Joining the Dots

Issue 51

ယနေ့ စီးပွားရေး ကမ္ဘာကြီးတွင် ကုမ္ပဏီများသည် မှန်ကန်သင့်လျော်သည့်ဆော့ဖ်ဝဲအဖြေရှာခြင်းများတွင် အပေါ်တွင် ပိုမိုတိုးတက်မှီခိုလာကြပါသည်။

ခိုင်မာအားကောင်းစွာ ဖွံ့ ဖြိုးကြီးထွားလာသည့် ထိုင်းနိုင်ငံ၏အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (SME) ကဏ္ဍနှင့်အတူ ရုံး၏ပင်မကျောရိုး စနစ်များ (back-office systems) ကို ပံ့ပိုးကူညီနိုင်ပေးမည့် စမတ် နှင့် မဆိုင်းမတွတုံ့ ပြန်မှုပေးနိုင်မည့် ဆော့ဖ်ဝဲများ၏အခန်းကဏ္ဍသည်လည်း ပိုမိုအရေးပါလာကြပါသည်။ ထိုသို့ သောအကြောင်းကြောင့် EWORKS ပေါ်ပေါက်ဝင်ရောက်လာရခြင်းဖြစ်ပါသည်။

၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် EWORKS အား ဘန်ကောက်ဆော့ဖ်ဝဲပုံဖော်ဖန်တီးရောင်းချရေး ကုမ္ပဏီ (a boutique Bangkok software development company) တစ်ခုအဖြစ်စတင်ခဲ့ခြင်းဖြစ်ပါသည်။ SME လုပ်ငန်းများအတွက် စီးပွားစီးမံခန့် ခွဲရေးဖြေရှင်းနည်း (business management solutions) ဆိုင်ရာ ဆော့ဖ်ဝဲများအား ဖန်တီးပေးခဲ့ပါသည်။

EWORKS Consultants ၏မန်းနေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Gautam Ganguly မှ "ကျွန်တော်တို့ ရဲ့  ကျွမ်းကျင်မှုအရည်အချင်းတွေနဲ့  ဖြစ်နိုင်တဲ့နယ်ပယ်အားလုံးအတွက် ပြီးပြည့်စုံတဲ့ ဆော့ဖ်ဝဲစနစ်ကို ဖန်တီး ပေးပါတယ်" ဟုဆိုပါသည်။ နယ်ပယ်တစ်ခုအား ဥပမာအနေဖြင့်ဖော်ပြရပါလျှင် ဖျော်ဖြေရေးပန်းခြံများအတွက် Tour Plus ကဲ့သို့ သော စီမံခန့် ခွဲရေးစနစ်များကို ဖန်တီးပေးခြင်းပင်ဖြစ်ပါသည်။

၎င်းမှ "Tour Plus က ဖျော်ဖြေရေးပန်းခြံစီမံခန့် ခွဲရေ့းအခက်အခဲတွေအတွက် အဖြေဖြစ်ပါတယ်။ အဲဒါကို ဧည့်သည်စီမံခန့် ခွဲရေးကိရိယာအဖြစ်နဲ့ စတင်ခဲ့ပြီး၊ အခုမှာတော့ ဘွတ်ကင်၊ ဧည့်သည်၊ ခရီးသွား ကိုယ်စား လှယ် တွေနဲ့ B2B အရောင်း ကန်ထရိုက်၊ front desk နဲ့  F&B စတဲ့စီမံခန့် ခွဲရေးတွေပါ ပါပါတယ်။ နောက်ပြီး ပါချေ့ စ်အော်ဒါ (purchase order) နည်းတွေဖြစ်တဲ့ ဘားကုတ်ဖတ်တာတွေနဲ့ စကန်ဖတ်တာတွေ၊ လက်ခံ ပရင်တာတွေ (receipt printers)နဲ့ အခြားအရာတွေကိုလည်း ပေါင်းစပ်ပြီးပြည့်စုံစေပါတယ်" ဟုဆိုပါသည်။ ဖစေလတီ (facility) မျိုးစုံပါဝင်သည့် ဖျော်ဖြေရေးစင်တာ၊ ဂေါက်ကွင်း၊ စပါ၊ ဘိုးလင်းကစားရန်လမ်းကြောင်း များ သို့ မဟုတ် ပိုမိုသေးငယ်သည့် ဖျော်ဖြေရေးစင်တာများ အတွက်လည်း ဆော့ဖ်ဝဲအား လိုက်လျောညီထွေမှု ရှိ စေရန်အတွက် ပြင်ဆင်အသုံးပြုနိုင်ကြောင်းလည်း ၄င်းမှဖြည့်စွက်ပြောဆိုပါသည်။

 

Ganguly မှ ထိုင်းလူမျိုးများသည် စီးပွားရေး ၌ စွန့် စားလိုစိတ်ပြင်းထန်ကြသည်ဟုယုံကြည်သည်။ "သူတို့ တွေ ကငွေရေးကြေးရေး လွတ်လပ်မှုကို နှစ်သက်ကြတယ်။ ကော်ဖီဆိုင် လိုမျိုးသေးငယ်တဲ့စီးပွားရေး ဒါမှမဟုတ် သွင်းကုန်-ပို့ ကုန် ကုမ္ပဏီ ဒါမှမဟုတ် အပန်းဖြေစရာအမျိုးမျိုးစုပေါင်းတည်ရှိတဲ့နေရာလိုမျိုး ပိုပြီးကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်နေပါစေ အခွင့်အလမ်းမြင်ရင် စွန့် စားဖို့ အတွက်လည်း နောက်မတွန့် ကြဘူး" ဟု ၄င်းမှဆိုပါသည်။ EWORKS ၏ ပစ္စည်းများသည် ထိုင်းလုပ်ငန်းရှင်များအားအောင်မြင်စေရန်ပံ့ပိုးကူညီပေး ပါသည်။

