Q&A

Issue 49

Just-In-Case ၏ တည်ထောင်သူ Chalermkit Pokamas အား Horizon Thailand မှ ရှူးဖိနပ်များအပေါ် ထားရှိသည့်စွဲလန်းမှုအား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ပုံကို တွေ့ ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

ဒီဖက်ရှင်လုပ်ငန်းထဲ ၀င်ရောက်လာပုံကိုပြောပြပေးပါ။

ကျွန်တော် ကျွန်တော့်ရဲ့ ကိုယ်ပိုင်စီးပွားရေးကိုမစမီ၊ ကျွန်တော့်ကို အရပ်ရှည်စေနိုင်မယ့် ရှူးဖိနပ်တွေကို ရှာခဲ့တယ်။ ဘာကြောင့်ဆိုရင် ကျွန်တော်ကအရပ်မရှည်ဘူးလေ။ ကျွန်တော်ရှူးဖိနပ်တွေကို အရမ်းချစ်တယ်။ ကျွန်တော့်မှာ ရှူး ဖိနပ်အရန်ပေါင်း ၅၀ ရှိခဲ့တယ်။ တစ်နေ့ မှာ၊ ကျွန်တော်ကိုယ့်ကိုကိုယ်မေးတယ်။ ကိုယ်ပိုင်ရှူးဖိနပ်လုပ်ပြီး ကိုယ်ပိုင် အမှတ်တံဆိပ် ဘာကြောင့်မရှိရမှာလဲ ဆိုပြီးတော့ပေါ့။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ဖိနပ်လုပ်တဲ့ကျောင်းမှာ သင်တန်း တက်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ Just-In-Case ကို ၂၀၁၄ ခုနှစ်ဦးပိုင်းမှာ မစတင်မီ ဖိနပ်လုပ်တာ ကို ပုံကြမ်းဆွဲတာကစပြီး လက်နဲ့ ချုပ်လုပ်တာထိ ဂဃနဏ သင်ယူလေ့လာခဲ့ပါတယ်။

Just-In-Case ကအများနဲ့ မတူ တမူထူးခြားရတာက ဘာကြောင့်ပါလဲ။

ကျွန်တော်တို့ ကထူးခြားတယ်။ ဘာကြောင့်ဆိုရင် အတွေးအခေါ်ကသူများနဲ့ မတူတဲ့အတွက်ကြောင့်ပါ။ ဒီဇိုင်းကောင်းကို လှပတင့် တယ်တာတစ်ခုတည်းနဲ့ မသတ်မှတ်ဘူး။ ဒီဇိုင်းကောင်းက လူတွေ ပိုပြီး ကောင်းကောင်း မွန်မွန် ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင်အတွက် ကူညီပေးနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့ ရဲ့  ဆောင်ပုဒ်က "လက်မှုအတတ်ပညာလက်ရာနဲ့ ဆန်းသစ်တဲ့ အမြင့်ကိုပင့်တင်ပေးမယ့် ရှူးဖိနပ်တွေကိုဖန်တီးခြင်း" ('Creative Elevator Shoes With Craftsmanship') ဖြစ်ပါတယ်။ Just-In-Case က ဘယ်သူမှသတိမမူမိပဲ အရပ် ရှည်ချင်ကြတဲ့ စီးနင်းသူတွေရဲ့  သောကကို ကင်းဝေးစေမယ့် ဒီဇိုင်းတွေကို သုံးထားပါတယ်။ ကျွန်တော်တို့ ရှူးဖိနပ် ရဲ့ ဒေါက်ကို အတွင်းပိုင်း(built-in)မှာပဲထည့်ထားပါတယ်။ စီးတဲသူပဲသိမြင်နိုင်ပြီး အခြားလူတွေမမြင်နိုင်ပါဘူး။ ရှူးဖိနပ်အားလုံးကို အကောင်းဆုံး ပစ္စည်းတွေနဲ့ အကောင်းမွန်ဆုံးချုပ်လုပ်ထားတာပါ။ တစ်ယောက်ချင်းစီရဲ့ လိုအပ် ချက်ပေါ်မူတည်ပြီးလည်း ချုပ်လုပ်ပေးပါတယ်။ ၀ယ်ယူသူတစ်ဦးချင်းရဲ့ အကြိုက်အပေါ်မူတည်ပြီး ချုပ်ပေးတဲ့ ဖိနပ်တွေအတွက်၊ ၀ယ်ယူသူတွေက မိမိရဲ့ စိတ်ကြိုက် သားရေအမျိုးအစားနဲ့ ဒီဇိုင်းတွေကို ရွေးချယ်နိုင်ပါတယ်။

အဓိကဖောက်သည်တွေက ဘယ်သူတွေပါလဲ။

ကျွန်တော်တို့ ရဲ့ တံဆိပ်ကို အုပ်စုနှစ်စုအတွက် ရည်ရွယ်ထားပါတယ်။ အရပ်ရှည်ချင်တဲ့ အမျိုးသားတွေနဲ့  ယောက်ျားလျာ (tomboy) တွေအတွက်ပါ။ အမျိုးသမီးတွေအတွက်လည်း ရှူးဖိနပ်တွေချုပ်ပေးပါတယ်။ အခု အမျိုးသား နဲ့ အမျိုးသမီးအတွက် ရှူးအချိုးအစားက ၇၀:၃၀ ပါ။

