Issue 42

ကမ္ဘာပေါ်ရှိ အကြီးကျယ်အခမ်းနားဆုံးသော ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကြီးများတွင် အပါအ၀င်ဖြစ်သည့် ပြပွဲကြီးအား ဘန်ကောက်မြို့ တွင် ဖွင့်လှစ်ကျင်းပလိုက်ပြီဖြစ်ပါသည်။

ဖေဖော်ဝါရီလအတွင်း လင်းလက်တောက်ပစွာဖြင့် သက်ဝင်လှုပ်ရှားလာမည့် ဘန်ကောက်မြို့ တော်ကို မြင်တွေနိုင်မည် ဖြစ်ပါသည်။ နှစ် နှစ်တစ်ကြိမ် ကျင်းပသည့် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီး (Bangkok Gems and Jewelry Fair (BGJF)) ထိုင်းနိုင်ငံ၏မြို့ တော်တွင် ပြန်လည်ကျင်းပရန်အချိန်ကျရောက်လာသည့် အတွက်ကြောင့် ပင်ဖြစ်ပါသည်။ အာရှ ရှိ ဒုတိယအကြီးမားအကျယ်ပြန့် ဆုံးကျောက်မျက်ပြပွဲကြီး ဖြစ်သကဲ့သို့  ကမ္ဘာပေါ်တွင်လည်း ပဉ္စမ အကြီးကျယ်အခမ်းနားဆုံးဖြစ်သည့် အတွက် ပြပွဲကြောင့် ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ ဝင်နိုင်ငံများ အတွက် အပြောင်း အလဲ များကို ဖန်တီးဖော်ဆောင်ပေးနိုင်သောသူဖြစ်လာလိမ့်မည်ဟု ပွဲစီစဉ်သူများမှ ခိုင်မာစွာယုံကြည်ထားကြပါသည်။

ဘန်ကောက်ရှိ အာရှ၏အကြီးမားဆုံး ထောက်တိုင် ကင်းမဲ့၊ မြေညီထပ်ပြခန်းအဆောက်အအုံ ဖြစ်သည့် IMPACT Exhibition and Convention Center တွင် ဖေဖော်ဝါရီလ 24 ရက်နေ့ မှ 28 ရက်နေ့ တွင် ပြုလုပ်ကျင်းပမည့် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (the 57th BGJF) ကြီးမှ အမေရိကန် မှ အီးယူ၊ ထို့  အပြင် ရုရှား မှ အရှေ့ အလယ်ပိုင်းဒေသများအပါအ၀င် ကမ္ဘာတစ်လွှားရှိ ထောင်ပေါင်းများစွာသော ၀ယ်ယူသူများ ကို သာမက၊ လာရောက်လည်ပတ်ကြည့်ရှုမည့် ဒေသခံ 30,000 ကျော်၏ စိတ်ကိုဆွဲဆောင်နိုင်ရန်အတွက် မျှော်လင့်ထား ပါသည်။ လွန်ခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည့် 56 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (the 56th BGJF) ကြီးတွင် ပါဝင်ပြသသူပေါင်း 1,500 ကျော်နှင့် ဆိုင်ခန်းပေါင်း 3,000 ကျော်ရှိခဲ့ပြီး တင်ပို့ ရောင်းချရခြင်းမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 12.8 ဘီလီယံကျော် ရရှိခဲ့ပါသည်။

လူအများ၏အလယ်တွင် BGJF ထူးခြားပေါ်လွင်ထင်ရှားရခြင်းအကြောင်းကို Somchai Phornchindarak မှ ယုံမှား သံသယမဖြစ်မိပေ။ "ကျွန်တော်တို့ ရဲ့ ပွဲက တခြားပွဲတွေနဲ့ မတူ၊ တမူထူးတယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်တို့ ရဲ့  ပစ္စည်းတွေက မတူဘူး။ ကွဲပြားတယ်။ ကျွန်တော်တို့ ရဲ့ လက်ရာဒီဇိုင်းတွေကလည်း အရမ်းကောင်းတယ်။ ဒါ့အပြင် ကျွန်တော်တို့ က ကမ္ဘာမှာ နံပါတ်တစ်ပဲ"ဟု ထိုင်းနိုင်ငံ၏ ကျောက်မျက်၊ လက်ဝတ်ရတနာနှင့် အဖိုးတန်သတ္တု များဆိုင်ရာအဖွဲ့ အစည်း (Gems, Jewelry and Precious Metal Confederation of Thailand) ဥက္ကဌ မှပြောပါသည်။