EWORKS ၏ နောက်ထပ်ပစ္စည်းမှာ SME များအတွက် ဒီဇိုင်းထွင်ထားသည့် Billing Lite ဆော့ဖ်ဝဲဖြစ်ပါသည်။ "အဲဒါက အင်တာနက်အခြေပြု လုပ်ငန်းရင်းမြစ်စီမံခန့် ခွဲတဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေထဲကို အ၀ယ်၊ အရောင်း၊ (ပစ္စည်း) စာရင်းအသေးစိတ်၊ ငွေစာရင်းနဲ့ ငွေပေးချေတဲ့ စနစ် တွေကို ပေါင်းစပ်နိုင်ပြီး၊ အခြားလိုအပ်တဲ့အရာတွေကိုလည်းဖြည့်စွက်နိုင်ဖို့ အတွက် ဒီဇိုင်းထွင်ဖန်တီးထားပါ တယ်" ဟု၎င်းမှဆိုပါသည်။

ကုမ္ပဏီ၏ဖောက်သည်များတွင် ထိုင်းနိုင်ငံရှိ Dream World နှင့် Siam Niramitre၊ အင်ဒိုနီးရှားနိုင်ငံရှိ Ancol Dreamland အပါအ၀င် အများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ ကဏ္ဍများမှဖောက်သည်များပါဝင်ကြပါသည်။

သဘောသဘာဝအရ အိုင်တီလုပ်ငန်းသည် အလွန်မှပင်ပြောင်းလဲမှုမြန်ဆန်သည့်အတွက် လူများမှလည်း စဉ်ဆက်မပြတ်လေ့လာနေရန်လိုအပ်ပြီး တိုးတက်မှုရှိစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရန်လိုအပ်သည် ဟု Ganguly မှလက်ခံယုံကြည်ထားပါသည်။

၎င်းမှ "ကိုယ်ပိုင်တိုးတက်မှုက ဖန်တီးမှုတွေ ဒါမှမဟုတ် နည်းပညာတွေထက်ကို ပိုပြီးအရေးကြီးပါတယ်။ ကိုယ့်ဆီမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဆော့ဖ်ဝဲရှိနေသည့်တိုင် ကိုယ့်ဖောက်သည်တွေနဲ့ ဘယ်လို ဆက်သွယ် ပြောဆိုရမလဲ၊ ဒါမှမဟုတ် ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမဲ့ ပစ္စည်းတွေကို ဘယ်လိုကမ်းလှမ်း ရမလဲဆိုတာကို နားမလည်းထားဘူးဆိုရင် ကိုယ့်ရဲ့ စီးပွားရေးဆွေးနွေးညှိနှိုင်းမှုတွေက အောင်မြင်မှာ မဟုတ်ပါဘူး" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.eworkscorp.net အားလေ့လာဖတ်ရှုပါ။

Natthinee Ratanaprasidhi မှရေးသားတင်ဆက်သည်။

 

 

 

Issue 50

DITP သည် ၂၀၁၁ ခုနှစ်မှ စတင် ၍ ထိုင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အီး-ကုန်သွယ်ရေးအား စတင်တည်ထောင်အားပေးကူညီခဲ့သည်။ ယခုနှစ်တွင် Thaitrade.com သည်၎င်း၏စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းမှုကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာ တယ်လီကွန်မြူနကေးရှင်းယူနီယံ (United Nation's International Telecommunication Union (ITU)) မှပေးအပ်ချီးမြင့်သော ဂုဏ်မြင့်သည့် WSIS 2016 Prize ဆုအားရရှိခဲ့ပါသည်။

အီး-ကုန်သွယ်ရေးကဏ္ဍသည် တိုးတက်အောင်မြင် လာလျက်ရှိနေပါသည်။ ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ အီး-ကုန် သွယ်ရေး ဈေးကွက်၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၈.၄ ဘီလီယံကျော်ရှိနေသည်။ Accenture and AliResearch ၏ပြောကြားချက်အရ၊ ဖောက်သည်များဆီသို့ အရောက်သွားမည့်စီးပွားရေး (Business to Customer (B2C)) ၏ ကမ္ဘာအနှံ့ ကုန်သွယ်မှုတန်ဖိုးသည် လူသန်းပေါင်း ၉၀၀ ကျော်မှ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို အင်တာနက်အသုံးပြုဝယ်ယူချိန်ရောက်မည့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ထြီလျံ တန်ဖိုးရှိလာမည် ဖြစ်ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီနေ့  အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (SME) က ဒီဒစ်ဂျစ်တယ်ရာစုမှာ စီးပွားရေးလုပ်ငန်းတွေအံဝင်ခွင်ကျလုပ်နိုင်ဖို့ အတွက် မရေမတွက်နိုင်တဲ့ စိန်ခေါ်မှု တွေကိုရင်ဆိုင်ကြရတယ်" ဟုဆိုပါသည်။