ဆုတွေရောရဖူးလား။

ဟုတ်ကဲ့၊ ရဖူးပါတယ်။ ကျွန်တော်တို့ ရဲ့  GentleBoy Collection ဖြစ်တဲ့ Shoegether က ၂၀၁၅ ခုနှစ်မှာ အကောင်းဆုံးဒီဇိုင်းဆု (Design Excellence Award 2015 (DEmark)) ကို ရခဲ့တယ်။ ပျော်စရာကောင်းတဲ့ ဘ၀ အချိန်အခါဖြစ်တဲ့ ကျွန်တော့်ရဲ့ ကလေးဘ၀က ဒီ ဒီဇိုင်းဖန်တီးရတဲ့အကြောင်းရင်းပါ။ ကျွန်တော်ယုံတယ်။ တစ်ခါတစ်လေမှာ အမျိုးသားတွေကလည်း သူတို့ ကိုယ်သူတို့ ကလေးလို့ ခံစားနေရတုန်းပဲလို့ ။ ရှူးဖိနပ်အတွက် သူတို့  ကြိုက်သလို အရောင်တွေကို ရောစပ်နိုင်တယ်။ တွဲဖက်နိုင်တယ်။ အဲဒါကို နှစ်ရန်အဖြစ် သီးခြားခွဲထုတ်ပြီး မတူညီတဲ့အချိန်ကာလတွေမှာ အသုံးပြုနိုင်တယ်။

အနာဂတ်အစီအစဉ်က ဘာများပါလဲ။

ကျွန်တော့် ဟောင်ကောင်မှာရှိတဲ့ စီးပွားဖက်ကနေ တဆင့် ကျွန်တော့်ရဲ့  Just-In-Case ရှူးဖိနပ်တွေကို အခြားနိုင်ငံ တွေမှာ ရောင်းချင်တယ်။ ကျွန်တော် မဝေးတော့တဲ့အနာဂတ်မှာ လာအိုနိုင်ငံမှာ ဆိုင်ဖွင့်ဖို့ စီစဉ်နေပါတယ်။ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်ပေါ့။

ပိုမိုသိရှိလိုပါက www.facebook.com/justincaseshoes အားဖတ်ရှုလေ့လာနိုင်ပါသည်။

 

Issue 48

ထိုင်ဝမ်လူမျိုး ပန်းချီပညာရှင် Carrie Kuo အား National Taiwan Craft Research and Development Institute (NTCRI) အကြောင်းနှင့် ထိုင်းနှင့်ထိုင်ဝမ် အနုပညာနှင့်လက်မှုပညာသည်တို့ ပူးပေါင်း စီစဉ် တင်ဆက် ခဲ့သော ၂၀၁၆ ခုနှစ် မတ်လတွင် ပြုလုပ်ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာလက်မှုအတတ်ပညာပြပွဲ (International Innovative Craft Fair (IICF)) အကြောင်းတို့ ကို Horizon Thailand မှမေးမြန်းထားခြင်းဖြစ်ပါ သည်။

NTCRI အကြောင်းပြောပြပေးနိုင်ပါသလား။

NTCRI မှာ လက်မှုအနုပညာကိုအားပေးတဲ့ရှည်လျားတဲ့စဉ်လာရှိပြီး နဲ့ထိုင်ဝမ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုစဉ်လာနဲ့  တီထွင်ဖန်တီးနိုင်စွမ်းတဲ့လုပ်ငန်းတွေကို မြေတောင်မြောက်အားပေးတယ်။ နောက်ပြီး လက်မှုအနုသုခုမရသပညာ ကို အားပေးမြင့်တင်လိုတဲ့ရည်ရွယ်ချက်ကို ထိန်းသိမ်းဖို့ အတွက်၊ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင် အတတ်ပညာရှင်တွေကို ပြုစုပျိုးထောင်ဖို့ နဲ့ ယဉ်ကျေးမှုအနုပညာကို ပိုပြီးနက်နဲစေလိုတဲ့အတွက် ပြည်တွင်းပြည်ပ ကောလိပ်နဲ့ တက္ကသိုလ် ကျောင်းသား/သူတွေ၊ ဘွဲ့ ရနဲ့ ဘွဲ့ မရသေးသူတွေ အတွက် အင်တန်းရှစ် အလုပ်သင် အခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးတယ်။ IICF 2016 ခုနှစ်ပြပွဲမှာပါဝင်ဖို့ အတွက်ဖိတ်ကြားခြင်းကိုခံခဲ့ရပြီး ရိုးရာစဉ်လာယဉ်ကျေးမှုအငွေ့ အသက်ပါဝင်ပြီး မျက်မှောက်ခေတ်အနုပညာလက်ရာကိုဖန်တီးနိုင်တဲ့ ဆန်းသစ် တီထွင်တဲ့ဒီဇိုင်းတွေကို ဖော်ကျူးပြသခဲ့ပါတယ်။

IICF နဲ့ လက်တွဲရတဲ့ ရည်ရွယ်ချက်ကဘာများဖြစ်ပါသလဲ။

ပြပွဲကြီးက ကျွမ်းကျင်တဲ့ဝယ်ယူသူတွေ၊ ဒီဇိုင်းနာတွေ၊ လက်မှုပညာသည်တွေနဲ့ ဖြန့် ဖြူးရောင်းချသူတွေကို ဆွဲဆောင်နိုင်တဲ့ လက်တွေ့ စင်မြင့်ဇာတ်ခုံကြီးဖြစ်သလို ကုမ္ပဏီတွေနဲ့ ဝယ်ယူသူတွေအနေနဲ့ ကလည်း ဈေးကွက် ဖွံ့ ဖြိုးတိုးတက်ဖို့ နဲ့ ခေတ်ရေစီးကြောင်းတွေအတွက် ပူးပေါင်းဆောင်ရွက်သူတွေကို ရှာဖွေတဲ့ အရေးပါတဲ့ စင်မြင့် တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် NTCRI ကလည်း IICF 2016 ပြပွဲကြီးမှာပါဝင်ပြသမယ်ဆိုရင် ထိုင်ဝမ်လူမျိုးတွေရဲ့  ယဉ်ကျေးမှုနဲ့ ဖန်တီးနိုင်စွမ်းတဲ့လုပ်ငန်းကို အားပေးကူညီရာရောက်သလို၊ ယဉ်ပြိုင်မှုတွေတိုးတက်များပြားလာပြီး အရှေ့ တောင်အာရှဈေးကွက်တွင်းကို ထိုးဖောက်ရိုက်ခတ်နိုင်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒုတိယအကြိမ် ပါဝင်ပြသခြင်းပဲဖြစ်ပါတယ်။

