Tradeshows

Issue 62

DITP သည်ထိုင်းနိုင်ငံရှိ ထိပ်တန်း ပရိဘောဂထုတ်လုပ်သူများ၏ အရည်အသွေးမြင့်မားသည့် ပရိဘောဂ ဒီဇိုင်းသစ်များနှင့် ဆန်းသစ်မှုများကိုခင်းကျင်းပြသသွားမည့် နှစ်စဉ်ပြုလုပ်သည့် ထိုင်းနိုင်ငံ အပြည်ပြည် ဆိုင်ရာပရိဘောဂ ပြပွဲကြီး (Thailand International Furniture Fair (TIFF)) အတွက် ပြင်ဆင်နေပြီဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၏ ပထမ ၁၁ လတာကာလအတွင်း ထိုင်းနိုင်ငံ၏ ပရိဘောဂတင်ပို့ ရောင်းချရသည့် တန်ဖိုး သည် ယူအက်စ် ၁ ဘီလီယံကျော်ရှိခဲ့ပြီး အဓိကတင်ပို့ ရောင်းချခဲ့ရသည့်နိုင်ငံများမှာ ယူအက်စ်၊ ဂျပန်၊ တရုတ်၊ သြစတြေးလျနှင့် ယူကေနိုင်ငံများဖြစ်ကြပါသည်။

ယခုနှစ် TIFF 2017 ပြပွဲကြီးအား ပတ်ဝန်းကျင်နှင့် အိမ်တွင်းနေထိုင်ကြသူများ နှစ်ဦးနှစ်ဖက်စလုံး အတွက် ကောင်းမွန်သောအကျိုးကျေးဇူးများဖြစ်စေနိုင်မည့် ပါးနပ်သည့် လိုက်ဖ်စတိုင်ရွေးချယ်မှုများ အပေါ်အထူးအလေးထား ၍ ASEAN Smart Living ဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ် ပါသည်။ ပြပွဲကြီးအား DITP၊ စီးပွားရေးဝန်ကြီးငှာန မှကြီးမှူး၍ Federation of Thai Industries (FTI)၊ Thai Furniture Industries Association (ထိုင်းပရိဘောဂလုပ်ငန်းများအသင်း) နှင့် ပူးပေါင်း စီစဉ်ကျင်းပကြခြင်းဖြစ်ပါသည်။

 
 

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "TIFF 2017 ပြပွဲကြီးက ပြည်တွင်းက လက်နဲ့  လုပ်တဲ့ (local handmade) ပစ္စည်းတွေကနေ ခေတ်မီဆန်းပြားပြီးတန်ဖိုးအလွန်တရာမြင့်မားတဲ့ ဒီဇိုင်း နဲ့  ပစ္စည်းတွေအထိ အကောင်းဆုံးအရည်အသွေးရှိတဲ့ ပရိဘောဂပစ္စည်းတွေကို ပြသတဲ့ပြပွဲကြီးပါ။ ပြပွဲ ကြီးက ထိပ်တန်းပရိဘောဂကုမ္ပဏီတွေ၊ ထုတ်လုပ်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ပို့ ကုန်လုပ်ငန်းရှင်တွေ၊ သွင်းကုန်လုပ်ငန်းရှင်တွေ၊ ဒီဇိုင်နာတွေနဲ့ ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ တွေ ရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ပြသနိုင်မဲ့အဓိကစင်မြင့်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်း တွေရဲ့ ဒီဇိုင်းတွေက လှပပြီးလက်တွေ့ ကျ အသုံးဝင်တဲ့အပြင်၊ အသုံးပြုရာမှာ သက်တောင့်သက်သာ ရှိပြီး ကျန်းမာတဲ့ ဘ၀နေထိုင်မှုပုံစံနဲ့  လိုက်ဖ် စတိုင် ကိုလည်းတိုးတက်စေမှာဖြစ်ပါတယ်" ဟုပြောကြား ပါသည်။

ထိုင်းနိုင်ငံတွင်ကျင်းပသည့် ပရိဘောဂပြပွဲများအနက် အကြီးကျယ်အပြည့်စုံဆုံးသော ပြပွဲကြီးဖြစ်ရန် မျှော်ရည်လျက် TIFF 2017 ပြပွဲကြီးတွင် အိမ်တွင်း (indoor)၊ အိမ်ပြင် (outdoor) နှင့် ရုံးသုံး ပရိဘောဂပစ္စည်းများ၊ မီးဖိုချောင်နှင့် ရေချိုးခန်းသုံး အလှဆင်ပရိဘောဂ ပစ္စည်း အသုံးအဆောင်များ၊ အိပ်ယာ ပစ္စည်း အသုံးအဆောင်များ၊ မီးအလင်းရောင်ဆိုင်ရာ ပစ္စည်းများ၊ ခန်းဆီးကန့် လန့် ကာများ၊ ကြမ်းခင်းများ၊ ကော်ဇောများ နှင့် အခြားအသုံးအဆောင် ပစ္စည်းအမြောက်အမြားအပါအ၀င် နာမည်ရ လုပ်ငန်းရှင်ကြီးများ၏ ဆန်းသစ်သောဒီဇိုင်းများနှင့် အရည်အသွေးမြင့်မားသည့်ပရိဘောဂ ပစ္စည်း အသုံးအဆောင်များကို ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

