Issue 46

Thammada Studio၏ ဒီဇိုင်နာများဖြစ်ကြသည့် Nawat Palungwitwattana နှင့် Chalitsorn Voravutikuna တို့ မှ
နေ့ စဉ်သာမာန်အကြောင်းအရာများကို ၄င်းတို့ ၏လက်ဝတ်ရတနာ collection တွင်မည်ကဲ့သို့ ပုံဖော်ကြောင်းကို ရှင်းလင်း ပြောပြပါသည်။

Thammada Studio ရဲ့ နောက်ခံအကြောင်းအရာ အယူအဆကို ပြောပြပေးပါ။
Thammada ဆိုတဲ့ ထိုင်းစာလုံးက ရိုးရိုးသာမာန် သို့ မဟုတ် အခြေခံ လို့ အဓိပ္ပါယ်ရပါတယ်။ ပြီးတော့ ဒါက ကျွန်မတို့  ဒီဇိုင်းရဲ့ နောက်ခံအကြောင်းရင်းပဲဖြစ်ပါတယ်။ ကျွန်မတို့ ကို နေ့ စဉ်လူမှုဘ၀တွေထဲက အကြောင်းအရာတွေက အင်အား ဖြစ်စေပါတယ်။ ဒါကို ကျွန်မတို့ က ထူးခြားတဲ့ လက်ဝတ်ရတနာ collections တွေအဖြစ်ပြောင်းလဲလိုက်တာပါ။

လက်ဝတ်ရတနာတွေအတွက် ကြေးဝါကို ဘာကြောင့်ရွေးချယ်ရတာပါလဲ။
ပထမကတော့ ကျွန်မတို့ ငွေစင်နဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်တဲ့ စရိတ်က အရမ်းကို မြင့်နေတယ်။ Chatuchak စနေ၊ တနင်္ဂနွေဈေးမှာ ကျွန်မတို့ ရဲ့ ဆိုင်ရှိတယ်။ ကျွန်မတို့ က သာမာန်လူတန်းစားတွေ ၀ယ်ယူနိုင်တဲ့ ဒီဇိုင်းထူးခြားပြီး ဈေးသိပ် မကြီးတဲ့ လက်ဝတ်ရတနာတွေကို ဖန်တီးချင်တာ။ ဒါကြောင့် ကျွန်မတို့ ရဲ့ လက်ဝတ်ရတနာတွေအတွက် ဈေးပိုချိုတဲ့ ပစ္စည်းတွေကို သုံးတာပါ။ ဒါပေမဲ့၊ အခု ကျွန်မတို့ မှာ လက်ဝတ်ရတနာ နှစ်မျိုးနှစ်စားရှိပါတယ်။ ငွေရည်သုတ်ထားတဲ့ကြေးဝါ နဲ့ ငွေစင် စစ်စစ်တို့ ပါ။ ငွေရည်သုတ်ထားတဲ့ ကြေးဝါ လက်ဝတ်ရတနာတစ်မျိုးရဲ့ တန်ဖိုးက ဘတ် 300 ကနေ ဘတ် 1,200 ရှိပြီး၊ ငွေစစ်စစ်နဲ့ လုပ်ထားတာကျတော့ ဘတ် 700 ကနေ ဘတ် 3,400 ဈေးအထိရှိပါတယ်။

 

ဘယ်အမျိုးအစား selection က စိတ်အကျေနပ်ရဆုံးလဲ။
အခုထိတော့ "Blue and White and Everything Nice" ဒါမှမဟုတ် "Puang Ma Lai" (ထိုင်းပန်းကုံး) တွေအတွက် အရမ်းကို ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ပြီး ဒီ ဒီဇိုင်းက Design Excellence Award 2015 (DEmark) ဆုကို ရထားပါတယ်။ ဒီ collection က တစ်စုံတစ်ယောက်အတွက် ပျော်ရွှင်ခြင်း၊ ချစ်ခြင်း၊ အံ့အားသင့်ခြင်း နဲ့ ကျေးဇူးတင်ခြင်း တွေလိုမျိုး အပြု သဘောဆောင်တဲ့ ခံစားမှု တွေကို လှစ်ဟဖော်ပြဖို့ အတွက် ထိုင်းရိုးရာ ပန်းကုံးပေးတဲ့ ဓလေ့ကိုထင်ဟပ်ပုံဖော်ထားတာပါ။ နောက်ပြီး ကျွန်မတို့ အရောင်းရဆုံး ပစ္စည်းလည်းဖြစ်သလို ဆုရထားတဲ့အတွက်ကြောင့်လည်း ကျွန်မတို့ ရဲ့ အမှတ်တံဆိပ် ကို လူအတော်တော်များများကသိအောင် ကြော်ငြာထားသလိုဖြစ်နေပါတယ်။

အဓိက ဖောက်သည်တွေက ဘယ်လိုလူတွေပါလဲ။
အဓိက ကတော့ ထိုင်းလူမျိုးတွေပါ။ တက္ကသိုလ်ကျောင်းသားတွေ၊ အသက် 20 ကနေ 40 အထိရှိတဲ့ လူတွေပါ ပါတယ်။ ဒါ့အပြင် အဓိကအားဖြင့် စင်္ကာပူ၊ ထိုင်ဝမ် နဲ့ ဂျပန် စတဲ့ အာရှတိုင်းပြည်တွေထဲကဖောက်သည်တွေလည်းရှိသလို ဥရောပ တိုင်းပြည်တွေက ဖောက်သည်တွေလည်းရှိပါတယ်။ ဖောက်သည်တွေက ပြည်တွင်းကပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြည်ပကပဲ ဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သူတို့ အားလုံး ထူးခြားဆန်းသစ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို နှစ်သက်ကြတဲ့ စတိုင်ကျတဲ့လူတွေပဲဖြစ်ပါတယယ်။

အနာဂတ်အတွက် အစီအစဉ်က ဘာများဖြစ်နိုင်ပါသလဲ။
ကျွန်မတို့ ရဲ့ အမှတ်တံဆိပ်နဲ့  အိမ်အလှဆင်တဲ့ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ စီစဉ်ထားသလို အာရှဈေးကွက် ထဲက ရရှိနိုင် မယ့် အခွင့်အလမ်းတွေကိုလည်း လေ့လာချင်ပါတယ်။ စင်္ကာပူ၊ ထိုင်ဝမ် နဲ့ ဂျပန်နိုင်ငံတွေမှာ ပုံမှန်ဖောက်သည်တွေ ရှိတဲ့ အတွက် အဲဒီတိုင်းပြည်တွေမှာ ကျွန်မတို့ ရဲ့  ပစ္စည်းတွေကို သူတို့ ရဲ့ ဆိုင်ပေါ်တင်ပြီး ပြသရောင်းချပေးနိုင်မယ့် မိတ်ဖက် တွေကိုလည်းရှာဖွေနေပါတယ်။

ပိုမိုသိရှိလိုပါက IG: thammada_design သို့ မဟုတ် FB: facebook.com/thammada.studio အားဝင်ရောက် လေ့လာကြည်ရှုနိုင်ပါသည်။

 

 

367336