DITP သည် ၂၀၁၁ ခုနှစ်မှစတင်၍ SME လုပ်ငန်းများ အွန်လိုင်းကုန်သွယ်ရေးပြုလုပ်နိုင်ရန်အတွက် Thaitrade.com အား အားပေးကူညီခဲ့သည်။ ထူးခြားသည့် ဆောင်ရွက်မှုမှာ Thaitrade.com ၏ စမတ် အွန်လိုင်း SME (Smart Online SMEs (S.O.S.)) ပရောဂျက်ပင်ဖြစ်ပါသည်။ ၄င်းမှ သတင်းအချက်အလက် လူ့ အဖွဲ့ အစည်း ဆိုင်ရာထိပ်တန်းညီလာခံ (World Summit on the Information Society (WSIS Prize 2016)) ဆုအား Capacity Building (စွမ်းအားတည်ဆောက်ခြင်း) ဆိုသောခေါင်းစဉ်အောက်၌ မေလ ၃ ရက်နေ့ ကဆွတ်ခူးရရှိ ခဲ့ပါသည်။ S.O.S. စီမံကိန်း ပရောဂျက်တွင် ပစ္စည်း ၀ယ်ယူသုံးစွဲသူဖောက်သည်များအား ပိုမိုဆွဲဆောင်နိုင်ရန် အတွက် ဓာတ်ပုံပညာအား အသုံးချခြင်းနှင့် အကြောင်းအရာများရှင်းလင်းရေးသားခြင်း၊ တစ်ဦးချင်းအလိုက်ဆွေးနွေး အကြံဥာဏ်များ ပေးအပ်သည့်ကဏ္ဍများ နှင့် search engine (ရှာဖွေရေးအင်ဂျင်) များအားအသုံးပြု ၍ အွန်လိုင်း ဈေးကွက်ရှာဖွေနည်း စသည်တို့ ကဲ့သို့ သော ခေါင်းစဉ်များဖြင့် ထိုင်းနိုင်ငံအနှံ့ နှီးနှောဖလှယ်ပွဲ (seminar) စဉ်များ ပြုလုပ်ကျင်းပခြင်းများပါဝင်သည်။

Choklumlerd မှ "S.O.S. ပရောဂျက်ကနေ WSIS Prize ကိုဆွတ်ခူးရရှိတဲ့ အဓိကအရေးပါတဲ့ အချက်ကတော့ စားသုံးသူတွေရဲ့ အမူအကျင့်တွေ နဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ရှုခင်းပြင်ကြီးရဲ့ နည်းပညာသစ်တွေကို အမြဲသိရှိနေအောင်ကြိုးပမ်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို SME လုပ်ငန်းတွေသိရှိအောင် လုပ်ဆောင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်" ဟုဆိုပါသည်။

ထို့ အပြင်၊ DITP မှ အခြားလုပ်ငန်းများ၏အကျိုးအမြတ် အတွက် အောင်မြင်မှုများရရှိနေသည့် SME လုပ်ငန်းများ အား အခြေအနေသုံးသပ်လေ့လာခြင်း (case studies) အတွက်ပါဝင်ကြပါရန်တိုက်တွန်းအားနေပါသည်။ သူမမှ "အောင်မြင်မှုတွေရရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အတွေ့ အကြုံတွေက ကျွန်မတို့ ပရောဂျက်မျာ ပါဝင်နေတဲ့ သူတွေအတွက် တွန်းအားဖြစ်စေပါတယ်။ သူတို့ တွေရဲ့ အောင်မြင်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ခဲ့တဲ့ ကျွန်မတို့ တွေကို ကျေးဇူးတင်ကြောင်းရေးသားထားတဲ့ စာအများကြီးကိုလည်း လက်ခံရရှိထားပါတယ်" ဟုဆို ပါသည်။

S.O.S သည် ထိုင်းကုမ္ပဏီပေါင်း ၁,၁၅၆ ခုအတွက် အွန်လိုင်းကုန်သွယ်ရေး လုပ်ကိုင်နိုင်မည့် ကူညီမှုများကို ပေးအပ် ပြီးဖြစ်ပါသည်။ စစ်တမ်းအရ နှီးနှောဖလှယ်ပွဲများမှ ရရှိသည့် အသိပညာနှင့်ကျွမ်းကျင်မှုများသည် ၄င်းတို့ ကို ပို့ ကုန် လုပ်ငန်းအား ပိုမိုတိုးတက်ဆောင်ရွက်စေနိုင်ကြောင်း SME လုပ်ငန်းများမှ ဖော်ပြပါသည်။ Thaitrade.com မှတဆင့် ၄င်းတို့ ၏ပထမဦးဆုံးသော ပို့ ကုန် ကုန်မှာစာများလက်ခံရရှိကြောင်း အများစုမှပြောဆိုပါသည်။

Thaitrade.com သည်ကနဦး ၌ပင် SME လုပ်ငန်းများအတွက် ဓာတ်ပုံပညာနှင့်ပါဝင်သည့်အကြောင်းအရာများအား အသုံးပြုခြင်းဖြင့် ဆိုက်ဒ်အင်ဂျင်အား အကောင်းဆုံးဖြစ်စေခြင်း၊ ၀က်ဘ်ဆိုက်တွင် အောင်မြင်မှုဆိုင်ရာပုံပြင်များ နှင့် အောင်လံတံခွန် ခေါင်းစီးစာတန်းများအား အသုံးပြုခြင်း နှင့် B2C ဖောက်သည်များဆီသို့ အရောက်သွားမည့် စီးပွားရေး၏ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် အားပေးတိုက်တွန်းခြင်း စသည့် နယ်ပယ်သုံးခုအတွက် အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားပါသည်။ ဥပမာ အဖြစ် ဖော်ပြရပါလျင် SOOK (Small Order OK - သေးငယ်သည့်ကုန်အမှာစာအတွက် အိုကေ) ဖြစ်ပါသည်။ မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို ရောင်းချသူများနှင့်ဝယ်ယူသူများအားအဆင်ပြေစေမည့် အီး - ကုန်သွယ် ရေး ၏ ပြီးပြည့်စုံသော ဖြေရှာနည်းပင်ဖြစ်ပါသည်။ ၄င်းအား ၂၀၁၆ ခုနှစ် သြဂုတ်လတွင် စတင်သွားရန် စီစဉ်ထား ပါသည်။

