Joining the Dots

Issue 41

လောလောလတ်လတ်ဖွဲ့ စည်းတည်ထောင်ထားသည့် အာဆီယံ စီးပွားရေးအဖွဲ့ အစည်း (ASEAN Economic Community (AEC)) သည် ဒေသတွင်းရှိလုပ်ငန်းများအတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးနေပါသည်။ စီးပွားရေး သမားများ မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေရန်အတွက် ဘဏ်ရှိဥာဏ်ပညာယူနစ်မှ ၄င်း၏ ဖောက်သည် များအတွက် ကျယ်ပြန့် သောအမြင်ဖြင့်စီးပွားရေးဆိုင်ရာလေ့လာမှု ရှုမြင်သုံးသပ်ချက်အား အသေးစိတ်ရှင်းလင်း ပြောပြပံ့ပိုး ကူညီပေးလျက်ရှိပါသည်။

စီးပွားရေးလုပ်ငန်းများကို တိုင်းတပါးတွင်ဆောင်ရွက်ခြင်းသည် အချို့ သော စီးပွားရေးလုပ်ငန်းရှင်များအတွက် ထိတ်လန့် တုန်လှုပ်ဖွယ်ပင်။ သို့ သော် ယခုအခါတွင် ငွေကြေးဆိုင်ရာအဖွဲ့ အစည်းများမှ ၄င်းတို့ ဖောက်သည်များ အစစအရာရာ အဆင်ပြေချောမွေ့ စေရန်အတွက် အကြံပေးသည့်ဝန်ဆောင်မှုများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

The Economic Intelligence Center (EIC) is part of Thailand's Siam Commercial Bank. It provides insight into all industries within the country for both Thai and foreign businesses.
စီးပွားရေးဆိုင်ရာ အသိဥာဏ်ပညာ စင်တာ (Economic Intelligence Center (EIC)) သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပါသည်။

EIC ၏ နည်းဗျူဟာကဏ္ဍ နှင့် ပို့ ကုန်ဆိုင်ရာ အဖွဲ့ ၏အကြီးအကဲ Teerin Ratanapinyowong မှ "ကျွန်မတို့ ရဲ့  ဖောက်သည်တွေက ထိုင်းလူမျိုးတွေ အများဆုံးဖြစ်ပေမယ့်၊ ထိုင်းနိုင်ငံထဲမှာ ရင်းနှီးမြှပ်နှံကြပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကြောင်းကို သိချင်ကြတဲ့ တရုတ် ဒါမှမဟုတ် ဂျပန်လူမျိုး ဖောက်သည်တွေလည်းရှိပါတယ်။ ကျွန်မတို့ နဲ့  အလုပ်လုပ်ကြတဲ့ ဖောက်သည်အများစုက အင်ဒိုနီးရှား၊ မလေးရှား နဲ့ မြန်မာနိုင်ငံတွေမှာ စီးပွားရေးတွေသွားလုပ်ကြ တယ်" ဟုဆိုပါသည်။

Ratanapinyowong မှ သုတေသနနှင့်အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းများအပေါ် အခြေပြုထားသည့် ကျယ်ပြန့်  သောအမြင်ဖြင့်စီးပွားရေးဆိုင်ရာ အကြောင်းချင်းရာများအား လေ့လာခြင်းနှင့် အကျိုးသက်ရောက်မှုများအား ကဏ္ဍ အလိုက် လေ့လာသုံးသပ်ခြင်း ဆိုင်ရာဝန်ဆောင်မှုကို စင်တာမှပေးအပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောဆိုပါသည်။

အာဆီယံတိုင်းပြည်များအတွင်း၌သာ ထိုင်းထုတ်ကုန်နှင့်ဝန်ဆောင်မှုများဆိုင်ရာဈေးကွက် အခိုင်အမာရရှိနိုင်သည် သာမက အခြားတိုင်းနိုင်ငံများအတွင်း၌လည်း ဈေးကွက်အခိုင်အမာ ရရှိနိုင်ကြောင်း Ratanapinyowong မှ ယခု ကဲ့သို့ ပြောပြပါသည်။ "AEC က ဈေးကွက်ကို ဒေသတွင်းမှာ ကြီးကြီးမားမားတိုးချဲ့ နေတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတွေမှာရှိတဲ့ GDP ကကြီးထွားလာပြီး၊ သူတို့ နိုင်ငံတွေမှာရှိတဲ့ လူဦးရေက ထိုင်းနိုင်ငံ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ အားဖြစ်လာကြလိမ့်မယ်။ အရှေ့ အလယ်ပိုင်းဒေသ၊ တောင်အမေရိက နဲ့ အာဖရိက မှာရှိတဲ့ တိုင်းနိုင်ငံတွေမှာလည်း ဈေးကွက်တွေကို တိုးချဲ့ ဖော်ဆောင်နိုင်မှာဖြစ်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံက ထွက်ရှိတဲ့ အစားအသောက်နဲ့  လယ်ယာထွက်ကုန်ပစ္စည်းတွေအတွက် ၀ယ်လိုအား ပိုမိုများပြားလာဖို့ ဖန်တီး နိုင်မှာ ဖြစ်ပါတယ်။"

