Issue 42

ထိုင်းနိုင်ငံတွင်ထုတ်လုပ်ထားသည့်မင်္ဂလာဆောင်ဆိုင်ရာပစ္စည်းများကို ဂျပန်နိုင်ငံတွင် ရောင်းအားတိုးတက်လာ စေရန် အတွက် အကြံဥာဏ်များပေးအပ်လျက်ရှိသော DITP ၏အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့ ၊ ဂျပန်ပန်းအလှဆင် ပညာရှင် နှင့် ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သည့် Yuchi Maetani အား Horizon Thailand မှတွေ့ ဆုံမေးမြန်းထားခြင်းဖြစ်ပါ သည်။

DITP နဲ့ ဘယ်လိုစပြီး အလုပ်လုပ်ဖြစ်တာလဲဆိုတာကို ပြောပြပေးပါ။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ထိုင်းနိုင်ငံမှာကျင်းပတဲ့ BIG/BIH ပွဲကို ကျွန်မလာခဲ့တယ်။ အဲဒီမှာ ထိုင်းကုန်ပစ္စည်းတွေရဲ့  အရည်အသွေးကို သိရှိခဲ့ရပါတယ်။ ဒီလိုနဲ့ ထိုင်းထုတ်ကုန်တွေကို ဂျပန်မှာ မင်္ဂလာဆောင်ပက်ကေ့ခ်ျအနေနဲ့ ပေးနိုင်မယ် ဆိုရင် ဂျပန်လူမျိုးတွေပိုပြီး စိတ်ဝင်စားမှုရှိကြမယ်လို့ တွေးမိတယ်။ 2014 ခုနှစ်မှာ ကျွန်မ ဂျပန်မှာရှိတဲ့ ဟိုတယ်တွေရဲ့  အတွင်းပိုင်းအပြင်အဆင် နဲ့ မင်္ဂလာဆောင်တွေမှာ ထိုင်းထုတ်ကုန်တွေအသုံးပြုနိုင်ဖို့ အတွက် DITP စပြီးအလုပ် လုပ်ခဲ့ တယ်။ ဒါပေမဲ့၊ 2015 ခုနှစ်မှာ မင်္ဂလာဆောင်ပက်ကေ့ခ်ျအပေါ်မှာပဲ ပိုပြီးအာရုံစိုက်ထားလိုက်တော့တယ်။

ဘာကြောင့် DITP က ဟိုတယ်တွေနဲ့ မင်္ဂလာဆောင်တွေမှာ ထိုင်းထုတ်ကုန်ကို ကြော်ငြာတာပါလဲ။
ဂျပန်မှာရှိတဲ့ ဟိုတယ်တွေရဲ့ ဝင်ငွေ 40% က မင်္ဂလာဆောင်တွေကနေရတာဖြစ်ပါတယ်။ ဂျပန်လူမျိုးအတော်များများက ဟိုတယ်တွေမှာ မင်္ဂလာပွဲကျင်းပကြတာမို့ ပါ။ ဟိုတယ်တွေက all-in-one မင်္ဂလာဆောင်ပက်ကေ့ခ်ျတွေကို ထုံးစံအတိုင်း ရောင်းလေ့ရှိကြတယ်။ ဒါကြောင့် မင်္ဂလာဆောင်မယ့် သတို့ သားနဲ့ သတို့ သမီးက ဟိုတယ်တွေမှာရောင်းတဲ့ မင်္ဂလာဆောင် ပက်ကေ့ခ်ျတွေကို နှိုင်းယှဉ်ရွေးချယ်ကြရော။ အဲဒါကြောင့်ပဲ ဟိုတယ်တွေဘက်ကလည်း ကွဲပြားတဲ့ မင်္ဂလာဆောင် theme တွေကိုပြနိုင်ဖို့ အတွက် ပြင်ထားရတာပေါ့။ မင်္ဂလာဆောင်ရဲ့ ခေတ်ရေစီး ကြောင်းကလည်း နှစ်နှစ်ကိုတစ်ကြိမ်ပြောင်းတော့ ဟိုတယ်တွေကလည်း သတို့ သားနဲ့ သတို့ သမီးတွေအကြိုက်တွေ့ မယ့်အရာတွေကို ပြင်ဆင်ထားရတာဖြစ်ပါတယ်။ ဟိုတယ်ကြီးတွေမှာ (မင်္ဂလာဆောင်) theme အမျိုးမျိုးရှိထားဖို့ လိုတယ်။ အဲဒါကြောင့် သူတို့ တွေလည်း အရမ်းကိုကြိုးကြိုးစားစားပြင်ဆင်ကြရတယ်။ ယှဉ်ပြိုင်မှုကလည်း အလွန့် အလွန်ကို မြင့်မားတယ်။ ပြီးတော့ ကျွန်မတို့ က ဟိုတယ်ရဲ့ အ၀ယ်မန်နေဂျာတွေကို ကျွန်မတို့ ရဲ့  ပစ္စည်းတွေကို တစ်ခုချင်းစီပြမယ်ဆိုရင် သူတို့  တွေနားလည်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့ က ကွဲပြားတဲ့ မင်္ဂလာဆောင် theme တွေကို ပြရတယ်။ ဒါမှ သူတို့  တွေလည်း ထိုင်းနိုင်ငံထုတ်ကုန်ရဲ့ အရည်အသွေးကို သိနိုင်မှာ။

ထိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ အားသာချက်တွေက ဘာတွေဖြစ်မယ်လို့ ထင်ပါသလဲ။
ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေ ကို ထုတ်လုပ်နိုင်ကြတဲ့ မြင့်မားတဲ့ကျွမ်းကျင် မှုတွေရှိတယ်။ လွန်ခဲ့တဲ့အချိန်တွေတုန်းကတော့ ဈေးကွက်ကို သိပ်ပြီးအာရုံစိုက်ချင်မှ စိုက်ခဲ့ကြမှာပေါ့။ ဒါပေမယ့်၊ ထိုင်း SME မှာ ဦးတည်ဈေးကွက် လိုချင်တဲ့အရာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေရှိထားမယ်ဆိုရင်၊ သူတို့ တွေ ကလည်း ဦးတည်ဈေးကွက်လိုချင်တဲ့အရာနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြတာပါပဲ။

အလုပ်တွဲလုပ်တဲ့ ဟိုတယ်အချို့ ရဲ့ နာမည်တွေကို ပြောပြနိုင်ပါသလား။
ကျွန်မ ထိုင်းထုတ်ကုန်တွေကို တိုကျိုမှာရှိတဲ့ Sheraton Maihama ကို ယူသွားတယ်။ အဲဒီ ဟိုတယ်က ဂျပန်မှာ ရှိတဲ့ မင်္ဂလာပွဲအတော်တော်များများကျင်းပဖို့ လက်ခံဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ တစ်နှစ်မှာ မင်္ဂလာပွဲ 3,000 လောက် လက်ခံကျင်းပပေးရတယ်။ ဂျပန်ဈေးကွက်ရဲ့ သဘောသဘာဝက အရမ်းကို ယှဉ်ပြိုင်မှုပြင်းထန်တယ်။ ဒီဟိုတယ်မှာ ထိုင်း ရဲ့ ထုတ်ကုန်ကဈေးကွက်ရသွားပြီဆိုရင်၊ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းအပေါ်ကို အမြဲဂရုစိုက် နေတဲ့ အခြား ဟိုတယ် တွေကလည်း ထိုင်းနိုင်ငံရဲ့ မင်္ဂလာဆောင်နဲ့ ဆိုင်တဲ့ ပစ္စည်း တွေအပေါ်ကို စိတ်ဝင်စားလာကြမှာပါပဲ။

အပြည်ပြည်ဆိုင်ရာဈေးကွက် ယှဉ်ပြိုင်မှုအတွင်းမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုစိတ်ချယုံကြည်မှု ရရှိနိုင်ပါ သလဲ။
အခုအခါမှာဆိုရင် ၀က်ဘ်ဆိုက်တွေကို အခွင့်အလမ်းအနေနဲ့ အသုံးချပြီး မိမိရှိထားတဲ့ ထုတ်ကုန်အသစ်တွေကို ကြော်ငြာ ရောင်းချနိုင်တဲ့အတွက် ၀ယ်မဲ့သူတွေကလည်း ထိုင်းနိုင်ငံကို လာဖို့ မလိုတော့ဘူး။ ဈေးကွက်ရဲ့ လိုအပ်ချက်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေ ကလည်း အမြဲသိရှိထားဖို့ လိုအပ်ပါတယ်။

 


 

 

368747