၎င်းပြင်၊ ပြပွဲကြီးသည် လူဦးရေ သန်း ၆၀၀ ရှိသည့် ကမ္ဘာကြီးပေါ်တွင် အလျင်မြန်ဆုံးသောနှုန်းဖြင့် ဖွံဖြိုးတိုးတက်လာနေသောဈေးကွက်များရှိ ဈေးကွက်တစ်ခုတွင် မိမိတို့ ၏ ပရိဘောဂစီးပွားရေးလုပ်ငန်း ကိုချဲ့ ထွင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်ပါသည်။ ပြပွဲသို့ လာရောက်လည်ပတ်ကြည့်ရှု သူများသည် ဂျပန်၊ ယူအက်စ်အေ၊ အီးယူ၊ အာဆီယံ၊ အိန္ဒိယ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက နှင့် သြစတြေးလျနိုင်ငံများမှ ၀ယ်ယူသူများ၊ သွင်းကုန်လုပ်ငန်းရှင်များ နှင့် ဒီဇိုင်နာများကိုလည်း ဆုံတွေ့ နိုင် မည်ဖြစ်ပါသည်။

TIFF 2017 ပြပွဲကြီးတွင် ဂုဏ်သတင်းကြီးမားသည့် DEmark နှင့် G-mark ဒီဇိုင်းဆုများအား ဆွတ်ခူးရ ရှိခဲ့ကြသည့် ပရိဘောဂ များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ပြသမည့် DEmark Concept Store၊ Innovation Plus Design (I+D) Style Café၊ Young Designer Showcase၊ Design Plant စသည့် ပြပွဲများနှင့် လုပ်ငန်း ကျွမ်းကျင်သူများမှ ပို့ ချဝေမျှမည့် နှီးနှောဖလှယ်ပွဲများပါဝင်မည်ဖြစ်ပါ သည်။ ပြပွဲသို့ လာရောက်လည်ပတ်ကြည့်ရှုသူများမှလည်း ကုန်သွယ်မှုကို ပံ့ပိုးကူညီရန်အတွက် ပေး အပ်ထားသည့် ပုဂ္ဂိုလ်ရေးထောက်ပံ့ကူညီပေးခြင်းဆိုင်ရာဝန်ဆောင်မှု နှင့် Thaitrade.com ၏ စီးပွားရေး တွဲဖက်ပေးမည့် အခွင့်အလမ်းများ ကဲ့သို့ သော ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည် ဆိုင်ရာပရိဘောဂ ပြပွဲကြီး ၂၀၁၇ ခုနှစ်(Thailand International Furniture Fair 2017) တွင် ထိုင်းနိုင်ငံတစ်ခုတည်းမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုသာမက၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံများမှ အပါအ၀င် အခြားအာဆီယံနိုင်ငံများမှ ထုတ်ကုန်များကိုလည်း ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲကြီးကို ဘန်ကောက်၊ IMPACT Challenger ခန်းမ ၂-၃ များတွင် မတ်လ ၈ ရက်နေ့ မှ ၁၂ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.thailandfurniturefair.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

Issue 61

ထိုင်းနိုင်ငံအား အာဆီယံဒေသကြီးအတွက် ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း၏ အချက် အချာဖြစ်လာစေရန် ပံ့ပိုးကူညီပေးမည့် နောက်ထပ်ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ ကြီး အတွက် DITP မှအသင့်ပြင်ဆင်နေပြီဖြစ်ပါသည်။

ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍကြီးသည် နှစ်စဉ် ပိုမိုခိုင်မာစွာတိုးတက်ဖွံ့ ဖြိုးလျက် ရှိပြီး ပို့ ကုန်လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး၏ တတိယနေရာတွင်ရှိနေပါသည်။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း ကျောက်မျက်နှင့်လက်ဝတ်ရတနာများကို တင်ပို့ ရောင်းချခြင်းမှ ထိုင်းဘတ် ၄၃၅ ဘီလီယံ (ယူအက်စ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံ) အားရရှိခဲ့ပြီး၊ ယမန်နှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း တင်ပို့ ရောင်းချရသည့်တန်ဖိုးနှင့် နှိုင်းယှဉ်ရပါလျှင် ၃၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်လာပါသည်။

အစိုးရ၏ ရည်မှန်းချက်ပန်းတိုင်နှစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအား ကမ္ဘာကြီး၏ ကျောက်မျက်နှင့်လက်ဝတ် ရတနာ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ဆိုင်ရာ ဗဟိုအချက်အချာဖြစ်လာစေရန် နှင့် ၂၀၁၈ ခုနှစ်တွင် ပြပွဲကြီးအား ကမ္ဘာ့အကြီးမားဆုံးကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကြီးသုံးပွဲ အနက် တစ်ခုဖြစ်လာစေရန် အတွက် လူသိများထင်ရှားသည့် ထိုင်းလက်ဝတ်ရတနာ အမှတ်တံဆိပ် များကိုသာမက၊ လူသိနည်းသည့် ထိုင်းလက်ဝတ်ရတနာအမှတ်တံဆိပ်များကိုပါ ကြော်ငြာရန်အတွက် DITP မှအလေးထားဆောင်ရွက်နေပါသည်။