Ratanapinyowong မှ ထိုင်းနိုင်ငံသည်လည်း အဓိက စိုက်ပျိုးထုတ်လုပ်မှု စီးပွားရေးဆိုင်ရာလုပ်ငန်းမှ ဖွံ့ ဖြိုးတိုးတက် သင့်ကြောင်းယုံကြည်သည်ဟု ဆိုပါသည်။ သူမ မှ "ထိုင်းနိုင်ငံက ဖန်တီးနိုင်စွမ်းရှိတဲ့ စီးပွားရေးမှာ လည်း အောင်မြင် မယ်လို့ ကျွန်မထင်တယ်။ ထိုင်းမှာရှိတဲ့ လုပ်သားတွေရဲ့ အရည်အချင်းက အရမ်းကိုမြင့်တယ်။ သင်ယူရာမှာလည်း မြန်ဆန်တယ်။ အဲဒါကြောင့် ကျွန်မတို့ တွေက အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ မော်တော်ကား ပစ္စည်းတွေမှာလည်း ခိုင်မာတဲ့ဈေးကွက်ရှိနေနိုင်တာပဲဖြစ်ပါတယ်" ဟုပြောပြပါသည်။

ငြင်းပယ်၍မရသည့် နောက်ထပ်အကြောင်းအရာမှာ စီးပွားရေးကဏ္ဍကို ပံ့ပိုးကူညီနေသည့် အင်တာနက်နှင့် အီး-ကုန်သွယ်ရေး တို့ ၏ အခန်းကဏ္ဍပင်ဖြစ်ပါသည်။
"အီး-ကုန်သွယ်ရေး ကြီးမားကျယ်ပြန့် လာဖို့ အတွက်လုပ်ဆောင်ရမှာတွေ အများကြီးရှိပါသေးတယ်။ ဥပမာအနေနဲ့  ပြောရမယ်ဆိုရင်၊ SME တွေအတွက် ရေးဆွဲထားတဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းတွေဆိုရင် လုပ်ငန်းရှင်တွေ သူတို့  ရဲ့ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံခြားမှာ တိုးချဲ့ လုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်။ စီးပွားရေးမော်ဒယ် သစ်တွေကိုလည်း နေ့ တိုင်းပဲ ဖန်တီးဖော်ဆောင်နေပါတယ်" ဟု Ratanapinyowong မှဆိုပါသည်။
အစိုးရနှင့် ပုဂ္ဂလိက အခန်းကဏ္ဍနှစ်ရပ်လုံးမှ သုံးစွဲမှုတိုးတက်များပြားလာကြသည့်အတွက် ယခုနှစ် စီးပွားရေး လုပ်ငန်းများ ပိုမိုကြီးမားလာကြလိမ့်မည်ဟု EIC မှ ယုံကြည်ထားပါသည်။
Ratanapinyowong မှ "2016 ခုနှစ်အတွက် အစိုးရရဲ့ အသုံးစရိတ်က မြင့်မားလာလိမ့်မယ်။ ဈေးကွက်အတွင်းမှာ ငွေတွေကို ပိုမိုထည့်ဝင်သုံးစွဲထားတဲ့အတွက် စားသုံးသူတွေရဲ့ စိတ်ချယုံကြည်မှုတွေလည်းတိုးပွားလာလိမ့်မယ်။ ခရီး သွားလာရေးလုပ်ငန်းကလည်း နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အလယ်အလတ်တန်းစား တရုတ်လူမျိုး တွေက နိုင်ငံအပေါ်စိတ်ဝင်စားနေတဲ့အတွက် ခရီးသွားလာရေးလုပ်ငန်းကလည်း ခိုင်မာစွာ တိုးတက်လာနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ လက်လီနဲ့ လက်ကားရောင်းဝယ်ရေး ကဏ္ဍတွေလည်း 2016 ခုနှစ် မှာစီးပွားရေးကောင်းမွန်မယ်လို့ သုံးသပ်ပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.scbeic.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

Pimsirinuch Borsub မှရေးသားတင်ဆက်သည်။

 

 

 

လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ အမြင့်ဆုံးအလေးထားအသားပေးမှု ပြုလာကြသည့် ခေတ်ကြီး၌ ကုမ္ပဏီတစ်ခုသည် ၎င်း၏သွပ်မိုင်းတွင်းတူးဖော်မှုလုပ်ငန်းမှနေ၍ ပြောင်းလဲရန်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုစွမ်းအားကို 2014 ခုနှစ်တွင် 7.3 မီဂါဝပ်မှ 2036 ခုနှစ်အရောက်တွင် 19.6 မီဂါဝပ်သို့ တိုးမြှင့်သွားရန်ဆိုသည့် ထိုင်းစွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ ကုမ္ပဏီများစွာသည် ၎င်းတို့၏လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုများအတွက် ရေရှည် ပိုမိုတည်တံ့မည့် အခြားအစားထိုးစွမ်းအင်ရင်းမြစ်များကို ရွေးချယ်ရှာဖွေရန် ဖြစ်လာပါသည်။