ထိုင်ဝမ်လူမျိုးတွေရဲ့  ပစ္စည်းအမျိုးအစားတွေနဲ့ နည်းပညာတွေကို ကိုယ်စားပြုတဲ့ ထင်ရှားတဲ့ပစ္စည်းတွေ (outstanding collections) က ဘာများဖြစ်ပါသလဲ။

ကျွန်မတို့ ရဲ့ အနုပညာနဲ့ လက်မှုပညာတွေကို ထုတ်လုပ်မှုလုပ်ငန်းကြီးနဲ့ လုပ်ငန်းလေး နှစ်မျိုးစလုံးအတွက် တံခါးဖွင့်ပေးထားတယ်။ ဥပမာ၊ မဲနယ်ရောင်ဆေးဆိုးထားတဲ့ရေပုံစံနဲ့ ပန်းပွင့်လေးတွေဆွဲထားတဲ့ပိတ်စပေါင်းစပ် ထားတဲ့ Tung ပန်းပွင့်အိတ်လေးက ထိုင်ဝမ်လူမျိုးတွေရဲ့ မဲနယ်ရောင်ဆေးဆိုးတဲ့နည်းပညာအစစ်အမှန်ကို ပြသ ထားတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော သဘာ၀၀န်းကျင်းကိုထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက့်  ပြန်လည် အသုံးပြုထားတဲ့ recycle သစ်နဲ့ သတင်းစာတို့ ပဲဖြစ်ပါတယ်။ နောက်ပြီး နောက်ဆုံးဥပမာအနေနဲ့ ပြောရရင် ရှေး လက်မှုနည်းပညာကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ သစ်ခေါက်ကနေပြုလုပ်ထားတဲ့ ရိုးရာအ၀တ်စကနေ ခေတ်မီ ပြီးအရောင်အသွေးစုံလင်တဲ့ အင်္ကျီတွေဖန်တီးချုပ်လုပ်တာပါ။

ထိုင်ဝမ်လူမျိုးနဲ့ ထိုင်းတွေရဲ့ အနုပညာနဲ့ လက်မှုပညာပူပေါင်းဆောင်ရွက်မှုက ဘယ်လိုများပါလဲ။

ဒီနှစ်မှာ IICF မှာပါဝင်ပြသဖို့ ဒုတိယအကြိမ်ဖိတ်ခေါ်ခြင်းခံရတဲ့အတွက် ယဉ်ကျေးမှုဖလှယ်တာတွေ၊ အချိန် သတ်မှတ်ထားရတဲ့ ဒေသအနုပညာတွေကို အားပေးမြင့်တင်တာတွေအပြင် တွန်းအားဖြစ်စေတဲ့အကြောင်းအရာ တွေ၊ စွန့် ဦးတီထွင်တာတွေ၊ ဖန်တီးနိုင်စွမ်းရှိတာတွေ၊ ဆန်းသစ်တီထွင်တာတွေနဲ့ မဲနယ်ရောင်ဆေးဆိုးတာမျိုးလို အချို့ တူညီတဲ့နည်းပညာတွေ၊ ဒါမှမဟုတ် သစ်သားနဲ့ သတင်းစာတို့ လိုရင်းမြစ်မျိုးတွေကို ဘယ်လိုပြန်ပြီးအသုံးပြု မလဲဆိုတာတွေကို လေ့လာသင်ယူဖို့ အတွက် အထူးဂရုပြုထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အနုပညာနဲ့ လက်မှုပညာကို ဘယ်လိုမြင်ပါသလဲ။

ထိုင်းနိုင်ငံက သူ့ ရဲ့ ဒီဇိုင်းကျွမ်းကျင်မှုနဲ့ လက်မှုပညာတွေကြောင့် အသိအမှတ်ပြုခံရပါတယ်။ အထူးသဖြင့် လက်နဲ့  ပြုလုပ်တဲ့ အနုစိတ်တဲ့နည်းပညာတွေပေါ့။ ဒီပြပွဲကို ဖိတ်ခေါ်ခံရတာဟာ ယဉ်ကျေးမှုတွေ၊ လက်မှုပညာတွေ၊ အသိပညာ ဗဟုသုတွေနဲ့ နည်းပညာတွေ ဖလှယ်ဖို့ အတွက် ကောင်းမွန်တဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်။ ထိုင်ဝမ် လူမျိုး ပန်းချီ၊ပန်းပုပညာရှင်တွေ က ထိုင်းလူမျိုးတွေဆီကနေ လေ့လာသင်ယူဖို့ အတွက်တစ်ခုပဲမဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်၌ ကလည်း ကျွန်မတို့ ရဲ့ ကျွန်မတို့ ရဲ့ အမြင်တွေကို တီထွင်ဖန်တီးမှုတွေကတဆင့် ကျယ်ပြန့်  လာအောင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဒီလုပ်ငန်းစီမံကိန်းအတွက် အနာဂတ်မှာ ချမှတ်ထားတဲ့အစီအစဉ်တွေနဲ့ မျှော်လင့်ချက်တွေကိုပြောပြပေးပါ။

