Issue 41

Carletta လက်ဝတ်ရတနာ၏ တည်ထောင်သူနှင့် ဖန်တီးမှုဒါရိုက်တာတစ်ဦးဖြစ်သည့် Surasak Maneesathianrattana မှ ၄င်း၏အမှတ်တံဆိပ်၊ သဘောထားနှင့် စီးပွားရေး ဆက်လက်ကြီးထွားလာစေရန်အတွက် လမ်းကြောင်းသစ် အပေါ်တွင်မည်ကဲ့သို့ ဦးတည်လုပ်ဆောင်နေသည်များကို ပြောပြပါသည်။

Carletta ကိုဘယ်လိုစပြီး တည်ထောင်ဖြစ်ခဲ့ပါသလဲ။

အမှတ်တံဆိပ်ကို 2011 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ လက်ဝတ်ရတနာရောင်းဝယ်တဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့အတွက် ရွှေပန်းထိမ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ကိရိယာတွေနဲ့ ရင်နှီးကျွမ်းဝင်ပြီးဖြစ်တယ်။ အဲဒါက ဒီစီးပွားရေးလောကထဲကို ၀င်ရောက်ဖို့ အတွက် အားတွေထဲကတစ်ခုဖြစ်ပါတယ်။ Carletta ပစ္စည်းတိုင်းရဲ့ ဒီဇိုင်းကို ကျွန်တော်/မက သေသေချာချာဆွဲထားပြီး၊ တစ်ခုစီတိုင်းရဲ့  နောက်မှာ သူနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်စီ ရှိတယ်။ ပထမဦးဆုံးစတင်ခဲ့တုန်းက၊ အမျိုးသမီးတွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့၊ မကြာခင်ကပဲ အမျိုးသား အမျိုးသမီးမရွေး အသုံးပြုဝတ်ဆင်နိုင်မဲ့ လက်ဝတ်ရတနာအမျိုးအစားတွေကို ထုတ်လုပ်ခဲ့ပါတယ်။

 

တံဆိပ်ရဲ့ အမှတ် လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

Carletta လက်ဝတ်ရတနာတွေက သဘာဝတရားကြီးရဲ့ လှုံ့ ဆော်မှုကနေ ထွက်ပေါ်လာတဲ့ မူရင်းနဲ့ ကြီးကျယ်ခမ်းနား မှုတွေကို ဖော်ညွှန်းထားတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။ လက်ဝတ်ရတနာတွေကို ငွေ၊ ကြေး၊ တန်ဖိုးကြီးကျောက်၊ တစ်ဖိုး သိပ်မကြီးတဲ့ကျောက်တွေနဲ့ လုပ်ထားပါတယ်။ သူတို့ တွေက သမားရိုးကျမဆန်ပါဘူး။ ဒါပေမယ့် ထသွားထလာ ၀တ်ဆင်နိုင်တဲ့ လက်ဝတ်ရတနာတွေဖြစ်ပြီး၊ ၀တ်ဆင်သူတွေ ဂုဏ်ယူဝင့်ကြွားနိုင်သလို မော်ဒန်လူနေမူပုံစံနဲ့  အပူအပင် အကြောင့်အကြကင်းမဲ့တဲ့ သဘောထားတွေကို ပေါ်လွင်ထင်ဟပ်နေစေပါတယ်။ ပုံစံတစ်ချို့ ကို အကန့်  အသတ်နဲ့ ပဲထုတ်လုပ်ပါတယ်။ သူတို့ ရဲ့ ထူးခြားမှုနဲ့ အရည်အသွေးကို ထိန်းသိမ်းထားချင်လိုပါ။

ဘယ်လိုဆုတွေကို ရရှိထားလဲ။

ဆုတွေအများကြီးရထားပါတယ်။ တစ်ချို့  DITP ကဖြစ်ပြီး Talent Thai 2013 ခုနှစ် နဲ့ 2015 ခုနှစ်ဆုတွေ၊ ASEAN Talent 2014 ခုနှစ် ဆုတွေပါဝင်ပါတယ်။ စက်မှုလုပ်ငန်းတိုးတက်မြင့်တင်ရေးငှာန (Department of Industrial Promotion) ကချီးမြှင့်တဲ့ Emerging Designer 2013 ခုနှစ်ဆုကိုလည်း ရရှိထားပါတယ်။

