နိုဝင်ဘာလသည် ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းနှင့်အတူ ရှည်ကြာပြီဖြစ်သော ထိုင်းနှင့် ဘယ်လ်ဂျီယံ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတွင် အရေးပါသော လတစ်လဖြစ်ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံရှိ အများပြည်သူဆိုင်ရာလုပ်ငန်းများဝန်ကြီးငှာန (Belgian Ministry of Public Works) နှင့် ဘန်ကောက် မြို့ တော်ဆိုင်ရာ စီမံခန့် ခွဲအုပ်ချုပ်ရေးငှာန (Bangkok Metropolitan Administration) တို့ မှ ပူးပေါင်းတည်ဆောက်သည့် ဘယ်လ်ဂျီယံ ထိုင်း ချစ်ကြည်ရင်းနှီးမှု တံတား သည် ကြာရှည်ခိုင်မြဲ သည့် ထိုင်း-ဘယ်လ်ဂျီယံ နှစ်နိုင်ငံကြား ဆက်ဆံရေး၏ သင်္ကေတပြယုဂ် တစ်ခုပင်ဖြစ်ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ သံအမတ် Marc Michielsen ၏ ပြောကြားချက်အရာ တံတားအား 1988 ခုနှစ်တွင် 24 နာရီမျှ ကြာမြင့်ခြင်း မရှိသောအချိန်အတွင်း တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်မြို့ တော်ရှိ ပထမဆုံးသော မိုးပျံလမ်း တံတား တစ်ခုဖြစ်ပါသည်။

သို့ သော်၊ ထိုင်း-ဘယ်လ်ဂျီယံ ဆက်ဆံရေးသည် နက်ရှိုင်းသည့် သမိုင်းရှိခဲ့ပြီး နှစ် 150 နီးပါး ရှိခဲ့ပြီး ဖြစ်ပါသည်။ ပထမဆုံး နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေး ပိဋိညာဉ်စာချုပ်ကို 1868 ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသား ရှေ့ နေ၊ သံတမန်၊ 1892 ခုနှစ် နှင့် 1901 ခုနှစ်များ အတွင်းတွင် HM King Rama V အား အကြံဥာဏ်များပေးအပ်ခဲ့သည့် အထွေထွေအကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် Gustave Rolin-Jaequemyns သည် နိုင်ငံခြားသားများကို ပေးအပ်ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဘွဲ့ ထူးများတွင် အမြင့်ဆုံးဖြစ်ခဲ့သည့် Chao Phya Abhai Raja ဘွဲ့ ကို အပ်နှင်းခြင်း ခံခဲ့ရသည်။

Rolin-Jaequemyns နှင့် ဆွေမျိုးနီးစပ်တော်သည့် ကောင့်မြို့ စား Gerald van der Straten Ponthoz သည် ၄င်း ဘိုးဘေးကို ဂုဏ်ပြုတည်ထောင်ထားသည့် Chao Phya Abhai Raja Siammanukulkij ဖောင်ဒေးရှင်း၏ ဥက္ကဌ တစ်ဦးဖြစ်ပါသည်။

Rolin-Jaequemyns ကို အမှတ်တရရှိနေစေရန်အတွက် အဖွဲ့ အစည်းမှ အခွင့်အရေးနည်းပါးသည့် ကလေးများအတွက် စီမံကိန်းအများအပြားကို အကောင်အထည်ဖော်ဆောင်ရွက် သကဲ့သို့ ၊ van der Straten Ponthoz မှ ကမ္ဘာပေါ် ရှိအကောင်းဆုံး ဘောလုံးကွင်းများမှ တစ်ကွင်းအဖြစ်ယုံကြည် ထားသော ခေတ်မီသည့် ချန်းရိုင်းဟေးလ် (Chiang Rai Hill) အားကစားကွင်းအား တည်ဆောက်ခြင်းကဲ့သို့ သော ၄င်းတို့ ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားပါသည်။

