အာဆီယံ စီးပွားရေးလုပ်ငန်းများအတွက် ပင်လယ်ရပ်ခြား(နိုင်ငံရပ်ခြား) ကုန်သွယ်ရေးကို ထောက်ပံ့ရန် ထိုင်းထောက်ပံ့ပို့ ဆောင်ရေး  ကုမ္ပဏီများမှ သာလွန်ကောင်းမွန်သည့် ၀န်ဆောင်မှုနှင့် နည်းစနစ်များကို ပေးအပ်လျက် ရှိပါသည်။

ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းနယ်ပယ် အတွင်းရှိ နောက်ဆုံးပေါ် နည်းပညာရပ်များကို ခင်းကျင်းပြသ နိုင်ရန် အတွက် ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းရှင်များသည် စက်တင်ဘာလက ပြုလုပ်ကျင်းပခဲ့သည့် TILOG-LOGISTIX 2015 တွင် ပါဝင်ပြသခဲ့သည်။ အာဆီယံ +6 နိုင်ငံများရှိ ထောက်ပံ့ပို့ ဆောင်ရေးစနစ် ကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ် ၍ နိုင်ငံပေါင်း 25 ကျော်မှ ထောက်ပံ့ပို့ ဆောင် ရေးကုမ္ပဏီများ သည် ဘန်ကောက်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်း ၀ယ်ရေးနှင့် ပြခန်း စင်တာ (International Trade and Exhibition Centre) တွင်ကျင်းပပြုလုပ်ခဲ့သည့်  ပြပွဲတွင် ပါဝင်ပြသခဲ့ကြသည်။

Reed Tradex ၏ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပြီး TILOG-LOGISTIX 2015 ပွဲစီစဉ်သူ ဖြစ်သည့် Sittisak Anantaprayoon မှ “ပြပွဲ ကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကုမ္ပဏီများမှ ဈေးကွက်ချဲ့  ထွင်ရာတွင် လွယ်ကူ ချောမွေ့ စွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် သံကြိုးကွင်းဆက် ပမာ ဆက်သွယ်နေသည့် ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုစနစ်ဖြင့် ထိုင်းနိုင်ငံအား ဒေသ ဆိုင်ရာ ထောက်ပံ့ ပို့ ဆောင်ရေး၏ အချက်အချာ ဖြစ်စေရန် ရည်ရွယ် ခြင်းဖြစ်သည်” ဟုပြောဆိုခဲ့သည်။

ပြပွဲတွင် အာဆီယံ+6 နိုင်ငံကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ပို့ ဆောင်ရေးချိတ်ဆက်မှု ညီလာခံ 2015၊ စီးပွားရေးလုပ်ငန်းကိုက်ညှိပေးခြင်းဆိုင်ရာ ၀န်ဆောင်မှုများ နှင့် စီးပွားရေး နယ်ပယ်အတွင်းရှိ အကောင်း ဆုံးသောဝန်ဆောင်မှုကို ပေးနိုင်ခဲ့သည့် အဖွဲ့ အား Excellent Logistics Management Award (ELMA) ဆုကြီးကို ပေးအပ်ချီးမြှင့်ခြင်း အစရှိသော ကြီးမားကျယ်ပြန့် သည့် အစီအစဉ်များပါရှိခဲ့သည်။

ELMA ဆုရှင်ဖြစ်သည့် Pacific Cold Storage ၏ စီအီးအို Jitchai Nimitpanya မှ ကုမ္ပဏီ၏ အောင်မြင်မှု များအကြောင်းနှင့် အာဆီယံတိုင်းပြည်များသို့ လုပ်ငန်းချဲ့ ထွင်မည့် အစီအစဉ်များအကြောင်းကို ရှင်းလင်း ပြောပြခဲ့သည်။

