Issue 44

လွန်ခဲ့သည့်နှစ်အတွင်း အားကျအတုယူဖွယ် ဆောင်ရွက်မှုကို လုပ်ဆောင်နိုင်ခဲ့သော်ငြား၊ TAT ၏အုပ်ချုပ်သူ အသစ်မှ ခရီးသွားလုပ်ငန်း၏ ဦးတည်မှုပြောင်းလဲခြင်းအား ထုတ်ပြန်ကြေငြာခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်သည် ထိုင်းခရီးသွားလုပ်ငန်းအတွက် စံချိန်ကျိုးခဲ့သည့် နှစ်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးငှာန၏ ကနဦးကိန်းဂဏန်းများအရ တိုင်းပြည်သို့ လာရောက်လည်ပတ်သူ ဦးရေ 29.8 သန်းရှိခဲ့ပြီး 2014 ခုနှစ် နှင့်ယှဉ်ရလျှင် 20% တိုးတက်ခဲ့ပါသည်။ ၀င်ငွေ ဘတ် ထရီလျံပေါင်း 1.4 ထရီလျံ (ဒေါ်လာ ဘီလီယံပေါင်း 42 ဘီလီယံ) ရရှိခဲ့ပြီး ယခင်နှစ်ထက် 23% ပိုလာပါသည်။

သို့ သော်၊ ယခုနှစ် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း အာဏာပိုင် (Tourism Authority of Thailand (TAT)) မှ ခရီးသည်အရေအတွက် အပေါ်တွင် အလေးထားတော့မည် မဟုတ်ကြောင်းကို ဖိလိပိုင်နိုင်ငံ မနီလာမြို့ တွင် ဇန်န၀ါရီလ 20 ရက်နေ့ မှ 22 ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ် (ASEAN Tourism Forum (ATF)) တွင် အုပ်ချုပ်ရေးမှူး Dr Yuthasak Supasorn မှပြောကြားခဲ့ပါသည်။

၎င်းမှ အစည်းအဝေးတွင် "ဒီနှစ်အတွက် ကျွန်တော်တို့ က ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်အပေါ် အလေးထားတာကို လျှော့ချပြီး ဂုဏ်သရေရှိတဲ့ ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် အလေးထား ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ဇန်န၀ါရီလ 22 ရက်နေ့ တွင်ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည့်များထံမှ ဘတ်ထရီလျံပေါင်း 1.5 ထရီလျံနှင့် ပြည်တွင်းခရီးသွားများထံမှ ဘတ် ဘီလီယံပေါင်း 850 ဘီလီယံ နှင့် စုစုပေါင်း ဘတ်ထရီလျံပေါင်း 2.4 (ဒေါ်လာ ဘီလီယံပေါင်း 66.5 ဘီလီယံ) ရရှိရန် TAT မှမျှော်လင့် ထားပါသည်။

ဤပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် TAT မှ ထိုင်းနိုင်ငံတွင် ဂုဏ်သတင်းကျော်စောသည့် စပါနှင့် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းအပေါ်တွင် အလေးထားနေပါသည်။

"ကျွန်တော်တို့ က အခြေခံအားဖြင့် ထိုင်းစတိုင်အားဖြင့်အရည်အသွေးရှိသောအပန်းဖြေခရီးစဉ် (a 'Quality Leisure Destination through Thainess') ဆိုတဲ့ခေါင်းစဉ်နဲ့ တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းကို မြင့်တင် ဖို့  ရည်ရွယ်လုပ်ဆောင်ထားပါတယ်။ TAT က ဂုဏ်သရေရှိတဲ့ခရီးသွား အပန်းဖြေဈေးကွက်ကို ထူးခြားသာလွန်တဲ့ ထိုင်းစတိုင် အစီအစဉ် နဲ့ ဆွဲဆောင်ပြီး ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု Dr Yuthasak Supasorn မှဆိုပါသည်။

ဤနည်းဗျူဟာ၏ တစ်စိတ်တစ်ဒေသအဖြစ် ဆေးကုသမှုခရီသွားလုပ်ငန်းအား မြှင့်တင်ရန်ရည်ရွယ်ပါသည်။

