Q&A

Issue 60

 
 

စနစ်တကျလေ့လာသင်ယူဆည်းပူးခြင်း မရှိ သော်လည်း ၀ါသနာအားအကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကမ္ဘာ့စင်မြင့်ပေါ်တွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ကြောင်းသည် အစားအသောက် ဒီဇိုင်နာ Nick Vipittichak Pitthayanont မှသက်သေပင်ဖြစ်သည်။

အစားအသောက် ဒီဇိုင်နာတစ်ယောက်အနေနဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းကိုပြောပြပေးပါ။

စက္ခုအာရုံအနုပညာကို အစားအသောက်နဲ့ ဆိုင်တဲ့ဗဟုသုတနဲ့ ပေါင်းစပ်ပြီး အပြောင်မြောက်ဆုံးအနုလက်ရာ ကိုဖန်တီးရတာ အရမ်းကိုအံ့မခန်းပါပဲ။ ပန်းကန်ပေါ်က အစားအစာကို ဒီဇိုင်းထွင်ရတာအပြင်၊ အစားအသောက် ဒီဇိုင်နာတွေလုပ်နိုင်တာက စားသောက်ဖွယ်စာရင်းတွေ (menu) ကိုဖန်တီးတာ၊ စားသောက်ဆိုင်ရဲ့ အယူအဆ ပုံစံတွေ (concepts) ကိုဖန်တီးတာ၊ F&B အကြံပေးအဖြစ်လုပ်တာနဲ့ အစားအသောက်နဲ့ ဆိုင်တဲ့ အကြံပေးတာ တွေကိုလုပ်နိုင်ပါတယ်။ ကျွန်တော်က သူတို့ ရဲ့ စားသောက်ဆိုင်ထဲကို စားသုံးသူတွေဝင်လာတဲ့ မိနစ်ပိုင်း အတွင်းမှာ အရမ်းအံ့သြသွားရ (wow) စေနိုင်မယ့် အကြံဥာဏ်တွေကို ကျွန်တော့်ရဲ့  ဖောက်သည်တွေကို ပေး ပါတယ်။ ဘာကြောင့်ဆိုရင် အခုခေတ်ရဲ့  F&B လုပ်ငန်းမှာ အစားအသောက်ရဲ့ အပြင်အဆင်ကအရမ်းကို အရေးပါလာတယ်။ စားသုံးသူဖောက်သည်တွေက သူတို့ ရဲ့ ပါးစပ်နဲ့ မစားခင်မှာ သူတို့ ရဲ့ မျက်စိတွေနဲ့ အရင် စားကြတဲ့ဖြစ်ပါတယ်။

ကိုယ်ရဲ့ စိတ်ကူးအိုင်ဒီယာကို ထင်ဟပ်ပေါ်လွင်စေပြီး စားသုံးသူဖောက်သည်တွေရဲ့ နှလုံးကို ဖမ်းစားနိုင်မယ့် ဒီဇိုင်းမျိုးတွေကို ဘယ်လိုထွင်ပါသလဲ။

ကျွန်တော်က ကိုယ့်ကိုကိုယ် food designer (အစားအသောက်ဒီဇိုင်နာ) ဒါမှမဟုတ် food plating artist (အစားအသောက်ကို ပန်းကန်ပေါ်တွင်အလှဆင်သည့် အနုပညာရှင်) လို့ ခေါ်တယ်။ ဘာကြောင့်ဆိုရင် ကျွန်တော့်အတွက် ပန်းကန်က ပန်းချီကားရေးတဲ့ပိတ်စလိုပါပဲ။ အရောင်းအသွေးစုံတဲ့ အစားအသောက်တွေနဲ့  တန်ဆာဆင်ရေးဆွဲနိုင်တဲ့ အတွက်ကြောင့်ပါ။ အစားအသောက်ကောင်းရဲ့ အဓိက၀ိသေသ လက္ခဏာကလည်း အရသာ ကောင်းမွန်ခြင်းပါ။ ပန်းကန်အပေါ်မှာ ဒီဇိုင်းထွင်တာနဲ့ အစားအသောက်ကို အနုရသစုံစုံလင်လင်နဲ့  တင်ဆက်တာကလည်း အစားအသောက်အပေါ်မှာစားသုံးသူတွေကို ပိုပြီးခံတွင်းတွေ့ စေပါတယ်။

 

အလုပ်မှာပျော်မွေ့ ရတဲ့အကြောင်းက ဘာပါလဲ။

အစကတည်းက ချက်ရပြုတ်ရတာကို အရမ်းကိုဝါသနာပါခဲ့ပါတယ်။ နောက်ပြီး ပန်းချီအနုပညာပိုင်းမှာလည်း ၀ါသနာပါတော့ ဂရပ်ဖစ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဒီဂရီဘွဲ့ လက်မှတ်လည်းရခဲ့ပါတယ်။ ကျွန်တော်အိမ်မှာချက်တုန်း က ဟင်းပွဲတွေကို အမျိုးမျိုးအလှဆင်ပြီး သူတို့ ရဲ့ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်ကို တင်တယ်။ အင်စတာဂရမ် ကြောင့် ကျွန်တော့်ရဲ့ အနုလက်ရာကို ပရိသတ်အတော်များများသိသွားကြတယ်။ အင်စတာဂရမ်ပေါ်မှာ ကျွန်တော့်ကို နိုင်ငံခြားက စားဖိုမှူးတွေက follow လုပ်လာကြတယ်။ ရလဒ်အနေနဲ့ ကတော့ ကျွန်တော့်ကို စဉ်ဆက်မပြတ်ဆက်သွယ်ပြီး ဒီလိုမျိုး အနုလက်ရာဖန်တီးမှုတွေလုပ်ဖို့ တောင်းဆိုလာကြတာပါပဲ။

