ထိုင်းနိုင်ငံသည် ထုတ်လုပ်မှုလုပ်ငန်းများအတွက် အချက်အချာကျသည့် နေရာဖြစ်သည်သာမက လေအေးပေးစက်များအတွက်လည်း ကမ္ဘာ့အဆင့်မီဆန်းသစ်မှုများကိုပေးနိုင်သော အချက်အချာကျသည့် နေရာလည်းဖြစ်ပေသည်။

ကမ္ဘာ့ဈေးကွက်အလယ်တွင် မိမိ၏ထုတ်ကုန် ၀င့်ကြွားစွာရပ်တည်နိုင်ရေးအတွက် နည်းပညာတိုးတက်မှု နှင့် တီထွင်ဆန်းသစ်မှုတို့ သည် ကုန်ပစ္စည်းကောင်းထုတ်လုပ်နိုင်ရေးကဲ့သို့ ပင် မရှိမဖြစ်လိုအပ်ပါသည်။

ပို့ ကုန်တန်ဖိုးပေါ်မူတည်၍ ဖော်ပြရပါလျှင် ထိုင်းနိုင်ငံ၏ အရေးပါလှသည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်း များမှာ လေအေးပေးစက်များ နှင့် ရေခဲသေတ္တာများပင် ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့  (Thailand Board of Investment (BOI)) ၏အဆိုအရ ၂၀၁၄ ခုနှစ်တွင် ကနဦး ပို့ ကုန်များ တွင် လျှပ်စစ်အသုံး အဆောင်ပစ္စည်းများ၏ တင်ပို့ မှုမှာ 17 % နီးပါးအထိရှိခဲ့ပြီး၊ နောက်ပိုင်းတွင် 6 % ထပ်မံတင်ပို့ ခဲ့ ရသည် ဟုဆိုပါသည်။

ထိပ်တန်း ထိုင်းလေအေးပေးစက်ထုတ်လုပ်သည့်အဖွဲ့ များမှ တစ်ဦးအပါအ၀င်ဖြစ်သည့် Saijo Denki ၏ လက်ထောက်မန်းနေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သူ Thunyawat Chittipalungsri မှ “ခိုင်မာသည့် စီးပွား လုပ်ငန်းကို တည်ထောင်နိုင်ရန်အတွက် မိမိ၏ကိုယ်ပိုင်နည်းပညာ၊ ထုတ်လုပ်မှု နှင့် အမှတ်တံဆိပ် ရှိရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံသည် ဆန်းသစ်တီထွင်မှု၏ အချက်အချာကျသည့် နေရာဖြစ်နိုင်ကြောင်းကို လည်း  ကမ္ဘာ အနှံ့ အပြားမှ သိရှိနိုင်ရန်အတွက် ကျွန်တော်တို့ မှ ကြိုးစားလုပ်ဆောင်နေပါသည်” ဟု ပြောဆိုပါသည်။

Saijo Denki အား 1987 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီအား မူရင်း ပစ္စည်း  ထုတ်လုပ် သည့်လုပ်ငန်း (original equipment manufacturer (OEM)) အဖြစ်နှင့်စတင်ခဲ့ပြီး နောက်ပိုင်း တွင် ထိပ်တန်း လေအေးပေးစက် ထုတ်လုပ်သည့် ကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့သည်။ “ကျွန်တော်တို့ ၏ စီးပွားရေး လုပ်ငန်းကို ဆန်းသစ်တီထွင် ပြီး အတတ်ပညာနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း အဖြစ် ပြောင်းလဲ ခဲ့ သည်။ ၄င်းပြင် ကျွန်တော်တို့ ၏ အမှတ်တံဆိပ်သည် ဂျပန်နိုင်ငံသို့  လေအေးပေးစက်များကို တင်ပို့ သည့် ပထမဦးဆုံးသော ထိုင်းအမှတ်တံဆိပ်လည်း ဖြစ်ပါသည်” ဟု Chittipalungsri မှဆိုပါသည်။