ဖေဖော်ဝါရီလတွင် ကျင်းပမည့် ၅၉ ကြိမ်မြောက် ဘန်ကောက်နှင့်ကျောက်မျက်ရတနာ ပြပွဲ (BGJF) သည် အလတ်စားနှင့်အသေးစား ကျောက်မျက်နှင့်လက်ဝတ်ရတနာ လုပ်ငန်းများအား ထိုင်းနိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များရှိ အရောင်းအ၀ယ်ပြုလုပ်သူများနှင့် ချိတ်ဆက်နိုင်စေမည့်အပြင်၊ ၄င်းတို့ ၏ ရောင်းအားကိုလည်းချဲ့ ထွင်နိုင်မည့် အခွင့်အရေးသစ်များကိုလည်းဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဘန်ကောက်ကျောက်မျက်နဲ့ လက်ဝတ် ရတနာပြပွဲကြီးက ကမ္ဘာအနှံ့ က ၀ယ်ယူသူတွေအတွက် နာမည်ကြီး ထိပ်တန်းထုတ်လုပ်သူတွေ ဆီကနေ အရည်အသွေးကောင်းမွန်တဲ့ ကုန်ကြမ်း ပစ္စည်းတွေ၊ ကျောက်မျက်တွေနဲ့ လက်ဝတ်ရတနာ တွေကို ၀ယ်ယူရရှိနိုင်မယ့်၊ စီးပွားမိတ်ဖက်သစ်တွေနဲ့ လည်း ကွန်ယက်တွေကို ဖန်တီးဖော်ဆောင် နိုင်မယ့် အခွင့်အရေးကောင်းကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို အာဆီယံနဲ့ အာရှရဲ့ ကျောက်မျက်နဲ့  လက်ဝတ်ရတနာလုပ်ငန်းကြီးအတွက် ရှေ့ ဆောင်ဖြစ်ဖို့ အတွက်၊ ကမ္ဘာ့ဈေးကွက်တွေမှာလည်း ထိုင်း လက်ဝတ်ရတနာအမှတ်တံဆိပ်ကို ပိုမိုအသိအမှတ်ပြုခြင်းခံရဖို့ အတွက် ကျွန်မတို့ ရည်မှန်းဆောင်ရွက် နေပါတယ်" ဟုပြောကြားပါသည်။

လုပ်ငန်း ကြီးမားကျယ်ပြန့် လာစေရန်အတွက် ထိုင်းအစိုးရမှလည်း အရောင်မတင်ရသေးသည့် စိန် နှင့် ကျောက်မျက်များအတွက် ရာသက်ပန် စည်းကြပ်ခွန် (VAT) အားကင်းလွတ်ခွင့်ပေးခြင်း၊ လက်ဝတ် ရတနာ ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်များ၊ ကိရိယာပစ္စည်းများအတွက် တင်သွင်းခွန် များလျှော့ချပေးခြင်း စသည်ဖြင့် အခွန်နှင့်သက်ဆိုင်သည့် အကျိုးကျေးဇူးများကိုလည်းဖန်တီးပေးလျက် ရှိပါသည်။

ပြပွဲကြီးတွင် လူကြိုက်များထင်ရှားလာမည့် ထိုင်းလက်ဝတ်ရတနာအမှတ်တံဆိပ်များအပြင် အသက် အရွယ်ကြီးသူများအတွက် 50+Exhibition လက်ဝတ်ရတနာပြခန်း၊ အမျိုးသား များအတွက် Gemstlemen လက်ဝတ်ရတနာပြခန်း၊ တိရိစ္ဆာန်ချစ်သူများအတွက် Pet Parade လက်ဝတ်ရတနာ ပြခန်း၊ အထူးပွဲလမ်းသဘင်များအတွက် the Moments လက်ဝတ်ရတနာပြခန်း၊ အနုပညာနှင့် လက်မှု ပညာများကိုဖော်ညွှန်းမည့် Culture Club လက်ဝတ်ရတနာပြခန်း နှင့် ဘာသာ တရားသက်ဝင်ယုံ ကြည်မှု နှင့် ဆက်နွယ်သည့် Spiritual Power လက်ဝတ်ရတနာပြခန်း စသည်ဖြင့် အလားအလာ ကောင်းမွန်သော ဈေးကွက်များအတွက် ပြခန်းများပါဝင်မည်ဖြစ်ပါသည်။

ပြပွဲကြီး၏ လုံခြုံရေးအတွက် တော်ဝင်ထိုင်းရဲ (Royal Thai Police) နှင့် တော်ဝင်ထိုင်းစစ်တပ် (Royal Thai Army) တို့ မှတာဝန်ယူမည်ဖြစ်ကာ၊ ပွဲကျင်းပရာနေရာတွင်လည်း CCTV ကင်မရာများအပြင် အခြားလုံခြုံရေးစနစ်များကိုလည်း တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း DITP မှအခိုင်အမာပြောဆိုပါ သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးသို့ နိုင်ငံရပ်ခြားမှ ပရိသတ်အများအပြားလာရောက်လည်ပတ်ကြည့်ရှုခဲ့ကြ သည်။ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ယူအက်စ် နှင့် အီရန် နိုင်ငံများဖြစ်ကြပါသည်။ ပြပွဲကြီး တွင် ပစ္စည်းများကိုရောင်းချရခြင်းမှ ၀င်ငွေပေါင်း ယူအက်စ် ၄၇၆ ဒသမ ၈၅ သန်း (ထိုင်းဘတ် ၁၆ ဒသမ ၆၉ ဘီလီယံ) အားရရှိခဲ့ကြပါသည်။ လူကြိုက်များသည့် ကျောက်မျက်လက်ဝတ်ရတနာများမှာ စိန်၊ ငွေထည်လက်ဝတ်လက်စားများ၊ ရွှေထည်လက်ဝတ်ရတနာများ၊ တန်ဖိုးရှိကျောက်မျက်များနှင့် တန်ဖိုးသိပ်မကြီးသည့် ကျောက်မျက်များဖြစ်ကြသည်။

