Issue 50

DITP သည် ၂၀၁၁ ခုနှစ်မှ စတင် ၍ ထိုင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အီး-ကုန်သွယ်ရေးအား စတင်တည်ထောင်အားပေးကူညီခဲ့သည်။ ယခုနှစ်တွင် Thaitrade.com သည်၎င်း၏စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းမှုကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာ တယ်လီကွန်မြူနကေးရှင်းယူနီယံ (United Nation's International Telecommunication Union (ITU)) မှပေးအပ်ချီးမြင့်သော ဂုဏ်မြင့်သည့် WSIS 2016 Prize ဆုအားရရှိခဲ့ပါသည်။

အီး-ကုန်သွယ်ရေးကဏ္ဍသည် တိုးတက်အောင်မြင် လာလျက်ရှိနေပါသည်။ ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ အီး-ကုန် သွယ်ရေး ဈေးကွက်၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၈.၄ ဘီလီယံကျော်ရှိနေသည်။ Accenture and AliResearch ၏ပြောကြားချက်အရ၊ ဖောက်သည်များဆီသို့ အရောက်သွားမည့်စီးပွားရေး (Business to Customer (B2C)) ၏ ကမ္ဘာအနှံ့ ကုန်သွယ်မှုတန်ဖိုးသည် လူသန်းပေါင်း ၉၀၀ ကျော်မှ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို အင်တာနက်အသုံးပြုဝယ်ယူချိန်ရောက်မည့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ထြီလျံ တန်ဖိုးရှိလာမည် ဖြစ်ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ဒီနေ့  အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (SME) က ဒီဒစ်ဂျစ်တယ်ရာစုမှာ စီးပွားရေးလုပ်ငန်းတွေအံဝင်ခွင်ကျလုပ်နိုင်ဖို့ အတွက် မရေမတွက်နိုင်တဲ့ စိန်ခေါ်မှု တွေကိုရင်ဆိုင်ကြရတယ်" ဟုဆိုပါသည်။

DITP သည် ၂၀၁၁ ခုနှစ်မှစတင်၍ SME လုပ်ငန်းများ အွန်လိုင်းကုန်သွယ်ရေးပြုလုပ်နိုင်ရန်အတွက် Thaitrade.com အား အားပေးကူညီခဲ့သည်။ ထူးခြားသည့် ဆောင်ရွက်မှုမှာ Thaitrade.com ၏ စမတ် အွန်လိုင်း SME (Smart Online SMEs (S.O.S.)) ပရောဂျက်ပင်ဖြစ်ပါသည်။ ၄င်းမှ သတင်းအချက်အလက် လူ့ အဖွဲ့ အစည်း ဆိုင်ရာထိပ်တန်းညီလာခံ (World Summit on the Information Society (WSIS Prize 2016)) ဆုအား Capacity Building (စွမ်းအားတည်ဆောက်ခြင်း) ဆိုသောခေါင်းစဉ်အောက်၌ မေလ ၃ ရက်နေ့ ကဆွတ်ခူးရရှိ ခဲ့ပါသည်။ S.O.S. စီမံကိန်း ပရောဂျက်တွင် ပစ္စည်း ၀ယ်ယူသုံးစွဲသူဖောက်သည်များအား ပိုမိုဆွဲဆောင်နိုင်ရန် အတွက် ဓာတ်ပုံပညာအား အသုံးချခြင်းနှင့် အကြောင်းအရာများရှင်းလင်းရေးသားခြင်း၊ တစ်ဦးချင်းအလိုက်ဆွေးနွေး အကြံဥာဏ်များ ပေးအပ်သည့်ကဏ္ဍများ နှင့် search engine (ရှာဖွေရေးအင်ဂျင်) များအားအသုံးပြု ၍ အွန်လိုင်း ဈေးကွက်ရှာဖွေနည်း စသည်တို့ ကဲ့သို့ သော ခေါင်းစဉ်များဖြင့် ထိုင်းနိုင်ငံအနှံ့ နှီးနှောဖလှယ်ပွဲ (seminar) စဉ်များ ပြုလုပ်ကျင်းပခြင်းများပါဝင်သည်။

Choklumlerd မှ "S.O.S. ပရောဂျက်ကနေ WSIS Prize ကိုဆွတ်ခူးရရှိတဲ့ အဓိကအရေးပါတဲ့ အချက်ကတော့ စားသုံးသူတွေရဲ့ အမူအကျင့်တွေ နဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ရှုခင်းပြင်ကြီးရဲ့ နည်းပညာသစ်တွေကို အမြဲသိရှိနေအောင်ကြိုးပမ်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို SME လုပ်ငန်းတွေသိရှိအောင် လုပ်ဆောင်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်" ဟုဆိုပါသည်။

ထို့ အပြင်၊ DITP မှ အခြားလုပ်ငန်းများ၏အကျိုးအမြတ် အတွက် အောင်မြင်မှုများရရှိနေသည့် SME လုပ်ငန်းများ အား အခြေအနေသုံးသပ်လေ့လာခြင်း (case studies) အတွက်ပါဝင်ကြပါရန်တိုက်တွန်းအားနေပါသည်။ သူမမှ "အောင်မြင်မှုတွေရရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အတွေ့ အကြုံတွေက ကျွန်မတို့ ပရောဂျက်မျာ ပါဝင်နေတဲ့ သူတွေအတွက် တွန်းအားဖြစ်စေပါတယ်။ သူတို့ တွေရဲ့ အောင်မြင်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ခဲ့တဲ့ ကျွန်မတို့ တွေကို ကျေးဇူးတင်ကြောင်းရေးသားထားတဲ့ စာအများကြီးကိုလည်း လက်ခံရရှိထားပါတယ်" ဟုဆို ပါသည်။

