Issue 41

 
 

စပါကမ္ဘာနှင့် ကျန်းမာရေးဆိုင်ရာ ညီလာခံ 2015 ခုနှစ် (The World Spa and Well-being Convention 2015) တွင် ထိုင်းနိုင်ငံ၏ ကျန်းမာရေးနယ်ပယ်တစ်ခုလုံး ဆိုင်ရာ လုပ်ငန်း ပုံရိပ်ကို အပြည်ပြည် ဆိုင်ရာ ဈေးကွက်များအတွင်း မြှင့်တင်နိုင်ခဲ့သည်။

ထိုင်း စပါ အဖွဲ့ အစည်း၏ ဥက္ကဌ ဖြစ်သည့် Krod Rojanastien ၏ပြောကြားချက်အရ "မကြာမီအချိန်အတွင်း အာရှ နှင့် ကမ္ဘာ့ အလယ်တွင် ထိုင်း စပါ နှင့် ကျန်းမာရေး သည် အဓိကအချက်အချာကျသော စပါ နှင့် ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းတစ်ခု ဖြစ်လာတော့မည် ဖြစ်ကြောင်း" သိရှိ ရပါသည်။

 

Rojanastien မှ "ကဏ္ဍအားလုံးက စပါနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းရဲ့ ရုပ်လုံးပုံစံ တစ်ခုလုံးကို နားလည်သဘော ပေါက်ထားမယ်ဆိုရင်၊ အစိုးရ နဲ့  ပုဂ္ဂလိက အခန်းကဏ္ဍတွေကလည်း တူညီ လမ်းကြောင်းပေါ်မှာ အတူတကွ လျှောက်လှမ်းနိုင်မှာဖြစ်ပြီး၊ ထိုင်းနိုင်ငံကလည်း အဓိကအချက်အချာကျတဲ့နေရာဖြစ်လာနိုင်မဲ့ အလားအလာတွေ ရှိနေ ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပေါ်မူတည်ပြီး ကျန်းမာရေးနဲ့  wellness စီးပွားရေးကိုတည်ဆောက်ရမှာဖြစ်ပါတယ်" ဟု စက်တင်ဘာလ 24 ရက်မှ 26 ရက်နေ့ ထိ ဘန်ကောက်မြို့ တော် IMPACT Arena ကွင်း၌ ပြုလုပ် ကျင်းပခဲ့သည့် စပါကမ္ဘာနှင့် ကျန်းမာရေးဆိုင်ရာ ညီလာခံ 2015 ခုနှစ် (The World Spa and Well-being Convention 2015) တွင်ပြောကြားခဲ့ပါသည်။

အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့် နှင့်ပြီး ဖြစ်ပါသည်။

2014 ခုနှစ်တွင်၊ နိုင်ငံ့ စပါလုပ်ငန်း၏တန်ဖိုးသည် ထိုင်းဘတ်ငွေ ဘီလီယံပေါင်း 32.4 ဘီလီယံ (အမေရိကန် ဒေါ်လာသန်းပေါင်း 904 သန်း) တန်ဖိုးရှိပြီး၊ နှစ်စဉ် ဆက်လက်၍ တိုးတက်ပွားများလာမည်ဖြစ်ကြောင်း DITP မှတဆင့် သိရှိရပါသည်။

DITP နှင့် ထိုင်းစပါအဖွဲ့ အစည်း (Thai Spa Association) တို့ အတူတကွပူးပေါင်း ကျင်းပခဲ့သည့် စပါကမ္ဘာနှင့် ကျန်းမာရေးဆိုင်ရာ ညီလာခံ 2015 ခုနှစ် (The World Spa and Well-being Convention 2015) မှ စပါလုပ်ငန်းကို ထိုင်းနိုင်ငံအတွင်း မြှင့်တင်ရန် နှင့် ၄င်းတို့ ၏ဈေးကွက်ကို နိုင်ငံရပ်ခြားတိုင်းတပါးတို့ တွင် တိုးချဲ့ နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