Nimitpanya မှ “ ကျွန်တော် ဆုကြီးကို ဆွတ်ခူးရရှိသည့်အတွက် အလွန်မှပင် ဂုဏ်ယူဝမ်းမြောက်မိပါ သည်။ ထို့ ပြင်၊ Pacific Cold Storage ကို ဤကဲ့သို့ သော အခွင့်အရေးကို ပေးအပ်သည့် DITP အား ကျေးဇူးတင်မိပါသည်။ ဆုရွေးချယ်ခြင်း လုပ်ငန်းစဉ်တွင် ဆုရွေးချယ်ရေးကော်မတီမှ ကျွန်တော်တို့ ၏ အစီရင်ခံစာများနှင့် ကုန်လှောင်ရုံများကို စေ့စပ်သေချာစွာလေ့လာစုံစမ်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။ အကဲဖြတ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးသည် အချိန်တစ်လနီးပါးမျှ ကြာမြင့်ခဲ့ပါသည်။ ကျွန်တော်တို့ ၏ စီးပွားရေးလုပ်ငန်းတိုးတက်ကောင်းမွန်ရေးနှင့် ဖောက်သည်များအတွက် ပိုမိုကောင်းမွန်သည့် ၀န်ဆောင် မှုများ ပေးအပ်နိုင်ရန် ကော်မတီ၏ ထင်မြင်သုံးသပ်ချက်များအတိုင်းလက်ခံကျင့်သုံးသွားမည် ဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။

Nimitpanya မှ Pacific Cold Storage သည် ကုမ္ပဏီငယ်လေးအဖြစ်ဖြင့် စတင်ခဲ့ပြီး ယခုအခါတွင် ကုန်တန်ချိန် 40,000 ကျော် သိုလှောင်နိုင်သည့် သိုလှောင်ရုံ နှင့် အရည်အသွေးထိန်းချုပ်သည့် စနစ်များ၊ အခန်းအပူချိန်၊ အအေးခံထားခြင်းနှင့် အေးခဲစွာသိုလှောင်ထားနိုင်ခြင်း၊ ဘားကုတ်စကန်နင်း နှင့် ရေဒီယို ကြိမ်နှုန်းဖော်ထုတ်နိုင်သည့် (RFID) နည်းစနစ်များအား အသုံးပြုထားသည့် သိုလှောင်ရုံစီမံခန့် ခွဲရေးစနစ် များပါဝင်သည့် သိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ ဆောင်ပေးရေးဝန်ဆောင်မှုများကို ပေးအပ်နေနိုင်ပြီ ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ကုမ္ပဏီ အောင်မြင်မှု၏ နောက်ကွယ်ရှိ အခြားသော အကြောင်းရင်းမှာ စိတ်ချယုံကြည်အားထားရသည့် အလုပ်သမားအင်အားထုကြီး ကြောင့်ပင်ဖြစ်သည်ဟု  Nimitpanya မှ ပြောဆိုခဲ့သည်။ ၄င်းမှ “ကျွန်တော် တို့ ၏အလုပ်သမားအဖွဲ့ သည် အလွန် ကြံ့ခိုင်သန်စွမ်းသည့် အဖွဲ့ ဖြစ်ပြီး ၄င်းတို့ သည် ဖောက်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် အမြဲပင် အဆင်သင့် ရှိနေကြသည်” ဟု ပြောပြခဲ့သည်။

ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ အာဆီယံ+6 နိုင်ငံတွင် ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ ၌ အချက် အချာကျသည့် နိုင်ငံ ဖြစ်လာစေရမည်ဟူသော DITP ၏ နည်းဗျူဟာနှင့် ကိုက်ညီမှုရှိစေရန်အတွက် ၄င်း၏ စီးပွားရေးလုပ်ငန်းကို လွန်ခဲ့ သည် နှစ်နှစ်မှ စတင်၍ အိမ်နီးချင်းနိုင်ငံများဆီသို့ တိုးချဲ့ ခဲ့ပြီး ဖြစ်ပါသည်။

Nimitpanya မှ “ကုမ္ပဏီသည် ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာ နိုင်ငံများတွင် သိုလှောင်ရုံများ တည် ဆောက်လျက်ရှိနေပါသည်။ ထိုင်းလူမျိုးများအတွက် ဖိလစ်ပိုင် နှင့် အိန္ဒိယ နိုင်ငံများသို့ ထုတ်ကုန်တင်ပို့  နိုင်မည့် အခွင့်အလမ်းကောင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆ သည့်အတွက် ဖိလစ်ပိုင် နှင့် အိန္ဒိယ နိုင်ငံ များရှိ ကုမ္ပဏီများနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရန်ရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ သို့ ပါသော်လည်း၊့ ကုန်တင်ပို့ ခြင်းအတွက် ကျွန်တော်တို့ ၏ အဓိက ဦးတည် ရာမှာ အာဆီယံနိုင်ငံများအတွင်း ၌ သာရှိနေဆဲပင်ဖြစ်ပါသည်” ဟုပြောဆိုခဲ့ပါသည်။

Sirinuch Borsub မှရေးသားဖော်ပြသည်။

 

 

367223