"ကျွန်မတို့ ကထိုင်းSMEလုပ်ငန်းတွေအတွက်ကွန်ယက်ဖန်တီးပေးနိုင်ဖို့ ဂူဂဲလ်၊အလီဘာဘာ၊ပေပယ်လ်နဲ့ အမေဇုံတို့ လိုမျိုး အပြည်ပြည်ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုအဖွဲ့ အစည်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေ ထူထောင် နိုင်ဖို့ အတွက် ဦးတည်ဆောင်ရွက်နေပါတယ်" ဟု Choklumlerd မှဆိုသည်။

DITP အရ၊ Thaitrade.com တွင် ကုန်ပစ္စည်းအမျိုးပေါင်း ၂၄၀,၈၂၅ မျိုးရောင်းချနေသည့် ဆိုင်ပေါင်း ၁၈,၃၅၈ ဆိုင် ရှိကြောင်းသိရပါသည်။ နိုင်ငံပေါင်း ၂၃၇ နိုင်ငံမှ ၀င်ရောက်ကြည့်ရှုသူပေါင်း ၁၈,၅၃၃,၂၉၉ ဦးရှိပြီး ခိုင်မာသည့် ကုန်အမှာစာ ၉၇,၆၇၆ စောင် အားရရှိပြီးဖြစ်ပါသည်။ အစားအသောက်နှင့်အဖျော်ယမကာများ၊ အ၀တ်အထည်နှင့် အလှကုန်ပစ္စည်းများ သည် လူကြိုက်အများဆုံး ကုန်ပစ္စည်းများဖြစ်ကြပြီး အများဆုံးဝယ်ယူအားပေးကြသူများမှာ အိန္ဒိယံ (၁၄%)၊ တရုတ် (၇%)၊ ဗီယက်နမ် (၄%)၊ အမေရိကန် (၃%) နှင့် ပါကစ္စတန် (၂%) နိုင်ငံများမှ ဖြစ်ကြ ပါသည်။

ထို့ ပြင်၊ DITP သည် ၂၀၁၁ ခုနှစ်မှ စတင်၍ စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၁၂ ခုအတွက် စီးပွားရေးလုပ်ငန်း လိုက်ဖက်ညီ ကိုက်ညှိသည့် (business matching) ဆောင်ရွက်မှုများကို စီစဉ်ကျင်းပပေးပြီး ကုန်သွယ်မှုမှ ထိုင်းဘတ်ငွေ ၁.၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၄ သန်း) အားရရှိပြီးဖြစ်ပါသည်။

DITP ၏စဉ်ဆက်မပြတ်အားပေးကူညီမှုဖြင့် ထိုင်းနိုင်ငံ၏ SME လုပ်ငန်းများသည် နှစ်ပေါင်းများစွာတိုင် အီး-ကုန်သွယ်ရေးဆိုသည့် ကံကောင်းခြင်းလက်ဆောင်မှ အကျိုးအမြတ်များရရှိနေဦးမည်ဖြစ်ပါတော့သည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

Issue 48

Pranda အဖွဲ့ ပိုင်ရှင်မှ ထိုင်းနိုင်ငံ၏ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းတွင် တောက်ပသည့်အနာဂတ်ရှိနေ ပြီး အဓိက၀ယ်ယူသူများကိုဆွဲဆောင်နိုင်ရန် ပိုမိုအားစိုက်ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ယူဆပါသည်။

ထိုင်းနိုင်ငံ ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်း၏ အားမှာ ကမ္ဘာအနှံ့ ရှိ ရင်းမြစ်များမှထွက်ရှိလာသော အရည်အသွေး ပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများကို တင်ပို့ ရောင်းချနိုင်ခြင်းနှင့် မတူညီကွဲပြားသည့် ၀ယ်ယူသူများ ၏အကြိုက်နှင့်ထပ်တူကျစေမည့် ကျယ်ပြောလှသည့် ဒီဇိုင်းပုံစံများဖန်တီးနိုင်ခြင်းပေါ်တွင် မူတည်နေပါသည်။ ဤ သည်မှာ Pranda Group ပိုင်ရှင် Prida Tiasuwan ၏အတွေးအမြင်ပင်ဖြစ်ပါသည်။

၎င်းမှ "ကျွန်တော်လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကစပြီး ကျောက်မျက်တွေကို ဖြတ်တဲ့သွေးတဲ့ ထိုင်းလက်မှုပညာက အရမ်းကိုကောင်းမွန်တယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ နောက်ပြီး ကျွန်တော်ကအဲဒီကျောက်မျက်တွေရဲ့  တန်ဖိုး ပိုတက်လာအောင်လုပ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ လည်းတွေးမိတယ်။ ဒါကြောင့်၊ လက်ဝတ်ရတနာ တွေကို ထုတ်လုပ်ဖို့ အတွက် ကျွန်တော်စက်ရုံတစ်ရုံစထောင်ခဲ့တယ်" ဟုဆိုပါသည်။