၅၉ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးအား ဘန်ကောက်၊ IMPACT မွမ်ထုံထနီ၊ Challenger ခန်းမတွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်နေ့ အထိပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ဧရိယာ စတုရန်းမီတာ ၅၈,၀၀၀ ကျယ်ဝန်းသည့်နေရာတွင် ထိုင်းနှင့် နိုင်ငံရပ် ခြားမှ ပြပွဲပြသသူများ၏ ဆိုင်ခန်းပေါင်း ၂,၅၀၀ ပါဝင်မည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.bkkgems.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Pimsirinuch Borsub ရေးသားတင်ဆက်သည်။

Issue 58

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတိုးတက်ရေးငှာန (Department of International Trade Promotion) မှ ကြီးမှူးကျင်းပသည့် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲသို့ ကျောက်မျက်နှင့် လက်ဝတ်ရတနာ လုပ်ငန်းနယ်ပယ်အတွင်းရှိ ကျွမ်းကျင်သူပညာရှင်များ စုဝေးရောက်ရှိလာခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်၏ ပထမခုနှစ်လ အတွင်း ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာများအား တင်ပို့ ရောင်းချရခြင်းမှ ထိုင်းဘတ် ၃၃၅ ဘီလီယံ (ယူအက်စ်ဒေါ်လာ ၉ ဒသမ ၆၈ ဘီလီယံ) ကို ရရှိခဲ့သည်နှင့်အညီ လုပ်ငန်းကြီးသည် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးတွင်လည်း ရောင်းအား မြင့်မားရန်အတွက် စိတ်ဆန္ဒပြင်းပြခဲ့ပါသည်။

"DITP က ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နဲ့ လက်ဝတ်ရတနာပြပွဲကြီးကို ကျင်းပရတဲ့အကြောင်းက ထိုင်းနိုင်ငံကို ကျောက်မျက်နဲ့ လက်ဝတ်ရတနာတွေ ကူးသန်ရောင်းဝယ်နဲ့ ထုတ်လုပ်ရေးနဲ့ ဆိုင်တဲ့ ကမ္ဘာ့ ဗဟိုငှာန ဖြစ်လာ ဖို့ ၊ အာရှရဲ့ အဓိကကျတဲ့ ကူးသန်းရောင်းဝယ်ရေးစင်မြင့်ကြီးဖြစ်လာဖို့ ခိုင်မာတဲ့လမ်းကြောင်းပေါ် ကို ဦးတည်ပေး ဖို့ အတွက် ကျင်းပရခြင်းဖြစ်ပါတယ်။ ငှာနက ပြပွဲကြီးကို ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ ထိပ်တန်းကျောက်မျက် နဲ့ လက်ဝတ်ရတနာပြပွဲကြီး သုံးပွဲမှာ တစ်ပွဲအပါအ၀င်ဖြစ်လာစေဖို့ အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက် နေပါတယ်။ ကျွန်မတို့ အနေနဲ့ ကလည်း ပြပွဲကို လာရောက်ခဲ့ကြတဲ့ ဧည့်သည်ပမာဏကြောင့် စိတ်ကျေနပ်ရပါ တယ်" ဟု DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှဆိုပါသည်။

ယခုကျင်းပသည့် ပြပွဲကြီးတွင် နိုင်ငံပေါင်း ၃၀ မှ ကုမ္ပဏီပေါင်း ၇၉၁ ခုသည် ပြခန်းပေါင်း ၂,၁၀၀ အားဖွင့်လှစ်ပြသ ခဲ့ပါသည်။ ပြပွဲကြီး၌ ရောင်းချရသည့်တန်ဖိုးသည် ထိုင်းဘတ် ၁၅ ဘီလီယံ (ယူအက်စ် ဒေါ်လာ ၄၃၃ မီလီယံ) ရောက်ရှိနိုင်ရန်၊ သို့  မဟုတ် ယခင်ပြပွဲထက် ခန့် မှန်းခြေအားဖြင့် ၁၀ ရာခိုင်နှုန်း ပိုမိုရန်အတွက် DITP မှ မျှော်လင့် ထားခဲ့ပါသည်။

Choklumlerd မှ "ထိုင်းကုမ္ပဏီတွေက အရမ်းကို အရည်အချင်းပြည့်ဝကျွမ်းကျင်ကြတယ်။ ထိုင်းလုပ်သားတွေက လည်း လက်မှုအနုပညာမှာ အံ့သြလောက်ဖွယ်ထူးချွန်ကြတယ်။ နောက်ပြီး ကျောက်တွေကို မီးပြတာ၊ ဖြတ်တောက်တာတွေမှာလည်း လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ကြတယ်" ဟု ဆိုပါသည်။

လုပ်ငန်းကြီးသည် ထိုင်းစီးပွားရေး၏ အကြီးမားဆုံးကဏ္ဍများမှထဲမှ တစ်ခုအပါအ၀င်ဖြစ်ကြောင်းကို ပြသနိုင်ရန် အတွက် ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်းကြီးတွင်းရှိ စီးပွားရေးလုပ်ငန်းအများအပြားမှ ပြပွဲကြီး၌ ပူးပေါင်း ပါဝင် ပြသခဲ့ကြသည်။