ဖားဒင်စက်မှုလုပ်ငန်းကုမ္ပဏီခေါ် ပီဒီအိုင်(PDI) သည် နှစ်သုံးဆယ်ကျော်ကျော်ကြာ မဲဆောက်မြို့နယ် တပ်ခ်ခရိုင်၌ သွပ်သတ္တုရိုင်း မိုင်းတွင်း အစရှိသည့် သဘာဝရင်းမြစ်ထုတ်လုပ်မှုများကို လုပ်ကိုင်လာခဲ့ပါသည်။ ယနေ့အချိန်တွင် ကုမ္ပဏီသည် ၎င်း၏သွပ်မိုင်းတွင်း လုပ်ငန်းကိုရပ်ဆိုင်း၍ ကော်ဖီနှင့်သစ်တောစိုက်ပျိုးရေးခြံစီမံခန့်ခွဲမှုလုပ်ငန်းများအပြင် ဆန်းသစ်သည့်နည်းပညာသုံးကာ ဇီဝပစ္စည်းများမှ နေ၍ အစားထိုးစွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာခဲ့ပါသည်။

 “ကျွန်တော်တို့ဟာ စိမ်းလန်းစိုပြေမှုကိုပါစဉ်းစားပြီးတော့ အလုပ်လုပ်ဆောင်သွားလိုပါတယ်” လို့ ပီဒီအိုင်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဖရန်စစ် ဗင်ဘယ်လင်က ပြောပါတယ်။ “ဥပမာပြရရင် မဲဆောက်မိုင်း ပတ်ဝန်းကျင်ပတ်လည်မှာ ကျွန်တော်တို့မှ သစ်ပင်အရေအတွက် 3,000 ရှိ သစ်တောပြန်လည်စိုက်ပျိုးထားရှိမှုကို ပြနိုင်ပါတယ်”

မိုင်းတွင်းတွေကို ပိတ်ပြီး ၎င်းရဲ့လုပ်ရှားဆောင်ရွက်မှုတွေကို အစိမ်းရောင်ဂဏ္ဌပိုင်းကို ပြောင်းလဲလုပ်ကိုင်သွားဖို့ဆုံးဖြတ်လိုက်ပြီးနောက် ကုမ္ပဏီဟာ ကြီးမားတဲ့အကူးအပြောင်းနှင့် ကြုံတွေ့နေရပါတယ်။ ပရောဂျက်အသစ်တွေထဲမှာ တပ်ခ်ခရိုင်တွင်း 48 မီဂါဝပ်အားဆိုလာ စွမ်းအင်ထုတ်လုပ်ရေးခြံ၊ နခွန်ရတ်ချစီးမာခရိုင်တွင်း 54 မီဂါဝပ်ရှိလေးအားသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စူရတ်ဌာနီခရိုင်တွင်း 8 မီဂါဝပ်ရှိ ဇီဝစွမ်းအင်ဓာတ်အားပေးရုံတို့ ပါဝင်ပါတယ်။

ပီဒီအိုင်မှာ ဓာတ်အားပေးစက်ရုံဖွံ့ဖြိုးတိုးတက်ရေးကို အသားပေးကြည့်ရှုလုပ်ကိုင်နေတဲ့ နည်းပညာအလွန်အားကောင်းတဲ့အဖွဲ့ ရှိတယ်လို့ ဗင်ဘယ်လင်က ပြောပါတယ်။ ပီဒီအိုင်ဟာ ပင်လယ်ရပ်ခြားက ရှာဖွေရယူထားတဲ့ နည်းပညာတွေကို ထိုင်းမှာရှိပြီးသား အသိပညာနှင့် ပေါင်းစပ်ပြီး လုပ်ကိုင်နေပါတယ်။

 “အနာဂတ်ကို တည်ဆောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ ကော်ပီအင်ဒ်ပေ့စ်ဆိုတဲ့ ကူးယူရရှိလာတဲ့အတိုင်း လှေနံဓားထစ် မဟုတ်ပဲ ကိုယ်ပိုင်ဆန်းသစ်တဲ့နည်းပညာများကို တီထွင်အသုံးပြုဖို့ပဲ ဖြစ်ပါတယ်”လို့ ဗင်ဘယ်လင်က ပြောပါတယ်။  “ဥပမာအနေနှင့် ပြောရရင် တကယ်လို့ ဇီဝဓာတ်အားပေးစက်ရုံအတွက် ဈေးပေါတဲ့နည်းပညာကိုပဲ ကျွန်တော်တို့ အသုံးပြုခဲ့မယ်ဆိုရင် ဂဟေဆော် ဆက်ကြောင်းတွေဟာ ကောင်းစွာပိတ်ဆက်ကြမှာမဟုတ်ပါဘူး၊ လျှပ်စစ်ဓာတ်အား တစ်မီဂါဝပ်အတွက် ကျွန်တော်တို့ဟာ ဘတ်သန်း 20 ကျော်အထိသုံးပြီး ရင်းနှီးမြုပ်နှံနေပါတယ်၊ ဒီလိုနည်းအားဖြင့် ပရောဂျက်ကနေ ထုတ်လုပ်လိုက်တဲ့စွမ်းအင်ဟာ 25% တိုးပြီး ထွက်ရှိ လာစေမှာပါ။”  