လက်ရှိတွင် Pranda Group သည် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများရှိ စက်ရုံများ မှ တစ်နှစ် လျှင် လက်ဝတ်ရတနာအမျိုးပေါင်း ၁၀ သန်း ထုတ်လုပ်နိုင်စွမ်းရှိနေပါသည်။ အဖွဲ့ ကြီးတွင် ပရိုင်မာဂိုးလ်ဒ် (Prima Gold)၊ ဂျူလီယာ (Julia) နှင့် မာရီ (Merii) အပါအ၀င် ကိုယ်ပိုင်အမှတ်တံဆိပ်များအားပိုင်ဆိုင်ထားပြီး အာရှနှင့် အရှေ့ အလယ်အပိုင်းဒေသများရှိ ဈေးကွက်များကိုထိုးဖောက်ဝင်ရောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေပါသည်။

Tiasuwan မှ "ကျွန်တော်တို့ က ပထမ-အလယ်အလတ်တန်းစား (upper-middle class) အတွက် ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းတွေကို ထုတ်လုပ်ရာမှာကျွမ်းကျင်တယ်။ Pranda ရဲ့ အဓိက ၀ယ်ယူသူဖောက်သည်တွေ က အမေရိကန်၊ အီးယူနဲ့ အာရှ ဒေသတွေကပါ။ နောက်ပြီး အာဆီယံတိုင်းပြည်တွေကလည်း ၀ယ်ယူမှုတွေမြင့် တက်လာတာကိုတွေ့ ရတယ်" ဟုဆိုပါသည်။

 

လောလောဆယ်တွင် ထိုင်းနိုင်ငံမှ ၄င်း၏အလေးသာမှုများကို ပို၍ အားဖြည့်ပေးသင့်ကြောင်း Tiasuwan မှယူဆ သည်။ ဥပမာ၊ ထိုင်းလက်ဝတ်ရတနာပြုလုပ်သူများအား ကမ္ဘာအနှံ့ ရှိ ကျောက်မျက်ရင်းမြစ်များကို စူးစမ်း လေ့လာ ရှာဖွေရေးနှင့် ကုန်ကြမ်းများကိုတိုင်းပြည်သို့ ပြန်လည်ယူဆောင်လာစေရေးတွင် အားပေးခြင်းဖြစ်သည်။

"ထိုင်းနိုင်ငံမှာ အရမ်းခိုင်မာအားကောင်းတဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာအစုအဝေးကြီးရှိနေတယ်။ ကျွန်တော် တို့ မှာ လက်ဝတ်ရတနာထုတ်ကုန်တွေရဲ့ အရည်အသွေးကိုအာမခံပေးနိုင်တဲ့ ကျောက်မျက်ကုန်သည်တွေ၊ ကျွမ်းကျင်လုပ်သားတွေ၊ လက်ဝတ်ရတနာဒီဇိုင်နာတွေနဲ့ အရည်အချင်းပြည့်မီ တဲ့ ဓာတ်ခွဲခန်းတွေ ရှိတယ်" ဟု Tiasuwan မှပြောဆိုပါသည်။

ဤအားများဖြင့် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်ရှိ အရေးအပါဆုံးသော ကျောက်မျက်နှင့်လက်ဝတ်ရတနာများ၏ဗဟို ဖြစ်သည့် ၄င်း၏နေရာအားဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း Pranda အားတည်ထောင်သူမှ ယုံကြည်နေ ပါသည်။

ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်ထိ Impact Muang Thong Thani တွင်ပြုလုပ်ကျင်းပခဲ့သည့် ၅၇ ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာပြပွဲကြီးတွင် ၀င်ရောက်ပြသသူ ၂,၆၀၀ မှခင်းကျင်းပြသ ထား သည့် ပစ္စည်းများအား ကမ္ဘာအနှံ့ ရှိ ဧည့်ပရိသတ်ပေါင်း ၃၀,၀၀၀ ကျော်မှ လေ့လာကြည့်ရှုခဲ့ကြပါသည်။ သို့ သော်၊ Tiasuwan မှ ၀ယ်ယူရန်အလားအလာရှိသည့်သူများကို တိုက်တွန်းအားပေးရာတွင် ယခုထက်ပိုမိုဆောင်ရွက်နိုင် ကြောင်းယုံကြည်သည်။

"Switzerland is a good example for a tradeshow like this," he says. "During the fair period [Basel world], it offers visa-free travel and duty-free for foreign visitors participating in the fair."

၎င်းမှ "ဆွစ်ဇာလန်က ဒီလိုကုန်စည်ပြပွဲကြီးတွေအတွက် ဥပမာကောင်းပါပဲ။ ပြပွဲအချိန်အခါထဲမှာဆိုရင် [ဘေဇယ်ကမ္ဘာ Basel world]၊ ပြပွဲမှာပါဝင်ပြသတဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့  အခွန် ကင်းလွတ်ခွင့်တွေပေးတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.pranda.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

Issue 49

AEC+3 တိုင်းပြည်များရှိ စီးပွားရေးတိုးတက်ကြီးပွားမှုနှင့်ဆိုင်သည့် အရင်းခံအကြောင်းရင်းများကို နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

