Issue 56

ဘန်ကောက်၏ အကြီးမားဆုံးကုန်စည်ပြပွဲကြီး ၌ မိမိတို့ ၏နောက်ဆုံးပေါ်ဖန်တီးမှုလက်ရာများကို ဖော်ထုတ်ပြသ ရန်အတွက် ဒီဇိုင်နာများ နှင့် လိုက်ဖ်စတိုင် ဘရန်းများ (lifestyle brands) မှ အသင့်ဖြစ်နေကြပြီဖြစ်ပါသည်။

အောက်တိုဘာလတွင် ကျင်းပမည့် ၄၂ ကြိမ်မြောက် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လက်ဆောင် ပစ္စည်းများ ပြပွဲ နှင့် အပြည်ပြည်ဆိုင်ရာ အိမ်သုံး ပစ္စည်းများပြပွဲ (42nd Bangkok International Gift Fair and Bangkok International Houseware Fair (BIG+BIH)) တွင် အိမ်မွေးတိရိစ္ဆာန်လေးများနှင့် ဖျတ်လတ် တက်ကြွလျက်ရှိကြသော စီနီယာများအတွက် လိုက်ဖ်စတိုင် ပစ္စည်းများ နှင့် Thai wellness ပစ္စည်းများအား ထိပ်တန်းနေရာတွင် ပြသထားရှိသွားမည်ဖြစ်ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်း လိုက်ဖ်စတိုင်ပစ္စည်းတွေက လူတွေရဲ့  ကျယ်ကျယ်ပြန့် ပြန့်  အသိအမှတ်ပြုတာကိုခံရသလို၊ သူတို့ ရဲ့ ကောင်းမွန်တဲ့ အရည်အသွေး၊ ဆန်းသစ်မှု၊ လှပ သေသပ်မှု နဲ့ လက်မှုအနုလက်ရာတွေကြောင့် နိုင်ငံတကာဈေးကွက်တွေမှာနေရာဝင်ဆံ့ပါတယ်။ ဒီနှစ်မှာ ကျွန်မတို့ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ၊ ဖျတ်လတ်တက်ကြွတုန်းရှိကြတဲ့ စီနီယာကြီးတွေ (အသက် ၆၀+ အရွယ်ရှိလူများ) နဲ့  ဟိုတယ်နဲ့ စပါဆိုင်ရာ ပစ္စည်းတွေကို ဦးစားပေးပါမယ်။ ဘာကြောင့်ဆိုရင် ဒီကဏ္ဍတွေက အလားအလာကောင်းမွန်နေပြီး၊ ၀ယ်လိုအားလည်းမြင့်တက်လာသလို တိုးတက်ကြီးပွားလာတာကိုလည်းတွေ့ မြင်ခဲ့ရလို့ ပါ" ဟုဆိုပါသည်။

၎င်းမှ "ထိုင်းနိုင်ငံက လက်ဆောင်ပစ္စည်းတွေ (gifts)၊ အိမ်သုံးပစ္စည်းတွေနဲ့ လိုက်ဖ်စတိုင်ထုတ်ကုန်တွေ ထုတ်လုပ်တာနဲ့ တင်ပို့ ရောင်းချတဲ့ ကဏ္ဍတွေမှာ ဒေသကြီးရဲ့ အဓိကအချက်အချာကျတဲ့နေရာဖြစ်လာလိမ့်မယ် လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင်၊ ထိုင်းနိုင်ငံက တစ်ကမ္ဘာလုံးမှာရှိတဲ့ ၀ယ်ယူသူတွေက ထိုင်းနိုင်ငံက ပစ္စည်းထုတ်လုပ်သူတွေ၊ တင်ပို့ ရောင်းချသူတွေနဲ့ တွေ့ ဆုံပြီး၊ စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မယ့် ပလက်ဖောင်းစင်မြင့်ကြီးဖြစ်လာမယ်လို့ လည်းမျှော်လင့်ပါတယ်" ဟု ဖြည့်စွက်ပြောကြားပါသည်။