ကွဲပြားတဲ့ဒေသအသီးသီးရဲ့ တီထွင်ဆန်းသစ်မှုတွေကို ပြသဖို့ နဲ့ လက်မှုအနုပညာကို မြင့်တင်အားပေးဖို့ အတွက် စုံလင်ကျယ်ပြန့် တဲ့ထုတ်ကုန်တွေကို ပြပွဲကြီးက ဂုဏ်ယူစွာနဲ နှစ်တိုင်းပြသတယ်။ လက်မှုအနုပညာသည်တွေ၊ ဒီဇိုင်နာတွေ နဲ့ ကျွမ်းကျင်တဲ့ဖြန့် ဖြူးရောင်းချသူတွေကို တစ်စုတစ်ဝေးထဲခေါ်ဆောင်လာနိုင်ခြင်းက တီထွင်ဖန်တီး နိုင်တဲ့အိုင်ဒီယာတွေကို ပိုမိုထွက်ရှိစေမယ်လို့ ယုံကြည်ပါတယ်။ ဒီနည်းကြောင့် ပြပွဲကြီးက ယဉ်ကျေးမှုတွေ ဖလှယ် တဲ့နေရာတစ်ခုအဖြစ်သာမကပဲ စီးပွားရေးအခွင့်အလမ်းတွေကိုဖန်တီးနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်နေပါတယ်။

 

Issue 46

Thammada Studio၏ ဒီဇိုင်နာများဖြစ်ကြသည့် Nawat Palungwitwattana နှင့် Chalitsorn Voravutikuna တို့ မှ
နေ့ စဉ်သာမာန်အကြောင်းအရာများကို ၄င်းတို့ ၏လက်ဝတ်ရတနာ collection တွင်မည်ကဲ့သို့ ပုံဖော်ကြောင်းကို ရှင်းလင်း ပြောပြပါသည်။

Thammada Studio ရဲ့ နောက်ခံအကြောင်းအရာ အယူအဆကို ပြောပြပေးပါ။
Thammada ဆိုတဲ့ ထိုင်းစာလုံးက ရိုးရိုးသာမာန် သို့ မဟုတ် အခြေခံ လို့ အဓိပ္ပါယ်ရပါတယ်။ ပြီးတော့ ဒါက ကျွန်မတို့  ဒီဇိုင်းရဲ့ နောက်ခံအကြောင်းရင်းပဲဖြစ်ပါတယ်။ ကျွန်မတို့ ကို နေ့ စဉ်လူမှုဘ၀တွေထဲက အကြောင်းအရာတွေက အင်အား ဖြစ်စေပါတယ်။ ဒါကို ကျွန်မတို့ က ထူးခြားတဲ့ လက်ဝတ်ရတနာ collections တွေအဖြစ်ပြောင်းလဲလိုက်တာပါ။

လက်ဝတ်ရတနာတွေအတွက် ကြေးဝါကို ဘာကြောင့်ရွေးချယ်ရတာပါလဲ။
ပထမကတော့ ကျွန်မတို့ ငွေစင်နဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်တဲ့ စရိတ်က အရမ်းကို မြင့်နေတယ်။ Chatuchak စနေ၊ တနင်္ဂနွေဈေးမှာ ကျွန်မတို့ ရဲ့ ဆိုင်ရှိတယ်။ ကျွန်မတို့ က သာမာန်လူတန်းစားတွေ ၀ယ်ယူနိုင်တဲ့ ဒီဇိုင်းထူးခြားပြီး ဈေးသိပ် မကြီးတဲ့ လက်ဝတ်ရတနာတွေကို ဖန်တီးချင်တာ။ ဒါကြောင့် ကျွန်မတို့ ရဲ့ လက်ဝတ်ရတနာတွေအတွက် ဈေးပိုချိုတဲ့ ပစ္စည်းတွေကို သုံးတာပါ။ ဒါပေမဲ့၊ အခု ကျွန်မတို့ မှာ လက်ဝတ်ရတနာ နှစ်မျိုးနှစ်စားရှိပါတယ်။ ငွေရည်သုတ်ထားတဲ့ကြေးဝါ နဲ့ ငွေစင် စစ်စစ်တို့ ပါ။ ငွေရည်သုတ်ထားတဲ့ ကြေးဝါ လက်ဝတ်ရတနာတစ်မျိုးရဲ့ တန်ဖိုးက ဘတ် 300 ကနေ ဘတ် 1,200 ရှိပြီး၊ ငွေစစ်စစ်နဲ့ လုပ်ထားတာကျတော့ ဘတ် 700 ကနေ ဘတ် 3,400 ဈေးအထိရှိပါတယ်။

 

ဘယ်အမျိုးအစား selection က စိတ်အကျေနပ်ရဆုံးလဲ။
အခုထိတော့ "Blue and White and Everything Nice" ဒါမှမဟုတ် "Puang Ma Lai" (ထိုင်းပန်းကုံး) တွေအတွက် အရမ်းကို ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ပြီး ဒီ ဒီဇိုင်းက Design Excellence Award 2015 (DEmark) ဆုကို ရထားပါတယ်။ ဒီ collection က တစ်စုံတစ်ယောက်အတွက် ပျော်ရွှင်ခြင်း၊ ချစ်ခြင်း၊ အံ့အားသင့်ခြင်း နဲ့ ကျေးဇူးတင်ခြင်း တွေလိုမျိုး အပြု သဘောဆောင်တဲ့ ခံစားမှု တွေကို လှစ်ဟဖော်ပြဖို့ အတွက် ထိုင်းရိုးရာ ပန်းကုံးပေးတဲ့ ဓလေ့ကိုထင်ဟပ်ပုံဖော်ထားတာပါ။ နောက်ပြီး ကျွန်မတို့ အရောင်းရဆုံး ပစ္စည်းလည်းဖြစ်သလို ဆုရထားတဲ့အတွက်ကြောင့်လည်း ကျွန်မတို့ ရဲ့ အမှတ်တံဆိပ် ကို လူအတော်တော်များများကသိအောင် ကြော်ငြာထားသလိုဖြစ်နေပါတယ်။