အစားအသောက် ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကိုယ်ဂုဏ်အယူမိဆုံးက ဘာများဘာလဲ။

ကျွန်တော့်ရဲ့ ဖန်တီးမှုကို အစားအသောက်လုပ်ငန်းနယ်ပယ်အတွက် ယူကေရဲ့ ထိပ်တန်းရှေ့ ဆောင် မဂ္ဂဇင်း အဖြစ်ယူဆကြတဲ့ Four Magazine ရဲ့ ရှေ့ မျက်နှာဖုံးမှာဖော်ပြခြင်းခံရတာပါပဲ။ ကျွန်တော့်ရဲ့ လက်ရာတွေကို အင်စတာဂရမ်ပေါ်မှာတွေ့ လို့ ကျွန်တော့်ကို သူတို့ တွေက ဆက်သွယ်ပြီး သူတို့ ရဲ့ မျက်နှာဖုံးအတွက် ဖန်တီး ပေးဖို့ တောင်းဆိုလာပါတယ်။ ထိုင်းဖြစ်ခြင်းရဲ့ သရုပ်ကို ပေါ်လွင်စေဖို့ အတွက် ကောက်ညှင်းနဲ့ သရက်သီး ကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ကြိမ်ကတော့၊ စီအန်အန် (CNN) နဲ့ တွေ့ ဆုံမေးမြန်းခန်းပါ။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုနဲ့ မိမိဘာသာ လေ့လာသင်ယူတတ်မြောက်မှုကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။ ကျွန်တော့်ကို သူတို့ တွေက ထိုင်း ဂေါ်ဒွန် ရမ်စီ (Thai Gordon Ramsay) လို့ တောင်တင်စားခေါ်ဆိုကြတယ်။ အရမ်းကို ဂုဏ်ယူမိပါတယ်။

ဒီသက်မွေးမှုလမ်းကြောင်းပေါ်ကို စတင်ဝင်ရောက်လာတဲ့သူတွေအတွက် ဘာများအကြံပြုပြောကြားချင်ပါလဲ။

အစားအသောက် ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အတွက် ၀ါသနာကြီးရမယ်၊ ကျွမ်းကျင်စွာဖန်တီးနိုင်ဖို့ အတွက် လေ့ကျင့်ရမယ်၊ နောက်ပြီး တိုးတက်ချင်တဲ့စိတ်ရှိရပါမယ်။

အနာဂတ် အစီအစဉ်တွေကဘာများပါလဲ။

ပန်းကန်းပေါ်မှာ အစားအသောက် ပြင်ဆင်တဲ့ အနုပညာ (the art of food plating) ကို လေ့လာသင်ယူချင် တဲ့သူတွေအတွက် food styling နဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အခုမှာ ခက်ခဲတဲ့ ပုံပေါ်နေပါတယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်က Hatten Hotel Melaka မှာရှိတဲ့ Alto Sky Lounge၊ ဒူဘိုင်း က the Zahr El-Laymoun၊ ဘန်ကောက်မှာရှိတဲ့ Riva Arun နဲ့  the Dom Café and Bistro လိုမျိုး နိုင်ငံ အတော်များများမှာရှိတဲ့ စားသောက်ဆိုင်တွေကို ပံ့ပိုးကူညီဖို့ အတွက် ထိုင်းနိုင်ငံကနေ ကူးချီသန်းချီလုပ်နေရ တဲ့အတွက်ကြောင့်ပါ။

 

 

Issue 58

Horizon မှ Richy Rice ၏မန်းနေးဂျင်းဒါရိုက်တာ Kanida Sanee အား နိုင်ငံတကာဈေးကွက်တွင်းသို့ ဆန်ဖြင့် ပြုလုပ်သည့် ဆန်ခရက်ကာ(rice crackers) မုန့် များတင်ပို့ ရောင်းချရန်အတွက် ဖန်တီးဖြစ်ပုံကို မေးမြန်းထားခြင်း ဖြစ်ပါသည်။

အစ်မရဲ့ ဆန်ခရက်ကာ ပြုလုပ်ဖြစ်ပုံကို ပြောပြပေးပါ။

လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်တုန်းက ကျွန်မရဲ့ မွေးရပ်မြေဖြစ်တဲ့ ပထာလွန် (Phatthalung) စီရင်စုမှာ Sangyod ဆန် တွေအများအပြားပုံနေတဲ့ ပြဿနာကိုရင်ဆိုင်ခဲ့ကြရတယ်။ ဒါနဲ့ ကျွန်မလည်း ဒီအခက်ပြဿနာကို ဖြေရှင်းနိုင်ဖို့ အ တွက်ကြိုးပမ်းတာပေါ့။ ပြပွဲတွေမှာ ကျွန်မတို့ ရဲ့ ဝယ်ယူသုံးစွဲသူက သူတို့ ရဲ့ ကလေးတွေကို Sangyod ဆန်လုံးစား စေချင်ပေမယ့် သူတို့ ကငြင်းဆန်ကြတယ်လို့ ပြောပြကြတယ်။ အဲဒါနဲ့ ပဲ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Sangyod ဆန် နဲ့ ထုတ်လုပ်တဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်ဖို့ အတွက် အတွေးပေါ်လာတယ်။ အဲဒါနဲ့ ပဲ ဆန်ခရက်ကာ မုန့် ကိုစဉ်းစားမိတာပါ။

