Issue 43

 
 

ထိုင်းလက်ဝတ်ရတနာများသည် ကမ္ဘာ့အလယ်တွင် ၄င်း၏ ဒီဇိုင်း၊ သွေးထားသည့်လက်ရာနှင့် အရောင်တင်ထားသည့် အရည်အသွေးများကြောင့် မျက်နှာပန်းပွင့်လျက်ရှိပါသည်။ သို့ သော်၊ ထိပ်တန်းတင်ပို့ သူ တစ်ဦးဖြစ်သည့် Yakhunit မှ ဈေးကွက်ချဲ့ ထွင်ရန်အတွက်လုပ်ဆောင်ရန်များစွာရှိနေသေးကြောင်း ဆိုပါသည်။

လာရောက်လည်ပတ်ကြည့်ရှုမည့်သူများသည် ဖေဖော်ဝါရီလ 24 ရက်နေ့ မှ 28 ရက်နေ့ များတွင် ဘန်ကောက်မြို့ တော်ရှိ IMPACT ပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မည့် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြပွဲကြီး (57th Bangkok Gem and Jewelry Fair (BGJF)) သို့ လာရောက်လည်ပတ်ကြည့်ရှုမည့်သူများသည် ထိုင်း ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း၏ အနုစိတ်သည့်လက်ရာ၊ ဆန်းသစ်သည့်နည်းပညာများ နှင့် ခေတ်မီဆန်းပြား သည့် ဒီဇိုင်းများကို မြင်တွေ့ ခံစားနိုင်မည်ဖြစ်ပါသည်။

 

 
 

သြစတြေးလျ၊ အမေရိကန်၊ အီးယူ နှင့် အရှေ့ အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့  ငွေနှင့်ရွှေကွပ်ထားသော တန်ဖိုးသိပ် မကြီးလှသည့် ကျောက်များကို တင်ပို့ ရောင်းချနေသည့် Yakhunit ၏ပိုင်ရှင် Khajohnkiat Suwanichkul မှ "ဟောင်ကောင်က စိန်တွေနဲ့ ပတ်သက်ပြီးနာမည်ကြီးနေချိန်မှာ ထိုင်းနိုင်ငံကလည်း သူ့ ရဲ့ ကျောက်မျက်တွေနဲ့ ပတ်သက် ပြီး လူတွေရဲ့ အသိအမှတ်ပြုတာကို ခံနေရပါပြီ။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံမှာ တန်ဖိုးရှိကျောက်မျက်တွေကို ရှာတွေ့  နိုင်ဖို့ ပိုပြီးခက်ခဲလာပေမယ့်၊ ကမ္ဘာ့အလယ်မှာ တန်ဖိုးရှိနဲ့ တန်ဖိုးသိပ်မကြီးတဲ့ ကျောက်မျက်တွေကို သွေးတဲ့ အနုလက်ရာ တွေကြောင့် နာမည်ကြီးနေပါတယ်" ဟုပြောဆိုပါသည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းသည် ကြီးပွားတိုးတက်အောင်မြင်လျက်ရှိသည်။ 2014 ခုနှစ်တွင် တင်ပို့ ရောင်းချမှုမှ ဘတ်ဘီလီယံပေါင်း 324.1 ဘီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 9 ဘီလီယံ) ရရှိခဲ့သည်။ 2015 ခုနှစ် ပထမ 11 လအတွင်း တင်ပို့ ရောင်းချရသည့်တန်ဖိုးသည် ယခင်နှစ်ထက် 16.8% ပိုခဲ့သည်။ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာတစ်ခုလုံး တင်ပို့ ရောင်းချရသည့် တန်ဖိုးတွင် ရွှေ နှင့် ရွှေရည်ပြည့်မီခြင်းမရှိသည့် အခြားသောရွှေများ၊ လက်ဝတ်ရတနာ နှင့် စိန်များပြီးလျှင် ကျောက်မျက် များကိုတင်ပို့ ရောင်းချရ သည့် တန်ဖိုးသည် 12.33% ရှိသည်။

2000 ခုနှစ်တွင် ကျောက်မျက်ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် ဘရာဇီးနိုင်ငံမှ ထွက်ရှိသည့် တန်ဖိုးသိပ်မကြီးလှသည့် ကျောက်များဖြင့် Yakhunit အား စတင်တည်ထောင်ခဲ့ပါသည်။