AEC+3 စီးပွားရေးဖိုရမ် ၂၀၁၆ ခုနှစ်: ကြီးပွားတိုးတက်ရေးအတွက် စံနမူနာသစ်အား ပြန်လည်ပုံသွင်းဖော်ဆောင် ခြင်း တွင် အဓိကအရေးပါသည့် ပြောရေးဆိုခွင့်ရှိသူများနှင့် အကဲဖြတ်သူများမှ မတ်လတွင် AEC တိုင်းပြည်များ၊ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများမှ စီးပွားတိုးတက်ကြီးပွားရေးအား တိုးမြင့်ရန်အတွက် မည်သို့  မည်ပုံ အတူတကွဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြပါသည်။

ကာစီကော်န်ဘဏ် (Kasikorn Bank) နှင့် Financial Times တို့ ပူးတွဲကျင်းပသည့် ထို ဖိုရမ်အား ဘန်ကောက်ရှိ Plaza Athenee ၌ မတ်လ ၁၆ ရက်နေ့ ကပြုလုပ်ကျင်းပခဲ့ကြပါသည်။

၂၀၁၂ ခုနှစ်တွင် သန်း ၁၉၀ ရှိခဲ့သည့် အလယ်အလတ်လူတန်းစားဦးရေသည် သက္ကရာဇ် ၂၀၂၀ ခုနှစ်တွင် သန်း ၄၀၀ သို့ ရောက်ရှိလိမ့်မည် ဖြစ်ကြောင်း Nielsen ၏ခန့် မှန်းချက်အရ သိရှိရပါသည်။ ဤအကြောင်းချင်းရာသည် လူ့  အဖွဲ့ အစည်း စဉ်ဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားနေခြင်းအတွက် အဓိကတွန်းအားတစ်ခုဖြစ်ပါသည်။

ဖိုရမ် ၌ အဓိကပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သလို APEC စာရင်းမှတ်တမ်းစီမံရေးရုံး (APEC Secretariat) ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးလည်းဖြစ်သည့် Alan Bollard မှ "(အာဆီယံမှာ) ဖြစ်ပေါ်နေတဲ့ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုက အလွန်မှကိုကြီးမားပါတယ်။ အရမ်းအရေးပါတဲ့ပြောင်းလဲမှုအချိန်အခါပါ" ဟုဆိုပါသည်။

လုပ်အားခမှသည် စီးပွားရေးပုံစံများပြောင်းလဲခြင်းများအထိ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် ပြောင်းလဲဖြစ်ပေါ် နေသည့် အကြောင်းအရာအချို့ ကို Bollard မှပြောကြားခဲ့ပါသည်။

၎င်းမှ "ဒီဒေသထဲမှာ ကုန်သွယ်ရေးနဲ့ နယ်စပ်ဒေသတွေမှာရှိတဲ့ဝန်ဆောင်မှုကဏ္ဍတွေမှာ ကြီးမားတဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်။ ၀န်ဆောင်မှုစီးပွားရေးရဲ့ ဖွံ့ ဖြိုးတိုးတက်မှုက ကုန်စည်ကုန်သွယ်စီးပွားရေးရဲ့ ဖွံ့ ဖြိုးတိုးတက် မှု ထက်သာလွန်သွားလိမ့်မယ်" ဟုဆိုပါသည်။

Air Asia အုပ်စု စီအီးအို ဖြစ်သည့် Tony Fernandes သည် စားသုံးသူသန်းရာပေါင်းများစွာမှ အာဆီယံ ပြည်တွင်း ဖြစ် အမှတ် တံဆိပ်များကို ၀မ်းမြောက်ဝမ်းသာစွာ လက်ခံနိုင်ခြင်းနှင့်အတူ ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းများ သည် ဖွံ့  ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ရန်များစွာရှိနေသေးသည်ဟု ထင်မြင်သည်။

Fernandes မှ "အာဆီယံဈေးကွက်ထဲမှာ လူသန်းပေါင်း ၆၀၀ ရှိတယ်။ ဒါပေမယ့် ရှိနေတဲ့ အာဆီယံအမှတ်တံဆိပ် တွေကို လက်ချိုးရေတွက်လို့ တောင်ရနေတယ်။ ထိုင်းနိုင်ငံ ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံက ဒေသတွင်းဖြစ် (ပြည်တွင်းဖြစ်) အမှတ်တံဆိပ်တွေဖြစ်လာနိုင်မယ့် အလားအလာရှိတယ်" ဟုဆိုပါသည်။

ဖိုရမ် ၌ ဆွေးနွေးခဲ့ကြသည့် AEC+3 အတွက်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုအချို့ တွင် AEC တိုင်းပြည်များအတွင်း ယှဉ်ပြိုင်မှုကို တိုးမြှင့် ခြင်း၊ ဒေသတွင်း ရင်းမြစ်နှင့် လုပ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အီး-ကုန်သွယ်မှု နှင့် စီးပွားလုပ်ငန်းသစ်များ ကဲ့သို့ သော နည်းပညာဆိုင်ရာပြဿနာများပါဝင်ပါသည်။

၎င်းပြင်၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ရန်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံရှိ ပုဂ္ဂလိကနှင့် ပြည်သူပိုင် ကဏ္ဍနှစ်ရပ်လုံးမှ အဖွဲ့  အစည်း ၁၃ ဖွဲ့ တို့ သည် ထိုင်းနိုင်ငံ၌ ပထမအကြိမ်ပြုလုပ်ခဲ့သကဲ့သို့ AEC+3 နိုင်ငံများ တွင်းစီးပွားရေးအပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (AEC+3 multilateral business collaboration Memorandum of Understanding) အားလက်မှတ်ရေးထိုးခဲ့ကြပါသည်။