Sangyod ဆန်အကြောင်းပြောပြပေးပါ။

Sangyod ဆန်ဆိုတာက ထိုင်းနိုင်ငံတောင်ပိုင်း ပထာလွန် (Phatthalung) စီရင်စုကနေထွက်တဲ့ ရိုးရာဆန်ပေါ့။ လွန်ခဲ့နှစ်ပေါင်း တစ်ရာကျော်လောက်ကနေစပြီး အဲဒီစီရင်စုတစ်ခုလုံးမှာ စိုက်ပျိုးလာခဲ့ကြတာ။ Sangyod ဆန်က အနံ့ မွှေးတယ်။ အရသာလည်းကောင်းမွန်ပြီး ကျန်းမာရေးနဲ့ လည်းညီညွတ်တယ်။ ဘာကြောင့်ဆိုရင် အမျှင်ဓာတ် မြောက်မြားစွာပါဝင်တဲ့အတွက်ကြောင့်ပါ။ ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေကို အော်ဂဲနစ် Sangyod ဆန်ကနေ ထုတ်လုပ်ထားတာပါ။

Richy Rice ကို ဘယ်အချိန်ကစပြီးတည်ထောင်ခဲ့တာပါလဲ။

၂၀၁၃ ခုနှစ်မှာ ကျွန်မရဲ့ ကုမ္ပဏီက Prince of Songkla တက္ကသိုလ် (စော်ခလာ့မင်းသား တက္ကသိုလ်) နဲ့ အတူ သုတေသနလုပ်ပြီး ထုတ်ကုန်သစ်ကို ဖန်တီးခဲ့တယ်။ နောက်ပြီး ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ Sangyod နဲ့ ပြုလုပ် ထား တဲ့ ကြွပ်ရွတဲ့ ခရက်ကာမုန့် ကိုစပြီးဈေးကွက်တင်ခဲ့ပါတယ်။ ကျွန်မတို့ နောက်ထပ်ထုတ်ကုန်တွေ ထုတ်လုပ် ဖို့ အတွက် ၀ယ်ယူစားသုံးသူတွေရဲ့ ဝေဖန်အကြံပြုချက်တွေကို THAIFEX ပြပွဲကြီးကနေ စုဆောင်းရရှိပါတယ်။

အရသာ ဘယ်နှမျိုးထုတ်လုပ်ထားပါသလဲ။

အခုလောလာဆယ်မှာတော့ တာရီယာကီစားမြိန်ရည်ဆော့ အရသာနဲ့ ကြွပ်ရွတဲ့ Sangyod ဆန် ခရက်ကာ၊ ချော့ကလက် အယ်လ်မွန်အရသာ နဲ့ ကြွပ်ရွတဲ့ Sangyod ဆန် ခရက်ကာ၊ ငရုတ်သီးအရသာပါတဲ့ Sangyod ဆန် ခရက်ကာ၊ ကြွပ်ရွနူးညံ့တဲ့ Sangyod ဆန် ချော့ကလက် တွေအပါအ၀င် Sangyod ဆန် နဲ့ လုပ်တဲ့ မုန့် အမျိုးမျိုး ကို ထုတ်လုပ်ထားပါတယ်။ ကျွန်မတို့ ရဲ့ ဆန်ခရက်ကာက အခြားတံဆိပ်တွေနဲ့ မတူပါဘူး။ ဘာကြောင့်လို့ လဲ ဆိုရရင် မုန့် တွေကို ပထာလွန် (Phatthalung) စီရင်စုကနေထွက်တဲ့ Sangyod ဆန်နဲ့ ပဲပြုလုပ်ထားတဲ့ အတွက် ကြောင့်ပါ။

အဓိက ၀ယ်ယူစားသုံးသူတွေက ဘယ်သူတွေပါလဲ။

ကျွန်မက အစကတည်းက ထုတ်ကုန်ကို အခြားနိုင်ငံတွေဆီကို တင်ပို့ နိုင်ဖို့ အတွက်ပဲ အာရုံစိုက်ခဲ့ပါတယ်။ အခုမှာ ဆိုရင် ရောင်းအားရဲ့  ၉၀ ရာခိုင်နှုန်းလောက်က အပြည်ပြည်ဆိုင်ရာဈေးကွက်ဖြစ်ပြီး ကျန်တာက ပြည်တွင်း ဈေးကွက် ကိုဖြန့် ဖြူးရောင်းချတာကနေပါ။ အကြီးဆုံးဈေးကွက်တွေကတော့ စင်္ကာပူ၊ တရုတ် နဲ့ နယ်သာလန် နိုင်ငံတွေဖြစ်ပြီး ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေမှာလည်း ၀ယ်လိုအားပိုမြင့်လာတာကို တွေ့ ရပါတယ်။

အရောင်းရဆုံး မုန့် အမျိုးအစားက ဘာများပါလဲ။

အရောင်းရဆုံးက ချော့ကလက် အယ်လ်မွန်အရသာနဲ့ ကြွပ်ရွတဲ့ ခရက်ကာဖြစ်ပါတယ်။ ဒါပေမယ့်၊ ဈေးကွက်ထဲက စားသုံးသူတွေ က ကွဲပြားတဲ့အရသာတွေကို နှစ်သက်ကြတယ်။ ဥပမာ၊ တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေက တာရီယာကီ စားမြိန်ရည်ဆော့နဲ့ ကြွပ်ရွတဲ့ ခရက်ကာကို နှစ်သက်ကြတဲ့အချိန်မှာ ဥရောပသားတွေကို ငရုတ်သီးအနှစ်အရသာ နဲ့ ခရက်ကာလို ထိုင်း အရသာကို နှစ်သက်ကြတယ်။

