Issue 45

၎င်း၏ခိုင်ခံ့သောအခြေစိုက်ကို ထိုင်းနိုင်ငံတွင်အစပြုခြင်းဖြင့်၊ ပရာခတ် (Prakit) ကြော်ငြာလုပ်ငန်းမှာ ဒေသခံဈေးကွက်များ၏ နားလည်မှု တစ်ခုကိုရယူ၍ အာစီယံနိုင်ငံများအတွင်း အောင်မြင်မှုဖြင့်တဟုန်ထိုး ခွဲထွက်သွားနိုင်ခဲ့သည်။

ကြော်ငြာလုပ်ငန်းသည်ကမ္ဘာတစ်ဝန်းရှိနေရာအနှံ့အပြားတွင်အလွန်မြှင့်မားစွာဖြင့်ယှဉ်ပြိုင်မှုဖြစ်သောစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုယ်စားလှယ်လုပ်ငန်းအချို့အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းအပေါ်သာအာရုံစိုက်နေကြစဉ်၊ အနှစ် ၄၀ ရှိ မီဒီယာကုမ္ဗဏီဖြစ်သည့် ပရာခတ် (Prakit) ကြော်ငြာလုပ်ငန်းမှာတော့ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ဝန်ဆောင်မှုများကို တိုးချဲ့လာခဲ့ပြီဖြစ်ပါသည်။

"ကျတော်တို့ဟာ ၁၀၀% ထိုင်းပိုင်ကုမ္ဗဏီ၊ ကြော်ငြာလုပ်ငန်းဖြေရှင်းချက်များကို [ထောက်ပံ့ကူညီ] ရာတွင် အတွေ့အကြုံအများကြီး ရှိထားတယ်။
ထိုအရည်အချင်းတွေကို ဒေသဆိုင်ရာကြော်ငြာလုပ်ငန်းတွေရဲ့ထူးခြားသောလက္ခဏာတွေကိုနားလည်တဲ့ ကျတော်တို့ရဲ့ ဒေသခံကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်ဆိုရင်တော့ သာမန်ထက်အလွန်ဖြစ်သွားမှာပဲ၊" လို့ ကမ္ဘောဒီးယားနိုင်ငံမှ DRAFT FCB မန်နေးဂျင်းဒါရိုက်တာ Chantup Desabaedya က ပြောဆိုခဲ့ပါတယ်။

Desabaedya က ကိုယ်စားလှယ်လုပ်ငန်းမှာ လက်ရှိအခြေအနေတွင် လွန်ခဲ့သောအနှစ် ၂၀ ကတည်ထောင်ခဲ့သည့် DRAFT ကြော်ငြာ လုပ်ငန်းအမည်ကနေ FCB ကမ္ဘောဒီးယားလို့အမည်ပြောင်းလဲခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ယနေ့အချိန်မှာ၊ FCB ကမ္ဘောဒီးယားသည် ဝန်ဆောင်မှုအပြည့်ကိုယ်စားလှယ်လုပ်ငန်းတစ်ခုဖြစ်နေပြီး၊ တီထွင်ဖန်တီးနိုင်သောအလုပ်အကိုင်၊ မီဒီယာဝန်ဆောင်မှုများ၊ ဒီဂျစ်တယ် နှင့် အသက်သွင်းဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေပြီ ဖြစ်သည်။
၎င်းကိုယ်စားလှယ်လုပ်ငန်းမှာလည်း မီဒီယာဝန်ဆောင်မှုများအပေါ် အာရုံထားရှိတဲ့ ကမ္ဘောဒီးယားအတတ်ပညာဆိုင်ရာမီဒီယာအမည်ရ ညီအစ်ကိုကုမ္ဗဏီတစ်လုံးကိုလည်း တည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။

"မြန်မာနိုင်ငံမှာဆိုရင်၊ ကျတော်တို့တွေ နဂိုအမည် ပရာခတ် (Prakit) ကြော်ငြာလုပ်ငန်းကိုပဲ အသုံးပြုထားတယ်။ ကိုယ်စားလှယ်လုပ်ငန်း ကလည်း တည်ထောင်ထားခဲ့တာ ၂ နှစ်လောက်ပဲရှိသေးတယ်ဆိုသော်လည်း၊ ဈေးကွက်မှ အလွန်ကောင်းမွန်သောတုံ့ပြန်ချက်များသာ ကြော်ငြာလုပ်ငန်း နှင့် ဝန်ဆောင်မှုကိုဖန်တီးနိုင်ခြင်းသာ အပြည့်အဝပေးထားပါတယ်၊" လို့ Desabaedya က ဤသို့ပြောဆိုထားပါတယ်။

၎င်းကိုယ်စားလှယ်လုပ်ငန်းသည် အဓိကအားပေးဖောက်သည်များဖြစ်သည့် SCG, Dell, Airsia, Kubota, Zenya Green Tea နှင့် ကမ္ဘောဒီးယားနိုင်ငံမှ NCX Honda နှင့် မြန်မာနိုင်ငံက RedBull (ကျွဲရိုင်းနီ) နှင့် AirAsia တို့ရှိထားပါသည်။