အခြားမြစိမ်းရောင်လွှမ်း စတင်လုပ်ဆောင်မှုများကတော့ ကော်ဖီနှင့်ကိုကိုးခြံတွေပါ။ “ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံတွင်းရှိခြံသမားတွေကို ကိုကိုးစေ့ပင်တွေကို စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့ ကူညီနေပါတယ်”လို့ ဗင်ဘယ်လင်က ပြောပါတယ်။  “1% လောက်သော ကမ္ဘာရဲ့ ကိုကိုးစေ့တွေသာ အရှေ့တောင်အာရှမှာ စိုက်ပျိုးထုတ်လုပ်နေကြတာပါ၊ ဒီကိန်းဂဏန်းကို 10%လောက် ထပ်မြှင့်တက်လာတဲ့အထိ လုပ်ဆောင်နိုင်တဲ့ အလားအလာရှိပါတယ်။”

ထိုင်းနိုင်ငံအနေဖြင့် လော်ဂျစ်စတစ်ထောက်ပို့မှုအပိုင်းနှင့် လုပ်သားအပိုင်းဆိုင်ရာတို့မှာ နေရာအနေအထားကောင်းမှာရှိနေတယ်လို့ အေအီးစီဖွင့်လှစ်မှုကို စောင့်မျှော်နေတဲ့ ဗင်ဘယ်လင်က အကောင်းဖက်က မြင်ကြောင်း ပြောပါတယ်။ “ထိုင်းနိုင်ငံဟာ စီးပွားရေး လုပ်ငန်းလုပ်ဖို့ ပြီးပြည့်စုံမှုရှိတဲ့နေရာပါ” လို့သူကပြောပါတယ်။ “ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့လူတွေရှိပြီး တိုင်းပြည်ကလည်း တရုတ်နှင့်အိန္ဒိယအကြား အလယ်ဗဟိုနေရာမှာ တည်ရှိပါတယ်။ ဒီ့အပြင် ထိုင်းနိုင်ငံဟာ ကြီးထွားလာနေတဲ့ဈေးကွက်တွေဖြစ်တဲ့ ကမ္ဘောဒီးယားနှင့် မြန်မာတို့အကြား ကောင်းမွန်တဲ့တည်နေရာမှာ ရှိနေပါတယ်။”

သူ့ကုမ္ပဏီရဲ့ အစိမ်းရောင်စီးပွားရေးဆီသို့ အသွင်ပြောင်းကူးလူးနေမှုအနေအထားကိုလည်း ဗင်ဘယ်လင်က ယုံကြည်မှုထားရှိပါတယ်။

 “ဒီကနေ နောက်ထပ်ငါးနှစ်အတွင်း ပီဒီအိုင်ရဲ့ ဈေးကွက်တန်ဖိုးဟာ ယနေ့ထက် ငါးဆ[ပိုပြီး] တိုးလာပါလိမ့်မယ်”လို့သူက ပြောပါတယ်။ “ကျွန်တော်တို့ဟာ နိုင်ငံတကာအဆင့်တွေးခေါ်ပြီး၊ ဒေသတွင်းအဆင့်မှာ လုပ်ဆောင်လိုပါတယ်။ ကုမ္ပဏီဟာ အထူးထွေပြားစုံလင်တဲ့ အဖွဲ့အစည်းဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အသေးစိတ်အချက်အလက်များအတွက် http://www.padaeng.com  ၌၀င်ရောက်လေ့လာနိုင်ပါသည်။

စာသားရေးဖွဲ့သူ : ဖင်မ်စီရီနုခ်ျ ဘော်ဆပ်

 

 

ထိုင်းနိုင်ငံသည် ထုတ်လုပ်မှုလုပ်ငန်းများအတွက် အချက်အချာကျသည့် နေရာဖြစ်သည်သာမက လေအေးပေးစက်များအတွက်လည်း ကမ္ဘာ့အဆင့်မီဆန်းသစ်မှုများကိုပေးနိုင်သော အချက်အချာကျသည့် နေရာလည်းဖြစ်ပေသည်။

ကမ္ဘာ့ဈေးကွက်အလယ်တွင် မိမိ၏ထုတ်ကုန် ၀င့်ကြွားစွာရပ်တည်နိုင်ရေးအတွက် နည်းပညာတိုးတက်မှု နှင့် တီထွင်ဆန်းသစ်မှုတို့ သည် ကုန်ပစ္စည်းကောင်းထုတ်လုပ်နိုင်ရေးကဲ့သို့ ပင် မရှိမဖြစ်လိုအပ်ပါသည်။

ပို့ ကုန်တန်ဖိုးပေါ်မူတည်၍ ဖော်ပြရပါလျှင် ထိုင်းနိုင်ငံ၏ အရေးပါလှသည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်း များမှာ လေအေးပေးစက်များ နှင့် ရေခဲသေတ္တာများပင် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့  (Thailand Board of Investment (BOI)) ၏အဆိုအရ ၂၀၁၄ ခုနှစ်တွင် ကနဦး ပို့ ကုန်များ တွင် လျှပ်စစ်အသုံး အဆောင်ပစ္စည်းများ၏ တင်ပို့ မှုမှာ 17 % နီးပါးအထိရှိခဲ့ပြီး၊ နောက်ပိုင်းတွင် 6 % ထပ်မံတင်ပို့ ခဲ့ ရသည် ဟုဆိုပါသည်။