အနာဂတ်အတွက် အစီအစဉ်ကဘာများဘာပါလဲ။

Richy Rice ကနေ ၀ါဆာဘီအရသာလို အခြားအရသာတွေပါဝင်တဲ့ ခရက်ကာကို ထုတ်လုပ်ဖြန့် ဖြူးအုံးမှာပါ။ ကျွန်မတို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေရဲ့ ဈေးကွက်တွေကို ခြေဆန့် ဖို့ အတွက် စီစဉ်နေသလို အခြားတံဆိပ် တွေအတွက် OEM ဖြစ်ဖို့ လည်း စီစဉ်နေပါတယ်။

ပိုမိုသိရှိလိုပါက ဖေ့စ်ဘွတ် FB:richyriceproducts နှင့် IG:richyrice တို့ တွင် follow လုပ်၍ ၀င်ရောက်ဖတ်ရှုနိုင် ပါသည်။

Issue 56

CLMVT ငါးနိုင်ငံဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ) Summit တွင် Builk နှင့် the Thailand Tech Startup Association အားတည်ထောင်သူ Patai Padungtin နှင့် ယခုအခါတွင် အာဆီယံ ၁၀ နိုင်ငံနှင့် ထိုင်း ကနဦးစီးပွားရေးလုပ်ငန်းစတင်သူများအသုံးပြုနေကြသည့် ၄င်း၏ ဆော့ဖ်ဝဲ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

Builk ရဲ့ အကြောင်းအချို့ ကိုပြောပြပေးနိုင်မလား။

Builk ကိုလွန်ခဲ့တဲ့ ခြောက်နှစ်က စတင်တည်ထောင်ခဲ့ပြီး SME လုပ်ငန်းတွေအတွက် အခမဲ့ ဆောက်လုပ်ရေး လုပ်ငန်း စီမံခန့် ခွဲရေးဆော့ဖ်ဝဲ ကို ပံ့ပိုးပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှုခင်းအပြောင်းအလဲ ကို ကျွန်တော်တို့ တွေ့ မြင်ချင်လို့ ပါ။ ပရိုဂရမ်က ဆောက်လုပ်ရေးလုပ်ငန်းပရောဂျက်ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်သလို ဖြစ်ပေါ်နေတဲ့ အချိန်နဲ့ တပြေးညီ ရလဒ်တွေကိုလည်းပေးနိုင်ပါတယ်။ သုံးစွဲသူတွေများတဲ့ အတွက် ၀ယ်ယူသူတွေရဲ့ ဝယ်လိုအား နဲ့ သူတို့ လိုချင်တဲ့ ပစ္စည်းအမျိုးအစားတွေကို နားလည်နိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲ့ ပလက်ဖောင်းဆီကိုဝင်လာတဲ့ မြောက်မြားစွာသော အချက်အလက်တွေကို ကျွန်တော်တို့ စု ဆောင်းတယ်။ အီး-ကုန်သွယ်ရေးမှာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကိုက်ညီမှုရှိဖို့ က အရမ်းကိုအရေးပါ ပါတယ်။

အခြားကနဦးလုပ်ငန်းတွေနဲ့  Builk မတူညီရတာက ဘာကြောင့်ပါလဲ။

ကမ္ဘာတစ်ဝှမ်းလုံးမှာ အကြီးအကျယ်ကျဆင်းနေတဲ့ စီးပွားရေးလုပ်ငန်းနှုန်းတွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်း လည်းပါဝင်ပါတယ်။ Builk ကို ကန်ထရိုက်တာတွေရဲ့ ရှုထောင့်ကနေ ဒီဇိုင်းပုံဖော်ထားတာပါ။ သူက နည်းလမ်း တွေကို ရိုးရှင်းလွယ်ကူအောင်လုပ်ပေးတယ်။ SME ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ဆောက်လုပ်ရေး လုပ်ငန်း စီမံခန့် ခွဲရေးဆိုင်ရာဗဟုသုတတွေကို ပေးတယ်။

ကနဦးလုပ်ငန်း အောင်မြင်ရတဲ့ အကြောင်းရင်းက ဘာများဖြစ်နိုင်ပါသလဲ။

စကားလုံး နှစ်လုံးကို မီးမောင်းထိုးပြောရမယ်ဆိုရင် repeatable (ထပ်တလဲလဲပြန်လည်ကိုးကားနိုင်ခြင်း) နဲ့  scalable (တိုင်းတာနိုင်ခြင်း) ပါ။ ထိုင်းနိုင်ငံမှာ ဒီ ပြဿနာကိုဖြေရှင်းနိုင်ရင် CLMV လေးနိုင်ငံကိုလည်း တိုးချဲ့ နိုင် မယ်။ နောက်ပြီး စီးပွားရေးလုပ်ငန်းကို ဒီဂျစ်တယ်ကိရိယာတွေသုံးပြီး တိုင်းတာသတ်မှတ်နိုင်မယ် ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ မြင်နေရတဲ့ startup လုပ်ငန်းအများစုက နည်းပညာပိုင်းဆိုင်ရာ startup လုပ်ငန်းတွေဖြစ်ပါတယ်။