57 ကြိမ်မြောက် BGJF ပွဲသည် ထိုင်းနိုင်ငံ၏ ကျွမ်းကျင်မှုအနုလက်ရာ နှင့် စွမ်းရည်ကိုဖော်ထုတ်ပြသနိုင်မည့် ပွဲ တစ်ခုဖြစ် ကြောင်း ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာကူးသန်းရောင်းဝယ်ရေး အဖွဲ့  (Thai Gem and Jewelry Traders Association (TGJTA)) ဥက္ကဌ Suttipong Damrongsakul မှယုံကြည်ထားပါသည်။ ၄င်းမှ "ဆန်းသစ်ပြောင်းလဲ တာ တွေလုပ်ဖို့ အတွက် ပြပွဲပြသသူတွေကို တိုက်တွန်းအားပေးချင်ပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံခြားကနေလာပြီး ၀ယ်ကြမဲ့ ၀ယ်ယူသူတွေ ကို ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာကုမ္ပဏီတွေရဲ့ အစွမ်းအစကို သိစေချင်ပါတယ်" ဟုပြောကြားပါသည်။

ကုန်သွယ်မှုတိုးတက်မြင့်တင်ရေးငှာန (Department of Trade and Promotion (DITP)) ၏ အထွေထွေ လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သည့် Chantira Jimreivat Vivatrat မှ "အစိုးရကတော့ ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာ စီးပွားရေးလုပ်ငန်းတွေရဲ့ အစွမ်းကို ယုံကြည်ပြီးသားပါ။ ကူးသန်းရောင်းဝယ်မှုအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အပြုသဘော ဆောင်တဲ့ အားပေးမှုတွေကို အသိပေးတင်ပြထားပြီးဖြစ်ပါတယ်" ဟုပြောဆိုခဲ့ပါသည်။

သို့ သော် 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲ (57th BGJF) သည် ကမ္ဘာ့အကောင်းဆုံး စိန်နှင့် အရောင်အသွေးစုံလင်လှသည့်ကျောက်မျက်များဖြင့် လင်းလက်တောက်ပနေမည့် ပြပွဲကြီးတစ်ခုထက် လုပ်ငန်းခွင် နေရာတစ်ခုနှင့် တူနေပေလိမ့်မည်။ "ပြပွဲကြီးရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားဝယ်ယူသူတွေလာပြီး အော်ဒါမှာယူနိုင်ဖို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြပွဲကြီးကို တစ်နှစ်မှာ နှစ်ကြိမ်ကျင်းပတာပဲဖြစ်ပါတယ်" ဟု Phornchindarak မှ ဆိုပါသည်။

အနာဂတ်ကုန်သွယ်မှုကို အားပေးရန်ရည်ရွယ်၍ အစိုးရမှ 57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (BGJF) တွင်ရောင်းချမည့် ပြည်ပမှတင်သွင်းလာသော ကျောက်မျက်နှင့်လက်ဝတ် ရတနာ ရောင်းချ ရမှု အတွက် 20% အခွန်ကင်းလွတ်ခွင့်ပြုထားသည်။ နိုင်ငံရပ်ခြားမှ လာရောက်ပြသမည့်သူများသည် လည်း ကျောက်မျက် နှင့် လက်ဝတ်ရတနာများကို အခြားတိုင်းပြည်များမှ တင်သွင်းရောင်းချခွင့်ပြုထားပြီး အခွန်ကင်းလွတ် ခွင့်ပေးထားသည်။ ပြည်တွင်းမှ ပြသမည့်သူများသည်လည်း ပစ္စည်းများကို အပြိုင်အဆိုင် ပိုမို၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အဆုံးတွင်မူ ၀ယ်ယူသူများအမြတ်ထွက်မည့် ပြပွဲကြီးပင် ဖြစ်ပါသည်။