Beauty Gems Factory ၏အဓိက လက်ဝတ်ရတနာဖန်တီးထုတ်လုပ်သူ နှင့် လက်လီရောင်းချသူ ဥက္ကဌ Pornsit Priorathaikul မှ "ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းကြီးက စီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက်၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ အလုပ်ခန့် အပ်ရေးအတွက် အရေးပါ ပါတယ်" ဟုဆိုပါသည်။

နာမည်ရစပြုလာသည့် လက်ဝတ်ရတနာ ဒီဇိုင်နာ အများအပြားသည်လည်း ပြပွဲကြီးတွင် ပါဝင်ပြသခဲ့ကြပါသည်။

Ornaments & L'or လက်ဝတ်ရတနာ၏ ဒီဇိုင်းဒါရိုက်တာ Supatchana Limwongse မှ "ဒီပြပွဲကြီးမှာ ကုန်ကြမ်း ပစ္စည်းတွေထက် လက်ဝတ် ရတနာဒီဇိုင်းတွေနဲ့ အခြားအမျိုးမျိုးသော ပြခန်းတွေကို အထူးအလေးထားပြသထားပါ တယ်။ ကျွန်မကို 10 Imaginers မှာပါဝင်ဖို့ အတွက် DITP ကနေရွေးချယ်ခဲ့တာပါ။ အဲဒီအစီအစဉ်က ထိုင်း လက်ဝတ်ရတနာ ဒီဇိုင်နာတွေကို အမေရိကန်နိုင်ငံ၊ နယူယောက်မြို့ ကြီးကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင်းမှာ သွား ရောက်စေတာပဲဖြစ်ပါတယ်။ ထိုင်းလက်ဝတ်ရတနာ တံဆိပ်တွေကို အမေရိကန်နိုင်ငံမှာရှိတဲ့ ၀ယ်သူတွေ၊ သုံးစွဲသူ တွေက တွေ့ မြင်သိရှိခွင့်ရတဲ့ အထူးအခွင့်အရေးကြီးပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ဝက်ဆိုက်ဒ် www.thaitrade.com မှကြိုတင်ပြုလုပ်ထားသည့် ချိန်းဆိုမှု ၁၀၀ ကျော်အပါအ၀င် ပြပွဲကြီးမှ စီးပွားရေး လုပ်ငန်းများ တွဲဖက်ပေးသည့် ၀န်ဆောင်မှုကိုလည်းပေးအပ်ခဲ့ပါသည်။ အခြား ပေးအပ်ခဲ့ သည့် ၀န်ဆောင်မှုမှာ ကျောက်မျက်နှင့် လက်ဝတ်ရတနာဒီဇိုင်များအတွက် တစ်ဦးချင်းအကြံဥာဏ်များကို ပေး အပ်သည့် Design Service Society အစီအစဉ်ပင်ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲများဆိုင်ရာကဏ္ဍ ကိုလည်း Discover Gemmiferous Nations ဆိုသည့် ကျောက်မျက်ရိုင်းများဆိုင်ရာကဏ္ဍ မှသည် How to get rich selling jewelry online ဆိုသည့် အွန်လိုင်း-ကုန်သွယ်ရေး ကဏ္ဍများအထိ ခေါင်းစဉ်များခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၅၈ ကြိမ်မြောက် ဘန်ကောက်နှင့် လက်ဝတ်ရတနာပြပွဲကြီးအား စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်အထိ မွမ်ထုံထနီ၊ Impact Arena ရှိ Challenger ခန်းမများ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ နောင်ကျင်းပပြုလုပ်မည့် ပြပွဲကြီး ကိုလည်း ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် မှ ၂၆ ရက်အထိ ထိုနေရာ၌ပင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း DITP မှထုတ်ပြန်ကြေငြာပါသည်။

ပိုမိုသိရှိလိုပါက www.bkkgems.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

 

 

 

 

 

 

Issue 59

ယခုနှစ်တွင် ကျင်းပသည့် Creative Thailand and BIG+BIH 2016 ပြပွဲကြီးတွင် ဒီဇိုင်နာများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ပူးပေါင်းအားဖြည့်၍၄င်းတို့ ၏ ဖန်တီးတီထွင်မှုလက်ရာများကို ပြသခဲ့ကြပါသည်။

နောက်ဆုံးပေါ် gift နှင့် အိမ်သုံးပစ္စည်း ဖန်တီးမှု ဒီဇိုင်းလက်ရာများ ကို လေ့လာကြည့်ရှုနိုင်ရန်အတွက် ၄၂ ကြိမ်မြောက် Bangkok International Gift Fair 2016 နှင့် Bangkok International Houseware Fair 2016 (BIG+BIH) ပြပွဲကြီးသို့  ဧည့်ပရိသတ်ပေါင်း ထောင်ပေါင်းများစွာလာရောက်ခဲ့ကြပါသည်။ ၄င်း Creative Thailand ပြပွဲကြီးအား Bangna ရှိ BITEC ၌ အောက်တိုဘာလ ၁၉ ရက်နေ့ မှ ၂၃ ရက်နေ့ ထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဆန်းသစ်ပြောင်းလဲဖန်တီးမှုများကို အားပေးသည့် Thailand 4.0 မော်ဒယ်အရ စီးပွားရေးလုပ်ငန်းအား မည်ကဲ့သို့ ဖွံ့ ဖြိုးတိုးတက်ရန်ဆောင်ရွက်ရမည်ဆိုသည့် နှီးနှောဖလှယ်စည်းဝေးပွဲသို့  တက်ရောက်သူများပြားကြောင်းသိရှိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေး (ကုန်သွယ်ရေး) ဒုဝန်ကြီး Suvit Maesincee မှ "ကုမ္ပဏီတွေကို ရဲရင့်စွာ တွေးခေါ် ဆောင်ရွက် ဖန်တီးပြီး တိုင်းပြည်ကိုတည်ဆောက်ကြပါလို့ အားပေးဖို့ အတွက် Think Big ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီ Creative Thailand ဆိုတဲ့ပွဲကြီးကို ကျင်းပရတာပါ" ဟုဆိုသည်။