၎င်းမှ "ထိုင်းနိုင်ငံရဲ့  ပုဂ္ဂလိကဆေးရုံတွေမှာ နယ်ပယ်အသီအသီးက နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေ ရထားတဲ့ ဆရာဝန်တွေ၊ အထူးကုတွေရှိနေပါတယ်။ သူတို့ တွေက တိုင်းပြည်ရဲ့ ဆေးလောကအနုပညာနယ်ပယ် အတွက် ကျောထောက်နောက်ခံတွေပဲဖြစ်ပါတယ်။ ဒါ့အပြင်၊ ထိုင်းနိုင်ငံမှာ အသက်အရွယ်အိုမင်းရင့်ရော်တာကို တွန်းလှန်တဲ့ စောင့်ရှောက်ကုသနည်းတွေလည်း တိုးတက်လာနေပါတယ်။ ကျန်းမာရေးစင်တာတွေမှာ "သန့် ရှင်း စွာစားသောက်ခြင်း" ဆိုတဲ့ အာဟာရအစီအစဉ်ကနေ ပြန်လည်နုပျိုလာစေမယ့်ကုသမှုတွေ နဲ့  ဇီဝတွင်း ဖြစ်ပျက် မှုအတွက် ကုသမှုတွေအထိ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ပေးနေနိုင်ပါပြီ" ဟု ဆိုပါသည်။

"အော်ဂဲနစ် စပါကုထုံးတွေ ကနေ့ ထိုင်းရိုးရာအနှိပ်နည်းပညာတွေအထိပါဝင်ပြီး ပြန်လည်နုပျိုစေပြီး ရောဂါပျောက် ကင်း မှုတွေ ယူဆောင်လာပေးမယ့် အနုပညာက ထိုင်းယဉ်ကျေးမှုရဲ့ အခြေခံအစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်တော် တို့ ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုတာကို ခံနေရပါ ပြီ" ဟု ဆိုပါသည်။

Ko Samui ရှိ Kamalaya Wellness Sanctuary နှင့် Holistic Spa သည်လည်းတစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၄င်းမှ နိုဝင်ဘာလတွင်း the Asia Spa Awards 2015 ခုနှစ် မှ Spa of the Year (အရှေ့ တောင်အာရှနှင့် ပစိဖိတ်) ဆုကို ရရှိခဲ့ပြီး ဖေဖော်ဝါရီလ 2 ရက်နေ့ က လန်ဒန်တွင် ကျင်းပခဲ့သည့် လူသိများထင်ရှားသည့် Condé Nast Traveller Spa Awards ပွဲတွင် Best Destination Spa ဆုကို ရရှိခဲ့ပါသည်။

ချီးကျူးဂုဏ်ပြုခြင်းကို လက်ခံရရှိခဲ့သည့် Kamalaya အားတည်ထောင်သူများဖြစ်စော Karina နှင့် John Stewart မှ "ကျွန်တော်တို့  Condé Nast Traveller ကနေဆုရရှိတဲ့အတွက် အရမ်းကို ပီတိဖြစ်ပြီး ဂုဏ်ယူမိပါတယ်။ ဒါ့အပြင်၊ နွေးထွေးတဲ့နှလုံးသားနဲ့ ဧည့်သည်တွေကို ၀န်ဆောင်မှုတွေပေးနေတဲ့ Kamalaya အဖွဲ့ အတွက် ဒီလို အသိအမှတ်ပြုတာကိုခံရပြီး ဆုချီးမြှင့်တဲ့အတွက် အားတွေဖြစ်စေပါတယ်" ဟုပြောပြပါသည်။

DITP မှလည်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကို မြင့်တင်နိုင်ရန်အတွက် အချိန်ကာလများစွာကပင် နက်နက်နဲနဲ ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး၊ ယခုအခါတွင် TAT ၏လမ်းညွှန်မှုအသစ်ဖြင့် အပန်းဖြေစခန်းများ သည်လည်း ကျန်းမာရေးဝန်ဆောင်မှု ခရီးလမ်းပေါ်တွင် Kamalaya ၏ခြေရာအတိုင်း လိုက်လျှောက်နိုင်မည့်ပုံ ပေါ်ပါသည်။

Mark Bibby Jackson မှရေးသားတင်ဆက်သည်။

 


 

368912