Thailand Tech Startup Association အကြောင်းပြောပြပေးနိုင်မလား။

ကျွန်တော်တို့ အဖွဲ့ ဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် နည်းပညာအသုံးပြုခြင်းနဲ့ ဆိုင်တဲ့ အသိကို ဖန်တီးဖို့ ကြိုးစားတာပါ။ Startups လုပ်ငန်းတွေကို လျင်လျင်မြန်မြန်တိုင်းတာသတ်မှတ်ဖို့ နဲ့ ကြီးပွား တိုးတက်ရေး အပေါ်အာရုံစိုက်နိုင်ဖို့ အတွက် ဒီဇိုင်းထွင်ထားတာပါ။ Startups နဲ့  SMEs လုပ်ငန်းတွေရဲ့ ကွဲပြား ချက်က စီးပွားရေးလုပ်ငန်းလုပ်ဖို့ အတွက် ပထ၀ီမြေအနေအထားနဲ့ ဆိုင်တဲ့ ချုပ်ချယ်ကန့် သတ်ချက်တွေ၊ ဘောင်တွေရှိမနေတာပါ။

Startup လုပ်ငန်းကို ထိန်းချုပ်ကွပ်ကဲရခြင်းရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဘာများဖြစ်နိုင်ပါသလဲ။

Startups လုပ်ငန်း ၉၀% လောက်မအောင်မြင်ရတာက သူတို့ မှာ နည်းပညာမရှိလို့ မဟုတ်ပါဘူး။ သူတို့  တကယ့် စီးပွားလုပ်ငန်းအစစ်အမှန်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို မသိလို့ ပါ။ အကောင်အထည်ဖော်ဆောင်မှု က အဓိကအကြောင်းအရာပါ။ တရားဝင် ၀င်ငွေဖော်ဆောင်နိုင်ဖို့ က စိန်ခေါ်မှုပါ။ စီးပွားရေးလုပ်ငန်း အယူအဆတွေကို တကယ့်စစ်မှန်တဲ့ အချက်အလက်တွေအဖြစ်ပြောင်းလဲခြင်းပါ။ အယူအဆက မှားနေခဲ့ရင် ရပ်ပြီးတော့ မှန်ကန်တဲ့ စီးပွားရေးလုပ်ငန်း ပုံစံကို ရတဲ့အထိ ပြဿနာ အဖြေရှာဖြေရှင်းပါ။

ဒေသထဲမှာရှိတဲ့ startup လုပ်ငန်းတွေအတွက် အကြံပြုပြောဆိုချင်တာများရှိပါသလား။

CLMVT ငါးနိုင်ငံဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နှင့် ထိုင်းနိုင်ငံ) ကြီးမှာရှိတဲ့ startup လုပ်ငန်းတွေကို ပြောချင်တာက ပထမအနေနဲ့ လေထုညစ်ညမ်းမှု၊ ကျန်းမာရေး ဒါမှမဟုတ် ပို့ ဆောင်ဆက်သွယ် ရေး လို ကမ္ဘာ့ လက်တွေ့  ပြဿနာတွေကို ကြိုးစားဖြေရှင်းပါ။ ဒုတိယအနေနဲ့ ဒေသတွင်းမှာပဲ စီးပွားရေးလုပ်ငန်း ကို အကောင်အထည်ဖော်ဆောင်ရွက်ပါ။ တတိယအချက်အနေနဲ့နယ်ခံတွေနဲ့ မိမိရဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတ

မျှဝေပါ။ အသင်းအဖွဲ့ ဖွဲ့ ပါ။ Unicorns (startup စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်တန်ဖိုးရှိ) တွေက ချမ်းသာကြွယ်ဝမှုနဲ့ အလုပ်အကိုင်တွေကို ဖန်တီးဖော်ဆောင်ပေးနိုင်ပြီး၊ နိုင်ငံ အတွက်လည်း အကျိုးရှိစေပါတယ်။ ကမ္ဘာအနှံ့ မှာ unicorns ရာကျော်ရှိပြီး အရှေ့ တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ် တွေမှာ ၂၀ လောက်ပဲရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ မရှိသေးဘူး။ ကျွန်တော်တို့ အမှီလိုက်နိုင်ဖို့ လိုသေးတယ်။ Unicorns တွေတည်ထောင်ရတာက အာဆီယံ ဒါမှမဟုတ် ကမ္ဘာမှာရှိတဲ့ အမြင့်ဆုံးအဆောက်အဦးဖန်တီးဆောက်လုပ်ရတာထက် ပိုကောင်းတယ်။ ဘာကြောင့် ဆိုရင် ဒီဟာက တကယ့်စီးပွားရေးအစစ်အမှန်ဖြစ်လို့ ပါ။

ပိုမိုသိရှိလိုပါက www.builk.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

 

Issue 57

 
 

ဆန်းသစ်တီထွင်မှုသည် ၄င်း၏စီးပွားရေးလုပ်ငန်းတွင် မည်မျှအရေးပါကြောင်းကို Horizon မှ Mass Accessories ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Kamol Kantajaraniti အားတွေ့ ဆုံမေးမြန်းထားခြင်းဖြစ် ပါသည်။