အဓိကဖောက်သည်တွေက ဘယ်သူတွေလဲ။

လက်ရှိ ကျွန်တော်/မတို့ ရဲ့ ဖောက်သည်အချိုးက (ဒေသခံမှ အပြည်ပြည်ဆိုင်ရာ) 70:30 ဖြစ်ပါတယ်။ အဓိက တင်ပို့  ရောင်းချရတဲ့ဈေးကွက်က ဆွီဒင်နိုင်ငံ၊ ထိုင်ဝမ် နဲ့ ဂျပန်နိုင်ငံတွေပဲဖြစ်ပါတယ်။ ကျွန်တော်/မ တို့ ရဲ့  ပစ္စည်းတွေကို Siam စင်တာမှာ ရနိုင်ပြီး၊ ချန်းမိုင်၊ ဖူးကက်နဲ့ ကရာဘီမှာ ရှိတဲ့ ဟိုတယ်တွေရဲ့ ဆိုင်တွေမှာလည်း ရောင်းပါတယ်။

ထိုင်းနိုင်ငံ လက်ဝတ်ရတနာလုပ်ငန်းရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။

ထိုင်းနိုင်ငံက သူ့ ရဲ့ သဘာဝသံယံဇာတတွေ၊ ဈေးသိပ်မကြီးတဲ့လုပ်အားခတွေ နဲ့ ကျွမ်းကျင်မှုမြင့်မားတဲ့လုပ်သားတွေ ကြောင့်ထင်ရှားပါတယ်။ ဒါ့အပြင်၊ ခေတ်မီနည်းပညာတွေကြောင့်လည်း တိုင်းပြည်မှာ အရည်အသွေးရှိတဲ့ ပစ္စည်းတွေ ကို ထုတ်လုပ်နိုင်ပြီး ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင်တာပါ။ ကျွန်တော်/မတို့ မှာထိရောက်တဲ့ ထောက်ပံ့ပို့ ဆောင်ရေး စနစ်ရှိတဲ့အတွက် ထိရောက်တဲ့ရောင်းဝယ်မှုတွေ လုပ်နိုင်ပြီး လုပ်ငန်းကြီးထွားနိုင်မဲ့အခွင့်အလမ်းတွေကို ဖော်ဆောင် ပေးနေတာပဲဖြစ်ပါတယ်။

2016 ခုနှစ်အတွက် ဘာတွေစီစဉ်ထားပါသလဲ။

လောလောဆယ်တော့ ကျွန်တော်/မတို့ ရဲ့ လက်ဝတ်ရတနာတွေကို အဓိကအားဖြင့် ထိုင်းနိုင်ငံမှာပဲ ရောင်းချနေတာပါ။ ဒါပေမဲ့ ဒေသတွင်းနဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေအထိ အရောင်းကိုတိုးမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် လာမဲ့ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ဝန်ဆောင်မှုတွေ ပစ္စည်းတွေထုတ်လုပ်ပေးဖို့  ဖြစ်ပါတယ်။ ၀ယ်ယူသူဖောက်သည်တွေ စိတ်ချမ်းမြေ့စွာ ၀ယ်ယူအားပေးနိုင်ဖို့ အော်ဒါမှာယူရာမှာလည်း ဆွေးနွေး ညှိနှိုင်းနိုင်ပါတယ်။ ဒီအချက်က လက်ဝတ်ရတနာချစ်သူတွေအတွက် အမှတ်တံဆိပ်ကို ပိုသိလာအောင် လုပ်ဆောင်ခြင်း တစ်မျိုးလို့ ယုံကြည်ပါတယ်။

ပိုမိုသိရှိလိုပါက www.facebook.com/carlettajewellery အား လေ့လာဖတ်ရှုပါ။

 

 

 

368112