Phornchindarak ၏ပြောကြားချက်အရ (ဤကဲ့သို့ သော) ဆောင်ရွက်မှုသည် အစိုးရ၏ စီးပွားရေးလုပ်ငန်းအပေါ် စဉ်ဆက်မပြတ်ပံ့ပိုးအားပေးနေသည့် ဆောင်ရွက်မှုပင်ဖြစ်ပါသည်။ ၄င်းမှ "အစိုးရက ကျွန်တော်တို့ ခရီးစဉ်ရဲ့ ခြေလှမ်း တိုင်းမှာ ကျွန်တော်တို့ နဲ့ အတူရှိနေပါတယ်။ ပို့ ကုန်တိုးတက်ရောင်းချရဖို့ ကူညီတယ်။ ဒါတွေမကသေးပဲ ကုန်စည်ပြပွဲ တွေ၊ လှည့်လည်ပြသတဲ့ပွဲတွေနဲ့ ထူးကဲ သာလွန်ကောင်းမွန်တဲ့ပြပွဲကြီးတွေ ကတဆင့် နိုင်ငံရပ်ခြားမှာ ဈေကွက်တိုးချဲ့  နိုင်ဖို စီစဉ်ဆောင်ရွက်ပေးတယ်။ ဒီပြောင်းလဲမှုတွေအားလုံးကြောင့် လူတိုင်းရဲ့ အနာဂတ်က တောက်ပနေတယ်လို့  ကြိုတင် ဟောကိန်းထုတ်လို့ ရနေတယ်" ဟုပြောဆိုပါသည်။

အစိုးရမှပေးအပ်သော အခြားအထူးအခွင့်အရေးမှာ့ ၀န်ဆောင်မှုကြီးကြပ်ခွန်ကင်းလွတ်ခွင့် (Zero VAT) ပင်ဖြစ်ပါသည်။ ကျောက်ရိုင်းတုံးများနှင့် အကြမ်းထည်ပစ္စည်းများကို ၀ယ်ယူသောသူများသည် ၀န်ဆောင်မှုကြီးကြပ်ခွန် 7% အား ပေးဆောင်ရန်မလိုအပ်ပေ။
အခွန်များကိုလျှော့ချပေးသာမက 57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (57th BGJF) တွင် DITP ၏ထိုင်းဒီဇိုင်းလက်ရာပြခန်းအပါအ၀င် ဒီဇိုင်းမြောက်မြားစွာခင်းကျင်းပြသမည့် ပြခန်းများနှင့် ယူကေနိုင်ငံရှိ Gemsfield မှ ကြီးမှူးမည့် ပြခန်းတစ်ခုတွင် ကမ္ဘာအနှံ့ ရှိအကောင်းဆုံးသော ကျောက်မျက် လက်ဝတ်ရတနာများကို ခင်းကျင်းပြသမည်ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းကို ပိုမိုလွယ်ကူချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် ယခုနှစ်တွင် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (BGJF)မှ ၄င်း၏ ကိုယ်ပိုင် မိုဘိုင်းလ် အက်ပလီကေးရှင်းအားထားရှိပေးမည်ဖြစ်ပြီး၊ ၀ယ်ယူသူများမှ ရောင်းချသူများကို ဆက်သွယ်နိုင်မည့်အပြင် ပြပွဲကြီး၏ အခြေခံဗိသုကာပုံစံကိုလည်း လေ့လာကြည့်ရှုသိရှိနိုင် မည်ဖြစ် ပါသည်။ ၄င်းပြင် ညီလာခံများ၊ ပြိုင်ပွဲများ၊ လက်ရှိခေတ်ရေစီးကြောင်း ဆိုင်ရာအကြောင်းအရာများ နှင့် အထူးအခွင့်အရေး ပေးအပ်ခြင်းများလည်း ပါဝင်မည်ဖြစ်ပါသည်။
57 ကြိမ်မြောက် ဘန်ကောက် လက်ဝတ်ရတနာနှင့် ကျောက်မျက် ပြပွဲ (57th BGJF) သည် လုပ်ငန်း၏တောက်ပသည့် အနာဂတ်ကို မီးမောင်းထိုးပြနေသည်ဟု ယုံကြည်ကြောင်း ၄င်း၏အောင်မြင်မှုအပေါ်အတွင် သာယာနေခြင်း မရှိသည့် Phornchindarak မှဆိုပါသည်။ ၄င်းမှ "ကျွန်တော်တို့ က ထိုင်းနိုင်ငံကို အာဆီယံရဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ တွေရဲ့ အဓိကအချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် တွန်းအားပေးဖို့ လိုပါတယ်" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက www.bangkokgemsfair.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

Mark Bibby Jackson မှရေးသားတင်ဆက်သည်။

 

 

 

367478