Issue 44

ကျောက်မျက်နှင့် လက်ဝတ်ရတနာ ကဏ္ဍသည် ထိုင်းနိုင်ငံတွင် အလျင်အမြန် ကြီးထွားလာနေသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။ အထူးသဖြင့်၊ ငယ်ရွယ်နုပျိုသည့် ဒီဇိုင်နာများအား လက်ကမ်းကြိုနေခြင်း၊ ၄င်းတို့ ၏ စိတ်ကူးဒီဇိုင်းကို လွတ်လပ်စွာပုံဖော်နိုင်ခြင်းနှင့် လက်မှုအနုလက်ရာများ တိုးတက်ကောင်းမွန်လာသည့် အတွက်ကြောင့် ဖြစ်ပါ သည်။

အလုပ်ကြိုးစားလုပ်ဆောင်သည်သာမက၊ ၀ါသနာထုံ ၍ ဖန်တီးနိုင်စွမ်းရှိလျင် အောင်မြင်နိုင်မည်ဖြစ်ကြောင်းကို ခေတ်မီ လက်ဝတ်ရတနာနှင့် ကျောက်မျက် အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Arquetype အား တည်ထောင်သူ ဖြစ်သလို ဒီဇိုင်နာလည်းဖြစ်သည့် Anek Tantasirin မှ သာဓကပင်ဖြစ်ပါသည်။ Design Excellence Award 2014 နှင့် Good Design Award ဆုများအပါအ၀င် ဆုပေါင်းမြောက်မြားစွာကို လက်ခံ ရရှိ ပြီးနောက် ၄င်း၏ ပစ္စည်းများကို ပြင်သစ်နိုင်ငံ ပါရီမြို့ တွင် ကျင်းပသည့် Premiere Classe ကုန်စည်ပြပွဲတွင် ပြသခဲ့ပါသည်။

Tantasirin မှ "Arquetype မှ ယောက်ျားမိန်းမ မရွေးဝတ်ဆင်နိုင်တဲ့ ရွေးချယ်စရာတွေစုံတဲ့ ကမ္ဘာအနှံ့ က ကျောက်မျက်မျိုးစုံ ရရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ဖောက်သည်နဲ့  အမှတ်တံဆိပ်အကြားမှာ စိတ်ခံစား ချက်ချင်း ဆက်နွယ်စေတဲ့အရာကို ဖန်တီးနိုင်ရင်၊ ဒါ့အပြင် ဖောက်သည်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့ အကြုံ ကိုပေးနိုင်မယ်ဆိုရင် အောင်မြင်မှုကရောက်လာလိမ့်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်၊ ကျွန်တော့်ရဲ့ ဒီဇိုင်းတွေ မှာ သဘာဝ၊ အနုပညာ နဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်တည်ရှိနေတဲ့ အကြောင်းအရာတွေက လွှမ်းမိုးနေတာပါ။

ငယ်ရွယ်သည့် ထိုင်းဒီဇိုင်နာ၏ အရည်အချင်းကို ပြည်တွင်း သာမက ပြည်ပ ၀ယ်ယူသူများမှလည်း အသိအမှတ်ပြု လက်ခံကြပါသည်။ Arquetype ကို Emporium နှင့် Siam Paragon များကဲ့သို့ အဓိက ထိုင်းကုန်ပဒေသာတိုက် ကြီးများတွင် သာမက၊ ရုရှား၊ ဂျာမနီ၊ စင်င်္ကာပူ၊ ဟောင်ကောင် နှင့် ပြင်သစ် အစရှိသည့် နိုင်ငံများရှိ ၀ယ်ယူသူများ ထံသို့ လည်းရောင်းချပေးလျက်ရှိပါသည်။ "လောလောဆယ်မှာ ဒူဘိုင်းမှာ ရှိတဲ့ ၀ယ်သူတွေအတွက်လည်း ရောင်းချပေးပို့ ကျွန်တော်တို့ သဘောတူထားပါတယ်" ဟု Tantasirin မှပြောပြပါသည်။
၎င်း၏ ပစ္စည်းများကို စတာလင်ငွေ၊ သဘာဝ နှင့် တန်ဖိုးသိပ် မကြီးသည့် ကျောက်များစသည်ဖြင့် ကွဲပြားသည့် ဈေးကွက် ၏ အကြိုက်ကိုလိုက်၍ ထုတ်လုပ်ထားသော်လည်း၊ အချို့ သောကျောက်မျက်များမှအပ ထိုင်းနိုင်ငံမှ ထွက်ရှိသည့် သဘာဝသံယံဇာတများ ကိုသာ အဓိကအသုံးပြုထားပါသည်။

