Issue 55

Tête-à-Tête ၏ဒီဇိုင်း ဒါရိုက်တာ KK Chin မှ ၄င်း၏ အနုပညာဈာန်ဝင်စားမှု နှင့် ၄င်း၏လက်ဝတ်ရတနာ များမှတဆင့် ကွဲပြားသောချစ်ခြင်း မေတ္တာတရားအားဖော်ကျူးပုံများကို Horizon အားပြောပြထားခြင်းဖြစ်ပါ သည်။

Tête-à-Tête နဲ့ ပတ်သက်ပြီးတစ်ခုခုပြောပြပေးနိုင်ပါမလား။

ရင်းနှီးကျွမ်းဝင်ခြင်း၊ ဒါမှမဟုတ် heart-to-heart လို့ အဓိပ္ပာယ် Tête-à-Tête ဆိုတဲ့ အမှတ်တံဆိပ်နာမည် ကအစ ကျွန်တော်တို့ ရဲ့  ပစ္စည်းတစ်ခုချင်းစီမှာ နောက်ကြောင်း ပုံပြင်တွေရှိပါတယ်။ ဒီဇိုင်းတွေအားလုံးကို "ချစ်ခြင်းအတွက်ရှင်သန်ခြင်း" (Live for Love) ဆိုတဲ့ အဓိကသီအိုရီအယူအဆရဲ့  အောက်မှာ ဖန်တီးထားပါ တယ်။ သူတို့ တွေက စုံတွဲတွေကြားကထားရှိတဲ့ ချစ်မေတ္တာတွေသာမက၊ မိဘနဲ့ သားသမီးတွေကြားက မေတ္တာ၊ မိတ်ဆွေတွေကြားမှာထားရှိတဲ့ မေတ္တာ စတဲ့ အခြားသောချစ်မေတ္တာပုံစံတွေကိုလည်း ဖော်ညွှန်းနေပါ တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးတွေကို လက်ဝတ်ရတနာ ဒီဇိုင်နာ တစ်ယောက်လည်းဖြစ်တဲ့ ကျွန်တော့် အမျိုးသမီး နဲ့  နေ့ စဉ်ပြောကြတဲ့ စကားတွေကနေရတာဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံး ပစ္စည်း collection ကဘာပါလဲ။

Dim Sum ပစ္စည်း collection ပါ။ ၂၀၀၈ ခုနှစ်မှာ ဒီဇိုင်းအကောင်းဆုံးဆု (Design Excellence Award (DEmark)) ကိုရခဲ့ပါတယ်။ အဲဒီ ပစ္စည်း collection မှာ အရောင်အသွေး စုံလင်တဲ့ လက်နဲ့ ထုံးဖွဲ့ ချည်နှောင် ထားတဲ့ ငွေလက်စွပ်ကွင်းလေးတွေပေါ်မှာ အရွယ်အစားကြီးမားတဲ့ကျောက်မျက်တွေကို တပ်ထားတာ ပါ။ ဒီ စိတ်ကူးရခဲ့တာက touch of heart (နှလုံးသားအားထိတွေ့ ခံစားခြင်း) လို့  အဓိပ္ပာယ်ရတဲ့ တရုတ် dim sum

ရဲ့ အဓိပ္ပာယ်ကို ကျွန်တော့်အမျိုးသမီးနဲ့ နေ့ လည်စာ dim sum စားရင်း ပြောဆိုကြရင်းကနေ ရလာခဲ့တာပါ။ အရင်တုန်းက တရုတ်ဇနီးမယားတွေက သူတို့ ရဲ့ ခင်ပွန်းသည်တွေအတွက် သားရေစာအဖြစ် dim sum ကို ပြင်ဆင်ကျွေးမွေးရတယ်။ အဲဒါက သူတို့ ရဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်ခြင်းတွေကို ဖော်ပြတာပဲဖြစ်ပါတယ်။

လက်ဝတ်ရတနာတွေကို ဘယ်နေရာတွေမှာ ဘယ်သူ့ ကို ရောင်းတာပါလဲ။

ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ Tête-à-Tête ရဲ့ အဓိက concept က Live for Love (ချစ်ခြင်းအတွက်ရှင် သန်ခြင်း) ပါ။ ဒါကြောင့် tête-à-tête လက်ဝတ်ရတနာ collection တွေကို ကရာဘီ မှာရှိတဲ့ Rayavadee ဟိုတယ်၊ Six Senses Hotels & Resorts Maldives၊ ကမ္ဘာအနှံ့ က အခြား boutique ဆိုင်တွေနဲ့  galleries တွေလိုမျိုး ရိုမန့် တစ်ကျတဲ့ နေရာတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့်၊ ဒီ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အီး-ကုန်သွယ်ရေးက အရေးကြီးတဲ့ကဏ္ဍကနေပါနေတော့၊ အဲဒါက ကျွန်တော့်အတွက် ကမ္ဘာအနှံ့ မှာရှိတဲ့