ထိပ်တန်း ထိုင်းလေအေးပေးစက်ထုတ်လုပ်သည့်အဖွဲ့ များမှ တစ်ဦးအပါအ၀င်ဖြစ်သည့် Saijo Denki ၏ လက်ထောက်မန်းနေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သူ Thunyawat Chittipalungsri မှ “ခိုင်မာသည့် စီးပွား လုပ်ငန်းကို တည်ထောင်နိုင်ရန်အတွက် မိမိ၏ကိုယ်ပိုင်နည်းပညာ၊ ထုတ်လုပ်မှု နှင့် အမှတ်တံဆိပ် ရှိရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံသည် ဆန်းသစ်တီထွင်မှု၏ အချက်အချာကျသည့် နေရာဖြစ်နိုင်ကြောင်းကို လည်း  ကမ္ဘာ အနှံ့ အပြားမှ သိရှိနိုင်ရန်အတွက် ကျွန်တော်တို့ မှ ကြိုးစားလုပ်ဆောင်နေပါသည်” ဟု ပြောဆိုပါသည်။

Saijo Denki အား 1987 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီအား မူရင်း ပစ္စည်း  ထုတ်လုပ် သည့်လုပ်ငန်း (original equipment manufacturer (OEM)) အဖြစ်နှင့်စတင်ခဲ့ပြီး နောက်ပိုင်း တွင် ထိပ်တန်း လေအေးပေးစက် ထုတ်လုပ်သည့် ကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့သည်။ “ကျွန်တော်တို့ ၏ စီးပွားရေး လုပ်ငန်းကို ဆန်းသစ်တီထွင် ပြီး အတတ်ပညာနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း အဖြစ် ပြောင်းလဲ ခဲ့ သည်။ ၄င်းပြင် ကျွန်တော်တို့ ၏ အမှတ်တံဆိပ်သည် ဂျပန်နိုင်ငံသို့  လေအေးပေးစက်များကို တင်ပို့ သည့် ပထမဦးဆုံးသော ထိုင်းအမှတ်တံဆိပ်လည်း ဖြစ်ပါသည်” ဟု Chittipalungsri မှဆိုပါသည်။

ဂျပန်နိုင်ငံ၏ Nikkei မှ ကုမ္ပဏီအား ၄င်း၏ လေအေးပေးစက်နှင့် စမတ်ဖုန်းချိတ်ဆက်အသုံးပြုနိုင်သော ဆန်းသစ်သည့် ပရိုဂရမ်အတွက် ချီးကျူးခဲ့သည်။ Intelligent Inverter မှ လေအေးပေးစက်နှင့် အသုံးပြု သူ၏ စမတ်ဖုန်းအား Internet of Things (IoT) ဆိုသည့် တီထွင်ဖန်တီးထားသည့်အယူအဆ အောက် တွင် ချိတ်ဆက်ပေးခြင်းပင်ဖြစ်ပါသည်။ ဤနည်းဖြင့် အပူချိန်အား စွမ်းအင်ချွေတာရေးမုတ်သို့ ပြောင်းလဲ ချိန်ညှိခြင်း၊ ကျိုးပဲ့နေသည့် မည်သည့်အစိတ်အပိုင်းမဆိုအားရှာဖွေဖော်ထုတ်ခြင်း၊ လျှပ်စစ်အတွက် ကျသင့်မည့် ငွေအားခန့် မှန်းခြင်း နှင့် စက်အားသန့် ရှင်းပေးရန်လိုအပ်လာပါက သတိပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

Chittipalungsri မှ “၄င်းတို့ (ဖောက်သည်များ) သည် ထူးခြားဆန်းသစ်သည့် ဆောင်ရွက်ချက်များကို သဘောကျ နှစ်ခြိုက်ကြသည်။ Saijo Denki သည် ထိုကဲ့သို့ သော စနစ်ကို စတင်တီထွင်သည့် ပထမဦး ဆုံးသော ကုမ္ပဏီဖြစ်သည်။ ၄င်းသည် ၀ယ်ယူသူဖောက်သည်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါသည်။ ယခုနှစ်တွင် ပြောင်းလဲထားသည့် မော်ဒယ်ကို ၀ယ်ယူလိုသည့်အားမှာ ၃၀၀ % အထိ မြင့်တက် လာခဲ့ပါသည်။ ကျွန်တော်တို့ ၏ ဂျပန်နိုင်ငံရှိ မိတ်ဖက်မှ ကျွန်တော်တို့ အား မိမိ၏ ကိုယ်ပိုင်နည်းပညာများ ရရှိ အောင်မြင်သည်အထိ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ကြရန် ပြောပါသည်။ ကျွန်တော်တို့ ၏ ဆောင်ရွက်မှုများမှာ ဂျပန်တို့ ၏ စံချိန်စံညွှန်းအတိုင်းပင် ဖြစ်သည်။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ကြ သည့်နည်းလမ်းကို ၄င်းတို့ တန်ဖိုးထားကြသည်” ဟုပြောဆိုပါသည်။

