Issue 43

ထိုင်းနိုင်ငံ နှင့် ချီလီနိုင်ငံတို့ တွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်လျှင် ကာလရှည်ကြာပြီဖြစ်သည့် ရာဇ၀င်ရှိပါသည်။ လတ်တလော ရေးထိုးခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာလွတ်လပ်ခွင့် သဘောတူစာချုပ် (free trade agreement (FTA)) ကြောင့် နှစ်နိုင်ငံလုံးအတွက် ပိုမိုကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ပေါ်လာစေမည်မှာ အမှန်ပင်ဖြစ်ပေသည်။

2015 ခုနှစ် နိုဝင်ဘာလ တွင် ထိုင်းနိုင်ငံနှင့် ချီလီနိုင်ငံတို့ မှ လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာလွတ်လပ်ခွင့် သဘောတူစာချုပ် (free trade agreement (FTA)) သည် နှစ်နိုင်ငံလုံးတွင် စီးပွားရေးတိုးတက်မှုအား ဖြစ်ပေါ်လာစေနိုင် မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ ချီလီနိုင်ငံသံအမတ် Javier Becker မှ ဆိုပါသည်။

Becker မှ "FTA က ထိုင်းနဲ့ ချီလီနိုင်ငံ ကြား ကုန်သွယ်စီးပွားရေးကို ပံ့ပိုးကူညီပေးမှာဖြစ်တဲ့ အပြင် မတူညီ ကွဲပြားမှုတွေက ဆန်းသစ်တာတွေကို ဖန်တီးနိုင်ဖို့ အတွက် တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင်၊ နှစ်နိုင်ငံမှာ ရှိတဲ့ သွင်းကုန်ပို့ ကုန် လုပ်ငန်းရှင်တွေအတွက် အကျိုးရှိတဲ့ယှဉ်ပြိုင်မှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်" ဟုဆိုပါသည်။

In 2016, both countries will start implementing all the rules and regulations of the FTA.
နှစ်နိုင်ငံလုံးမှ FTA တွင်ပါဝင်သည့် စည်းမျဉ်းစည်းကမ်းများကို 2016 ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါသည်။

"ချီလီနိုင်ငံက သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန် နဲ့ အီးယူ အစရှိတဲ့ နိုင်ငံတွေနဲ့  ဈေးကွက်မှာယှဉ်ပြိုင်ရင်ဘောင်တန်း ပြီး ထိုင်းနိုင်ငံထဲ ချီလီနိုင်ငံရဲ့ ထုတ်ကုန်တွေကို တိုးမြှင့် တင်သွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ FTA ကြောင့် ထုတ်ကုန်ပစ္စည်းသစ်တွေနဲ့ ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒေသတွင်း ဖြန့် ဖြူးရေးလမ်းကြောင်း တွေကိုလည်း တိုးပွားလာစေမှာဖြစ်တဲ့အပြင် ဈေးနှုန်းတွေကိုလည်း အပြိုင်အဆိုင်ကမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေ က ရေရှည်မှာ ၀ယ်ယူသူဖောက်သည် ဒါမှမဟုတ် ဈေးကွက်ရဲ့ ဝယ်လိုအားကို အားရဖွယ်ရာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်" ဟု Becker မှဆိုသည်။

သံအမတ်ကြီးသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ချီလီနိုင်ငံတွင် မည်ကဲ့သို့ စီးပွားရေးလုပ်ငန်းများဆောင်ရွက် ရမည်ဆိုသော ညီလာခံအားပြုလုပ်ကျင်းပပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၄င်းမှ "နောက်ထပ် အဓိက အစီအစဉ်တစ်ခုက ထိုင်းနိုင်ငံနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကုန်သွယ်ရေးကို တည်ထောင်နိုင်ဖို့  ထိုင်း-ချီလီ ကုန်သည် ကြီးများ အသင်းကို ဖွဲ့ စည်းတည်ထောင်ဖို့ ပဲဖြစ်ပါတယ်" ဟုပြောဆိုပါသည်။