ချစ်တတ်တဲ့နှလုံးသားတွေရှိပြီး သူတို့ အတွက်၊ နောက်ပြီးသူတို့ ချစ်တဲ့လူတွေအတွက် ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှုလက်ရာ လက်ဝတ်ရတနာတွေကို ရှာဖွေနေကြတဲ့ ဖောက်သည်တွေကို သတင်းစကားပါးနိုင်တဲ့ အကောင်းဆုံး ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကူးနဲ့ ဖောက်သည်တွေရဲ့ နှလုံးသားကို ထင်ဟပ်စေမယ့် ဒီဇိုင်းတွေကို ဘယ်လိုများဖန်တီး ပါသလဲ။

Tête-à-Tête က သေးငယ်တဲ့လက်ဝတ်ရတနာ အမှတ်တံဆိပ်ဖြစ်တဲ့ အတွက် ထူးခြားရမယ်၊ နောက်ပြီး ကျွန်တော့်တို့ အမှတ်တံဆိပ်ရဲ့  ကိုယ်ပိုင် လက္ခဏာ၊ ဦးတည်ရည်မှန်းတဲ့ ဖောက်သည်တွေနဲ့ ဒီဇိုင်းတွေ အပါအ၀င် ကျွန်တော်တို့ ဆောင်ရွက် နေတဲ့ အရာတွေကို ရှင်းရှင်းလင်းလင်းဖော်ညွှန်းနိုင်ရပါမယ်။ ကျွန်တော့် ရဲ့ ဒီဇိုင်းနဲ့ လုပ်ငန်းအတွက် "inside-out" ဆိုတဲ့ နည်းဗျူဟာကို သုံးပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ အားသာချက်နဲ့ ကန့် သတ်ချက်တွေ၊ ကျွမ်းကျင်မှုနဲ့ ဖောက်သည်တွေကို ဘာတွေရောင်းချင်လဲ ဆိုတာကိုလည်း သိထားတယ်။ ဒါ့အပြင်၊ ကျွန်တော် ရည်ရွယ်ထားတဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကိုလည်း လေ့လာတယ်။ သူတို့ ကြိုက်တတ်တဲ့အရာ၊ လိုက်ဖ်စတိုင် နဲ့  လက်ဝတ်ရတနာဝယ်ယူတဲ့ အကြောင်းအရာ စတဲ့ အချက်အလက်တွေကို ရဖို့ အတွက် ကုန်စည်ပြပွဲတွေမှာ၊ ကျွန်တော့်ရဲ့  showroom မှာနဲ့ အခြား အခြား သော ဖြန့် ဖြူးရောင်းချရေးလမ်းကြောင်းတွေမှာ အလားအလာရှိတဲ့ဖောက်သည်တွေနဲ့ စကားစမြည်ပြောဆို တယ်၊ သူတို့ ပေးတဲ့ ဝေဖန်အကြံပြုချက်တွေကိုနားထောင်ပါတယ်။

Tête-à-Tête ရဲ့ အနာဂတ်ကို ဘယ်လိုမြင်ပါသလဲ။

Tête-à-Tête ကို ကမ္ဘာ့ဈေးကွက်အလယ်မှာကျယ်ကျယ်ပြန့် ပြန့် လူသိများတဲ့ ထိုင်းအမှတ်တံဆိပ်အဖြစ် မြင် တွေ့ ချင်ပါတယ်။ Thainess ကချစ်စရာကောင်းတဲ့အတွက် ကျွန်တော်က ဒီတန်ဖိုးကို ကျွန်တော့်ရဲ့  လက်ဝတ်ရတနာတွေတဆင့် လူသိများထင်ရှားစေဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်သလို ပိုမိုကောင်းမွန်အောင် လည်းလုပ်ဆောင်ချင်ပါတယ်။ ကျွန်တော်က ထူးခြားတဲ့လက်ဝတ်ရတနာတွေကို ဖန်တီးထုတ်လုပ်ချင်ပြီး B2C ဈေးကွက်အတွက် ပိုပြီးအလေးထားဆောင်ရွက်ချင်ပါတယ်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ www.tetejewellers.com အားဝင်ရောက်လေ့လာဖတ်ရှုပါ။ သို့ မဟုတ် ဖေ့စ်ဘွတ် FB:tete-a-tete နှင့် တွစ်တာ twitter: teteatetedesign တို့ တွင်လည်းဖတ်ရှုနိုင်ပါသည်။

 

386569