ကုမ္ပဏီမှ စွမ်းအင်ချွေတာနိုင်ရန်အတွက် မည်ကဲ့သို့ ဆန်းသစ်တီထွင်ရမည်ကို တစ်စိုက်မတ်မတ်စူးစိုက် လုပ်ဆောင်လျက်ရှိသည်။ “စင်္ကာပူနိုင်ငံ၏ အစိမ်းရောင်စီးပွားရေးစံနှုန်းအရ Saijo Denki အမှတ်တံဆိပ် သည် ထိပ်တန်း လေအေးပေးစက်အမှတ်တံဆိပ် ဖြစ်ပါသည်။” ဟု Chittipalungsri မှ ဖြည့်စွက်ပြောကြား သည်။

ဤ ဆန်းသစ်သည့်နည်းပညာရပ်များသည် ဈေးကွက်အတွင်း ၌ Saijo Denki အားအောင်မြင်မှုရရှိစေသည် သာမက ထိုင်းနိုင်ငံ၏ပုံရိပ်အားလည်း ထုတ်လုပ်မှုတိုင်းပြည်အဖြစ် မြှင့်တင်ပေးနေခြင်းပင် ဖြစ်ပါသည်။

“နိုင်ငံတကာမှ ဖောက်သည်များ၊ အထူးသဖြင့် အာဆီယံတိုင်းနိုင်ငံများ၊ အိန္ဒိယနိုင်ငံ နှင့် အရှေ့ အလယ်ပိုင်း ဒေသမှ ဖောက်သည်များသည် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အပေါ်စိတ်ချယုံကြည်မှုရှိကြ သည်။ ဤနိုင်ငံများတွင် ထိုင်းထုတ်ကုန်များသည် ပထမတန်းစားပရီမီယံ ထုတ်ကုန်ပစ္စည်းများဖြစ်ကြ သည်” ဟု Chittipalungsri မှဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ http://www.saijo-denki.co.th အားကြည့်ရှုလေ့လာနိုင်ပါသည်။

Natthinee Ratanaprasidhi မှရေးသားဖော်ပြသည်။

 

 

 

နိုဝင်ဘာလသည် ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းနှင့်အတူ ရှည်ကြာပြီဖြစ်သော ထိုင်းနှင့် ဘယ်လ်ဂျီယံ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတွင် အရေးပါသော လတစ်လဖြစ်ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံရှိ အများပြည်သူဆိုင်ရာလုပ်ငန်းများဝန်ကြီးငှာန (Belgian Ministry of Public Works) နှင့် ဘန်ကောက် မြို့ တော်ဆိုင်ရာ စီမံခန့် ခွဲအုပ်ချုပ်ရေးငှာန (Bangkok Metropolitan Administration) တို့ မှ ပူးပေါင်းတည်ဆောက်သည့် ဘယ်လ်ဂျီယံ ထိုင်း ချစ်ကြည်ရင်းနှီးမှု တံတား သည် ကြာရှည်ခိုင်မြဲ သည့် ထိုင်း-ဘယ်လ်ဂျီယံ နှစ်နိုင်ငံကြား ဆက်ဆံရေး၏ သင်္ကေတပြယုဂ် တစ်ခုပင်ဖြစ်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ သံအမတ် Marc Michielsen ၏ ပြောကြားချက်အရာ တံတားအား 1988 ခုနှစ်တွင် 24 နာရီမျှ ကြာမြင့်ခြင်း မရှိသောအချိန်အတွင်း တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်မြို့ တော်ရှိ ပထမဆုံးသော မိုးပျံလမ်း တံတား တစ်ခုဖြစ်ပါသည်။

သို့ သော်၊ ထိုင်း-ဘယ်လ်ဂျီယံ ဆက်ဆံရေးသည် နက်ရှိုင်းသည့် သမိုင်းရှိခဲ့ပြီး နှစ် 150 နီးပါး ရှိခဲ့ပြီး ဖြစ်ပါသည်။ ပထမဆုံး နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေး ပိဋိညာဉ်စာချုပ်ကို 1868 ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသား ရှေ့ နေ၊ သံတမန်၊ 1892 ခုနှစ် နှင့် 1901 ခုနှစ်များ အတွင်းတွင် HM King Rama V အား အကြံဥာဏ်များပေးအပ်ခဲ့သည့် အထွေထွေအကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် Gustave Rolin-Jaequemyns သည် နိုင်ငံခြားသားများကို ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဘွဲ့ ထူးများတွင် အမြင့်ဆုံးဖြစ်ခဲ့သည့် Chao Phya Abhai Raja ဘွဲ့ ကို အပ်နှင်းခြင်း ခံခဲ့ရသည်။