ဂျပန်နိုင်ငံ၏ Nikkei မှ ကုမ္ပဏီအား ၄င်း၏ လေအေးပေးစက်နှင့် စမတ်ဖုန်းချိတ်ဆက်အသုံးပြုနိုင်သော ဆန်းသစ်သည့် ပရိုဂရမ်အတွက် ချီးကျူးခဲ့သည်။ Intelligent Inverter မှ လေအေးပေးစက်နှင့် အသုံးပြု သူ၏ စမတ်ဖုန်းအား Internet of Things (IoT) ဆိုသည့် တီထွင်ဖန်တီးထားသည့်အယူအဆ အောက် တွင် ချိတ်ဆက်ပေးခြင်းပင်ဖြစ်ပါသည်။ ဤနည်းဖြင့် အပူချိန်အား စွမ်းအင်ချွေတာရေးမုတ်သို့ ပြောင်းလဲ ချိန်ညှိခြင်း၊ ကျိုးပဲ့နေသည့် မည်သည့်အစိတ်အပိုင်းမဆိုအားရှာဖွေဖော်ထုတ်ခြင်း၊ လျှပ်စစ်အတွက် ကျသင့်မည့် ငွေအားခန့် မှန်းခြင်း နှင့် စက်အားသန့် ရှင်းပေးရန်လိုအပ်လာပါက သတိပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

Chittipalungsri မှ “၄င်းတို့ (ဖောက်သည်များ) သည် ထူးခြားဆန်းသစ်သည့် ဆောင်ရွက်ချက်များကို သဘောကျ နှစ်ခြိုက်ကြသည်။ Saijo Denki သည် ထိုကဲ့သို့ သော စနစ်ကို စတင်တီထွင်သည့် ပထမဦး ဆုံးသော ကုမ္ပဏီဖြစ်သည်။ ၄င်းသည် ၀ယ်ယူသူဖောက်သည်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါသည်။ ယခုနှစ်တွင် ပြောင်းလဲထားသည့် မော်ဒယ်ကို ၀ယ်ယူလိုသည့်အားမှာ ၃၀၀ % အထိ မြင့်တက် လာခဲ့ပါသည်။ ကျွန်တော်တို့ ၏ ဂျပန်နိုင်ငံရှိ မိတ်ဖက်မှ ကျွန်တော်တို့ အား မိမိ၏ ကိုယ်ပိုင်နည်းပညာများ ရရှိ အောင်မြင်သည်အထိ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ကြရန် ပြောပါသည်။ ကျွန်တော်တို့ ၏ ဆောင်ရွက်မှုများမှာ ဂျပန်တို့ ၏ စံချိန်စံညွှန်းအတိုင်းပင် ဖြစ်သည်။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ကြ သည့်နည်းလမ်းကို ၄င်းတို့ တန်ဖိုးထားကြသည်” ဟုပြောဆိုပါသည်။

ကုမ္ပဏီမှ စွမ်းအင်ချွေတာနိုင်ရန်အတွက် မည်ကဲ့သို့ ဆန်းသစ်တီထွင်ရမည်ကို တစ်စိုက်မတ်မတ်စူးစိုက် လုပ်ဆောင်လျက်ရှိသည်။ “စင်္ကာပူနိုင်ငံ၏ အစိမ်းရောင်စီးပွားရေးစံနှုန်းအရ Saijo Denki အမှတ်တံဆိပ် သည် ထိပ်တန်း လေအေးပေးစက်အမှတ်တံဆိပ် ဖြစ်ပါသည်။” ဟု Chittipalungsri မှ ဖြည့်စွက်ပြောကြား သည်။

ဤ ဆန်းသစ်သည့်နည်းပညာရပ်များသည် ဈေးကွက်အတွင်း ၌ Saijo Denki အားအောင်မြင်မှုရရှိစေသည် သာမက ထိုင်းနိုင်ငံ၏ပုံရိပ်အားလည်း ထုတ်လုပ်မှုတိုင်းပြည်အဖြစ် မြှင့်တင်ပေးနေခြင်းပင် ဖြစ်ပါသည်။

“နိုင်ငံတကာမှ ဖောက်သည်များ၊ အထူးသဖြင့် အာဆီယံတိုင်းနိုင်ငံများ၊ အိန္ဒိယနိုင်ငံ နှင့် အရှေ့ အလယ်ပိုင်း ဒေသမှ ဖောက်သည်များသည် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အပေါ်စိတ်ချယုံကြည်မှုရှိကြ သည်။ ဤနိုင်ငံများတွင် ထိုင်းထုတ်ကုန်များသည် ပထမတန်းစားပရီမီယံ ထုတ်ကုန်ပစ္စည်းများဖြစ်ကြ သည်” ဟု Chittipalungsri မှဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ http://www.saijo-denki.co.th အားကြည့်ရှုလေ့လာနိုင်ပါသည်။

Natthinee Ratanaprasidhi မှရေးသားဖော်ပြသည်။

 

 

 

368773