Issue 55

Horizon မှ အိမ်မွေးတိရိစ္ဆာန်လေးများအတွက်ပစ္စည်းများကို ထုတ်လုပ်ဖြန့် ချိနေသည့် Bozzi အမှတ် တံဆိပ် တည်ထောင်သူနှင့် စကားစမြည်ပြောဆိုဖြစ်ခဲ့ကြပါသည်။ ၄င်းအမှတ်တံဆိပ်သည် ပစ္စည်း များကို ဈေးကွက် အတွင်းသို့ မဖြန့် ချိမီ လူဖြင့်ဦးစွာစမ်းသပ်စစ်ဆေးပြီးမှ ဖြန့် ချိရောင်းချသော ဓာတုပစ္စည်းကင်းလွတ်၊ အော်ဂဲနစ် အိမ်မွေးတိရိစ္ဆာန်ပစ္စည်းများဖြစ်ပါသည်။

ထိုင်း အိမ်မွေးတိရိစ္ဆာန်လေးများဆိုင်ရာကုန်ပစ္စည်းလုပ်ငန်းအဖွဲ့  (Thai Pet Product Industries Association) ၏ပြောကြားချက်အရ၊ တိုင်းပြည်၏ အိမ်မွေးတိရိစ္ဆာန်လေးများဆိုင်ရာကုန်ပစ္စည်းဈေးကွက်၏ တန်ဖိုးသည် ဘတ် ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆၈ မီလီယံ) တန်ဖိုးရှိပြီး နှစ်စဉ် ၁၀% တိုးတက်လာ ရန်အတွက် ရည်မှန်းထားပါသည်။ ဈေးကွက်တိုးတက်ပွင့်လန်းလာရခြင်းမှာ ၄င်းတို့ ကိုယ်ကို "အိမ်မွေးတိရိစ္ဆာန် လေးများ၏မိဘ" ဟုသတ်မှတ်ပြီး အိမ်မွေးတိရိစ္ဆာန်လေးများကို မိသားစု သဖွယ်ပြုစုစောင့်ရှောက်နေကြသည့် ငယ်ရွယ်သည့်မျိုးဆက်များကြောင့်ဖြစ်ပါသည်။ ဤအချင်းအရာကြောင့် အိမ်မွေးတိရိစ္ဆာန်စာ၊ လက်ဝတ်ရတနာ၊ ကျန်းမာရေးနှင့်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်လေးများကို အလှပြုပြင်ပေးသည့်လုပ်ငန်း အစရှိ သော ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများလည်းကြီးထွားလာကြပါသည်။

ဤဈေးကွက်တွင်း အကျိုးအမြတ်များစွာရရှိနေသည့် ကုမ္ပဏီတစ်ခုမှာ Bozzi ပင်ဖြစ်ပါတော့သည်။

Bozzi အားတည်ထောင်သူ အင်ကာထေ ချိုတီဖန်စီရီ (Inkathe Chotiphansiri) မှ "အိမ်မွေးတိရိစ္ဆာန်အလှပြင် ပစ္စည်းလုပ်ငန်းကို ကျွန်မရဲ့ မိသားစုလမ်းပျောက်နေတဲ့ ပါရှန်းကြောင်လေးနှစ်ကောင်ကိုခေါ်လာတဲ့အချိန်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်က စပြီးတည်ထောင်ဖြစ်ခဲ့တာပါ။ ကြောင်ရဲ့ အမွှေးအတော်များများကကျွတ်ကုန်တယ်။ နောက်ပြီး သူတို့ တွေမှာ အရေးပြားနဲ့ ဆိုင်တဲ့ရောဂါကူးစက်တာကိုလည်းခံထားရတယ်။ ကျွန်မ သူတို့ ကစပြီး ပြုစုစောင့် ရှောက်ခဲ့တယ်။ ကျွန်မရဲ့ မိသားစုက skincare ပစ္စည်းတွေ နဲ့ စပါ ပစ္စည်းတွေကို ထုတ်လုပ်နေတယ်လေ။ ဒါနဲ့  ကျွန်မလည်း ကြောင်လေးတွေနဲ့ သင့်လျော်မယ့်ပစ္စည်းတွေဖြစ်ဖို့ အတွက် ပြုပြင်ပြီးသုံးလိုက်တာ သူတို့ တွေရဲ့  အမွှေးတွေပြန်ပေါက်လာတာကို တွေ့ ရတယ်" ဟုပြောပြပါသည်။