Rolin-Jaequemyns နှင့် ဆွေမျိုးနီးစပ်တော်သည့် ကောင့်မြို့ စား Gerald van der Straten Ponthoz သည် ၄င်း ဘိုးဘေးကို ဂုဏ်ပြုတည်ထောင်ထားသည့် Chao Phya Abhai Raja Siammanukulkij ဖောင်ဒေးရှင်း၏ ဥက္ကဌ တစ်ဦးဖြစ်ပါသည်။

Rolin-Jaequemyns ကို အမှတ်တရရှိနေစေရန်အတွက် အဖွဲ့ အစည်းမှ အခွင့်အရေးနည်းပါးသည့် ကလေးများအတွက် စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ဆောင်ရွက် သကဲ့သို့ ၊ van der Straten Ponthoz မှ ကမ္ဘာပေါ် ရှိအကောင်းဆုံး ဘောလုံးကွင်းများမှ တစ်ကွင်းအဖြစ်ယုံကြည် ထားသော ခေတ်မီသည့် ချန်းရိုင်းဟေးလ် (Chiang Rai Hill) အားကစားကွင်းအား တည်ဆောက်ခြင်းကဲ့သို့ သော ၄င်းတို့ ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားပါသည်။

နိုဝင်ဘာလတွင် ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်း (Thai-Belgian Friendship project) အား စတင်အကောင်အထည်ဖော်ဆောင်တော့မည် ဖြစ်ပါသည်။ Van der Straten Ponthoz မှ နှစ် နိုင်ငံ ကြား ဟန်ဆောင်မှုကင်းမဲ့သည့် ဆက်ဆံရေးကို သဘာဝကျကျ တိုးမြှင့်ခြင်းဖြစ်သည်ဟု ယုံကြည်ထားပါ သည်။

၎င်းမှ “ထိုင်း နဲ့  ဘယ်လ်ဂျီယံ နိုင်ငံတွေဟာ ထာဝရမိတ်ဆွေတွေ လို့ ဆိုနိုင်ပါတယ်။ ထိုင်းနဲ့ ဘယ်လ်ဂျီယံ တော်ဝင်မိသားစုတွေကြားမှာလည်း စစ်မှန်တဲ့ ချစ်ကြည်ရင်းနှီးမှုရှိပါတယ်” ဟု ပြောဆိုပါသည်။

ဘယ်လ်ဂျီယံ ထိုင်း ချစ်ကြည်ရင်းနှီးမှုတံတားအား တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံ (HRH Princess Maha Chakri Sirindhorn) မှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ 2013 ခုနှစ်အတွင်း ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်မွမ်းမံရာတွင်လည်း ဘယ်လ်ဂျီယံနိုင်ငံမှ တော်ဝင် မင်းသား ဖိလစ် နှင့် မင်းသမီး မထေးလ်ဒါ (Prince Philippe and Princess Mathilde) တို့ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီ စီမံကိန်းကို ဆောင်ရွက်ရတာ အဲဒီ ချစ်ကြည်ရင်းနှီးမှုကြောင့် ဖြစ်ပါတယ်” ဟု Van der Straten Ponthoz မှ ဆိုပါသည်။

ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းတွင် ပြည်သူလူထုအတွက် တံခါးဖွင့်လှစ်ပေးထားမည့်
ဖြစ်ရပ်ကြောင်းရာစဉ်များ အများအပြားပါဝင်မည် ဖြစ်ပါသည်။ ထိုင်း-ဘယ်လ်ဂျီယံ တံတားအား အောက်တိုဘာလ 18 ရက်နေ့ မှ နိုဝင်ဘာလ 30 ရက်နေ့ များအတွင်း ပြုပြင်မွမ်းမံတန်ဆာဆင်မည် ဖြစ်ပြီး၊ နိုဝင်ဘာလ တစ်လလုံးတွင်လည်း ထိုင်း-ဘယ်လ်ဂျီယံ ပေါင်းစည်းမှု သင်္ကေတအဖြစ် ကောင်းကင်ယံ တွင် သီချင်းသံများကို ပျံ့ လွှင့်နေစေမည်ဖြစ်ပါသည်။ နိုဝင်ဘာလ 1 ရက်မှ 8 ရက်နေ့ ထိ အလည်အပတ်လာ ရောက်မည့် တော်ဝင်လည်ပတ်မှု၏ ဓာတ်ပုံမှတ်တမ်း ပြပွဲကို လည်း ခင်းကျင်းပြသထားမည်ဖြစ်သကဲ့သို့  Gallothai ထိုင်း-ဘယ်လ်ဂျီယံ (ချော့ကလက်) တံတား ပြပွဲ (Gallothai Thai-Belgian (Chocolate) Bridge Exhibition) ကိုလည်း နိုဝင်ဘာလ 5 ရက်နေ့ မှ 8 ရက်နေ့ အထိ ပြသမည် ဖြစ်ပါသည်။ ထိုပြပွဲ နှစ်ခု စလုံးကို စိုင်ယမ် ပါရာဂွန် (Siam Paragon) ကျင်းပပြသမည် ဖြစ်ပါသည်။