Mass Accessories ဖြစ်ပေါ်လာတဲ့ နောက်ခံအကြောင်းအရာကို ပြောပြပေးပါ။

ကျွန်တော်က မော်တော်ကား အလှဆင်အသုံးအဆောင်ပစ္စည်းလုပ်ငန်းနယ်ပယ်မှာ နှစ်ပေါင်းအတော်ကြာ အောင် ကျင်လည်ခဲ့ပြီး စီးပွားလုပ်ငန်းသစ်ကိုဖော်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေကို ရှာဖွေနေခဲ့ပါတယ်။ အဲဒီမှာပဲ ကားသခိုး ဟန့် တားပေးမယ့် ပစ္စည်း ကိရိယာလေး (anti-car theft device) က အကောင်းရွေးချယ် မှုဖြစ်မယ်လို့ သဘောပေါက်လာခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ကားပိုင်ရှင်တွေက သူတို့ ရဲ့ ကား တွေ အခိုးခံရတဲ့ ရန်ကနေလွတ်အောင် ဘာကြောင့်များ နောက်ထပ် ပစ္စည်း ကိရိယာတွေကို ရှာကြရသလဲ ဆိုတာကို စူးစမ်းမိပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက် တွန်းအားဖြစ်လာပြီး Aorto Lock၊ Locktech နဲ့  Tonado ဆိုတဲ့ တံဆိပ်တွေနဲ့  ကားသခိုး ဟန့် တားပေးမယ့် ပစ္စည်း ကိရိယာ (anti-car theft device) ကို ထုတ်လုပ်ဖြန့် ဖြူးရောင်းချတဲ့ ကျွန်တော့်ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

လူကြီးမင်းရဲ့ ကုန်ပစ္စည်းတွေရဲ့ အသုံးဝင်ပုံ အကြောင်းကို ပြောပြပေးပါ။

ကျွန်တော်တို့ ရဲ့ ကား ဘရိတ်ကလပ် လော့ခ် (brake-clutch lock) လိုမျိုး ပစ္စည်းတွေကို အီလက်ထရွန်နစ် စနစ် (သတိပေး စနစ်- alarm system) ကိုထိန်းချုပ်နိုင်ဖို့ အတွက် စက်ယန္တရားစနစ်ကို အသုံးပြုထားပါတယ်။ လူတစ်ယောက်ယောက်ကများ အဲဒီ ကိရိယာ ကို ဖျက်ဆီးဖို့ ကြိုးပမ်းတဲ့အခါ၊ ဒါမှမဟုတ် လော့ခ် အီလက် ထရွန်စ် စနစ်ကို ဖြတ်တောက်ဖို့ ကြိုးပမ်းတဲ့အခါမှာ ကားဟွန်းသံကိုမြည်လာစေမှာ ဖြစ်တဲ့အတွက် ကား အနီးအနားမှာရှိတဲ့ လူတွေက ပုံမှန်မဟုတ်တဲ့အခြေအနေကို သိနိုင်မှာဖြစ်ပါတယ်။

လူကြီးမင်းရဲ့  ပစ္စည်းတွေက ပြိုင်ဘက်တွေရဲ့ ပစ္စည်းတွေ ထက်ဘာကြောင့်ပိုမိုကောင်းမွန်ရပါသလဲ။

ဆန်းသစ်ပြောင်းလဲမှု ကျွန်တော့်စီးပွားရေးလုပ်ငန်း၏ အဓိက အခန်းကဏ္ဍ ဖြစ်တဲ့အတွက် ဒီ ယှဉ်ပြိုင်မှု ပြင်း ထန်တဲ့ ဈေးကွက်မှာ ရပ်တည်နိုင်ခြင်းပဲဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုကို စပြီး မဖန်တီးခင်မှာ ကုမ္ပဏီ အနေနဲ့  ၀ယ်ယူသုံးစွဲသူတွေရဲ့  ၀ယ်လိုအားနဲ့ အကြိုက်တွေကို သိရှိနိုင်ဖို့ အတွက် ဈေးကွက် သုတေသနကို လုပ် ဆောင်ပါတယ်။ အဲဒီနောက်၊ သုတေသနလုပ်ငန်းကနေ တည်ဆောက်ဖန်တီးတဲ့လုပ်ငန်း၊ နောက်ပြီး ပစ္စည်း တွေရဲ့ အရည်အသွေးကောင်းမွန်မှုကို သေချာစေဖို့ အတွက် စစ်ဆေးတဲ့ လုပ်ငန်းတွေအပါအ၀င် အချိန် သုံးနှစ် ကနေ ငါးနှစ်အထိယူပြီး ဖန်တီးပါတယ်။ ကျွန်တော်တို့ မှာ ၀ယ်ယူသုံးစွဲသူတွေရဲ့ ဝယ်လိုအားတွေနဲ့ ဘတ်ဂျက် တွေအလိုက် ထုတ်ကုန် ပစ္စည်းအမျိုးမျိုး ကျယ်ကျယ်ပြန့် ပြန့် ရှိပါတယ်။

လူကြီးမင်း စီးပွားရေးရဲ့ အားသာချက်တွေက ဘာတွေများဖြစ်ပါသလဲ။

ကျွန်တော်တို့ ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင်ဆန်းသစ်မှုကို ဖန်တီးတယ်။ နောက်ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေရဲ့  ဈေးကွက်တွေမှာ မူပိုင်ခွင့်ကို ကာကွယ်ဖို့ အတွက် မူပိုင်ခွင့်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို မှတ်ပုံတင် ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံရပ်ခြားဈေးကွက်တွေမှာရှိတဲ့ ကျွန်တော်တို့ ဖြန့် ဖြူးရောင်းချသူတွေ ရဲ့  စိတ်ချယုံ ကြည်မှုကို တိုးတက်စေသလို ကျွန်တော်တို့ ကိုလည်း အခြားနိုင်ငံတွေမှာ ကျွန်တော်တို့ ရဲ့ စီးပွား လုပ်ငန်းကို ချဲ့ ထွင်နိုင်ဖို့ အတွက် ကူညီရာလည်း ရောက်ပါတယ်။ ဘာကြောင့်ဆိုရင် လူတွေက ကျွန်တော်တို့  ရဲ့ ထုတ်ကုန်အရည်အသွေးကို ယုံကြည်စိတ်ချလို့ ပါ။

