Issue 46

ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည်အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊အထူးသဖြင့်ကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းများ၏အောင်မြင်မှုအတွက် လက်တွေ့ ကျသည့်ပံ့ပိုးမှုများကို ထောက်ပံ့ပေးအပ်နေသော အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

ကောင်းမွန်သည့် ထောက်ပံ့ပို့ ဆောင်ရေးစနစ်ကို ပေးအပ်နိုင်မည့် အဓိကသော့ချက်မှာ (ပစ္စည်းများအား) အချိန်မှန်ကန် တိကျစွာပို့ ဆောင်ပေးနိုင်ခြင်း၊ ကောင်းမွန်သည့်လုံခြုံရေး နှင့် ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း အစရှိသည်ဖြင့် ဖောက်သည်၏ တောင်းဆိုချက်များကို ယှဉ်ပြိုင်ရသောဈေးနှုန်း (competitive price) ဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်းပင် ဖြစ်ကြောင်း DHL Express International (Thailand) Ltd ၏ ထိုင်း နိုင်ငံနှင့် အင်ဒိုချိုင်းနား ဆိုင်ရာ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Chananyarak Phetcharat မှပြောပြပါသည်။

သူမမှ "ထောက်ပံ့ရေးကွင်းဆက်ဆိုတာက ထောက်ပံ့ရေးနဲ့ တောင်းဆိုချက် တွေပါပဲ" ဟုဆိုပါသည်။ DHL ၏ထောက်ပံ့ရေး စနစ်အား "ပေးပို့ သူထံမှ လက်ခံရယူမည့်သူထံသို့ ကုန်စည်များကို စီးဆင်းထောက်ပံ့ပေးခြင်း" စနစ်အဖြစ် ဒီဇိုင်းထွင် ပုံဖော် ထားခြင်းပင်ဖြစ်ပါသည်။ ဤစနစ်တွင် ပြည်တွင်းပြည်ပမှ ကုန်ကြမ်း ပစ္စည်းများကို လက်ခံရရှိခြင်း၊ ပစ္စည်းများကို သိမ်းဆည်းထားနိုင်ရန်အတွက် လုံလောက်သည့်ကုန်လှောင်ရုံများထားရှိခြင်း၊ နှင့် ပစ္စည်းများကို ပေးပို့ ရန်အတွက် ဖြန့် ဖြူး ပို့ ဆောင်ရေးစင်တာနှင့် ယာဉ်များထားရှိခြင်းများပင်ဖြစ်ပါသည်။ "ဤအရာများသည် ထောက်ပံ့ပို့ ဆောင်ရေးစနစ်အတွက် လိုအပ်သည့်အရာများပင်ဖြစ်ပါသည်။"

DHL မှ ထိုင်းနိုင်ငံအား ထောက်ပံ့ပို့ ဆောင်ရေးအတွက် ဒေသဆိုင်ရအချက်အချာနေရာအဖြစ် ရွေးချယ်ခြင်းသည် တိုင်းပြည်အတွက် အပြုသဘောဆောင်သည့် လက္ခဏာရပ်ပင်ဖြစ်ကြောင်း Phetcharat မှဆိုပါသည်။ ကမ္ဘာ့ထောက်ပံ့ပို့  ဆောင်ရေးကုမ္ပဏီမှ ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုမပြုမီ ထိုင်းနိုင်ငံသည် နည်းဗျူဟာအတွက် တောင့်တင်းခိုင်မာသည့် အရပ်နေရာ ဖြစ်မဖြစ်၊ တိုးတက်ကောင်းမွန်သည့် လေဆိပ် ရှိမရှိ၊ သယ်ယူပို့ ဆောင်ရေးဆိုင်ရာ လုံခြုံဘေးကင်းမှု ရှိမရှိ အစရှိသည့်အကြောင်းအရာများကိုစဉ်းစားသုံးသပ်ခဲ့သည်။"ဒီဟာကအာဆီယံထဲမှာထိုင်းနိုင်ငံက အလားအလာ ကောင်းတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့လက္ခဏာရပ် ပါပဲ" ဟုသူမ မှဆိုပါသည်။

Phetcharat ၏ပြောပြချက်များအရ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သည် နားလည်ရန်ခက်ခဲရှုပ်ထွေးသည့် သင်္ဘောဖြင့် တင်ပို့ သည့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗဟုသုတရှိရန်လိုအပ်ကြောင်း သိရှိရပါသည်။ ၄င်းမှ "သွင်းကုန်၊ ထုတ်ကုန် အပေါ်မှာကောက်တဲ့အခွန်စာရင်း၊ အခွန်စနစ် နဲ့ အကောက်ခွန်ရှင်းလင်းတာနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို နားလည် ထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့  DHL က ကျွန်မတို့ ရဲ့ ဖောက်သည်တွေအတွက် one-stop service ၀န်ဆောင်မှုကို ပေးအပ်ထားတာပဲ ဖြစ်ပါတယ်" ဟုဆိုပါသည်။