အဓိက ဖောက်သည်တွေက ဘယ်လိုလူတွေပါလဲ။
အဓိက ကတော့ ထိုင်းလူမျိုးတွေပါ။ တက္ကသိုလ်ကျောင်းသားတွေ၊ အသက် 20 ကနေ 40 အထိရှိတဲ့ လူတွေပါ ပါတယ်။ ဒါ့အပြင် အဓိကအားဖြင့် စင်္ကာပူ၊ ထိုင်ဝမ် နဲ့ ဂျပန် စတဲ့ အာရှတိုင်းပြည်တွေထဲကဖောက်သည်တွေလည်းရှိသလို ဥရောပ တိုင်းပြည်တွေက ဖောက်သည်တွေလည်းရှိပါတယ်။ ဖောက်သည်တွေက ပြည်တွင်းကပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြည်ပကပဲ ဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သူတို့ အားလုံး ထူးခြားဆန်းသစ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို နှစ်သက်ကြတဲ့ စတိုင်ကျတဲ့လူတွေပဲဖြစ်ပါတယယ်။

အနာဂတ်အတွက် အစီအစဉ်က ဘာများဖြစ်နိုင်ပါသလဲ။
ကျွန်မတို့ ရဲ့ အမှတ်တံဆိပ်နဲ့  အိမ်အလှဆင်တဲ့ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ စီစဉ်ထားသလို အာရှဈေးကွက် ထဲက ရရှိနိုင် မယ့် အခွင့်အလမ်းတွေကိုလည်း လေ့လာချင်ပါတယ်။ စင်္ကာပူ၊ ထိုင်ဝမ် နဲ့ ဂျပန်နိုင်ငံတွေမှာ ပုံမှန်ဖောက်သည်တွေ ရှိတဲ့ အတွက် အဲဒီတိုင်းပြည်တွေမှာ ကျွန်မတို့ ရဲ့  ပစ္စည်းတွေကို သူတို့ ရဲ့ ဆိုင်ပေါ်တင်ပြီး ပြသရောင်းချပေးနိုင်မယ့် မိတ်ဖက် တွေကိုလည်းရှာဖွေနေပါတယ်။

ပိုမိုသိရှိလိုပါက IG: thammada_design သို့ မဟုတ် FB: facebook.com/thammada.studio အားဝင်ရောက် လေ့လာကြည်ရှုနိုင်ပါသည်။

 

 

Issue 47

Horizon Thailand မှ ဟောင်ကောင်ရှိ DITP ၏ကုန်သွယ်ရေးဝန်ကြီးငှာနရုံး၏ ငှာနအကြီးအကဲ Witt Maneenetr နှင့်တွေ့ ဆုံ၍ ထိုင်းစီးပွားရေးလုပ်ငန်းများမှ ဟောင်ကောင်တွင် မည်သို့ မည်ပုံစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရှာဖွေနေသည်နှင့် ဆိုင်သည့်အကြောင်းအရာများကို မေးမြန်းခဲ့ပါသည်။

ထိုင်း ကုမ္ပဏီတွေအတွက် ဟောင်ကောင်မှာရှိတဲ့ ကုန်သွယ်ရေးအခွင့်အလမ်းတွေက ဘာတွေပါလဲ။

ကုန်စည်ပြပွဲတွေက ဟောင်ကောင်ဈေးကွက်အတွက် အရေးပါတဲ့ဈေးကွက် လက်နက်ကိရိယာ တစ်ခုဖြစ်ပါတယ်။ ဟောင်ကောင် ဒါမှမဟုတ် တရုတ်နိုင်ငံပြည်မ မှာ ပစ္စည်းတွေရောင်းချနိုင်ဖို့ ပဲမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ၀ယ်သူဖောက်သည်တွေနဲ့ လည်းချိတ်ဆက်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ဟောင်ကောင်မှာရှိတဲ့ ထိုင်းကုမ္ပဏီ အတော်များများက အမှန်တကယ်ဆိုရင် တောင်အမေရိက ဒါမှမဟုတ် ရုရှား စတဲ့ ဝေးနိုင်သမျှအဝေးမှာရှိကြတဲ့ ဖောက်သည်တွေရရှိဖို့ အတွက် ရှာဖွေနေကြပါတယ်။ ဟောင်ကောင်က လက်ရှိဖောက်သည်တွေနဲ့ တွေ့ ဆုံပြီး သူတို့ ရဲ့ ထုတ်ကုန်သစ်တွေက ပြသနိုင်တဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။

နိုင်ငံရပ်ခြားက၀ယ်သူတွေကို ဆွဲဆောင်နိုင်တဲ့ ထိုင်းထုတ်ကုန်တွေကဘာတွေပါလဲ။

ကျောက်မျက်လက်ဝတ်ရတနာနဲ့ စားသောက်ကုန်တွေအပြင် ထိုင်းနိုင်ငံကထုတ်လုပ်တဲ့ အလှပြင်မိတ်ကပ် ပစ္စည်းတွေ ကလည်း အခုဆိုရင် အရေးပါတဲ့ထုတ်ကုန်ဖြစ်လာပါပြီ။ အထူးသဖြင့် ပင်ကိုသဘာဝ၊ အော်ဂဲနစ် ဒါမှမဟုတ် ကျန်းမာရေးနဲ့  well-being တွေနဲ့ ဆက်စပ်နေတဲ့ အလှကုန်ပစ္စည်း တွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစလို့ ထိုင်းနိုင်ငံက နိုင်ငံရပ်ခြားမှာရှိတဲ့ ကုမ္ပဏီတွေအတွက် အလှကုန်ပစ္စည်းတွေကို အရမ်းကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်၊ မိုဘိုင်းလ် အက်ပလီကေးရှင်း ဖွံ့ ဖြိုးတိုးတက်မှု၊ ဂရပ်ဖစ်ဒီဇိုင်းနဲ့ အန်နီမေးရှင်း တွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာပစ္စည်းဈေးကွက်ကလည်း ကြီးထွားလာနေပါတယ်။