ဆုတွေရော ရဖူးပါလား။

ကုမ္ပဏီအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အသိဥာဏ်ပညာ ပစ္စည်းဥစ္စာ ငှာန (Department of Intellectual Property) ကချီးမြှင့်တဲ့ IP Innovator and Creator Awards ဆုတွေကို တီထွင်မှု မူပိုင်ခွင့် (Invention Patent) ခေါင်းစဉ်နဲ့ ရရှိခဲ့ပါတယ်။ အရည်အသွေးအကောင်းမွန်ဆုံးနဲ့ ယုံကြည်စိတ်ချနိုင်ဆုံး ဆိုတဲ့ သင်္ကေတဖြစ်တဲ့ Thailand Trust Mark (TTM) ကို အသုံးပြုဖို့ အတွက် ကျွန်တော်တို့ ကို DITP က ရွေးချယ်ခွင့်ပြုခဲ့ပါတယ်။

အနာဂတ်မှာ ဖော်ဆောင်ဖို့ အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါ။

လက်ရှိမှာတော့ ကျွန်တော့်တို့ ရဲ့ ရောင်းလိုအား ၇၀% လောက်က ပြည်တွင်းဈေးကွက်မှာပဲ ရှိနေသေးတဲ့ အတွက် အထူးသဖြင့် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ နိုင်ငံရပ်ခြားဈေးကွက်တွေမှာ ကျွန်တော်တို့ ရဲ့ ထုတ်ကုန် တွေကို တိုးချဲ့ ဖြန့် ဖြူးရောင်းချသွားနိုင်ဖို့ အတွက် စီစဉ်နေပါတယ်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ www.massacc.com.အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

 

Issue 55

Tête-à-Tête ၏ဒီဇိုင်း ဒါရိုက်တာ KK Chin မှ ၄င်း၏ အနုပညာဈာန်ဝင်စားမှု နှင့် ၄င်း၏လက်ဝတ်ရတနာ များမှတဆင့် ကွဲပြားသောချစ်ခြင်း မေတ္တာတရားအားဖော်ကျူးပုံများကို Horizon အားပြောပြထားခြင်းဖြစ်ပါ သည်။

Tête-à-Tête နဲ့ ပတ်သက်ပြီးတစ်ခုခုပြောပြပေးနိုင်ပါမလား။

ရင်းနှီးကျွမ်းဝင်ခြင်း၊ ဒါမှမဟုတ် heart-to-heart လို့ အဓိပ္ပာယ် Tête-à-Tête ဆိုတဲ့ အမှတ်တံဆိပ်နာမည် ကအစ ကျွန်တော်တို့ ရဲ့  ပစ္စည်းတစ်ခုချင်းစီမှာ နောက်ကြောင်း ပုံပြင်တွေရှိပါတယ်။ ဒီဇိုင်းတွေအားလုံးကို "ချစ်ခြင်းအတွက်ရှင်သန်ခြင်း" (Live for Love) ဆိုတဲ့ အဓိကသီအိုရီအယူအဆရဲ့  အောက်မှာ ဖန်တီးထားပါ တယ်။ သူတို့ တွေက စုံတွဲတွေကြားကထားရှိတဲ့ ချစ်မေတ္တာတွေသာမက၊ မိဘနဲ့ သားသမီးတွေကြားက မေတ္တာ၊ မိတ်ဆွေတွေကြားမှာထားရှိတဲ့ မေတ္တာ စတဲ့ အခြားသောချစ်မေတ္တာပုံစံတွေကိုလည်း ဖော်ညွှန်းနေပါ တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်လည်းဖြစ်တဲ့ ကျွန်တော့် အမျိုးသမီး နဲ့  နေ့ စဉ်ပြောကြတဲ့ စကားတွေကနေရတာဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံး ပစ္စည်း collection ကဘာပါလဲ။

Dim Sum ပစ္စည်း collection ပါ။ ၂၀၀၈ ခုနှစ်မှာ ဒီဇိုင်းအကောင်းဆုံးဆု (Design Excellence Award (DEmark)) ကိုရခဲ့ပါတယ်။ အဲဒီ ပစ္စည်း collection မှာ အရောင်အသွေး စုံလင်တဲ့ လက်နဲ့ ထုံးဖွဲ့ ချည်နှောင် ထားတဲ့ ငွေလက်စွပ်ကွင်းလေးတွေပေါ်မှာ အရွယ်အစားကြီးမားတဲ့ကျောက်မျက်တွေကို တပ်ထားတာ ပါ။ ဒီ စိတ်ကူးရခဲ့တာက touch of heart (နှလုံးသားအားထိတွေ့ ခံစားခြင်း) လို့  အဓိပ္ပာယ်ရတဲ့ တရုတ် dim sum

ရဲ့ အဓိပ္ပာယ်ကို ကျွန်တော့်အမျိုးသမီးနဲ့ နေ့ လည်စာ dim sum စားရင်း ပြောဆိုကြရင်းကနေ ရလာခဲ့တာပါ။ အရင်တုန်းက တရုတ်ဇနီးမယားတွေက သူတို့ ရဲ့ ခင်ပွန်းသည်တွေအတွက် သားရေစာအဖြစ် dim sum ကို ပြင်ဆင်ကျွေးမွေးရတယ်။ အဲဒါက သူတို့ ရဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်ခြင်းတွေကို ဖော်ပြတာပဲဖြစ်ပါတယ်။