ဖောက်သည်များကို လက်ဝယ်ထားရှိခြင်း နှင့် ရရှိခြင်းတွင် အလွန်အရေးကြီးသောအကြောင်းအရာတစ်ခုသည် ရေရှည်ကာလ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရန်ဖြစ်ပြီး၊ Desabaedya ပြောသည့်ပုံစံအရ၊ "ကျတော်တို့ရဲ့ကျွမ်းကျင်မှုတို့ကိုအသုံးပြုခြင်းအားဖြင့် ယုံကြည်ချက်နှင့်အတူ ဖောက်သည်များကိုကူညီထောက်ပံ့ရန် အကောင်းဆုံးနှင့်အမြဲတမ်းကြိုးစားလုပ်ကိုင်ကြပြီး၊ အကယ်၍ ဈေးကွက် အတွင်း ဖောက်သည်များမှာလည်း သူတို့၏ရည်ရွယ်ချက်ကိုရရှိသွားလျှင်၊ ကျတော်တို့နဲ့ပဲ အတူတကွရည်ရှည်အမြဲလက်တွဲသွားလာမှာ ဖြစ်ပါတယ်၊" လို့ ဆိုလိုထားပါတယ်။
"ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်၊ ကျတော်တို့က NCX Honda နဲ့ SCG Muangthong စည်းလုံးညီညာ ကမ္ဘောဒီးယားသို့ အာစီယံခရီးသွား အစီအစဉ် ၂၀၁၆ အတွက် ကုန်ပစ္စည်းများကို စီစဉ်ထားခဲ့တယ်။" "မြန်မာနိုင်ငံမှာလည်း၊ ကျတော်တို့က AirAsia ရဲ့ လမ်းကြောင်းသစ်ကို ရန်ကုန်ကနေ ပီနမ်သို့၊ ရန်ကုန်တစ်ဝိုက်လည်း ကျတော်တို့ပို့ဆောင်သည့်နေရာအဖြစ်၊ အဲဒီမှာလူတွေကိုစိတ်ဝင်စားအောင် ကောင်းစွာ ရယူနိုင်အောင်လုပ်ခဲ့သည့် လမ်းကြောင်းကိုလည်း ဖွင့်လှစ်ထားရှိခဲ့ထားတယ်။" လို့ Desabaedya က ပြောပြခဲ့ပါသေးတယ်။

Desabaedya ကတော့ ဒေသဆိုင်ရာကြော်ငြာလုပ်ငန်းခွင်ရှိ ကုမ္ဗဏီရဲ့အောင်မြင်မှုဟာ ဒေသခံဈေးကွက်များနှင့်အတူ ရင်းနှီးခင်မင်မှု နှင့် နက်ရှိုင်းသောနားလည်မှုထားရှိခြင်းကြောင့်ဖြစ်တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

"ကျတော်တို့ကတော့ ဒေသခံဆိုင်ရာနားလည်မှုနှင့်အတူ နိုင်ငံတကာအသိပညာတို့နှင့်အတူ ရောမွှေပေးချင်တယ်။ ယင်းဈေးကွက်တွေ အတွက်လည်း ချိတ်ဆက်သွယ်မှု နှင့် စီးပွားရေးလုပ်ငန်းပူးပေါင်းမှုကလည်း အလွန်အရေးကြီးပါတယ်။ ကျတော်တို့ကလည်း မိမိတို့ရဲ့ ဒေသခံအသင်းအဖွဲ့ကို အမြဲတမ်း တည်ဆောက်စွမ်းဆောင်နိုင်အောင် လုပ်ပေးပါတယ် - အကယ်၍ အသင်းအဖွဲ့တစ်ခုက ခိုင်မာတယ် ဆိုရင်တော့ ကုမ္ဗဏီကလည်း ခိုင်ခံအောင်မြင်မှာပါပဲ၊" လို့ Desabaedya က ပြောပြခဲ့ပါသေးတယ်။
ကြီးပွားတိုးတက်မှုနှုန်းအပြည့်ရှိသည့်မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတွေမှာကြော်ငြာလုပ်ငန်းခွင်အတွက်အနာဂတ်ကတောက်ပနေပါတယ်။
"ကမ္ဘောဒီးယားမှာတော့၊ ကျတော်တို့ကဈေးကွက်ကိုဆောင်ရွက်မှု နှင့် မီဒီယာလုပ်ငန်းအတွက် ချဲ့နိုင်မယ့်နေရာတွေကိုသိထားပါတယ်။ ကျတော်တို့ရဲ့အသင်းအဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ အလွန်ပင်အတွေ့အကြုံရှိသည့်ကြီးကြပ်ဖန်တီးနိုင်သောဒါရိုက်တာတစ်ဦးကို ချဉ်းကပ်ထား ပါတယ်။" လို့ Desabaedya က ထပ်ဆိုထားပါသေးတယ်။
"မြန်မာနိုင်ငံမှာတော့၊ ဈေးကွက်နေရာကအလားအလာတော်တော့ကိုကြီးပွားတိုးတက်လာနေတယ်။ လက်ရှိမှာလည်း ကျတော်တို့က ဒေသခံပူးပေါင်းဆောင်ရွက်သူတို့နှင့်အတူ
လုပ်ငန်းတိုးချဲ့သွားဖို့ကြိုးစားနေကြပါတယ်။"

ဆောင်းပါးရှင်- Pimsirinuch Borsub

 

368932