ကုန်စည်ပြပွဲကြီးသို့် ယူအက်စ်၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ ဂျာမနီ နှင့် ယူကေ အစရှိသည့် နိုင်ငံများမှ ၀ယ်ယူသူများတက်ရောက်ခဲ့ကြသည်ဟု DITP မှထုတ်ဖော်ပြောဆိုပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကမ္ဘာစီးပွားရေးက ၂၀၁၇ ခုနှစ်မှာ တိုးတက် ကောင်းမွန် လာမယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့် BIG+BIH 2016 ပြပွဲကြီးက နိုင်ငံပေါင်းစုံက ၀ယ်ယူသူတွေ ကို ပိုပြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။ ပြပွဲကြီးရဲ့  purchase-sales (၀ယ်ယူ-ရောင်းချ) တန်ဖိုးက အရင်နှစ်ကထက် ၁ ဒသမ ၃ ဘီလီယံ ပိုများပြီး ထိုင်းဘတ် ၁ ဒသမ ၅ ဘီလီယံကျော်မယ်လို့ ခန့် မှန်းထားပါတယ်" ဟုဆိုပါသည်။

ပြပွဲကြီးတွင် သဘာဝကုန်ကြမ်း ပစ္စည်းများမှ ထုတ်လုပ်ရရှိသည့် ထိပ်တန်း OTOP (One Tambon One Product - ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု) ပစ္စည်းအမျိုးမျိုးပါဝင်ပြသသည့် Top of OTOP ပြပွဲမှသည် တိရိစ္ဆာန်လေး များအားချစ်ခင်နှစ်သက်ကြသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ဆန်းသစ်ဖန်တီးထားသည့် ပစ္စည်းများကို ပြသထားသည့် Pet Parade၊ ထိုင်းစတိုင် healthcare နှင့် အသက်အရွယ်ကြီးရင့်သူများ အတွက် ကျန်းမာရေး ဆိုင်ရာဝန်ဆောင်မှုများအား ပြသထားသည့် Thai Wellness နှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံများမှ လက်မှုလက်ရာများကိုပြသထားသည့် CLMVT ပြပွဲများအား ပြသခဲ့ပါသည်။

Creative Thailand 2016 ခုနှစ်ပြပွဲတွင် အစိုးရမှအားပေးထောက်ပံ့ထားသည့် ထုတ်ကုန် ပစ္စည်းများအပြင်၊ DITP သည် Thailand 4.0 မူအရ Creative Thailand Symposium အားကြီးမှူးကျင်းပခြင်းဖြင့် စီးပွားရေး ဖွံ့  ဖြိုးတိုးတက်စေမည့် လမ်းကြောင်းသစ်အားရှာဖွေနိုင်မည့် ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်ခဲ့ပါသည်။ ငါးရက်တာ အလေးအနက်စဉ်းစားသုံးသပ်အဖြေရှာကြသည့် နှီးနှောဖလှယ်ဆွေးနွေးပွဲတွင် ကမ္ဘာတစ်လွှားရှိ creative လုပ်ငန်းကဏ္ဍမှ အထင်ကရ ပုဂ္ဂိုလ်များပါဝင်ခဲ့ကြပြီး၊ နယ်ပယ်အသီးသီးရှိ ဟောပြောသူများမှ တီထွင်ဖန်တီးခြင်းသည် စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ တိုးတက်စေနိုင်မည်ဆိုသည့် အကြောင်းအရာ များကိုဟောပြောမျှဝေခဲ့ပါသည်။ ဟောပြောခဲ့သည့်အကြောင်းအရာများတွင် စွန့် ဦးတီထွင်စီးပွားရေးလုပ်ငန်း အား စီမံခန့် ခွဲမှုမှ အန်နီမေးရှင်းနှင့် ဒစ်ဂျစ်တယ်လုပ်ငန်ငန်း၊ အသက်အရွယ်ရနေသည့် လူများအားပါဝင် ဆောင်ရွက်စေခြင်း နှင့် လူမှုရေးလုပ်ငန်းများ စသည်တို့ ပါဝင်သည်။

"လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု သော့ချက်က တီထွင်ဖန်တီးမှုနဲ့ လုပ်ငန်းတို့ အကြားပူးတွဲဆောင်မှုပါ။ ကျွန်တော့်အမြင်မှာ ထိုင်းလူမျိုးတွေက အရမ်းကို တီထွင်ဖန်တီးနိုင်ကြတယ်။ နောက်ပြီး သူတို့ မှာ သူတို့ ရဲ့  ကိုယ်ပိုင် ထိုင်းစတိုင်လည်း ရှိတယ်" ဟု Anime!Anime! ၀က်ဘ်ဆိုက်အား တည်ထောင်သူ Tadashi Sudo မှ ဆွေးနွေးပွဲတွင် Cool Japan and the Japanese Animation Industry အကြောင်းအားဟောပြောနေစဉ် တွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