ကျောက်မျက်နဲ့ လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍမှာ ထိုင်းနိုင်ငံရဲ့ အားသာချက်က ဘာတွေပါလဲ။

ထိုင်းနိုင်ငံရဲ့ အားသာချက်က ငွေထည်လက်ဝတ်ရတနာနဲ့ ရောင်စုံကျောက်တွေပါပဲ။ ထိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့  တံဆိပ်တွေရဲ့ ဒီဇိုင်းတွေက အရမ်းကိုကောင်းမွန်ကြတယ်။ ပြီး ထုတ်ကုန်တွေ ဖွံ့ ဖြိုးတိုးတက်ဖို့ နဲ့ ပစ္စည်း သစ်တွေ ထုတ်လုပ်နိုင်ဖို့  အမြဲပဲတီထွင်ကြံဆနေကြတယ်။ ဟောင်ကောင်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကျောက်မျက် လက်ဝတ်ရတနာပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ ထိုင်းကုမ္ပဏီအချို့ ရဲ့ ဒီဇိုင်းတွေကို ဂျပန်လူမျိုးတွေက အလွန်ကို နှစ်ခြိုက် ကြတယ်။ ဒါကြောင့် တင်ပို့ ရောင်းချလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ ထုတ်ကုန်သစ်ထုတ်နိုင်ဖို့ အ တွက် အမြဲပဲကြံစည် နေသင့်ပါတယ်။ ကျောက်မျက်လက်ဝတ်ရတနာလုပ်ငန်းကြီးရဲ့  DIY ခေတ်ရေစီးကြောင်း ကလည်း အခုမှာ ပိုပိုပြီး လူကြိုက်များထင်ရှားနေတယ်။ ဥပမာအားဖြင့် ၀ယ်သူဖောက်သည်တွေအတွက် အများနဲ့  မတူတမူထူးတဲ့ ကျောက်မျက်တွေဖြစ်စေနိုင်မယ့် အဆောင်လက်ကောက်လေးတွေလိုမျိုးပေါ့။ အဆောင်လက်ကောက်တစ်ခုစီချင်း ရဲ့ တန်ဖိုးကသိပ်မများပေးမယ့် အားလုံးပေါင်းလိုက်မယ်ဆိုရင် တန်ဖိုးကတက်လာမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ထိုင်းကျောက်မျက်လုပ်ငန်းကြီးက ဘယ်လိုပြောင်းလဲခဲ့ပါသလဲ။

ထိုင်းကျောက်မျက်နဲ့ လက်ဝတ်ရတနာထုတ်လုပ်သူတွေက OEM (Original Equipment Manufacturing) ကို ဆောင်ရွက်လေ့ရှိကြတယ်။ ဒါပေမယ့် DITP က အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး သူတို့ တွေရဲ့ လုပ်ငန်းတွေ ဖွံ့ ဖြိုး တိုးတက်လာဖို့ အတွက် ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် လက်ဝတ်ရတနာပြပွဲမှာ ပါဝင်ကြတဲ့ ထိုင်းကုမ္ပဏီ ၇၀% ကနေ ၈၀% အထိဟာ ဆိုရင် ODM (Original Design Manufacturing) ဒါမှမဟုတ် OBM (Original Brand Manufacturing) ကိုဆောင်ရွက်နေကြပါတယ်။ အခြားတိုင်းပြည် တွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းမှာရှိတဲ့ အလုပ်သမားတွေရဲ့ စရိတ်တွေနဲ့ စာရင် ဒီရဲ့ ကျောက်မျက်လက်ဝတ်ရတနာ လုပ်ငန်းမှာရှိတဲ့ ပန်းထိမ်သည်တွေရဲ့  စရိတ်က ချိုသာတယ်။ ဒါက လက်ရှိ ထိုင်းနိုင်ငံရဲ့ အားသာချက်ပါ။ ကုန်သွယ်ရေးဗဟို ဖြစ်လာဖို့ အတွက် ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဆောင်ရန်လည်း လိုပါတယ်။ အကယ်၍ နိုင်ငံရပ်ခြားကရင်းနှီးမြှုပ်နှံသူတွေ က ထိုင်း နိုင်ငံမှာ ထုတ်လုပ်မှုလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင် သူတို့ တွေအတွက် ဈေးကွက်ကို ကူပြီးရှာဖွေပေး သင့်ပါ တယ်။ သူတို့ တွေလည်း ကျွန်တော်/မတို့ ဆီကို လာရောက်မှာဖြစ်သလို၊ ကျွန်တော်/မတို့ ကလည်း တိုင်းပြည်အ တွက် အခွင့်အလမ်းအမြောက်အမြားကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်/မတို့ သတိမူသင့်တဲ့ ခေတ်ရေစီးကြောင်းသစ်က ဘာပါလဲ။

