Issue 54

စက်တင်ဘာလတွင်ပြုလုပ်မည့် ဘန်ကောက်၏ တစ်နှစ်နှစ်ကြိမ်ကျင်းပသည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာကုန်စည်ပြပွဲကြီးတွင် နိုင်ငံပေါင်း ၃၀ မှ ပြပွဲပြသသူပေါင်း ၈၀၀ ၀န်းကျင်လောက် ပါဝင်ပြသကြမည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းသည် နိုင်ငံ၏ပို့ ကုန်လုပ်ငန်းအောင်မြင်ရခြင်း၏ အဓိကသော့ချက်ဖြစ်ပါသည်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်တွင် ဤလုပ်ငန်းကဏ္ဍသည် ပို့ ကုန်လုပ်ငန်း တန်ဖိုး၏ တတိယမြောက်နေရာတွင်ရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ (ဘတ် ၃၇၁ ဘီလီယံ) ရရှိခဲ့ကာ ပို့  ကုန်လုပ်ငန်းတန်ဖိုးတစ်ခုလုံး၏ ၅% ကျော်ကို ကိုယ်စားပြုခဲ့သည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကျွန်မတို့ ၂၀၁၆ ခုနှစ်မှာ ကျောက်မျက်နဲ့  လက်ဝတ်ရတနာ တင်ပို့ ရောင်းချတာက ၁၀ % တိုးတက်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ထိုင်း နိုင်ငံကို ကျောက်မျက်နဲ့ လက်ဝတ်ရတနာတွေတင်ပို့ ရောင်းချတဲ့ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံထဲမှာ ပါဝင် ဖို့  ရည်မှန်းထားပြီး၊ ၂၀၂၀ ခုနှစ်ရောက်ရင် လုပ်ငန်းကြီးရဲ့ ထုတ်လုပ်ရေးနဲ့ ကူးသန်းရောင်းဝယ် ကဏ္ဍ အတွက် ကမ္ဘာ့အဓိကအချက်အချာနိုင်ငံဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်" ဟုဆိုပါသည်။

လက်ရှိတွင်၊ ထိုင်းနိုင်ငံ၏ အဓိကပို့ ကုန်ဈေးကွက်များသည် ဟောင်ကောင်၊ ယူအက်စ်၊ ဂျာမနီ၊ ဆွစ်ဇာလန် နှင့် ယူအေအီး နိုင်ငံများဖြစ်ကြပြီး တရုတ်၊ အိန္ဒိယ နှင့် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများ ရှိ ဒိတ်ဒိတ်ကျဲချမ်းသာကြွယ်ဝကြသည့် သုံးစွဲသူများအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိ သည်။

ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းကြီးဖွံ့ ဖြိုးတိုးတက်ရန်အတွက် DITP မှ ဆောင်ရွက်လျက်ရှိ သည့် အဓိက လုပ်ငန်းကဏ္ဍမှာ တစ်နှစ် နှစ်ကြိမ်ကျင်းပသည့် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲ (BGJF) ကြီးပင်ဖြစ်ပါသည်။ ၅၈ ကြိမ်မြောက် BGJF အား DITP မှကြီးမှူး ၍ လာမည့် စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့ အထိ ဘန်ကောက်၊ မွမ်ထုံထနီ (Muang Thong Thani)၊ IMPACT၊ Challenger ခန်းမကြီးတွင်ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

Choklumlerd မှ "BGJF က ထိုင်းနိုင်ငံရဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍကို ကမ္ဘာ့ဈေးကွက်အလယ်မှာမြှင့်တင်နိုင်မဲ့ ထိရောက်တဲ့ဈေးကွက်ရှာဖွေရေးနည်းဗျူဟာ တစ်ခုပဲဖြစ်ပါ တယ်" ဟု ဆိုပြီး၊ နိုင်ငံ၏ လက်ဝတ်ရတနာလုပ်ငန်းသည် ၄င်း၏ အရည်အသွေး၊ ဆန်းသစ်တီထွင်မှု၊ ဒီဇိုင်းလက်ရာ နှင့် မြင့်မားသည့်ထုတ်လုပ်မှုစံချိန် များကြောင့် ကျယ်ကျယ်ပြန့် ပြန့် အသိအမှတ်ပြုခြင်း ခံရကြောင်း၎င်းမှ ဖြည့်စွက်ပြောကြားပါသည်။