ချိုတီဖန်စီရီ (Chotiphansiri) သည်ထိုအချိန်မှစ၍ ကုမ္ပဏီ၏ဈေးကွက်အကြံပေးအလုပ်အားလုပ်ဆောင်နေရင်း မှပင် ကုန်ပစ္စည်းများစွာကို ဖန်တီးထုတ်လုပ်ခဲ့သည်။ ယခုအခါတွင်၊ Bozzi မှထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း များကို လူသားဖြင့်ဦးစွာစမ်းသပ်စစ်ဆေးပြီးမှ ဖောက်သည်များထံသို့ ရောင်းချပေးလျက်ရှိနေပါသည်။ ချိုတီဖန်စီရီ (Chotiphansiri)၏ မိခင်သည် နိုင်ငံအသိအမှတ်ပြု ဆေးဖက်ဝင်ဆေးဝါးပစ္စည်းများအားဖော်စပ် ရောင်းချသူတစ်ဦးဖြစ်သည်နှင့် အညီ၊ နှစ်ဦးသားမှ အိမ်မွေးတိရိစ္ဆာန်လေးများ၏ ကုန်ပစ္စည်းများတွင် အမြှုပ်ထ စေမည့် ပစ္စည်းများသို့ မဟုတ် စတီးရွိုက်များကဲ့သို့ သော ဓာတု ပစ္စည်းများပါဝင်ခြင်းမရှိစေရန် ဂရုစိုက်ကြ သည်။ ထုတ်ကုန်ပစ္စည်းများတွင်အလွန်တရာမှာဓာတ်မတည့်မှုရှိသည့် ခွေးများအတွက် လျှားစောင်းလက်ပတ် နှင့် နနွင်းများမှထုတ်ယူ သည့် ပစ္စည်းများဖြင့်ဖော်စပ်ထားသော ရှမ်ပူများ၊ သို့ မဟုတ် ခွေးလေးများနှင့် သေးငယ်သည့်တိရိစ္ဆာန်လေး များအတွက် ဒန့် ဒလွန်ဆီ နှင့် စပီရူလိုင်းနာရေညှိတို့ မှ ထုတ်ယူသည့်ပစ္စည်းများ ဖြင့် ဖော်စပ်ထားသော ရှမ်ပူများပါဝင်ပါသည်။

"ကျွန်မတို့ ဆီကို သူတို့ ရဲ့ ကျွန်မတို့ ရဲ့ ပစ္စည်းတွေကို မသုံးစွဲမီနဲ့ သုံးစွဲပြီး တိရိစ္ဆာန်ပုံလေးတွေကိုပို့ ပေးကြတဲ့ ဖောက်သည်တွေဆီကနေ တုံ့ ပြန်မှုတွေအများကြီးရရှိထားပါတယ်။ Bozzi အမှတ်တံဆိပ်က လူနဲ့ လည်းသင့် လျော်တဲ့အတွက် ဖောက်သည်တစ်ချို့ ဆိုရင် သူတို့ ကိုယ်တိုင် တိရိစ္ဆာန်လေးတွေရဲ့  ပရုတ်ဆီနဲ့ ရှမ်ပူတွေ ကို စမ်းသုံးကြတယ်" ဟု ချိုတီဖန်စီရီ (Chotiphansiri) ပြောပြပါသည်။

ထိုင်းနိုင်ငံရှိ ဒီပါ့မန့် စတိုးများ၊ တိရိစ္ဆာန်ဆေးခန်းများနှင့် ဆေးရုံများတွင် အဓိကထားရောင်းချသော Bozzi အမှတ်တံဆိပ်ပစ္စည်းများအား ယခုအခါတွင် ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံများသို့ လည်းဖြန့် ဖြူးရောင်းချနေပြီ ဖြစ် ပါသည်။ ချိုတီဖန်စီရီ (Chotiphansiri)မှ "DITP က ကျွန်မတို့ ကို အရမ်းကို ကူညီတယ်။ ကျွန်မတို့  ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ဧပြီလမှာကျင်းပခဲ့တဲ့ Interpets 2016 မှာပါဝင်ဖို့ အတွက် အရည်အချင်းမီလို့ ပါဝင်နိုင်ခဲ့တယ်။ နောက်ပြီး ခရီးစဉ်အတွင်းမှာပဲ အိုဆာကာမှာပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွဲဖက်ပေးတဲ့ဆောင်ရွက်မှုမှာ ပါဝင် နိုင်ခဲ့တယ်။ ဒီဆောင်ရွက်မှုကြောင့် နမူနာပစ္စည်းတွေအတွက် အမှာစာတွေကို ရရှိခဲ့ပြီး၊ ဂျပန်မှာရှိတဲ့ ကျွန်မတို့  ရဲ့ ဖြန့် ချိသူကလည်း ဂျပန်အာဏာပိုင်တွေပေးအပ်တဲ့ လိုအပ်တဲ့သွင်းကုန်ထောက်ခံချက်တွေကို ရယူနိုင်ခဲ့ပါ တယ်" ဟုပြောပြပါသည်။

