Issue 51

MAZMOIZELLE အမှတ်တံဆိပ်၏ တည်ထောင်သူနှင့်ဒီဇိုင်နာဖြစ်သည့် Supawadee Kaewkum မှ နိုင်ငံတကာ ဈေးကွက်များတွင် အလွန်အောင်မြင်နေသည့် သူမ၏ အီကို (ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်ခြင်း) အိတ်များအကြောင်းကို Horizon အားပြောပြခြင်းဖြစ်ပါသည်။

MAZMOIZELLE ရဲ့ နောက်ခံအကြောင်းကိုပြောပြပေးနိုင်ပါသလား။

ကုန်အမှတ်တံဆိပ်ကို လွန်ခဲ့တဲ့ခြောက်နှစ်ကစတင်ခဲ့ပါတယ်။ ထုတ်ကုန်ဒီဇိုင်းမေဂျာနဲ့ ဗိသုကာပညာမှာဘွဲ့ ရပြီး တော့၊ ဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်းတွေနဲ့ မတူတဲ့ ဆန်းသစ်ပြီးထူးခြားတဲ့ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ကိုယ့် ကိုယ်ပိုင်ထုတ်ကုန်ကို ဒီဇိုင်းထွင်ချင်ခဲ့တယ်။ ကျွန်မ သဘာဝဖော့ကို ရှာတွေ့ ခဲ့တယ်။ အရမ်းကိုစိတ်ဝင်စားဖို့  ကောင်းတယ်လို့ လည်းယူဆမိတယ်။ ဒါကြောင့်၊ ဒီပစ္စည်းနဲ့ ကျွန်မရဲ့ ကိုယ်ပိုင် အိတ်ကို ပထမဦးဆုံးထုတ်ဖြစ်ခဲ့ တယ်။ အဲဒါက ကောင်းတယ်။ ဒါနဲ့ ကျွန်မက အဲဒါတွေကို စီးပွားရေးအနေနဲ့ စထုတ်ရော။ ၀ယ်ယူသူတွေဆီက အရမ်းကိုအပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်တွေကို ရရှိခဲ့ပါတယ်။ ဒါနဲ့ ပဲ ပစ္စည်းတွေကို တိုးတက် ကောင်းမွန်အောင် ပြုပြင်မွမ်းမံရင်းနဲ့ ဒီနေ့ မှာတွေ့ ရတဲ့ MAZMOIZELLE အမှတ်တံဆိပ် ဖြစ်လာပါတော့တယ်။

တံဆိပ်ရဲ့ အားသားချက်တွေက ဘာတွေဖြစ်မယ်လို့ ထင်ပါသလဲ။

ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေက eco-friendly (ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီးထိခိုက်မှုမဖြစ်ပေါ်စေပါ။) ပါ။ အသုံးပြုထားတဲ့ပစ္စည်းက ဖော့ဝက်သစ်ချပင် (cork oak tree) ရဲ့ အပြင်အခေါက်ကနေရတာပါ။ ကျွန်မတို့  အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကိုမသုံးထားတဲ့အတွက် သုံးစွဲသူတွေအတွက် ဘေးကင်းပါတယ်။ ရေဒဏ်ကို လည်းခံနိုင်ပြီး၊ တာရှည်ခံပါတယ်။ ကျွန်မတို့ ရဲ့ ဒီဇိုင်းတွေက ခေတ်ပေါ်တွေချည်းပဲမဟုတ်ပဲ နေ့ စဉ်ဘ၀ အတွက်လည်း အရမ်းကို လက်တွေ့ အသုံးဝင်ပါတယ်။ ဒါ့အပြင်၊ အရွယ်အမျိုးမျိုးရှိတဲ့ ၀ယ်ယူသူတွေရဲ့ လိုအပ် ချက်နဲ့ ကိုက်ညီမဲ့ ပစ္စည်းတွေကိုလည်းထုတ်လုပ်ထားပါတယ်။