လူကြိုက်များထင်ရှားသည့် ပိုကီမွန် ဂိုး (Pokémon Go) ဂိမ်းအား ဖန်တီးသူ Visual and Interaction Design at Niantic ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Dennis Hwang မှလည်း ထိုင်းနိုင်ငံရှိ ဖန်တီးတီထွင်မှုအသိုက်အ၀န်း သည်၎င်း၏ကိုယ်ပိုင်စတိုင်ဖြင့် ဆက်လက်ဖွံ့ ဖြိုးကြီးထွားသင့်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

၎င်းမှ "ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာတရားကြောင့် အရမ်းကို အေးချမ်းတည်ငြိမ်တယ်လို့ ခံစားရပြီး ယဉ်ကျေးမှု တွေ ပေါများကြွယ်ဝတဲ့ တိုင်းပြည်တစ်ခုလို့ ကျွန်တော်ကအမြဲ ယုံကြည်တယ်။ ဖန်တီးတီထွင်မှုက ယဉ်ကျေးမှုကို ၀ါးမြိုသွားနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ဖန်တီးတီထွင်တဲ့အသိုက်အ၀န်းကို ယဉ်ကျေးမှုရဲ့ ထူးခြားတဲ့ အကြောင်းအရာတစ်ခုခုကို အလေးထားပြီး ကမ္ဘာကမမြင်ဘူးတဲ့ ထူးခြားတဲ့ ဒီဇိုင်းနဲ့  စိတ်ကူးတွေကိုပေါင်းစပ်ထားတဲ့ အရာတွေကိုချပြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.ditp-design.com သို့ မဟုတ် oct2016.bigandbih.com အားဝင်ရောက်ဖတ်ရှုနိုင်ပါ သည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

Issue 57

DITP မှ ကမကထပြုသည့် စီမံကိန်းများကြောင့် စိတ်အားထက်သန်လာကြသည့် ထိုင်းဒီဇိုင်နာများ၏ လိုက်ဖ်စတိုင်ဆိုင်ရာကုန် ပစ္စည်းများသည် တိုင်းပြည်စီးပွားရေးအတွက် ကုံလုံပြည့်ဝသည့် အထောက်အကူ ဖြစ်စေပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "လိုက်ဖ်စတိုင်ထုတ်ကုန်တွေက ထိုင်းနိုင်ငံရဲ့  အရမ်း အရေးပါတဲ့ လုပ်ငန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်" ဟု ဧပြီလ ၁၉ ရက်နေ့ က ပြုလုပ်ကျင်းပခဲ့သည့် Bangkok International Gift Fair and Bangkok International Houseware Fair (BIG+BIH) ပြပွဲကြီး၏ ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။

ဤအကြောင်းအရာကို သိရှိနားလည်သဘောပေါက်၍၊ ထိုင်းနိုင်ငံ ဒီဇိုင်း နှင့် ဆန်းသစ်ပြောင်းလဲမှုအား အားပေးကူညီသည့် အသင်းအဖွဲ့  (Thailand Institute of Design and Innovation Promotion) မှ DITP လက်အောက်၌ ပြည်တွင်း၏ အသိအမှတ်ပြုခြင်းကိုသာမက နိုင်ငံတကာ၏အသိအမှတ်ပြုခြင်းကိုပါ ရရှိထား သည့် DEmark အပါအ၀င် လိုက်ဖ်စတိုင်ထုတ်ကုန်များနှင့် ဒီဇိုင်းနာများကို အားပေးမြှင့်တင်ခြင်း နှင့် ၄င်း၏ ဖြစ်နိုင်ချေအလားအလာများကို ပြပွဲများစီစဉ်ကျင်းပ ပြသခြင်းများဖြင့် စဉ်ဆက်မပြတ်အားပေး ဆောင်ရွက် လျက် ရှိနေပါသည်။

Siam Piwat အုပ်စုသည် ထိုင်းဒီဇိုင်နာများမှ ၄င်းတို့ ၏စွမ်းရည်များကို ပြသနိုင်ရန်အတွက် အားပေးကူညီပေး နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် ညွှန်းဆိုရပါလျှင် ထိုင်းဒီဇိုင်နာများကို အားပေးကူညီရန် အတွက် DITP နှင့် ကုမ္ပဏီ တို့ ၏ပူးပေါင်းဆောင် ရွက်မှုဖြစ်သည့် Object of Design Store (O.D.S) ကို ပြဆိုရမည်ဖြစ်ပြီး Siam Discovery ကုန်တိုက်ကြီးတွင် ပေးအပ်သည့် Demark ဆုအားရရှိထားပါသည်။

ထိုင်းနိုင်ငံ ဒီဇိုင်း နှင့် ဆန်းသစ်ပြောင်းလဲမှုအား အားပေးကူညီသည့် အသင်းအဖွဲ့  (Thailand Institute of Design and Innovation Promotion) ၏ ဒါရိုက်တာဖြစ်သူ M.L. Kathathong Thongyai မှ "O.D.S က ထိုင်းဒီဇိုင်နာတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေရဲ့  ပစ္စည်းတွေကို ၀ယ်ယူသူ ဖောက်သည်တွေပိုမိုသိရှိလာနိုင်ဖို့ အတွက် ပြပွဲတွေတင်ဆက်ပြသနိုင်မယ့်၊ ဖြန့် ဖြူး ရောင်းချနိုင်မယ့်၊ နောက်ပြီး သူတို့ ရဲ့ အမှတ်တံဆိပ်တွေဖြစ်လာအောင် တည်ထောင်နိုင်မယ့် အခွင့်အလမ်း တွေကို ပိုမိုရရှိလာလို့ ပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