Bozzi သည် BIGBIH (Bangkok International Gift and Bangkok International Houseware) ပွဲကြီးတွင် ၂၀၁၅ ခုနှစ်မှ စတင်ပါဝင်ခဲ့ပြီး ဧည့်ပရိသတ်များထံမှ ကောင်းမွန်သည့် တုံ့ ပြန်မှုများကို ရရှိထားပါသည်။

ချိုတီဖန်စီရီ (Chotiphansiri) မှ "ကျွန်မတို့ လို သိပ်မထင်ရှားသေးတဲ့ ကုန်အမှတ်တံဆိပ်တွေက BIGBIH လိုကုန်စည်ပြပွဲကြီးမှာ ပါဝင်ပြသပြီး အသိအမှတ်ပြုခံရဖို့ အတွက် မုချလိုအပ်တယ်လို့ ကျွန်မထင်ပါတယ်။ BIGBIH ကိုလာကြတဲ့ ပရိသတ်တွေက ၀ယ်လိုအားကောင်းကြပြီး လိုက်ဖ်စတိုင်နဲ့ ဒီဇိုင်းနဲ့ ဆိုင်တဲ့ကုန်ပစ္စည်း တွေကို နှစ်ခြိုက်ကြတယ်။ အဲဒီပွဲက နှစ်တစ်နှစ်ရဲ့ မတက်မဖြစ် တက်ရောက်ရမယ့် ပွဲဖြစ်ပါတယ်" ဟုဆိုသည်။

အော်ဂဲနစ်အသုံးပြုကုန်ပစ္စည်းများကိုထုတ်လုပ်ရခြင်း၏ အဓိကအခက်အခဲများမှတစ်ခုမှာ ရာသီအလိုက်ပြောင်း လဲတတ်သည့် ဆေးဖက်ဝင်ကုန်ကြမ်းပစ္စည်းများ၏တန်ဖိုးများပင်ဖြစ်ပါသည်။ "ကျွန်မတို့ လိုအပ်တဲ့ ဆေးဖက် ၀င်အပင်အချို့ ကို ကိုယ်တိုင်စိုက်ပျိုးပြီး၊ အခြားသူတွေကိုလည်းရောင်းချပေးပါတယ်။ သင့်လျော်တဲ့ ဈေးနှုန်းနဲ့  ရောင်းချပေးနိုင်ဖို့ အတွက် အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် ထိုင်းလူမျိုးတွေပစ္စည်းကို အသုံးပြုနိုင်ဖို့ အတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ ပဲရောင်းချပါတယ်" ဟု ချိုတီဖန်စီရီ (Chotiphansiri) ပြောပြပါသည်။

ချိုတီဖန်စီရီ (Chotiphansiri) မှ မဝေးတော့သည့်ကာလတွင် ၄င်း၏ပစ္စည်းများကို ဈေးကွက်သစ်များတွင် ပိုမို တင်ပို့ ရောင်းချနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်နေပါသည်။

၎င်းမှ "ကျွန်မရဲ့ ပန်းတိုင်က နိုင်ငံအများကြီးကို ပစ္စည်းတွေ ပိုပြီးတင်ပို့ ရောင်းချနိုင်ဖို့ ပါ။ နိုင်ငံခြားဈေး ကွက် အတော်များများမှာ အော်ဂဲနစ်နဲ့ ဆေးဖက်ဝင်အပင်တွေကနေထုတ်တဲ့ ပစ္စည်းတွေကို နှစ်ခြိုက်အားပေး ကြ တယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာရော အခြားနိုင်ငံတွေမှာပါ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ပစ္စည်း ဈေးကွက်က ဒီ့ထက်ပိုပြီးကြီးမားလာမယ်လို့ ကျွန်မယုံပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက visit www.bozzipet.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားဖော်ပြသည်။

 

 

367442