မည်သည့် အချိန်တွင်မဆို မိမိ၏ ပစ္စည်းမည်သည့်နေရာတွင်ရောက်ရှိနေကြောင်းကို ခြေရာခံနိုင်သည့် track and trace service ကဲ့သို့ သော ခေတ်မီနည်းပညာနှင့်ဆန်းသစ်သည့် ၀န်ဆောင်မှုများကို ကုမ္ပဏီမှ ဖောက်သည်များ စိတ်ကျေနပ်မှု ရှိစေရန်အတွက် အသုံးပြုထားပါသည်။

"ကုန်ပစ္စည်း ပို့ နေတဲ့အချိန်တစ်လျှောက်လုံးမှာ ကျွန်မတို့ တွေက သူတို့ တွေ (ဖောက်သည်တွေ) နဲ့ အတူရှိနေတဲ့ အတွက် သူတို့ ကျေနပ်ကြတယ်လေ။ သူတို့ တွေရဲ့ ကုန်စည်တွေ ချောချောမောမောရောက်သွားဖို့ အတွက် ကျွန်မတို့ တွေက အခြေခံအဆောက်အအုံတွေနဲ့ ဆန်းသစ်တဲ့စွမ်းဆောင်ရည်တွေအတွက် ရင်းနှီးမြှပ်နှံထားတယ်" ဟု သူမမှပြောပြပါသည်။

လတ်တလောတွင် ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေအရ စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့ဈေးကွက်အတွင်း အောင်မြင်မှုများဆွတ်ခူးနိုင်ရန် အတွက် ထောက်ပံ့ပို့ ဆောင်ရေးကဏ္ဍကို မည်ကဲ့သို့ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ကို မရှိမဖြစ်သိရှိရန်လိုအပ်သည်ဟု Phetcharat မှယုံကြည်ပါသည်။

"စီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ သူတွေအတွက် ဘာတွေဖြစ်နေတယ်၊ အခြားတိုင်းပြည်က ပြငှာန်းထားတဲ့ စည်းမျဉ်း ဥပဒေတွေက ဘာတွေလဲဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် FTA တွေ ဒါမှမဟုတ် WTO သဘောတူညီမှုတွေ၊ ဒါ့အပြင် မိမိ နိုင်ငံထဲမှာပြငှာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိထားဖို့ လိုပါတယ်။ အဲဒါမှ လုပ်ငန်းက ထိရောက်မှုရှိနိုင်မှာပါ။ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကဏ္ဍမှာ သိသာထင်ရှားတဲ့တွန်းအား ဖြစ်တဲ့ ဒီအရာတွေက အာဆီယံစီးပွားရေးဆိုင်ရာအဖွဲ့ အစည်း (ASEAN Economic Community (AEC)) ရဲ့  စီးပွားရေးကဏ္ဍကိုလည်း အထောက်အကူဖြစ်စေပါတယ်" ဟု ၄င်းမှဆိုပါသည်။

DHL ၏လောလောလတ်လတ် လုပ်ငန်းစီမံကိန်းသည် DITP နှင့် ထိုင်းနိုင်ငံ၏ The Support Arts and Crafts အပြည်ပြည်ဆိုင်ရာ စင်တာ များအပါအ၀င် အဖွဲ့ အတော်များများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

သူမမှ "အရင်ကတော့ လူတွေက စီစဉ်ကျင်းပတဲ့ပွဲတွေကနေပဲ ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေကို တွေ့ မြင်ခံစားနိုင်ကြတယ်။ အခုကနေစပြီးတော့ ကျင်းပတဲ့ပွဲတွေကို သူတို့ မတက်ရောက်နိုင်ခဲ့ရင်တောင်မှ ကျွန်မတို့ ရဲ့ အွန်လိုင်းဈေး (online marketplace) မှာ အရည်အသွေးပြည့်ဝတဲ့ ထုတ်ကုန် ပစ္စည်းတွေအားလုံးကို တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ DHL က ကျွန်မ တို့ ရဲ့  Thainess ကို ကမ္ဘာအနှံ့ ထိထိရောက်ရောက် ပေးပို့ နိုင်တဲ့ အဓိကကျတဲ့ ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေထဲ က တစ်ခုဖြစ်ပါတယ်" ဟုပြောဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.dhl.com အားလေ့လာဖတ်ရှုနိုင်ပါသည်။
Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

367092