ဒီဇိုင်းတွေအတွက် ဘယ်လိုစိတ်ကူးရတာပါလဲ။

ဒီဇိုင်းတွေအတွက် စိတ်ကူးကို လေ့လာမှုကနေရတာပါ။ လူတွေစိတ်ဝင်စားတဲ့အရာနဲ့ လက်ရှိ ခေတ်ရေစီး ကြောင်းတွေအကြောင်းကို ကျွန်မအမြဲပဲ မှတ်စုရေးမှတ်ထားလေ့ရှိတယ်။ ဥပမာ၊ လူတွေက မိုဘိုင်းဖုန်း၊ တက်ဘလက် (tablets) တွေနဲ့ ကျစ်လစ်သိပ်သည်းတဲ့ ဒစ်ဂျစ်တယ် ကင်မရာတွေကို ကြိုက်ကြတယ်။ ဒါကြောင့်၊ ၀ယ်ယူသူတွေရဲ့ လိုက်ဖ်စတိုင်နဲ့ ကိုက်ညီမဲ့ ဒီလိုကိရိယာလေးတွေအတွက် အိတ်တွေကို ကျွန်မ ထုတ်တယ်။

ဦးတည်ထားတဲ့ ၀ယ်ယူသူပရိသတ်တွေက ဘယ်သူတွေပါလဲ။

MAZMOIZELLE ရဲ့ ပရိသတ်တွေက အမျိုးမျိုးအပြားပြာပါပဲ။ ဒါပေမယ့် အဓိက ဦးတည်တဲ့သူတွေကတော့ လူငယ်မျိုးဆက်တွေနဲ့ ကျောင်းသား/သူတွေပါ။ ကျွန်မရဲ့ ကုန်အမှတ်တံဆိပ်ကို ပထမဆုံးစခဲ့တဲ့အချိန်တုန်းက ထိုင်းလူမျိုးဝယ်ယူသူတွေကို ဦးတည်ထားခဲ့တယ်။ ဒါပေမယ့်၊ ကျွန်မရဲ့ ပစ္စည်းတွေကို နိုင်ငံခြားကို စပြီး တင်ပို့  ရောင်းချခဲ့တယ်။ အခု ကျွန်မရဲ့ ဖောက်သည်တွေက ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ စင်္ကာပူ၊ ရုရှားနဲ့ အီတလီ၊ ပြင်သစ်နဲ့ ဂျာမနီတို့ လို ဥရောပတိုင်းပြည်တွေက လူတွေလည်း ပါပါတယ်။

ဘာကြောင့် အစ်မရဲ့ တံဆိပ်ကို ဖောက်သည်တွေက ချစ်ခင်နှစ်သက်ကြတာပါလဲ။

အဲဒါက ၀ယ်ပြီးနောက်ပိုင်းပေးအပ်တဲ့ဝန်ဆောင်မှုကြောင့်လို့ ထင်တယ်။ ကျွန်မဖောက်သည်တွေကို ဂရုစိုက်တယ်။ သူတို့ တွေနဲ့ ဆက်သွယ်တယ်။ ထုတ်ကုန်အကြောင်းအရာအသေးစိတ်ကို ပြောပြပေးတယ်။ သူတို့ တွေရဲ့ အိတ်ကို ဘယ်လို သန့် ရှင်းရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာမျိုးပေါ့။ အိတ်တွေ ပျက်စီး သွားခဲ့ရင်၊ ဥပမာအနေနဲ့ ဇစ်ပြုတ်သွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် အလကားပြင်ပေးပါတယ်။

အနာဂတ် အစီအစဉ်တွေက ဘာတွေပါလဲ။

ကျွန်မရဲ့ ဈေးကွက်ကိုတိုးချဲ့ ချင်တယ်။ ကျွန်မရဲ့ ပစ္စည်းတွေကို အရှေ့ အလယ်ပိုင်းဒေသမှာ ဖြန့် ချင်တယ်။ အခု လောလောဆယ်တော့ အဲဒီဒေသက ဈေးကွက်အကြောင်း၊ လိုက်ဖ်စတိုင် နဲ ၀ယ်သူ့ အကြိုက် စတဲ့ အကြောင်း တွေကိုလေ့လာနေပါတယ်။ သူတို့ တွေရဲ့ လူနေမှုပုံစံအကြောင်းကို ပိုသိလာမယ်ဆိုရင်၊ ကျွန်မမှာ အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ပစ္စည်းတွေရှိတာသေချာတဲ့အတွက် ဒီဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်မှာ ဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါင ကျေးဇူးပြု၍ www.mazmoizelle.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

 

 

368730