Tantasirin မှ ၀ယ်ယူသူများ၏ သစ္စာစောင့်သိမှုကို အလွန်တရာမှပင် လေးစားတန်ဖိုးထားပါသည်။ "ကျွန်တော်တို့  က အရည်အသွေးမြင့်တဲ့ပစ္စည်းတွေ၊ ထူးကဲသာလွန်ကောင်းမွန်တဲ့ ဒီဇိုင်းတွေ နဲ့ ခြွင်းချက်မရှိတဲ့ဝန်ဆောင်မှုတွေကို ပေးပါတယ်။ ဒါကြောင့် ၀ယ်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမဲ့ စတိုင်တွေဖြစ်အောင် ပြုပြင်ပါတယ်" ဟု ၄င်းမှ ဆိုပါသည်။

၎င်းမှ ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာ ကဏ္ဍသည် ဒေသတွင်းတွင် ထုတ်လုပ်မှုအချက်အချာ နေရာတစ်ခုအဖြစ်သို့  ပြောင်းလဲလာနေကြောင်း နှင့် ဤ ကဲ့သို့ တိုးတက်လာရခြင်းမှာ အဓိကအားဖြင့် ငယ်ရွယ်နုပျို သည့် ဒီဇိုင်နာ များ၏ ဆန်းသစ် တီထွင်ဖန်တီးနိုင်မှုများကြောင့် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။

"အံ့ဘနန်း အနုလက်ရာတွေအပြင်၊ ဒီလုပ်ငန်းကြီးရဲ့ အားတွေဖြစ်တဲ့ အရည်အသွေးမြင့် ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်ပေးနိုင်ဖို့ ကိုလည်း ထုတ်လုပ်သူတွေက အာရုံစိုက်ထားကြပါတယ်။ အခုဆိုရင် ထိုင်းဒီဇိုင်နာတွေက အိုင်ဒီယာသစ်တွေနဲ့ အတွေ့ အကြုံတွေပေါ်မူတည်ပြီး ပစ္စည်းတွေကို ဖန်တီးဖို့ ကြိုးစားနေကြပါပြီ။ ဒါတွေက ဒီဇိုင်နာရဲ့ လက်ရာကို ထူးခြားစေလို၊ အမှတ်တံဆိပ်အတွက် ကိုယ်ပိုင်အမှတ်အသားကို ဖန်တီးစေနိုင်ဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်" ဟု ၄င်းမှ ဆိုပါသည်။
လူကြိုက်များသည့် ဒီဇိုင်နာတစ်ဦးမှ Arquetype ၏တောက်ပသည့်အနာဂတ်ကို လှမ်းမျှော်တွေ့ မြင်နိုင်ခြင်းမှာ အံ့သြဖွယ်တော့မဟုတ်ပေ။

၎င်းမှ "2016 ခုနှစ်မှာ ပတ်သက်နေတဲ့ အေဂျင်စီတွေနဲ့  ပစ္စည်းတွေကို ရောင်းအားမြင့်ဖို့ ၊ ဖောက်သည်တွေရဲ့  လိုအပ်ချက်တွေသိဖို့ အတူလက်တွဲဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ အနာဂတ်အတွက် ကျွန်တော်တို့ ရဲ့  အစီအစဉ်တွေမှာ ဖောက်သည်ဖြစ်လာနိုင်မဲ့သူတွေအတွက် ပစ္စည်းရဲ့ ကောင်းမွန်မှုတွေ၊ ဆန်းသစ်မှုတွေကို ပြနိုင်ဖို့  ပြည်တွင်းနဲ့ ပြည်ပတွေမှာ လုပ်တဲ့ပြပွဲတွေမှာ ပါဝင်ပြသဖို့ အတွက်လည်းရှိပါတယ်" ဟု ၄င်းမှ ပြောပြပါသည်။

ပိုမိုသိရှိလိုပါက www.arquetypeofficial.com အားလေ့လာဖတ်ရှုနိုင်ပါသည်။
Manisa Maini မှရေးသားတင်ဆက်သည်။

 

 


 

 

367778