၎င်းမှ "စတိုးမှာ I+D Style Café x Brave Roaster လို့ ခေါ်တဲ့ café တစ်ခုရှိပါတယ်။ အဲဒါကို DITP က ကမကထလုပ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဈေးဝယ်သူတွေအနေနဲ့ စတိုးဆိုင်ထဲမှာ ပစ္စည်းတွေကို အချိန်အကြာ ကြီး လေ့လာကြည့်ရှုနိုင်မဲ့ တုံ့ ပြန်မှုဆိုင်ရာ ၀န်းကျင်လေးတစ်ခုကို ဖန်တီးချင်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော် တို့ မှာ Demark၊ Talent Thai နဲ့  Designers' Room စီမံကိန်းတွေကနေ အမှတ်တံဆိပ်ပေါင်း ၆၀၀ ကျော် ရှိပါတယ်။ အချို့ ထုတ်ကုန်တွေကို ပြသထားတဲ့အချိန်မှာ lighting ကိရိယာ ပစ္စည်းတွေ၊ ထိုင်ခုံတွေ၊ စားပွဲတွေ၊ ပရိဘောဂပစ္စည်းတွေ နဲ့ အလှဆင်ပစ္စည်းတွေကို စတိုးထဲမှာ အသုံးပြုထားပါတယ်။ ၀ယ်ယူသူတွေကိုယ်တိုင် ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံကို ခံစားသိရှိနိုင်စေဖို့ အတွက်ဖြစ်ပါတယ်" ဟုဆိုပါသည်။

O.D.S အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ခမ်းနားကြီးကျယ်စွာ ဖွင့်လှစ်ခဲ့ပြီးနောက်၊ စတိုးဆိုင်ကြီးမှ ပြည်တွင်း နှင့် ပြည်ပရှိ ၀ယ်ယူသူဖောက်သည်များထံမှ ကောင်းမွန်သည့်တုံ့ ပြန်မှုကို ရရှိထားပါသည်။

Thongyai မှ "O.D.S က အစပဲရှိပါသေးတယ်။ ကျွန်တော် ဒီလိုမျိုးဆိုင်တွေကို ထိုင်းနိုင်ငံအနှံ့ မှာ ချဲ့ ထွင် ဖွင့်လှစ် နိုင်တာအပြင်၊ အခြားနိုင်ငံတွေမှာ ဖွင့်လှစ်သွားနိုင်ဖို့ အတွက် မျှော်လင့်ထားပါတယ်။ ကမ္ဘာအနှံ့ မှာ နေထိုင်ကြတဲ့လူတွေကို ပါးချင်တဲ့ သတင်းစကားကတော့ ထိုင်းနိုင်ငံက နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့  ကိုက်ညီတဲ့ ကောင်းမွန်တဲ့အရည်အသွေးနဲ့ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို ရရှိနေပြီ ဆိုတာပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

ငယ်ရွယ်သည့် ဒီဇိုင်နာများမှ ၄င်းတို့ ၏ပင်ကိုစွမ်းရည် အရည်အချင်းများကို အကောင်းဆုံးဖော်ထုတ် ပြသနိုင် ရန် အတွက် ပြည့်ပြည့်၀၀ အားပေးကူညီသွားမည်ဖြစ်ကြောင်း Thongyai မှ ကတိပေးပြောကြားပါသည်။

"အခုဆိုရင် ထိုင်းဒီဇိုင်နာတွေအတွက် ရွှေရောင်းလွှမ်းတဲ့ နေ့ ရက်တွေပါပဲ။ ဘာကြောင့်ဆိုရင် ကိုယ့်မှာ ရှိတဲ့ အရာတွေကို ပြသနိုင်ဖို့ အတွက် ပိုမိုကြီးကျယ်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရရှိပိုင်ဆိုင်နေတဲ့အတွက် ကြောင့်ပါ။ နောက်ပြီး ကိုယ့်ရဲ့ စိတ်ကူးအိုင်ဒီယာကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် အစိုးရနဲ့  ပုဂ္ဂလိက ကဏ္ဍတွေကပါ အားပေးကူညီဖို့ အသင့်ရှိနေတဲ့အတွက်ကြောင့်ပါ" ဟု၎င်းမှဆိုသည်။

DITP မှ ကြီးမှူးသည့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ခြင်းဖြင့် ဒီဇိုင်နာများသည် ၄င်းတို့ ၏ အရည်အသွေးများ ကို ပြသနိုင်မည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သလို၊ နိုင်ငံတကာဈေးကွက်များတွင် ထိုင်းလိုက်ဖ်စတိုင် ကုန်စည်များ မြဲမြံစွာ ကြီးပွားတိုးတက်လာခြင်းအား အားဖြည့်ပေးရာလည်းရောက်သည်ဟု ဒါရိုက်တာမှ ပြောကြားပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ www.ditp.go.th အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

O.D.S ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများအားဖော်ပြပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။

 

 

367427