နိုဝင်ဘာလတွင် ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်း (Thai-Belgian Friendship project) အား စတင်အကောင်အထည်ဖော်ဆောင်တော့မည် ဖြစ်ပါသည်။ Van der Straten Ponthoz မှ နှစ် နိုင်ငံ ကြား ဟန်ဆောင်မှုကင်းမဲ့သည့် ဆက်ဆံရေးကို သဘာဝကျကျ တိုးမြှင့်ခြင်းဖြစ်သည်ဟု ယုံကြည်ထားပါ သည်။

၎င်းမှ “ထိုင်း နဲ့  ဘယ်လ်ဂျီယံ နိုင်ငံတွေဟာ ထာဝရမိတ်ဆွေတွေ လို့ ဆိုနိုင်ပါတယ်။ ထိုင်းနဲ့ ဘယ်လ်ဂျီယံ တော်ဝင်မိသားစုတွေကြားမှာလည်း စစ်မှန်တဲ့ ချစ်ကြည်ရင်းနှီးမှုရှိပါတယ်” ဟု ပြောဆိုပါသည်။

ဘယ်လ်ဂျီယံ ထိုင်း ချစ်ကြည်ရင်းနှီးမှုတံတားအား တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံ (HRH Princess Maha Chakri Sirindhorn) မှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ 2013 ခုနှစ်အတွင်း ခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြုပြင်မွမ်းမံရာတွင်လည်း ဘယ်လ်ဂျီယံနိုင်ငံမှ တော်ဝင် မင်းသား ဖိလစ် နှင့် မင်းသမီး မထေးလ်ဒါ (Prince Philippe and Princess Mathilde) တို့ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တို့ ဒီ စီမံကိန်းကို ဆောင်ရွက်ရတာ အဲဒီ ချစ်ကြည်ရင်းနှီးမှုကြောင့် ဖြစ်ပါတယ်” ဟု Van der Straten Ponthoz မှ ဆိုပါသည်။

ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းတွင် ပြည်သူလူထုအတွက် တံခါးဖွင့်လှစ်ပေးထားမည့်
ဖြစ်ရပ်ကြောင်းရာစဉ်များ အများအပြားပါဝင်မည် ဖြစ်ပါသည်။ ထိုင်း-ဘယ်လ်ဂျီယံ တံတားအား အောက်တိုဘာလ 18 ရက်နေ့ မှ နိုဝင်ဘာလ 30 ရက်နေ့ များအတွင်း ပြုပြင်မွမ်းမံတန်ဆာဆင်မည် ဖြစ်ပြီး၊ နိုဝင်ဘာလ တစ်လလုံးတွင်လည်း ထိုင်း-ဘယ်လ်ဂျီယံ ပေါင်းစည်းမှု သင်္ကေတအဖြစ် ကောင်းကင်ယံ တွင် သီချင်းသံများကို ပျံ့ လွှင့်နေစေမည်ဖြစ်ပါသည်။ နိုဝင်ဘာလ 1 ရက်မှ 8 ရက်နေ့ ထိ အလည်အပတ်လာ ရောက်မည့် တော်ဝင်လည်ပတ်မှု၏ ဓာတ်ပုံမှတ်တမ်း ပြပွဲကို လည်း ခင်းကျင်းပြသထားမည်ဖြစ်သကဲ့သို့  Gallothai ထိုင်း-ဘယ်လ်ဂျီယံ (ချော့ကလက်) တံတား ပြပွဲ (Gallothai Thai-Belgian (Chocolate) Bridge Exhibition) ကိုလည်း နိုဝင်ဘာလ 5 ရက်နေ့ မှ 8 ရက်နေ့ အထိ ပြသမည် ဖြစ်ပါသည်။ ထိုပြပွဲ နှစ်ခု စလုံးကို စိုင်ယမ် ပါရာဂွန် (Siam Paragon) ကျင်းပပြသမည် ဖြစ်ပါသည်။