S.O.S သည် ထိုင်းကုမ္ပဏီပေါင်း ၁,၁၅၆ ခုအတွက် အွန်လိုင်းကုန်သွယ်ရေး လုပ်ကိုင်နိုင်မည့် ကူညီမှုများကို ပေးအပ် ပြီးဖြစ်ပါသည်။ စစ်တမ်းအရ နှီးနှောဖလှယ်ပွဲများမှ ရရှိသည့် အသိပညာနှင့်ကျွမ်းကျင်မှုများသည် ၄င်းတို့ ကို ပို့ ကုန် လုပ်ငန်းအား ပိုမိုတိုးတက်ဆောင်ရွက်စေနိုင်ကြောင်း SME လုပ်ငန်းများမှ ဖော်ပြပါသည်။ Thaitrade.com မှတဆင့် ၄င်းတို့ ၏ပထမဦးဆုံးသော ပို့ ကုန် ကုန်မှာစာများလက်ခံရရှိကြောင်း အများစုမှပြောဆိုပါသည်။

Thaitrade.com သည်ကနဦး ၌ပင် SME လုပ်ငန်းများအတွက် ဓာတ်ပုံပညာနှင့်ပါဝင်သည့်အကြောင်းအရာများအား အသုံးပြုခြင်းဖြင့် ဆိုက်ဒ်အင်ဂျင်အား အကောင်းဆုံးဖြစ်စေခြင်း၊ ၀က်ဘ်ဆိုက်တွင် အောင်မြင်မှုဆိုင်ရာပုံပြင်များ နှင့် အောင်လံတံခွန် ခေါင်းစီးစာတန်းများအား အသုံးပြုခြင်း နှင့် B2C ဖောက်သည်များဆီသို့ အရောက်သွားမည့် စီးပွားရေး၏ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် အားပေးတိုက်တွန်းခြင်း စသည့် နယ်ပယ်သုံးခုအတွက် အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားပါသည်။ ဥပမာ အဖြစ် ဖော်ပြရပါလျင် SOOK (Small Order OK - သေးငယ်သည့်ကုန်အမှာစာအတွက် အိုကေ) ဖြစ်ပါသည်။ မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို ရောင်းချသူများနှင့်ဝယ်ယူသူများအားအဆင်ပြေစေမည့် အီး - ကုန်သွယ် ရေး ၏ ပြီးပြည့်စုံသော ဖြေရှာနည်းပင်ဖြစ်ပါသည်။ ၄င်းအား ၂၀၁၆ ခုနှစ် သြဂုတ်လတွင် စတင်သွားရန် စီစဉ်ထား ပါသည်။

"ကျွန်မတို့ ကထိုင်းSMEလုပ်ငန်းတွေအတွက်ကွန်ယက်ဖန်တီးပေးနိုင်ဖို့ ဂူဂဲလ်၊အလီဘာဘာ၊ပေပယ်လ်နဲ့ အမေဇုံတို့ လိုမျိုး အပြည်ပြည်ဆိုင်ရာအွန်လိုင်းဝန်ဆောင်မှုအဖွဲ့ အစည်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေ ထူထောင် နိုင်ဖို့ အတွက် ဦးတည်ဆောင်ရွက်နေပါတယ်" ဟု Choklumlerd မှဆိုသည်။

DITP အရ၊ Thaitrade.com တွင် ကုန်ပစ္စည်းအမျိုးပေါင်း ၂၄၀,၈၂၅ မျိုးရောင်းချနေသည့် ဆိုင်ပေါင်း ၁၈,၃၅၈ ဆိုင် ရှိကြောင်းသိရပါသည်။ နိုင်ငံပေါင်း ၂၃၇ နိုင်ငံမှ ၀င်ရောက်ကြည့်ရှုသူပေါင်း ၁၈,၅၃၃,၂၉၉ ဦးရှိပြီး ခိုင်မာသည့် ကုန်အမှာစာ ၉၇,၆၇၆ စောင် အားရရှိပြီးဖြစ်ပါသည်။ အစားအသောက်နှင့်အဖျော်ယမကာများ၊ အ၀တ်အထည်နှင့် အလှကုန်ပစ္စည်းများ သည် လူကြိုက်အများဆုံး ကုန်ပစ္စည်းများဖြစ်ကြပြီး အများဆုံးဝယ်ယူအားပေးကြသူများမှာ အိန္ဒိယံ (၁၄%)၊ တရုတ် (၇%)၊ ဗီယက်နမ် (၄%)၊ အမေရိကန် (၃%) နှင့် ပါကစ္စတန် (၂%) နိုင်ငံများမှ ဖြစ်ကြ ပါသည်။

ထို့ ပြင်၊ DITP သည် ၂၀၁၁ ခုနှစ်မှ စတင်၍ စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၁၂ ခုအတွက် စီးပွားရေးလုပ်ငန်း လိုက်ဖက်ညီ ကိုက်ညှိသည့် (business matching) ဆောင်ရွက်မှုများကို စီစဉ်ကျင်းပပေးပြီး ကုန်သွယ်မှုမှ ထိုင်းဘတ်ငွေ ၁.၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၄ သန်း) အားရရှိပြီးဖြစ်ပါသည်။

DITP ၏စဉ်ဆက်မပြတ်အားပေးကူညီမှုဖြင့် ထိုင်းနိုင်ငံ၏ SME လုပ်ငန်းများသည် နှစ်ပေါင်းများစွာတိုင် အီး-ကုန်သွယ်ရေးဆိုသည့် ကံကောင်းခြင်းလက်ဆောင်မှ အကျိုးအမြတ်များရရှိနေဦးမည်ဖြစ်ပါတော့သည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

368782