ဒစ်ဂျစ်တယ်နဲ့ အသိဥာဏ်ဆိုင်ရာ ပစ္စည်းဥစ္စာအခွင့်အရေး (Digital and intellectual property rights (IPR)) ကိုလူတိုင်း ဂရုပြုသင့်ပါတယ်။ ဒီရေစီးကြောင်းကြီးက လုပ်ငန်းအတော်များများ အထူးသဖြင့် ကူးသန်းရောင်းဝယ် အပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ နေ့ စဉ်နေ့ တိုင်းပဲ နည်းပညာသစ်တွေပေါ်ပေါက်လာနေတဲ့ ကာလကြီး မှာ ဥပဒေပြုသူနဲ့ စီးပွားရေးသမားတွေကလည်း ဒစ်ဂျစ်တယ် ပလက်ဖောင်းစင်မြင့်ထက်မှာ ဖြစ်ပေါ်နေတဲ့ ဆန်းသစ်တဲ့ပြောင်းလဲမှုတွေကို ခြေရာကောက် စောင့်ကြည့်မှတ်သားစစ်ဆေးနိုင်မယ့် နည်းလမ်းကို ရှာဖွေသင့် ပါတယ်။

 

Issue 45

ထိုင်းနိုင်ငံ၏မိုးကုပ်စက်ဝိုင်း (Horizon Thailand) မှ Worrachai Siriwipanan သို့မဟုတ် TEE နှင့် နိုင်ငံတကာဆိုင်ရာဈေးကွက်များရှိ အောင်မြင်ထင်ရှားမှုကိုပေါ်လွင်အောင်သက်သေပြနေသော ပတ်ဝန်းကျင်နှင့်လိုက်ဖက်အကျိုးပြုသော အသုံးအဆောင်ပစ္စည်းများတံဆိပ် ဖြစ်သည့် BASIC TEEORY ကိုဖန်တီးလုပ်ဆောင်ခြင်းအတွက်

သူတို့၏လှုံ့ဆော်အားပေးမှုအကြောင်းကို ပြောဆိုခဲ့ကြပါတယ်။

BASIC TEEORY ကို ဘယ်လိုစလာခဲ့ကြတဲ့အကြောင်းကို ပြောပြပေးပါလား။
BASIC TEEORY ကို ကျတော်တို့ တရားဝင်တည်ထောင်ခဲ့ပြီးတော့ ဒီဇင်ဘာလ ၂၀၁၄ ခုနှစ်မှာ ဈေးကွက်အတွင်း အသုံးအဆောင် ပစ္စည်းများကို 'ကွဲပြားခြားနားသည့်ပုံစံတစ်ခုကိုလုပ်ဖို့' အမြင်သဘောထားနှင့်အတူ စတင်ဖွင့်လစ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျတော့်ရဲ့အမြင်မှာ တော့၊ ဤအသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်တဲ့ ဥပမာ ရွှေ၊ ငွေ၊ စိန်၊ ပုလဲ၊ တန်ဖိုးရှိတဲ့ကျောက်မျက်တွေ နဲ့ အခြား ရှားပါးသတ္တုတွေနဲ့ မှီခိုအသုံးပြုထားတာမဟုတ်ပါဘူး - ဒါပေမဲ့လည်း ကျတော်တို့ရဲ့အသုံးအဆောင်ပစ္စည်းတွေကို လူသိများပြီး၊ မေ့နေ ကြတဲ့ စစ်မှန်တဲ့အရည်အသွေးတန်ဖိုးတွေကိုဖုံးကွယ်ထားသည့် သတ္တုပစ္စည်းတွေအပေါ် အမှီပြုထုတ်လုပ်ထားခြင်းဖြစ်တယ်။ BASIC TEEORY အနေနဲ့ကတော့ ဒီလူသိများသောပစ္စည်းများ၏တန်ဖိုးကို ပိုပြီးတန်ဖိုးရှိလာအောင် တီထွင်ဖန်တီးမှုကိုအသုံးပြုခြင်းအားဖြင့် ပုံဖော်လာခြင်း ဖြစ်တယ်။

BASIC TEEORY ရဲ့ ထူးခြားချက်ကဘာလဲလို့ ထင်သလဲ။
BASIC TEEORY က အလွန်အထူးသေသပ်ပြီးတော့ ထူးခြားမှုရှိပါတယ်။ အဲဒါကတော့ အခြားအသုံးအဆောင်ပစ္စည်းတွေနဲ့တော့ ခြားနားတယ်ဆိုလိုတာပေါ့။ ကျတော်ကတော့ ဝတ်ဆင်နိုင်မယ့်အနုပညာဆန်ဆန်အသုံးအဆောင်အများကြီးကိုဖန်တီးဖို့အတွက် မမျှော် လင့်ထားတဲ့ပစ္စည်းတွေဖြစ်တဲ့ ပြန်သုံးလို့ရတဲ့စက္ကူတွေ နဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ပဲအသုံးပြုတယ်။ ပြီးတော့လည်း၊ ကျတော့်ရဲ့ ကုန်ပစ္စည်း တွေကို နည်းစနစ်အမျိုးမျိုးအသုံးပြုပြီး၊ လှပတဲ့ပုံနှိပ်ရေးဆွဲခြင်းကိုဖန်တီးရန် ပန်းချီဆွဲသည့်နည်းစနစ်တွေ၊ နောက်ပြီးတော့ ရေငွေ့ရိုက် အစိုဓာတ်မှကာကွယ်ပေးဖို့လည်း ပလတ်စတစ်လောင်းတဲ့နည်းပညာတွေနဲ့လည်း တန်ဖိုးမြှင့်သွားအောင်အသုံးပြုထားပါတယ်။ BASIC TEEORY ဟာဆိုရင် အမှန်တကယ်ကို ပတ်ဝန်းကျင်နှင့်လိုက်ဖက်အကျိုးပြုသောအမှတ်တံဆိပ်ဖြစ်တယ် ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းအများစုတွေကို စွန့်ပစ်ပစ္စည်းတွေထဲကပဲလုပ်ယူလာခဲ့တာ ဖြစ်တယ်။

