Issue 44

Horizon Thailand မှ Design from Waste of Agriculture (DEWA) ၏ ဒီဇိုင်နာတစ်ဦးဖြစ်သည့် Supattsarachai Chuetamasorn နှင့် DITP မှဦးစီးသည့် ထိုင်းနိုင်ငံ ဒီဇိုင်းနှင့် ဆန်းသစ်မှု တိုးတက်ရေးဆိုင်ရာ အဖွဲ့ အစည်း၏ သဘာ၀၀န်းကျင်အား ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေနိုင်သည့် စီမံကိန်း (eco-friendly project) အကြောင်းမေးမြန်းထားခြင်းဖြစ်ပါသည်။

DITP နဲ့ ဘယ်လိုစပြီး လက်တွဲအလုပ်လုပ်ဖြစ်တာလဲဆိုတာကို ပြောပြပေးပါ။
ဒီစီမံကိန်းလုပ်ငန်းအတွက် ဒီဇိုင်း ဒါရိုက်တာ Anon Pairot နဲ့  ပန်းချီ၊ ပန်းပုအနုပညာ ဒီဇိုင်နာ Wataru Sakuma တို့ က လယ်ယာထွက်ကုန် စွန့် ပစ်ပစ္စည်းတွေကနေ ပြန်လည်အသုံးပြုလို့ ရနိုင်မယ့် ပစ္စည်းတွေကို ဒီဇိုင်းရေးဆွဲ ဖို့ အတွက် အကြံရခဲ့ကြတယ်။ လွန်ခဲ့တဲ့အချိန်တွေတုန်းက ကုမ္ပဏီအတော်များများက recycling ကနေ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ခဲ့ကြပြီး ထိုင်းကုမ္ပဏီတွေကလည်း အလားတူဖြစ်ရပ်မျိုး လုပ်ဆောင်နိုင်မဲ့ အလားအလာကို သူတို့ တွေ့ ရှိခဲ့တယ်။ ကျွန်တော်/မ တို့ က ဒီဇိုင်းနဲ့  recycling ပြုလုပ်နိုင်တဲ့ နည်းပညာတွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို သုတေသနလုပ်ခဲ့ကြတယ်။ အဲဒီမှာ DITP ကနေ စီမံကိန်းမှာ ပါဝင်ဖို့ အသင့်ရှိနေကြတဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ ကွဲပြားတဲ့ဒေသတွေမှာရှိတဲ့ ထူးခြားတဲ့ ထုတ်ကုန်တွေက ဘာတွေပါလဲ။
ဒေသကြီးလေးခုမှာ ရှိတဲ့ ကုမ္ပဏီတွေနဲ့ ကြိုးစားဆက်သွယ်ခဲ့တယ်။ မြောက်ပိုင်းမှာတော့ လူသိများတဲ့ ပိုးစာပင်က ထုတ်လုပ်တဲ့ စက္ကူ၊ အလယ်ပိုင်းဒေသမှာ ထုတ်ပိုးရာမှာသုံးတဲ့ ပလောပီနံမှုန့် ၊ တောင်ပိုင်းဒေသမှာ ပေါများတဲ့ ရာဘာကုန်ကြမ်း နဲ့ ကျွန်တော်/မတို့ အရှေ့ မြောက်ပိုင်းဒေသကနေ ဒူးရင်းအမျှင်တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေ ပါတယ်။ ဒူးရင်းမျှင်ကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးလို့ မြင်ပါတယ်။ အခုလက်ရှိမှာ ကြိုးစားထုတ်လုပ်နေတုန်း ပဲရှိပါသေးတယ်။ ဒါပေမယ့် အောင်မြင်ခဲ့မယ်ဆိုရင် ဘယ်မှာမှမရှိသေးတဲ့ ပထမဆုံးပစ္စည်းအမျိုးအစားပဲ ဖြစ်လိမ့် မယ်။ ဒူးရင်းသီးခွံကို ဖယ်ရှားဖိုးအတွက်အရမ်းကို ဈေးကြီးပြီး အဲဒါကို ဇီဝပလတ်စတစ် ဖလင်နဲ့ ဆွေးမြေ့ ပျက်စီး နိုင်တဲ့ ထုပ်ပိုးရာမှာသုံးတဲ့ အရာဝတ္ထုပစ္စည်းတွေကို လုပ်ဖို့ သုံးတဲ့ သစ်စေးမျှင်အဖြစ်ပြောင်းလဲနိုင်ပါတယ်။ ဒါက စွန့် ပစ်ပစ္စည်းပမာဏကို လျော့ချပေးနိုင်ပြီး တောင်သူလယ်သမားတွေအတွက် ၀င်ငွေတိုးစေနိုင်မှာဖြစ်ပါတယ်။