ကျင်းပမည့် အစီအစဉ်များတွင် နှစ်နိုင်ငံ စီးပွားရေးပေါင်းစည်းမှု ဆိုင်ရာအကြောင်းအရာလည်း ပါဝင်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ 4 ရက်နေ့ တွင် ကမ္ဘာ့ဘဏ် အကြီးတန်း စီးပွားရေးပညာရှင် Dr. Kirida Bhaopichitr မှ စီးပွားရေးဆိုင်ဖိုရမ် ကို Suvarnabhumi တက္ကသိုလ် ပရိဝုဏ်နယ်မြေ၊ အေဘက် တက္ကသိုလ် (ABAC (Assumption) University) ၌် ရှင်းလင်းပြောဆိုမည် ဖြစ်ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ သံအမတ် Marc Michielsen ပြည်တွင်း မီဒီယာနှင့် အင်တာဗျူး အစီအစဉ်တွင် “2013 ခုနှစ်မှာ ဘယ်လ်ဂျီယံ ကနေ ထိုင်းနိုင်ငံကို ကုန် ပစ္စည်း တင်ပို့ မှု 5.7% မြင့်တက်လာတယ်။ ဒီဟာတွေ ကတော့ အဓိကအားဖြင့် ဓာတု ပစ္စည်း ထုတ်ကုန်၊ စိန် အပါအ၀င် တန်ဖိုးရှိတဲ့ကျောက်တွေ၊ သတ္တု၊ စက်ယန္တရား နဲ့  ပစ္စည်း ကိရိယာတွေ နဲ့  ပလတ်စတစ် တွေပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ ဘယ်လ်ဂျီယံ နိုင်ငံကို တင်ပို့ တဲ့ အဓိက ပစ္စည်း တွေကတော့ စက်ယန္တရား နဲ့  ပစ္စည်း ကိရိယာတွေ၊ အဖိုးတန် ကျောက်မျက်တွေ၊ သတ္တုတွေ၊ ပလတ်စတစ်တွေ နဲ့ သယ်ယူပို့ ဆောင်ရေး ပစ္စည်းတွေပဲဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

အထူးသီးသန့် အစီအစဉ်များအနေဖြင့် နိုဝင်ဘာလ 1 ရက်နေ့ တွင် စိုင်ယမ် ပါရာဂွန် (Siam Paragon) ၌
တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံ (HRH Princess Maha Chakri Sirindhorn) ပါဝင်ဆင်နွှဲမည့် ဓာတ်ပုံပြပွဲ ကော့တေးလ်ပါတီ၊ နိုဝင်ဘာလ 3 ရက်နေ့ တွင် Plaza Athenee တွင်ကျင်းပမည့် ကြီးကျယ် ခမ်းနားသည့် commemorative brooch charity ညစာစားပွဲ များလည်းပါဝင်မည် ဖြစ်ပါသည်။ ထို အစီအစဉ်များကို ထိုင်းနိုင်ငံ၏ ဝေးလံခေါင်သီသော အရပ်ဒေသများရှိ ထိုင်းနယ်စပ်ရဲ ကျောင်းများကို ထောက်ပံ့ပေးအပ်ရန်အတွက် ရန်ပုံငွေရှာဖွေရန်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ စီမံကိန်းအား နိုဝင်ဘာလ 9 ရက်နေ့ တွင် Plaza Athenee ၌ Thailand Elite Royal Portraits ကော့တေးလ်ပါတီကို ကျင်းပခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်ပါသည်။

van der Straten Ponthoz မှ နှစ်နိုင်ငံ စီးပွားရေးပေါင်းစည်းမှုကဏ္ဍသည် အရေးပါစေကာမူ စီမံကိန်း ၏ ပညာရေးဆိုင်ရာ အကျိုးကျေးဇူးများမှာ ပိုမိုအရေးပါကြောင်း ခံစားရသည်ဟုဆိုပါသည်။ ၄င်းမှ “စီးပွားရေး ဆိုင်ရာ ဖိုရမ်က စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်ဝင်စားစရာဖြစ်ပေမဲ့ ကျောင်းသူ/သားတွေကတော့ ကျွန်တော်တို့ ရဲ့ အနာဂတ် ပဲဖြစ်ပါတယ်” ဟုဆိုသည်။

Mark Bibby Jackson မှရေးသားသည်။

ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းအကြောင်း ပိုမိုသိရှိလိုပါက
https://www.facebook.com/thaibelgianfriendship2015 အားဖတ်ရှုလေ့လာနိုင်ပါသည်။

 

 

 

Issue 37

 
 

Investing in new technology is the way forward for Thai industries as they look to expand into international markets.

According to the Thailand Board of Investment (BOI), Thailand's industrial GDP has showed an improvement compared to Q2 2014, with the manufacture of computers and electronics doing particularly well. As for the automotive industry, production for 2015 is expected to be 50-55% up for the domestic market and 45-50% for exports compared to 2014.

The boost to the automotive industry is having an impact beyond those companies specialising in the manufacture of automobiles and autoparts. Established in 2003, AIB Engineering is one such company.

“We saw how important blasting machinery would be in polishing and brushing stainless steel in automotive applications,” says Tanuch Praserttirachai, managing director of AIB. “At that time [2003], we wanted to create a blasting machine that was produced by Thais for Thais. It should be practical, durable, and competitive and meet the needs of those who use it.

368301