Issue 43

Grace of Art ၏ ဈေးကွက်မန်နေဂျာ Thanyaporn Chiewhatpong မှ Horizon Thailand အား အပြည်ပြည်ဆိုင်ရာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် သူမ၏မိသားစုပိုင် စီးပွားရေးကို မည်ကဲ့သို့ ငွေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ အား ထုတ်လုပ်သည့် လုပ်ငန်းအဖြစ် ပြောင်းလဲလိုက်ပုံကို ပြောပြထားပါသည်။

ကျေးဇူးပြုပြီး ကျွန်တော်တို့ ကို Grace of Art ဘယ်လိုဘယ်ပုံ ပေါ်ပေါက်လာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးပါ။
အမှန်က ကျွန်မတို့  မိသားစုရဲ့ စီးပွားရေးလုပ်ငန်းက ငွေထည်ပစ္စည်းတွေကို ထုတ်လုပ်တာပါ။ ကျွန်မတို့ က ၀ယ်သူတွေ ပြောတဲ့ လိုချင်တဲ့ပုံစံတွေအတိုင်း ပစ္စည်းတွေကို လုပ်ပေးတာပါ။ ဒါပေမယ့်၊ နောက်ပိုင်းမှာ ဈေးကွက်ကပြောင်းလာတယ်။ တရုတ်တွေက ကျွန်မတို့ ရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်လာတယ်။ ကျွန်မတို့ ရဲ့ ဖောက်သည်တွေကို ပိုမိုချိုသာတဲ့ ဈေးနှုန်း တွေနဲ့ ဆွဲဆောင်လာကြတယ်။ ဒီဟာက လုပ်ငန်းသစ်ကို လုပ်ဆောင်ရတဲ့ အကြောင်းရင်းခံပါပဲ။ ဒါကြောင့် ကျွန်မက ဖြန့်  ဖြူးရောင်းချနိုင်မဲ့ ဈေးကွက်သစ်ကို ရှာဖွေဖို့ အတွက် ဖက်ရှင် ကျတဲ့လက်ဝတ်ရတနာ ဒီဇိုင်းတွေကို စတင်ပုံဖော် ပြုလုပ် ခဲ့တာပါ။

ဒီဇိုင်းပုံဖော်ပြီး ထုတ်လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်အရာက တွန်းအားဖြစ်စေတာပါလဲ။
ကျွန်မမှာ ကျွန်မတို့ ဝန်းကျင်မှာရှိတဲ့ လူကတုပဖန်တီးထားတဲ့ ကျောက်မျက်တွေ၊ သုံးမြှောင့်ပုံဂေါ်မိတ်ကျောက်တွေ၊ ခရုခွံ ကမာခွံ စတဲ့ သဘာဝပစ္စည်းတွေလို အဖိုးနှုန်းချိုသာတဲ့ပစ္စည်းတွေနဲ့  တန်ဖိုးတက်လာနိုင်တဲ့ ထုတ်ကုန်သစ်တွေကို ဖန်တီးဖို့  အကြံရှိတယ်။ ကျွန်မတို့ ရဲ့ လက်ဝတ်ရတနာတွေက တခြား ငွေထည်နဲ့ လုပ်ထားတဲ့ ဖက်ရှင် လက်ဝတ်ရတနာ တွေနဲ ကွဲပြားတယ်။ ဆန်းသစ်တယ်။ ဒီဇိုင်းကောင်းကောင်းတွေကို လိုချင်တဲ့ ဖောက်သည်တွေအတွက် ရွေးချယ်စရာ တစ်ခုတိုးလာစေတယ်။

Grace of Art ရဲ့ ထူးခြားတဲ့ လက္ခဏာက ဘာပါလဲ။
Grace of Art က သဘာဝကျတဲ့ဒီဇိုင်းတွေနဲ့ ငွေထည်လက်ဝတ်ရတနာတွေကို ထုတ်လုပ်ထားတာပါ။ ကျွန်မတို့ ရဲ့ ဒီဇိုင်း အတွက် Ploi Thai Award 2011၊ Asian Fashion Jewelry & Accessories Design Competition 2006၊ Prism Award 2005 နဲ့  International Jewelry Design Competition 2002 ဆုတွေကို လက်ခံရရှိထားပြီးဖြစ်ပါတယ်။