လက်မှတ်ရေးထိုးခဲ့ကြသည့်သူများတွင် ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံ၏ကုန်သွယ်ရေးဘုတ် အဖွဲ့  နာယက Isara Vongkusolkit၊ တရုတ်-အာဆီယံ စီးပွားရေးကောင်စီ၏ အမှုဆောင် ဥက္ကဌ Xu Ningning၊ တိုကျို ကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာငှာန ဂျီအမ် (GM) ဖြစ်သည့် Takeshi Akagi တို့  ပါဝင် ပါသည်။

ကုန်သွယ်ရေးမိတ်ဖက်များနှင့် မိတ်ဆက်ပေးခြင်း၊ နယ်စပ်ဒေသတစ်လျှောက် စီးပွားလုပ်ငန်း လိုက်ဖက်ကိုက်ညီ သည့် ဆောင်ရွက်မှုများကို အပြန်အလှန်ကူညီဆောင်ရွက်ပေးခြင်းများအပြင် သဘောတူညီမှုတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းများ၊ စီးပွားရေးဆိုင်ရာကိန်းဂဏာန်းအချက်အလက်များ မျှဝေခြင်းများလည်း အကျုံးဝင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

Issue 47

GIZTIX သည် ထိုင်း SME လုပ်ငန်းရှင်များအားအကျိုးပြုမည့် ယှဉ်ပြိုင်မှုများကို တိုးတက်လာစေသော ထောက်ပံ့ ပို့ ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းသစ်ဖြစ်ပါသည်။

ထိုင်း GIZTIX လုပ်ငန်းသစ်အား Sittisak Wongsomnuk၊ Sarawut Kittirattanasopha နှင့် Nattawut Hanpongkul တို့ မှ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ သုံးဦးစလုံးသည် အိုင်တီ ထောက်ပံ့ပို့ ဆောင် ရေးကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပါသည်။

ကနဦး စိတ်ကူးဥာဏ်သည် ၄င်းမိသားစု၏ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအား e-Logistics စနစ်သို့  ပြောင်းလဲလို သည့် Wongsomnuk ၏ရည်ရွယ်ချက်မှစတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ၀န်ဆောင်မှုစနစ်အား ၄င်းမိသားစု၏ စီးပွားရေး လုပ်ငန်းတွင် စမ်းသပ်ပြီးနောက်၊ စနစ်၏ ပိုမိုကြီးမားသည့် အလားအလာကောင်းကို တွေ့ မြင်လာခဲ့ပါသည်။

Wongsomnuk မှ "ကျွန်တော်တို့ ရဲ့ ထိုင်းနိုင်ငံမှာ အဓိကလုပ်ငန်းအခန်းကဏ္ဍတစ်ခုဖြစ်နေပေမဲ့ စက်မှုလုပ်ငန်း ပိုင်းဆိုင်ရာ ထောက်ပံ့ပို့ ဆောင်ရေး အစီအစဉ်တွေ မရှိသေးပါ ဘူး" ဟုဆိုပါသည်။

GIZTIX သည် သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုများကို ရောင်းဝယ်ရာဈေးဖြစ်သည်။ ၄င်း၏ အွန်လိုင်း ထောက်ပံ့ ပို့ ဆောင်ရေးဝန်ဆောင်မှုကြောင့် သင်္ဘောဖြင့်ကုန်များကို သယ်ယူပို့ ဆောင်ကြသူများမှ ဈေးနှုန်းများကို စစ်ဆေး နှိုင်းယှဉ်များပြုနိုင်ခြင်း နှင့် စက္ကန့် ပိုင်းအတွင်း၌ပင် အွန်လိုင်းတွင် ငွေပေးချေမှုများကို ပြုနိုင်ခြင်းများ ဆောင်ရွက် နိုင်ကြပါသည်။ Wongsomnuk မှ "ထိုင်းနိုင်ငံရဲ့ ထောက်ပံ့ပို့ ဆောင်ရေးစနစ်က e-Logistics စနစ် ဖြစ်သင့်တာ တင်မဟုတ်ပဲ ဖြစ်ကိုဖြစ်ရမှာ" ဟုဆိုပါသည်။

e-Logistics ပလက်ဖောင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရခြင်း၏ နောက်ကွယ်မှ အဓိကရည်ရွယ် ချက်မှာ ထိုင်း SME လုပ်ငန်းရှင်များ လွယ်လင့်တကူအသုံးပြုနိုင်မည့် အက်ပလီကေးရှင်းရရှိနိုင်ရန်အတွက် ပံ့ပိုး ကူညီလိုခြင်းဖြစ်ပါသည်။ GIZTIX ၏အဖွဲ့ ဝင်များသည် အခမဲ့ e-commerce (အီး- ကုန်သွယ် ရေး) ၀က်ဘ်ဆိုက်ဒ်ကို အသုံးပြုနိုင်သကဲ့သို့ ပေါက်ဈေးများကို လွယ်လင့်တကူသတ်မှတ်နိုင်မည့် အက်ပလီကေး ရှင်းကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အရေးကြီးသည်မှာ ဈေးဖြစ်နေသည့်အတွက် ကုမ္ပဏီမှ အဖွဲ့ ဝင်များ အတွက် ၀န်ဆောင်ခ တစ်ကြိမ်မျှသာပေးဆောင်ရုံဖြင့် ကမ္ဘာအရပ်ရပ်ရှိ ဖောက်သည်များနှင့် တွေ့ ဆုံနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သကဲ့သို့  စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် အခွင့်အရေးများကိုလည်း ဖန်တီးပေးနိုင်ကြောင်း Wongsomnuk မှဖြည့်စွက်ပြောပြပါသည်။

