီးများ မဟုတ်ပဲ ပေါင်းပင်မြက်ပင် မှ ထုတ်လုပ်ထားသည့် ပိုးစာပင် စက္ကူစာရွက်ကဲ့သို့ သော သဘာ၀၀န်းကျင် ကို ထိခိုက်မှု မရှိစေနိုင် သည့် ပစ္စည်းများကို ရွေးချယ်ထုတ်လုပ်ထားသည့်အတွက်ကြောင့် သစ်တောပြုန်းတီးမှုကို လျော့နည်းစေပြီး အသုံးပြုထားသည့် သားရေသည်လည်း ဆွေးမြေ့ ယိုယွင်းပျက်စီးနိုင်ပါသည်။ အသိအမှတ်ပြုခြင်းခံရသည့် ကုန်ပစ္စည်းပေးသွင်းသူများထံမှသာ ကုန်ကြမ်း ပစ္စည်းများအားလုံး လက်ခံအသုံးပြုထားခြင်းဖြစ်ပါသည်။

ကုမ္ပဏီမှ အသုံးပြုပြီး ရေဆိုးရေညစ်ကို ပြန်လည်သန့် စင်ရာတွင် ထိရောက်မှုရှိသည့် နည်းစနစ်ကို အသုံးပြုသည့်အပြင်၊ အဆိပ်အတောက်ကင်းစင်၍ သဘာဝ ၀န်းကျင်ကို ထိခိုက်မှု မရှိစေနိုင်သည့် ထုတ် လုပ်မှု စနစ်များကို အသုံးပြုထားသည်။

ထို့ ကြောင့်၊ အာမခံချက်ရှိသည့်အကောင်းဆုံးအရည်အသွေး ရှိသည့် ထုတ်ကုန် ပစ္စည်းများ နှင့် သဘာဝ ၀န်းကျင်ကို ထိခိုက်မှု မရှိစေနိုင်သည့် ထုတ်လုပ်မှုများကြောင့် Zequenz သည် ယှဉ်ပြိုင်မှုများလှသည့် ဈေးကွက်အတွင်းတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

“ဂျာမနီနိုင်ငံ၊ ဖရန့် ဖတ်မြို့ မှာ ကျင်းပတဲ့ Paperworld 2015 ကို တက်ရောက်တဲ့အချိန်မှာ ကာစတန်မာ တွေက ကျွန်မကို ဒီဈေးကွက်ထဲမှာ ဆက်ပြီး ရပ်တည်နေနိုင်တဲ့အတွက် လာပြီးဂုဏ်ပြုကြတယ်။ အဲဒါကို ကျွန်မကို အမှန်တကယ်ကို ပျော်ရွှင်စေပါတယ်။ ကျွန်မထင်တယ်၊ ကျွန်မတို့ ၏ ပစ္စည်းက ဒီမှာရှိနေ လောက်အောင်ကို ကောင်းမွန်နေပြီး၊ တကယ်ပါပဲ၊ အနာဂတ်မှာ Zequenz ကလည်း ကမ္ဘာ့ဈေးကွက် ထဲမှာရှိတဲ့ ထိပ်တန်းစာရေးကိရိယာ တံဆိပ်တွေထဲက တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Dumrongkitkarn မှ ပြောဆိုပါသည်။

ပိုမိုသိရှိလိုပါက http://www.zequenz.com အားဖတ်ရှုလေ့လာပါ။

Patcharee Taedangpetch ရေးသား ၍၊ Zequenz ခွင့်ပြုချက်ဖြင့် ပုံများရယူပါသည်။

 

 

367042