လက်ဝတ်ရတနာတွေကို ဘယ်နေရာတွေမှာ ဘယ်သူ့ ကို ရောင်းတာပါလဲ။

ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ Tête-à-Tête ရဲ့ အဓိက concept က Live for Love (ချစ်ခြင်းအတွက်ရှင် သန်ခြင်း) ပါ။ ဒါကြောင့် tête-à-tête လက်ဝတ်ရတနာ collection တွေကို ကရာဘီ မှာရှိတဲ့ Rayavadee ဟိုတယ်၊ Six Senses Hotels & Resorts Maldives၊ ကမ္ဘာအနှံ့ က အခြား boutique ဆိုင်တွေနဲ့  galleries တွေလိုမျိုး ရိုမန့် တစ်ကျတဲ့ နေရာတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့်၊ ဒီ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အီး-ကုန်သွယ်ရေးက အရေးကြီးတဲ့ကဏ္ဍကနေပါနေတော့၊ အဲဒါက ကျွန်တော့်အတွက် ကမ္ဘာအနှံ့ မှာရှိတဲ့

ချစ်တတ်တဲ့နှလုံးသားတွေရှိပြီး သူတို့ အတွက်၊ နောက်ပြီးသူတို့ ချစ်တဲ့လူတွေအတွက် ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှုလက်ရာ လက်ဝတ်ရတနာတွေကို ရှာဖွေနေကြတဲ့ ဖောက်သည်တွေကို သတင်းစကားပါးနိုင်တဲ့ အကောင်းဆုံး ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကူးနဲ့ ဖောက်သည်တွေရဲ့ နှလုံးသားကို ထင်ဟပ်စေမယ့် ဒီဇိုင်းတွေကို ဘယ်လိုများဖန်တီး ပါသလဲ။

Tête-à-Tête က သေးငယ်တဲ့လက်ဝတ်ရတနာ အမှတ်တံဆိပ်ဖြစ်တဲ့ အတွက် ထူးခြားရမယ်၊ နောက်ပြီး ကျွန်တော့်တို့ အမှတ်တံဆိပ်ရဲ့  ကိုယ်ပိုင် လက္ခဏာ၊ ဦးတည်ရည်မှန်းတဲ့ ဖောက်သည်တွေနဲ့ ဒီဇိုင်းတွေ အပါအ၀င် ကျွန်တော်တို့ ဆောင်ရွက် နေတဲ့ အရာတွေကို ရှင်းရှင်းလင်းလင်းဖော်ညွှန်းနိုင်ရပါမယ်။ ကျွန်တော့် ရဲ့ ဒီဇိုင်းနဲ့ လုပ်ငန်းအတွက် "inside-out" ဆိုတဲ့ နည်းဗျူဟာကို သုံးပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ အားသာချက်နဲ့ ကန့် သတ်ချက်တွေ၊ ကျွမ်းကျင်မှုနဲ့ ဖောက်သည်တွေကို ဘာတွေရောင်းချင်လဲ ဆိုတာကိုလည်း သိထားတယ်။ ဒါ့အပြင်၊ ကျွန်တော် ရည်ရွယ်ထားတဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကိုလည်း လေ့လာတယ်။ သူတို့ ကြိုက်တတ်တဲ့အရာ၊ လိုက်ဖ်စတိုင် နဲ့  လက်ဝတ်ရတနာဝယ်ယူတဲ့ အကြောင်းအရာ စတဲ့ အချက်အလက်တွေကို ရဖို့ အတွက် ကုန်စည်ပြပွဲတွေမှာ၊ ကျွန်တော့်ရဲ့  showroom မှာနဲ့ အခြား အခြား သော ဖြန့် ဖြူးရောင်းချရေးလမ်းကြောင်းတွေမှာ အလားအလာရှိတဲ့ဖောက်သည်တွေနဲ့ စကားစမြည်ပြောဆို တယ်၊ သူတို့ ပေးတဲ့ ဝေဖန်အကြံပြုချက်တွေကိုနားထောင်ပါတယ်။

Tête-à-Tête ရဲ့ အနာဂတ်ကို ဘယ်လိုမြင်ပါသလဲ။

Tête-à-Tête ကို ကမ္ဘာ့ဈေးကွက်အလယ်မှာကျယ်ကျယ်ပြန့် ပြန့် လူသိများတဲ့ ထိုင်းအမှတ်တံဆိပ်အဖြစ် မြင် တွေ့ ချင်ပါတယ်။ Thainess ကချစ်စရာကောင်းတဲ့အတွက် ကျွန်တော်က ဒီတန်ဖိုးကို ကျွန်တော့်ရဲ့  လက်ဝတ်ရတနာတွေတဆင့် လူသိများထင်ရှားစေဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်သလို ပိုမိုကောင်းမွန်အောင် လည်းလုပ်ဆောင်ချင်ပါတယ်။ ကျွန်တော်က ထူးခြားတဲ့လက်ဝတ်ရတနာတွေကို ဖန်တီးထုတ်လုပ်ချင်ပြီး B2C ဈေးကွက်အတွက် ပိုပြီးအလေးထားဆောင်ရွက်ချင်ပါတယ်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ www.tetejewellers.com အားဝင်ရောက်လေ့လာဖတ်ရှုပါ။ သို့ မဟုတ် ဖေ့စ်ဘွတ် FB:tete-a-tete နှင့် တွစ်တာ twitter: teteatetedesign တို့ တွင်လည်းဖတ်ရှုနိုင်ပါသည်။

 

369092