 

Recycled ပစ္စည်းတွေထုတ်တဲ့ထိုင်း ကုမ္ပဏီတွေရဲ့ အားသာချက်က ဘာပါလဲ။
ထိုင်းအလုပ်သမားတွေက အရမ်းကို အရည်အသွေးပြည့်ဝကြတယ်။ သူတို့ တွေက ပိုးစာ စက္ကူလိုမျိုး တင်ပို့ ဖို့  အတွက်အသင့်ဖြစ်နေတဲ့ အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြတယ်။ ကျွန်တော်/မ တို့ က ကုန်ကြမ်းပစ္စည်းနဲ့  recycling နည်းလမ်းတွေကို တိုးတက်ကောင်းမွန်လာအောင် ကြိုးစားနေကြတယ်။ ဒီဇိုင်နာတွေအနေနဲ့ က ကုမ္ပဏီတွေမှာ ထုတ်လုပ်ရေး ဒါမှမဟုတ် ဒီဇိုင်းမှာ အခက်အခဲများရှိနေသလားဆိုတာကို လေ့လာတယ်။ ပြီး သူတို့ ထုတ်ကုန်တွေရဲ့ ထူးခြားကွဲပြားမှုတွေကို ဖော်ထုတ်ပြသကြတယ်။ DEWA က အပြီးသတ် ထုတ်ကုန်တွေအပေါ်မှာ စိတ်ဝင်စားကြတဲ့ ၀ယ်ယူသူတွေအတွက် ကြားခံလူအဖြစ် ဆောင်ရွက်ပေး ပါတယ်။

ဝယ်သူတွေဆီက ဘာတွေပြန်ပြီးကြားရပါသလဲ။
နိုင်ငံရပ်ခြားဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုကို အမြောက်အမြားရရှိထားပါတယ်။ ထုပ်ပိုးကုန်ပစ္စည်းတွေကအစ စက္ကူခွက်တွေအဆုံး သူတို့ တွေကစိတ်ဝင်စားကြတယ်။ ကုမ္ပဏီတွေအနေနဲ့ ကတော့ သူတို့ ရဲ့ ကုန်အမှတ်တံဆိပ် ကို စပြီးတည်ထောင်ချင်လား၊ ဒါမှမဟုတ် အခြားအမှတ်တံဆိပ်တွေနဲ့ လက်တွဲမလားဆိုတာကတော့ သူတို့ အပေါ် မှာပဲမူတည်ပါတယ်။ အခုမှာ ပီလောပီနံမှုန့် ကနေလုပ်တဲ့ အုန်းရည်ထည့်တဲ့ သေတ္တာဗူးတွေကို အမေရိကန်နိုင်ငံ ကိုတောင်တင်ပို့ ရောင်းချနေပါပြီ။

ဒီစီမံကိန်းရဲ့ အနာဂတ်က ဘာများပါလဲ။
စီမံကိန်းကတော့ ကုမ္ပဏီအမျိုးမျိုးကနေထုတ်တဲ့ ကုန်ပစ္စည်းအမျိုးမျိုးတွေနဲ့ ရှေ့ ဆက်နေတုန်းပါပဲ။ ကျွန်တော်/မ တို့ က စွန့် ပစ်ပစ္စည်းတွေကို စီမံတဲ့အကြံကိုဆုပ်ကိုင်ထားနိုင်တဲ့ စီးပွားဖြစ်ကုန် ပစ္စည်းတွေကို ဖန်တီးချင်တာ။ ဒါမှ ပတ်ဝန်းကျင်အပေါ်ထိခိုက်နိုင်တာတွေကို လျော့ချနိုင်တာနဲ့ တပြိုင်နက်တည်း ဈေးကွက်ထဲမှာလည်း တန်ဖိုးကို မြင့်လာစေမှာဖြစ်ပါတယ်။

 

 

368772