FTA သည် 1962 ခုနှစ်တွင် စတင်ခဲ့သည့် ရှည်ကြာပြီဖြစ်သော နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး သမိုင်းကြောင်းအတွင်း မကြာမီက ဖြစ်ပေါ်ခဲ့သောဖြစ်ရပ်တစ်ခုဖြစ်သည်။ ချီလီနိုင်ငံသည် 1967 ခုနှစ်မှ1970 ခုနှစ်အထိ ဘန်ကောက်မြို့ တော်တွင် နေထိုင်သည့် သံအရာရှိကိုသာထားရှိထားခဲ့သည်။ "နောက်ပိုင်း 1981 ခုနှစ် သံရုံးဖွင့်ပြီးတဲ့အထိ ကျွန်တော်တို့ နိုင်ငံရဲ့  သံကိုယ်စားလှယ်က တိုကျိုမြို့ မှာ နေထိုင်ပြီး (ပူးတွဲတာဝန်ယူတဲ့) သံအမတ်ပါ" ဟု Becker မှပြောပြပါသည်။

နှစ်နိုင်ငံကြား သဘောတူညီမှုစာချွန်လွှာကို 1981 ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Chilean Export Promotion အဖွဲ့  အစည်း(ProChile) အား 2012 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ Becker မှ "ProChile က တိုင်းနိုင်ငံထဲကို အသစ် ၀င်လာမဲ့ ချီလီနိုင်ငံသားပိုင် ပို့ ကုန်ကုမ္ပဏီတွေကို ပံ့ပိုးကူညီပေးဖို့ အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင် ဆောင်ရွက် နေပါတယ်" ဟုပြောပြပါသည်။

သံအမတ်ကြီး၏ အဆိုအရ အရှေ့ တောင်အာရှတွင် ထိုင်းနိုင်ငံသည် ချီလီနိုင်ငံသားရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင် အများအပြား အတွက် ဦးတည်ရာပန်းတိုင်ဖြစ်ပါသည်။ 2012 ခုနှစ် ဇူလိုင်လတွင် ချီလီ Sigdo Koppers အဖွဲ့ ၏လက်အောက်ခံ ကုမ္ပဏီ ဖြစ်သည့် Magotteaux သည် စူရဘူရီ ခရိုင်တွင် ဒေသဆိုင်ရာထုတ်လုပ်မှုငှာနချုပ် ဖြစ်စေမည့် ၄င်း၏ ဒုတိယစက်ရုံ ကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ၄င်းနောက် တတိယစက်ရုံကို 2014 ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ အာရှတစ်ခွင်တွင် ထုတ်လုပ်မှု နှင့် ထောက်ပံ့ပို့ ဆောင်ရေး အချက်အချာ ကုမ္ပဏီ တစ်ခုဖြစ်နေပြီဖြစ်ပါသည်။

"နိုင်ငံက သူ့ ရဲ့ တည်နေရာအနေအထား၊ အခြေခံအဆောက်အအုံ နဲ့ ရင်းမြစ်တွေကြောင့် စီးပွားရေးအခွင့်အလမ်းအတွက် အားသာတဲ့ အခြေအနေတွေကို ဖန်တီးပေးနေပါတယ်" ဟု Becker မှဖြည့်စွက်ပြောကြားပါသည်။

မည်သို့ ဆိုစေကာမူ၊ ပထ၀ီတည်နေရာ အနေအထားအရ နှစ်နိုင်ငံကြားဆက်ဆံရေးကို တိုးတက်စေရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်းကို ၄င်းမှ ၀န်ခံပြောဆိုပါသည်။

၎င်းမှ "ကျွန်တော်တို့ အဓိကရှေးရှုတာက အစားအသောက်၊ ယဉ်ကျေးမှု နဲ့ လူတွေအားဖြင့် အသိပညာဗဟုသုတ ကို တိုးမြှင့် ဖို့ ပဲဖြစ်ပါတယ်" ဟုဆိုသည်။ ဆက်လက်၍ ၄င်းမှ ချီလီမီဒီယာများတွင် ထိုင်းနိုင်ငံ၏အကြောင်းကို လွန်ခဲ့သော နှစ် အနည်းငယ်မှ စတင်၍ ဖော်ပြခဲ့ကြောင်းဖြည့်စွက်ပြောပြပါသည်။ "ဒီလိုဖော်ပြတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံအကြောင်း ပိုပြီး စိတ်ဝင်စားနားလည်လာကြတယ်။ နှစ်တိုင်း၊ ခန့် မှန်းချေအားဖြင် ချီလီနိုင်ငံသား 15,000 လောက် ထိုင်းကို လာလည်ကြ တယ်။ ကျွန်တော်တို့ နိုင်ငံသားတွေက ဒီတိုင်းပြည်အပေါ် အရမ်းကို စိတ်ဝင်စားတာတွေ့ ရတဲ့အတွက် ကျွန်တော်တို့ လည်း ၀မ်းသာရပါတယ်" ဟုဆိုပါသည်။

Manisa Maini ရေးသားတင်ဆက်သည်။

 


 

 

368682