၎င်းမှ "ကျွန်တော်တို့ က အမြတ်ကြီးကြီးမားမားရဖို့ မရည်ရွယ်ပါဘူး။ ထိုင်း SME လုပ်ငန်းတွေကို တကယ့်ကို ပံ့ပိုး ကူညီပေးချင်တာပါ။ ပြီးတော့ ကျွန်တော်တို့ ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ရရှိပြီး၊ ကျွန်တော်တို့ ရဲ့ ဝန်ဆောင်မှု ကို ပိုပို ပြီးသုံးလာကြတာကို မြင်တွေ့ ရလို့ ဂုဏ်ယူရပါတယ်" ဟုဆိုပါသည်။

 

GIZTIX ၏၀န်ဆောင်မှုများသည် တရုတ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ အင်္ဂလိပ်၊ အမေရိကန် နှင့် သြစတြေးလျ နိုင်ငံရှိ ဖောက်သည်များ၏ အသုံးပြုမှုနှင့်အတူ ပိုမိုကြီးထွားလာနေပြီဖြစ်ပါသည်။ ဖောက်သည်များ၏ အပြုသဘောဆောင်သည့် တုံ့ ပြန်မှုများကြောင့် ကုမ္ပဏီမှ Thailand ICT Awards 2015၊ DTAC Accelerate 2015 နှင့် Echelon Thailand 2015 အစရှိသည်ဖြင့် ဆုအချို့ ကို လက်ခံရရှိခဲ့ပြီဖြစ်ပါသည်။

Wongsomnuk မှ "အရမ်းကို ခိုင်မာတဲ့စီးပွားမော်ဒယ်ပုံစံအပြင်၊ ကျွန်တော်တို့ ရဲ့ အဖွဲ့ မှာ အထူးကျွမ်းကျင်တဲ့ အရည် အချင်းတွေရှိနေပါတယ်။ အိုင်တီ ထောက်ပံ့ပို့ ဆောင်ရေးကို တတ်ကျွမ်းနားလည်တဲ့ လူတွေကို ရှာဖွေရ တာ ခက်ခဲပါတယ်။ နောက်ထပ်လုပ်ချင်တဲ့အရာကတော့ ကျွန်တော်တို့ ရဲ့ အဖွဲ့ ကို တိုးချဲ့ ပြီး ဆော့ဖ်ဝဲတွေကို အဆင့်မြင့်တင်ချင်တာပါ။ တစ်နှစ်အတွင်းမှာ GIZTIX က ဖောက်သည်တွေ ဈေးနှုန်းစာရင်းကို အလွယ်အကူ ရှာဖွေနိုင်ဖို့ အတွက် သယ်ယူပို့ ဆောင်ရေး ဆိုင်ရာဈေးနှုန်းစာရင်းကို ဖြစ်ပေါ်နေတဲ့ အချိန်နဲ့ တပြေးညီ ဖော်ပြတာ အပါအ၀င် ဘွတ်ကင်နဲ့ ငွေပေးချေတဲ့ စနစ်တွေကို အကောင် အထည်ဖော်ဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင်၊ ကျွန်တော်တို့ ရဲ့ စနစ်ကို မိုဘိုင်းလ် ပစ္စည်းကိရိယာတွေနဲ့ လည်း အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်" ဟုဆိုပါသည်။

ငယ်ရွယ်သည့်လုပ်ငန်းရှင်မှ အာဆီယံစီးပွားရေးဆိုင်ရာအဖွဲ့ အစည်း (ASEAN Economic Community (AEC)) ကြီး၏ အာရုံဦးကာလဖြစ်သည့် လွန်ခဲ့သည့် ဒီဇင်ဘာလသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ်တွင် အကျိုးသက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထားပါသည်။

၎င်းမှ "AEC အဖွဲ့ ထဲကို ၀င်လိုက်တဲ့အတွက်ကြောင့် ယှဉ်ပြိုင်မှုတွေ ပိုမိုလာမှာပါ။ အစဉ်အလာအတိုင်း လက်နဲ့ ပဲ အားလုံးကို လုပ်နေရင် ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်သွားနိုင်ပါတယ်။ သူတို့ တွေ e-Logistics လုပ်ငန်းရှင်တွေအဖြစ် ပြောင်းလဲသင့်ပါတယ်။ အဲလိုမှမဟုတ်ရင် အခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ e-Logistics စနစ်ကို အသုံးပြုတဲ့အတွက် စီးပွားရေးလုပ်ငန်းအတွက် အကျိုးရှိတဲ့ယှဉ်ပြိုင်မှုတွေကို ဖန်တီးဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော် သေချာတယ်။ ကျွန်တော်တို့ ရဲ့ စနစ်က ကျွန်တော်တို့ ရဲ့ ဖောက်သည်တွေနဲ့ သူတို့ ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အကျိုးရှိတဲ့ ယှဉ်ပြိုင်မှုတွေကို အသေအချာကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတာကိုပေါ့" ဟု ဆိုပါသည်။

ပိုမိုသိရှိလိုပါက https://www.giztix.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက် ၍ ဓာတ်ပုံများကို GIZTIX ၏ခွင့်ပြုချက်ဖြင့် ရယူပါသည်။

 

368333