ဝယ်ယူသူတွေက ဘယ်လိုတုံ့ ပြန်ပါသလဲ။
ကျွန်မတို့ အရမ်းကို အပြုသဘောဆောင်တဲ့ တုံ့ ပြန်မှုတွေကို ရရှိပါတယ်။ ဖောက်သည်တွေက ကျွန်မတို့ ရဲ့ ပစ္စည်းတွေ ကို အရမ်းသဘောကျကြတယ်။ အတော်တော်များများက နောက်ထပ်နောက်ထပ် အော်ဒါတွေကို လာပြီးမှာကြတယ်။

အောင်မြင်မှုရဲ့ နောက်ကွယ်ကအဓိကကျတဲ့ အကြောင်းချင်းရာက ဘာဖြစ်မယ်ထင်ပါသလဲ။
ကွဲပြားခြားနားတဲ့ ဒီဇိုင်း၊ အရည်အသွေးမြင့်တဲ့ငွေထည် အပြင် နောက်ထပ်အောင်မြင်ရတဲ့အကြောင်းကတော့ ကျွန်မတို့ ရဲ့  အသင်း အဖွဲ့ နဲ့ လုပ်ဆောင်တဲ့အရာပဲဖြစ်ပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ ဒီဇိုင်းအဖွဲ့ က ဈေးကွက်အတွက် အကြံဥာဏ်သစ်တွေ ရဖို့ ၊ ပစ္စည်းသစ်တွေထုတ်လုပ်နိုင်ဖို့ အတွက် ကမ္ဘာအနှံ့ မှာ ပြုလုပ်ကျင်းပတဲ့ လက်ဝတ်ရတနာပြပွဲတွေမှာ အမြဲ ပါဝင်ပြသ ခဲ့တယ်။ ဒါ့အပြင်၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို ပြည့်ပြည့်၀၀နားလည်သဘောပေါက်ဖို့ ၊ သူတို့ မျှော်လင့် ထားတဲ့ အတိုင်း လိုချင်တဲ့အတိုင်းပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ဖို့ အတွက် သူတို့ တွေနဲ့ ရင်းနှီးဖော်ရွေစွာ ပြောဆိုဆက်ဆံပါ တယ်။

ထိုင်းနိုင်ငံရဲ့ ငွေထည်လက်ဝတ်ရတနာ လုပ်ငန်းအပေါ် ဘယ်လိုထင်ပါသလဲ။
ကောင်းပါတယ်။ ထိုင်းငွေထည်နဲ့ ငွေနဲ့ လုပ်ထားတဲ့လက်ဝတ်ရတနာတွေက အရမ်းကို နာမည်ကြီးပါတယ်။ ထိုင်းနိုင်ငံက လှပတဲ့၊ အရည်အသွေးမြင့်မားတဲ့ ဒီဇိုင်းနဲ့ ငွေထည်လက်ဝတ်ရတနာတွေကို ချိုသာသင့်လျော်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အချက်အချာကျတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

အနာဂတ်အတွက် ဘယ်လို ရည်ရွယ်ပြင်ဆင်ထားပါသလဲ။
ကျွန်မက လက်ရှိ ဈေးကွက် အချိုးအစားဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဈေးကွက် 70% နဲ့ ဒေသတွင်းဈေးကွက် 30% ကို 50% နဲ့ 50% အဖြစ် သာတူညီမျှပြောင်းလဲချင်ပါတယ်။ ကျွန်မတို့ မှာ အခု ငယ်ရွယ်တဲ့ ပညာရှင်တွေကို ဆွဲဆောင်ဖို့  အတွက် 'GLINTZ' လို့ ခေါ်တဲ့ အမှတ်တံဆိပ်ခွဲ ရှိနေပါပြီ။ ဒါပေမယ့်၊ ကျွန်မတို့ ရဲ့ တံဆိပ်က သေးနေတုန်းပါပဲ။ ဒီ့ထက် ပိုပြီး တိုးတက်ဖို့ လိုနေပါသေးတယ်။

ပိုမိုသိရှိလိုပါက www.graceofart.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Grace of Art ၏ခွင့်ပြုချက်ဖြင့် ဓာတ်ပုံများအား ရယူပါသည်။

 


 

368986