ပြပွဲကြီး ၌ အဓိကအလေးထားပြသသွားမည့် အကြောင်းအရာများတွင် အသက် အရွယ်ရရှိလာသူများ အတွက် 60+Exhibition လက်ဝတ်ရတနာများ၊ အမျိုးသားများအတွက် Gemstlemen လက်ဝတ် ရတနာများ၊ တိရိစ္ဆာန်ချစ်သူများအတွက် Pet Parade လက်ဝတ်ရတနာများ၊ အထူးပွဲလမ်းသဘင်များ တွင်ဝတ်ဆင်နိုင်သည့် The Moments လက်ဝတ်ရတနာ ကဲ့သို့ သော အလားအလာရှိသည့်ဈေးကွက် များအတွက် ပြပွဲများလည်းပါဝင်မည်ဖြစ်ပါသည်။ ၄င်းပြင် Swarovski Gemstones မှပြသမည့် Gems Vision 2017 Showcase အစီအစဉ်၊ ကမ္ဘာတလွှားရှိ ၀ယ်ယ်ူသူနှင့် ရောင်းချသူများအတွက် တူညီသည့်စီးပွားရေးလုပ်ငန်းများချိတ်ဆက်သည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

"Niche (စီးပွားရေးအခွင့်အလမ်းကောင်း) ဈေးကွက်တွေက လုပ်ငန်းကြီးဖွံ့ ဖြိုးကြီးထွားစေဖို့ အတွက် အဓိက အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ထိုင်းနိုင်ငံက ဒီလို တမူထူးခြားတဲ့ထုတ်ကုန် ပစ္စည်းတွေကို ပိုပြီးကြော်ငြာဖို့  အတွက် စူးစိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပမာ၊ တရုတ်၊ ဟောင်ကောင်နဲ့  မလေးရှားလို နိုင်ငံမျိုးတွေမှာ အရမ်းလူကြိုက်များတဲ့ အဆောင်လက်ဝတ်ရတနာတွေနဲ့ ဆိုင်တဲ့ ပြပွဲ ကျင်းပပေးတာမျိုးဖြစ်ပါတယ်" ဟု Choklumlerd ဆိုပါသည်။

ဆိုင်ခန်းပေါင်း ၂၃၁၃ ခန်းရှိခဲ့သည့် ၅၇ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာ ပြပွဲကြီးသည် နိုင်ငံရပ်ခြားမှပါဝင်ပြသသူ ၈၉ ဦးအပါအ၀င် ပြပွဲပြသသူ ၇၈၆ ဦး နှင့် နိုင်ငံပေါင်း ၁၆၀ မှ ဧည့်ပရိသတ်ပေါင်း ၂၂၁၄၀ ဦးတို့ ၏စိတ်ကို ညှို့ ယူဖမ်းစားနိုင်ခဲ့ပါသည်။ လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ပြပွဲကြီးသည် ယခင်ထက်ပိုမိုအောင်မြင်သည့် ပွဲကြီးတစ်ပွဲဖြစ်လိမ့်မည်ကြောင်း Choklumlerd ပြောဆိုပါသည်။

၎င်းမှ "အော်ဒါမှာယူတဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၂၈ မီလီယံ (ထိုင်းဘတ် ၁၅ ဘီလီယံ) ရှိမယ် လို့  မျှော်လင့်ထားပြီး၊ နိုင်ငံရပ်ခြားကနေလာပြီးပြသသူတွေရဲ့ ဆိုင်ခန်းက ပြီးခဲ့တဲ့နှစ်ကထက် ၃၀% ပို လာဖို့ ခန့်  မှန်းထားပါတယ်။ ပြပွဲကြီးကိုလာရောက်လည်ပတ်ကြည့်ရှုတဲ့ ဧည့်ပရိသတ်ပေါင်း ၃၀၀၀၀ လောက်ရှိမယ်လို့  လည်းမျှော်မှန်းထားပါတယ်" ဟုဆိုပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းအချက်အလက်များကို ရယူဖော်ပြပါသည်။ ပြပွဲကြီးနှင့် ပတ်သက် ၍ ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ ဖုန်းနံပါတ် +66 2507 8392-3 သို့ ဆက်သွယ်မေးမြန်းခြင်း၊ သို့ မဟုတ် အီးမေး This email address is being protected from spambots. You need JavaScript enabled to view it. သို့ ရေးသားမေးမြန်းခြင်းများပြုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

387960