ဘန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ပြခန်း စင်တာ (Bangkok International Trade & Exhibition Centre (BITEC)) ကြီး ၌ အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့ အထိပြုလုပ်ကျင်းပမည့် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လက်ဆောင် ပစ္စည်းများ ပြပွဲ နှင့် အပြည်ပြည်ဆိုင်ရာ အိမ်သုံး ပစ္စည်းများပြပွဲ (BIG+BIH) တွင် ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြားမှ ပစ္စည်းများ ပြသမည့်သူ ၆၀၀ နီးပါးမှ ဆိုင်ခန်းပေါင်း ၁၆၀၀ ဖြင့် လိုက်ဖ်စတိုင်ဆိုင်ရာ ပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။ ပြပွဲတွင်ပါဝင်ပြသမည့်သူများသည် ၄င်းတို့ ၏အရည်အသွေး ကောင်းမွန်သည့်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ၀ယ်ယူသူများနှင့် ပြည်သူလူထုများ အတွက် ပြသပေးသွား မည်ဖြစ်ပါသည်။ ပြပွဲကြီး၌ (ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု- One Tambon One Product) ဆိုသည့် OTOP ၏ထိပ်တန်းပစ္စည်းများပြပွဲ၊ ဆုရရှိထားသော ထုတ်ကုန်ပစ္စည်းများကို ပြသထားမည့် DEmark နှင့် Talent Thai ၂၀၁၆ ခုနှစ် ဇုံများ နှင့် ဖူးငုံပွင့်လန်းလာနေသည့် လုပ်ငန်းများ အတွက် ထုတ်ကုန် ပစ္စည်းဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာအကြံဥာဏ်ပေးခြင်း စသည့် အစီအစဉ် အများအပြား ပါဝင်မည် ဖြစ်သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော BIG+BIH ကြီးတွင် ထိုင်း၊ အင်ဒိုနီးရှား၊ ရုရှား၊ ထိုင်ဝမ်၊ ဂျပန်၊ ဗီယက်နမ်၊ ယူကေ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာ အစရှိသည့်နိုင်ငံများမှ ပြသသူ ၄၈၉ ဦးသည် ဆိုင်ခန်းပေါင်း ၁,၃၅၃ ခန်းဖြင့် ၄င်းတို့ ၏ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ ပြပွဲကြီး သို့  ကမ္ဘာ အရပ်ရပ်မှ ဧည့်သည်ပေါင်း ၅၇,၀၀၀ ကျော် လ်ာရောက်လေ့လာကြည့်ရှုဝယ်ယူခဲ့ကြပြီး၊ ငါးရက်တာ ပြပွဲကာလအတွင်း အမေရိကန်ဒေါ်လာ ၃၇.၆၆ မီလီယံ (ထိုင်းဘတ် ၁.၃၂ ဘီလီယံ) တန်ဖိုးရှိကုန်မှာစာများကို လက်ခံရရှိခဲ့ကြပါသည်။

ယခုနှစ်တွင် ပြုလုပ်ကျင်းပမည့်ပြပွဲကြီးသည် ယခင်နှစ်ထက်ပိုမိုကြီးကျယ်ခမ်းနားရန် Choklumlerd မှမျှော်လင့် နေပါသည်။

၎င်းမှ "ဒီ အောက်တိုဘာလမှာလုပ်မဲ့ပွဲကို ဧည့်ပရိသတ် ၅၈,၀၀၀ ကျော်လာရောက်ကြည့်ရှုဖို့ အတွက် ခန့် မှန်း ထားပြီး ကုန်မှာယူတဲ့တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉.၄၂ မီလီယံ (ထိုင်းဘတ် ၁.၃၈ ဘီလီယံ) ရဖို့ အတွက် မျှော်မှန်းထားပါတယ်" ဟုဆိုပါသည်။

၂၀၁၆ ခုနှစ်တွင် လိုက်ဖ်စတိုင်ကုန်ပစ္စည်းများတင်ပို့ ရောင်းချရသည့် ရာခိုင်နှုန်းသည် ယခင်နှစ်မှထက် ၅ % တိုးတက်လာပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၉၂ ဘီလီယံသို့ ရောက်ရှိ မည်ဖြစ်ကြောင်း၊ တစ်ချိန် တည်းမှာပင် လက်ဆောင်ပစ္စည်းများ (gifts) နှင့် အိမ်သုံးပစ္စည်းများ တင်ပို့ ရောင်းချခြင်းသည်လည်း ယခင်နှစ် ထက် ၅% တိုးတက်လာပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၀ မီလီယံ သို့ ရောက်ရှိမည်ကြောင်း

ကုန်သွယ်ရေးဝန်ကြီးငှာနမှ ကြိုတင်ခန့် မှန်းပြောဆိုထားပါသည်။ ဤကုန်ပစ္စည်းများကို အများဆုံးတင်ပို့  ရောင်းချနေသည့် ထိပ်တန်းဈေးကွက် ၁၀ နိုင်ငံမှာ ယူအက်စ်၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ ယူကေ၊ ဂျာမနီ၊ မလေးရှား၊ ဗီယက်နမ်၊ မက္ကဆီကို နှင့် တောင်ကိုရီးယားနိုင်ငံများဖြစ်ကြပါသည်။ သို့ သော်၊ ထိုင်းစီးပွားရေး လုပ်ငန်းများသည် ၄င်းတို့ ၏ဦးတည်ရှေးရှုရာလမ်းကြောင်းကို ပြောင်းလဲသင့်သည်ဟု Choklumlerd မှဆိုသည်။

၎င်းမှ "အာဆီယံနိုင်ငံတွေနဲ့ အရှေ့ အလယ်ပိုင်းဒေသနိုင်ငံတွေက အလားအလာကောင်းမွန်တဲ့ အိတ်စ်ပို့  ဈေးကွက်တွေဖြစ်တဲ့အတွက် ရှေ့ လျှောက် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ရယူရမဲ့နိုင်ငံတွေပါ" ဟု ဆိုပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းများအားရယူရေးသားဖော်ပြပါသည်။ ပြပွဲကြီးနှင့် ပတ်သက် ၍ ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ http://oct2016.bigandbih.com အားဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

368477