Issue 46

ယခင်နှစ်သည် ထိုင်းနိုင်ငံ၏ခရီးသွားလာရေးကဏ္ဍအတွက် တိုးတက်မှုနှုန်း 20% ဖြင့်ကောင်းမွန်သော နှစ်တစ်နှစ် ဖြစ်ခဲ့ပါ သည်။ ယခုနှစ်တွင်လည်း TAT သည်နည်းဗျူဟာနှစ်မျိုးနှစ်သွယ်ဖြင့်ဤအားကျအတုယူဖွယ်ကောင်းလှသည့်ဆောင်ရွက်မှု ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များတွင် တရုတ်နိုင်ငံသားများ၏ဦးရေသည် အများဆုံး ဖြစ်သည်။ ယခင်နှစ်တွင် တိုင်းပြည်သို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသားဦးရေသည် 7.88 သန်းရှိခဲ့သည်။ ယခုနှစ်တွင်လည်း ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်အဖွဲ့ အစည်း၏ ကိန်းဂဏန်းအချက်အလက်များအရ ထိုဧည့်သည်ဦးရေ ဆက်လက်တိုးတက်နေမည်ဟု ခန့် မှန်းရပါသည်။

TAT ၏အုပ်ချုပ်ရေးဒါရိုက်တာ Yuthasak Supasorn မှ "2016 ခုနှစ် ဇန်န၀ါရီလမှာ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံခဲ့တဲ့ တရုတ် ခရီးသွားဧည့်သည် 814,593 ဦးရှိခဲ့ပါတယ်။ 2015 ခုနှစ် ဇန်န၀ါရီလထက် 45.37% ပိုလာပါတယ်" ဟု Horizon Thailand နှင့်ပြုလုပ်သည့် သီးသန့် အင်တာဗျူးတွင်ပြောကြားခဲ့ပါသည်။ TAT မှ တရုတ်ခရီးသွားဧည့်သည်များထံမှ အခွန်ဘဏ္ဍာငွေ (၀င်ငွေ) ဘတ်ဘီလီယံပေါင်း 436 ဘီလီယံ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြပြီး 2015 ခုနှစ်၏ ကိန်းဂဏန်းထက် 16% ပိုမို ပါသည်။

ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နေသည့် အကြောင်းအရာအမျိုးမျိုးရှိနေသည်ဟု Supasorn မှ ယုံကြည်ထားပါသည်။

၎င်းမှ "ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေအကြားမှာ ဖော်ရွေပျူငှာမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ တန်ဖိုးသင့်တဲ့ ထုတ်ကုန် ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ နဲ့ အတူ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြောက်မြားလှတဲ့အရာတွေ ရှိနေပါ တယ်" ဟု ပြောပါသည်။ ဆိုက်ရောက် ဗီဇာ နှင့် "ထိုင်းနိုင်ငံတခွင်တွင် သာလွန်ကောင်းမွန်သည့်တရုတ်ဟင်းလျာများ"ကို ရရှိ နိုင်ခြင်းများသည်လည်း (တရုတ်) ခရီးသွားဧည့်သည်များပြားရခြင်း၏ အရင်းခံအကြောင်းရင်းများတွင်ပါဝင်ပါသည် ဟု၎င်းမှ ဖြည့်စွက်ပြောကြားပါသည်။

TAT ၏အုပ်ချုပ်ရေးမှူးသည် အားကောင်းလှသည့် ဈေးကွက်မြှင့်တင်ရေးကမ်ပိန်းကို ဦးဆောင်ဦးရွက်ပြုနေသော တရုတ် နိုင်ငံ ဘေဂျင်း၊ ချန်ဒူ၊ ကွမ်ကျိုး၊ ကူမင်း နှင့် ရှန်ဟိုင်းမြို့ များရှိ ၄င်းတို့ ၏ရုံး ငါးရုံးအကြောင်းကိုလည်း အလေးပေးပြောပြ ပါသည်။ ဈေးကွက်မြှင့်တင်ရေးကမ်ပိန်းမှ "ပထမဦးဆုံးအကြိမ် နှင့် တဖန်ပြည်လည်လာရောက်ကြသည့် ဧည့်သည်များသာ မက လွတ်လပ်စွာလည်ပတ်ကြသည့်ခရီးသွားများ (Free Independent Travellers (FITs)) နှင့် high-end ဈေးကွက် အခန်းကဏ္ဍများ" ကို ပစ်မှတ်ထားဦးတည်ပါသည်။ ဤနည်းဗျူဟာသည် အစိုးရ၏ ရောက်ရှိလာကြသော ဧည့်သည် အရေအတွက်အပေါ်တွင်သာ အာရုံမစိုက်ပဲ၊ ကမ္ဘာလှည့်ခရီးသွားများ သုံးစွဲချင်စိတ်ရှိလာစေရန်အတွက် လှုံ့ ဆော် ပေးနိုင် မည့်အကြောင်းအရာများအပေါ်တွင်လည်း အာရုံစိုက်ကြရန် ဆိုသည့် မူနှင့်လည်း ကိုက်ညီပါသည်။

၎င်းမှ "ထိုင်းနိုင်ငံအကြောင်းကိုTAT က တရုတ်ပြည်မှာ ဆက်တိုက်ဆိုသလိုကြော်ငြာနေတာပါ။ အထူးသဖြင့် ထိုင်းနဲ့  တရုတ်လူမျိုးတွေရဲ့ ခရီးသွားကုမ္ပဏီတွေအကြားမှာ အကျိုးတူစီးပွားရေးလုပ်ငန်းတွေ တည်ထောင်ပြီး ပက်ကေ့ဂ်ျတိုး (tour packages) တွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တာကို အသားပေးပြီးဈေးကွက်ရောင်းအားကို မြှင့်တင်နေတာပါ။ ပြီး ထိုင်းနိုင်ငံကို tourist destination အဖြစ် လူသိ များလာစေဖို့  ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပွဲတွေမှာလည်းပါဝင်ပါတယ်" ဟုဖြည့်စွက်ပြောပြပါသည်။