သင့်အနေနဲ့ ဘာဆုကြေးတွေရရှိခဲ့ပြီးပြီလဲ။
အရင်နှစ်ကဆိုရင်၊ ကျတော့်ကို DITP က ယခုထိုင်းရဲ့ပင်ကိုယ်စွမ်းရည်ပြိုင်ပွဲ (Talent Thai Now) မှာ ဒီဇိုင်းနာတစ်ဦးအဖြစ်ရွေးချယ်ခံ လိုက်ရပြီး၊ အင်ဒိုနီးရှားနိုင်ငံမှာလည်း လက်လုပ်အတတ်ပညာ အပိုင်းခွဲအတွက် တီထွင်ဖန်တီးနိုင်သောစီးပွားရေးလုပ်ငန်းရှင် (Creativepreneurs) တစ်ဦးအဖြစ်လည်း ရွေးချယ်ခံရတာကြောင့် ဂျာကာတာမြို့မှာ ကျတော့်ရဲ့ထုတ်ကုန်တွေကို ရှိုးခင်းကျင်းပြသဖို့ အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့တာပါ။ ပြီးတော့၊ BASIC TEEORY ကလည်း လက်ရှိအခြေအနေမှာ DITP အားဖြင့် စီစဉ်ထားသော ထိုင်းနိုင်ငံထွက် ထိပ်တန်းရောက်အသုံးအဆောင်တံဆိပ်များတွင် 'တောက်ပနေသောကြယ်ပွင့်'အဖြစ် ရွေးချယ်ခံထားရပါတယ်။

သင်ရဲ့ အဓိကဝယ်ယူသုံးစွဲသူတွေက ဘယ်သူတွေလဲ။
BASIC TEEORY ရဲ့ ဝယ်ယူသုံးစွဲသူတွေကတော့ အသက် ၃၀ ကနေ ၆၅ နှစ်အထိ၊ သန့်ပြန့်ထူးခြားမှုကိုနှစ်သက်သူ နှင့် အမျိုးသားများ အတွက် ပုံစံရုပ်သွင်ကျသော အသုံးအဆောင်ပစ္စည်းများကိုလာရှာတတ်ကြတဲ့ အမျိုးသမီးတွေများပါတယ်။ သူတို့ကတော့ နိုင်ငံပေါင်းစုံပဲ - ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန် နဲ့ သြစတြေးလျမှ လာကြတာများပါတယ်။

သင်ရဲ့အောင်မြင်မှုနောက်ကွယ်မှာ အဓိကအကြောင်းအရင်းတွေက ဘာတွေလဲ။
BASIC TEEORY ရဲ့ အောင်မြင်မှုကတော့ သူ့ရဲ့ ထူးခြားမှုပဲဖြစ်တယ်လို့ ကျတော်ထင်တယ်။ ကျတော့်အနေနဲ့တော့ ပစ္စည်းများရှိ အားနည်းတဲ့အချက်တစ်ခုကို အားသာချက်တစ်ခုအဖြစ်ပြောင်းလဲပြီး၊ ၎င်းတို့ကို နောက်ဆုံးအနေဖြင့် ရောင်းချသည့်အချက်ကို ဖြစ်လာ အောင် ပြုလုပ်ပေးပါတယ်။

TEEORY အတွက် အနာဂတ်လုပ်ဆောင်ချက်က ဘာလဲ။
ကျတော်ကတော့ ကျတော့်ရဲ့အမှတ်တံဆိပ်ကို နိုင်ငံတကာအဆင့်မီအဖြစ်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အခုတော့၊ ထိုင်းနိုင်ငံ နဲ့ နိုင်ငံခြားမှာ ကျတော့်ရဲ့အလုပ်ကို ခင်းကျင်းပြသဖို့၊ BASIC TEEORY ကို တစ်ကမ္ဘာလုံးသိလာစေရန် ပြည်တွင်း နှင့် နိုင်ငံတကာဆိုရာ ယှဉ်ပြိုင်ပွဲနှစ်ခုစလုံးတွင် ပါဝင်လာနိုင်ရန်အတွက်လည်း တတ်နိုင်သလောက်ကြိုးစားနေပါတယ်။

ထိုင်း SME လုပ်ငန်းရှင်များရဲ့ အနာဂတ်မျိုးဆက်သစ်တွေအကြောင်းကို သင်ဘယ်လိုခံစားရသလဲ။
ဒီကနေ့မှာတော့၊ SME စီးပွားရေးလုပ်ငန်းရှင်သစ်အများကြီးရှိလာပြီး၊ သူတို့တစ်ယောက်ချင်းလည်း ထုတ်ကုန်တွေအပေါ် ခြားနားအောင် ထုတ်လုပ်လာကြတယ်။ သူတို့အနေနဲ့ အဲဒီလိုမျိုးအသစ်အဆန်းတွေဖန်တီးဖွံ့ဖြိုးသွားဦးမယ်ဆိုရင် ထိုင်း SME မှာလည်း ပြည်တွင်း ဈေးကွက်တွင်သာမက၊ နိုင်ငံတကာဈေးကွက်တွေမှာပါ ဈေးကွက်ရောက်ဝယ်မှုတစ်ခုကို အသေအချာရရှိလာမှာဖြစ်မယ်လို့ ကျတော် ထင်ပါတယ်။

ဤအချက်အလက်ထက်ပိုပြီးသိချင်လျှင်၊ www.facebook.com/basicteeory ကို သွားလည်ကြည့်ပါ။

 

 

369103