Rojanastien မှ "ဒီ ညီလာခံကြီးက ထိုင်းနိုင်ငံရဲ့ စပါနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းရဲ့ အဆင့်အတန်းကို ဆန်းသစ် တီထွင်မှုတွေ၊ ၀န်ဆောင်မှုတွေ၊ ပြောင်းလဲတိုးတက်လာတဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ နည်းပညာတွေ နဲ့ အမှတ်တံဆိပ် တွေ အားဖြင့် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ က ထုတ်လုပ်သူတွေ၊ ကုန်ပစ္စည်းတင်ပို့ သူတွေ၊ လုပ်ငန်း ဆောင်ရွက်သူအော်ပရေ တာတွေနဲ့  စပါနဲ့ ကျန်းမာရေးကဏ္ဍမှာရှိတဲ့ အလယ်အလတ်တန်းအဖွဲ့ တွေ အစရှိတဲ့ ကုမ္ပဏီပေါင်း 117 ခုတက်ရောက်ခဲ့ကြတယ်" ဟုပြောကြားပါသည်။
2001 ခုနှစ်တွင် အစိုးရမဟုတ်သော အဖွဲ့ အစည်းအဖြစ် စတင်တည်ထောင်ခဲ့သည့် ထိုင်းစပါအဖွဲ့ အစည်း (Thai Spa Association) သည် အစိုးရနှင့်အတူ ထိုင်းနိုင်ငံရှိ စပါးလုပ်ငန်းကို ပံ့ပိုးကူညီရန် နှင့် တိုးတက်ကြီးပွားလာစေရန် အတွက် အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ စပါကမ္ဘာနှင့် ကျန်းမာရေးဆိုင်ရာ ညီလာခံ (the World Spa and Well-being Convention) သည် ဤသည်၏ အဓိကကျသော အရာပင်ဖြစ်ပါသည်။

"ဒီညီလာခံရဲ့ အဓိကရည်ရွယ်ချက်က (ပစ္စည်း)ရောင်းဖို့ တစ်ခုအတွက်ပဲ မဟုတ်ပါဘူး။ အဖွဲ့ ဝင်တွေအတွက် သူတို့ ရဲ့  ၀န်ဆောင်မှုတွေ အကြောင်းကို ပြည်သူ လူထုကိုချပြနိုင်မဲ့ အခွင့်အရေးတွေကို ဖန်တီးပေးဖို့ အတွက်လည်း ဖြစ်ပါ တယ်။ သူတို့ ရဲ့ ဗဟုသုတတွေကို ဖလှယ်နိုင်မယ်။ အရည်အသွေးရှိတဲ့ သူတို့ ရဲ့ ကုန်ပစ္စည်းတွေကို ပြသနိုင်မယ်။ ပြီးတော့ နိုင်ငံတကာအဆင့်ကိုတက်လှမ်းနိုင်ဖို့ အတွက် သူတို့  ပစ္စည်းတွေရဲ့ အရည်အသွေးအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေမယ့် အကြောင်းအရာတွေကို လေ့လာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်" ဟု Rojanastien က ဆိုပါသည်။

ညီလာခံကြီးတွင် ပြခန်းများ၊ ဆွေးနွေးပွဲများ နှင့် စပါနှင့် ကျန်းမာရေးကဏ္ဍများ အားလုံးတွင် အားထုတ်ကြိုးပမ်းမှုများ နှင့် အောင်မြင်မှုများအတွက် အသိအမှတ်ပြုသည့် ဆုပေးပွဲ အစီအစဉ်များ ပါဝင်ပါသည်။

အိုမင်းယိုယွင်းလာပြီ ဖြစ်သည့် လူ့ အဖွဲ့ အစည်းကြီးသည်လည်း ထိုင်းနိုင်ငံ၏စီးပွားရေးအပေါ် အရေးပါ အရာရောက် သည့် အကျိုးသက်ရောက်မှုရှိနေလိမ့်မည်ဖြစ်ကြောင်းကို ယုံကြည်သည့် Rojanastien မှ "အဲဒါတွေအပြင်၊ ကျန်းမာရေးကဏ္ဍတစ်ခုလုံးနဲ့ အကျုံးဝင်တဲ့ ခရီးသွား လုပ်ငန်း၊ ဟင်းလျာချက်ပြုတ်ပြင်ဆင်တာတွေ၊ fitness ဒါမှမဟုတ် တရားအားထုတ်တာတွေမှာလည်း ပံ့ပိုးကူညီမှုတွေ လုပ်ပါတယ်" ဟုပြောပြပါသည်။

၎င်းမှ "ကျန်းမာရေးဝန်ကြီးငှာန ကနေပြီးတော့ ထိုင်းစပါအဖွဲ့ အစည်း (Thai Spa Association) ကို ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ အနှစ် 20 အဓိကအခရာ အစီအစဉ် (20-year national master plan) ကို ရေးသား ဖော်ပြရာမှာပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီ အကြောင်းကို လက်တွေ့ ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မယ်ဆိုရင်၊ စပါနဲ့ ကျန်းမာရေးလုပ်ငန်း က ထိုင်းစီးပွားရေးကို ကောင်းမွန်တဲ့ဘက်ကနေ ဦးစီးဦးဆောင်ပြုနိုင်မှာ ဖြစ် တယ်" ဟု ဆိုပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ www.thaispaassociation.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

 

367227