2016 ခုနှစ်အတွက် TAT မှ တိုင်းပြည်၏ ကျန်းမာရေးနှင့် Wellness၊ ထို့ အပြင် စပါ ကဏ္ဍများအား အလေးထား ဖော်ပြရန် ရည်ရွယ်ထားပါသည်။

Supasorn မှ "ပြန်လည်နုပျိုခြင်းနဲ့ ရောဂါပျောက်ကင်းချမ်းသာခြင်းတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ အော်ဂဲနစ်စပါ နဲ့  ထိုင်း ရိုးရာအနှိပ်နည်းပညာတွေကတော့ ထိုင်းယဉ်ကျေးမှုရဲ့ အသက်သွေးကြောပင်မအစိတ်အပိုင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ က လက်ဆင့်ကမ်းဝေမျှလာခဲ့ကြတာပါ။ ထိုင်းရိုးရာစပါကလည်း မြောက်ပိုင်း လားနားစတိုင် ကနေ (Lanna style) တောင်ပိုင်း နိုရာ (Nora) စတိုင် အထိ အမျိုးမျိုးရှိတဲ့အတွက် ဧည့်သည်တွေစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်" ဟု ပြောပြပါ သည်။

"၀န်ဆောင်မှုအရည်အသွေးကောင်းမွန်မှု၊ထိုင်းလူမျိုးများ၏ပျူငှာမှု၊ဈေးနှုန်းသင့်တင့်ပြီးရောဂါကုထုံးပညာရှင်များ၏ကျွမ်းကျင်မှုများ" သည်လာရောက်လည်ပတ်ကြသူများကို ဆွဲဆောင်နေသည့် အကြောင်းအရာများဖြစ်သည်ဟု Supasorn မှလက်ခံထားပါသည်။

ကမ္ဘာတလွှား ထင်ရှားလူသိများလာသည့် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံးများသည်လည်း ဆေးဝါးကုသလိုသည့် ခရီးသွား ဧည့်သည်များကို သံလိုက်သဖွယ်အားကောင်းစွာ ဆွဲဆောင်နေကြောင်း Supasorn ၏ပြောကြားချက်အရ သိရှိရပါသည်။

"ခရီးသွားဧည့်သည်တွေအနေနဲ့တိုင်းပြည်တနံတလျားမှာထိုင်းရိုးရာအနှိပ်ဆိုင်တွေ၊နေ့ပိုင်းစပါဆိုင်တွေကနေWellnessစင်တာတွေ၊ နိုင်ငံတကာအဆင့်မီဆေးရုံတွေအထိ ရွေးချယ်စရာ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုတွေက မရေမတွက်နိုင်လောင်အောင်ရှိနေပါတယ်" ဟု၎င်းမှပြောပြပါသည်။

Supasorn ၏ပြောပြချက်များအရ တိုင်းပြည်အနှံ့ တွင် လောလောလတ်လတ် လူကြိုက်များနေသည့် "အိုမင်းမှုအား ဆန့်  ကျင်တိုက်ဖျက်ခြင်း" (anti-ageing) ဆိုင်ရာဝန်ဆောင်မှုကို အထူးပြုသည့် စင်တာများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်နှစ်တွင် TAT မှကြီးမှူး၍ "ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် Wellness ခရီးသွားလုပ်ငန်း ပြပွဲ 2015 ခုနှစ်; အိုမင်းမှုအားဆန့် ကျင်တိုက်ဖျက်ခြင်း: ကျန်းမာရေးဆိုင်ရာခရီးသွားလုပ်ငန်း၏ ကြီးကျယ်သည့်အရာ" (Thailand Health and Wellness Tourism Showcase 2015; Anti Aging: The Next Big Thing in Health Tourism) ပြပွဲအား ပြုလုပ် ကျင်းပခဲ့သည်။

"ပွဲမှာ ဆေးရုံ၊ anti-ageing ဆေးခန်း၊ အလှအပရေးရာ (ပြင်လျာတင့်မောမှုဆိုင်ရာ) ဆေးခန်း တွေလိုမျိုး ထိုင်းနိုင်ငံက ထိပ်တန်း anti-ageing နဲ့ အလှအပရေးရာ (ပြင်လျာတင့်မောမှုဆိုင်ရာ) ၀န်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့ အစည်း 36 ဖွဲ့ ၊ ဆေးဝါးကုသမှုဆိုင်ရာ ခရီးလုပ်ငန်းကို ပံ့ပိုးကူညီသူ အယောက် 50၊ ခရီးသွားလုပ်ငန်းအေဂျင်စီတွေ အပါအ၀င် နိုင်ငံပေါင်း 18 နိုင်ငံကတက်ရောက်လာသူတွေအတွက် စီးပွားရေးဆိုင်ရာညီလာခံတွေ၊ စီးပွားရေးလုပ်ငန်းဆက်စပ်ကိုက်ညှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်" ဟု၎င်းမှပြောပြပါသည်။

၎င်း၏လက်ရှိ ဆောင်ရွက်ချက်များပေါ်မူတည်ပြောဆိုရပါလျှင်၊ ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းသည် အဟုတ်ပင် နုပျိုနေဆဲပင် ဖြစ်ပါတော့သည်။

Mark Bibby Jackson မှရေးသားတင်ဆက်ပါသည်။

 

 

367181