ကျင်းပမည့် အစီအစဉ်များတွင် နှစ်နိုင်ငံ စီးပွားရေးပေါင်းစည်းမှု ဆိုင်ရာအကြောင်းအရာလည်း ပါဝင်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ 4 ရက်နေ့ တွင် ကမ္ဘာ့ဘဏ် အကြီးတန်း စီးပွားရေးပညာရှင် Dr. Kirida Bhaopichitr မှ စီးပွားရေးဆိုင်ဖိုရမ် ကို Suvarnabhumi တက္ကသိုလ် ပရိဝုဏ်နယ်မြေ၊ အေဘက် တက္ကသိုလ် (ABAC (Assumption) University) ၌် ရှင်းလင်းပြောဆိုမည် ဖြစ်ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ သံအမတ် Marc Michielsen ပြည်တွင်း မီဒီယာနှင့် အင်တာဗျူး အစီအစဉ်တွင် “2013 ခုနှစ်မှာ ဘယ်လ်ဂျီယံ ကနေ ထိုင်းနိုင်ငံကို ကုန် ပစ္စည်း တင်ပို့ မှု 5.7% မြင့်တက်လာတယ်။ ဒီဟာတွေ ကတော့ အဓိကအားဖြင့် ဓာတု ပစ္စည်း ထုတ်ကုန်၊ စိန် အပါအ၀င် တန်ဖိုးရှိတဲ့ကျောက်တွေ၊ သတ္တု၊ စက်ယန္တရား နဲ့  ပစ္စည်း ကိရိယာတွေ နဲ့  ပလတ်စတစ် တွေပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ ဘယ်လ်ဂျီယံ နိုင်ငံကို တင်ပို့ တဲ့ အဓိက ပစ္စည်း တွေကတော့ စက်ယန္တရား နဲ့  ပစ္စည်း ကိရိယာတွေ၊ အဖိုးတန် ကျောက်မျက်တွေ၊ သတ္တုတွေ၊ ပလတ်စတစ်တွေ နဲ့ သယ်ယူပို့ ဆောင်ရေး ပစ္စည်းတွေပဲဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။

အထူးသီးသန့် အစီအစဉ်များအနေဖြင့် နိုဝင်ဘာလ 1 ရက်နေ့ တွင် စိုင်ယမ် ပါရာဂွန် (Siam Paragon) ၌
တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံ (HRH Princess Maha Chakri Sirindhorn) ပါဝင်ဆင်နွှဲမည့် ဓာတ်ပုံပြပွဲ ကော့တေးလ်ပါတီ၊ နိုဝင်ဘာလ 3 ရက်နေ့ တွင် Plaza Athenee တွင်ကျင်းပမည့် ကြီးကျယ် ခမ်းနားသည့် commemorative brooch charity ညစာစားပွဲ များလည်းပါဝင်မည် ဖြစ်ပါသည်။ ထို အစီအစဉ်များကို ထိုင်းနိုင်ငံ၏ ဝေးလံခေါင်သီသော အရပ်ဒေသများရှိ ထိုင်းနယ်စပ်ရဲ ကျောင်းများကို ထောက်ပံ့ပေးအပ်ရန်အတွက် ရန်ပုံငွေရှာဖွေရန်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ စီမံကိန်းအား နိုဝင်ဘာလ 9 ရက်နေ့ တွင် Plaza Athenee ၌ Thailand Elite Royal Portraits ကော့တေးလ်ပါတီကို ကျင်းပခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်ပါသည်။

van der Straten Ponthoz မှ နှစ်နိုင်ငံ စီးပွားရေးပေါင်းစည်းမှုကဏ္ဍသည် အရေးပါစေကာမူ စီမံကိန်း ၏ ပညာရေးဆိုင်ရာ အကျိုးကျေးဇူးများမှာ ပိုမိုအရေးပါကြောင်း ခံစားရသည်ဟုဆိုပါသည်။ ၄င်းမှ “စီးပွားရေး ဆိုင်ရာ ဖိုရမ်က စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်ဝင်စားစရာဖြစ်ပေမဲ့ ကျောင်းသူ/သားတွေကတော့ ကျွန်တော်တို့ ရဲ့ အနာဂတ် ပဲဖြစ်ပါတယ်” ဟုဆိုသည်။

Mark Bibby Jackson မှရေးသားသည်။

ထိုင်း-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု စီမံကိန်းအကြောင်း ပိုမိုသိရှိလိုပါက
https://www.facebook.com/thaibelgianfriendship2015 အားဖတ်ရှုလေ့လာနိုင်ပါသည်။

 

 

 

368503