 

Suwanichkul မှ "လက်တင်အမေရိက က သူ့ ရဲ့ တန်ဖိုးသိပ်မကြီးတဲ့ကျောက်တွေဖြစ်တဲ့ နီလာခရမ်း၊ ဥဿဖရားပြာ အစရှိတဲ့ ကျောက်တွေကြောင့်နာမည်ကြီးတယ်။ ကျွန်တော်တို့ ရဲ့ စီးပွားရေးကို ဒီဇိုင်းနဲ့ လက်မှုအနုလက်ရာအပေါ်မှာ အခြေပြုထားပါတယ်" ဟုပြောဆိုပါသည်။

Suwanichkul ၏အဆိုအရ ထိုင်းလက်မှုအနုလက်ရာသည် ကမ္ဘာ့လက်ဝတ်ရတနာဈေးကွက်တွင် လူအများ၏ အထူးနှစ်ခြိုက် မှု ကို ရရှိနေပါသည်။ ၄င်းမှ "၀ယ်ယူတဲ့သူဖောက်သည်တွေက Made in Thailand ဆိုရင် ယုံကြည်မှုရှိ ကြတယ်" ဟုဆိုပါသည်။ သို့ သော်၊ လက်ဝတ်ရတနာလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ၄င်းမှ လုပ်ငန်းကြီးပွားတိုးတက်ရန် အတွက် လုပ်ဆောင်ရမည့်အရာများစွာရှိနေသေးသည်ဟုဆိုသည်။ "ထိုင်းနိုင်ငံက အဖိုးတန်တဲ့ကျောက်တွေကြောင့် လူသိများထင်ရှားတယ်။ ဒါပေမယ့်၊ လက်ဝတ်ရတနာဒီဇိုင်းနဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုးထုတ်လုပ်နိုင်ဖို့ လိုနေသေးတယ်။ ထိုင်းလုပ်ငန်းရှင်တွေကသာ ဒါကိုသိပြီး ထုတ်လုပ်နိုင်မယ်ဆိုရင်၊ ကျွန်တော်ထင်တယ် ကျွန်တော်တို့ ရဲ့ လုပ်ငန်းကြီးက ဒီထက်ကို ပိုပြီးဆွဲဆောင်မှုရှိလာမှာ" ဟု၎င်းမှပြောပါသည်။

ဘန်ကောက် ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြပွဲကြီး (BGJF) သည် ထိုင်းကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း အတွက် ဈေးကွက်မြောက်မြားစွာကို ပိုမိုရရှိစေနိုင်မည့် အဓိကလမ်းကြောင်းများမှ တစ်ခုဖြစ်သည်။ "ဘန်ကောက် ကျောက်မျက် နဲ့ လက်ဝတ်ရတနာ ပြပွဲကြီးမှာ AEC နိုင်ငံတွေကနေ လုပ်ငန်းရှင်အများအပြားကို ရရှိနိုင်ခဲ့မယ်ဆိုရင်၊ ပြပွဲ ကြီးက ဒီ့ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းမှာပါ။ ထိုင်းနိုင်ငံက ASEAN အတွက်လည်း ကျောက်မျက်၊ လက်ဝတ်ရတနာ တွေနဲ့ ပတ်သက်ရင် ၀င်ပေါက်ထွက်ပေါက် ဖြစ်လာနိုင်ပါတယ်။ ဘန်ကောက် ကျောက်မျက် နဲ့ လက်ဝတ်ရတနာ ပြပွဲကြီးမှာ VAT နဲ့  အခွန်ပေးစရာမလိုတဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေကလည်း အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေရှိဖို့ လို ပါတယ်" ဟုဆိုပါသည်။

Yakhunit ကုမ္ပဏီ အနေဖြင့် 2016 ခုနှစ်တွင် ၄င်း၏ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖြန့် ချိနိုင်ရန်ပြင်ဆင်နေကြောင်း Suwanichkul မှဆိုသည်။ "ကျွန်တော်တို့ ရဲ့ ထိုင်းလက်ဝတ်ရတနာလုပ်ငန်းက (ပန်းတိုင်ရောက်ဖို့ ) ခရီးအရှည်ကြီး သွားဖို့  လိုပါသေးတယ်လို့ ထင်တယ်" ဟု ၄င်းမှ ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.yakhunit.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 


 

 

367651