Issue 52

Aroma Space ၏ ဈေးကွက်ရှာဖွေရေး နှင့် အရောင်း ဒါရိုက်တာ Kamonrat Atipalungkool မှ ကမ္ဘာ့ အလယ် တွင်ရေပန်းစားနေသည့် အပြင် DITP မှချီးမြင့်သော DEmark Award ဆုကိုရရှိထားသည့် သူမ၏ ဒီဇိုင်း ကောင်း ထုတ်ကုန် ပစ္စည်းအကြောင်းအား Horizon သို့ ပြောပြခြင်းဖြစ်ပါသည်။

Aroma Space အကြောင်းအနည်းငယ်ပြောပြပေးပါ။

ကျွန်မတို့ မိသားစုက လက်ဦးမှာ နိုင်ငံခြားကိုတင်ပို့ မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့  ကြွေထည်ပစ္စည်းတွေကို အ မြောက်အမြားထုတ်လုပ်ခဲ့ကြတယ်။ ဒါပေမယ့်၊ ၂၀၁၂ ခုနှစ်မှာ ကျွန်မတို့  Aroma Bird ကြွေထည်ပစ္စည်း diffuser set စုံ ပစ္စည်းသစ်ကို စတင်မိတ်ဆက်ခဲ့ပြီး အဲဒီနှစ်မှာပဲ Demark ဆုကိုရခဲ့ပါတယ်။ ဒီဟာက ကျွန်မ တို့  ပစ္စည်းရဲ့  အမှတ်တံဆိပ် အစပျိုးခြင်းပဲဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာပဲ ကျွန်မတို့ ရဲ့ ပစ္စည်းတွေကို လူသိ များလာစေဖို့ နဲ့  ဖြန့် ဖြူးရောင်းချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုထက်ထိလည်း ကျွန်မတို့ ရဲ့ ပစ္စည်းတွေ သစ်လွင်လန်းဆန်း အသက်ဝင်စေဖို့ အတွက် ဆက်ပြီးကြိုးစားနေပါတယ်။

ဝယ်ယူသူတွေဆီက ဘာတွေပြန်ကြားရလဲ။

အရမ်းကောင်းတယ်။ Aroma Space ရဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို ချစ်ခင်နှစ်သက်ကြတဲ့ ၀ယ်ယူသူတွေရဲ့ တုံ့  ပြန်မှုတွေက ကျွန်မတို့ တွေကို တကယ့်ကိုပျော်ရွှင်စေပါတယ်။ ဒါက လူတွေရဲ့ နေထိုင်မှု ဘ၀ ပုံစံပြောင်းလဲ လာတာကြောင့်လို့ ကျွန်မထင်တယ်။ ကျွန်မတို့ ရဲ့ ကုန်ပစ္စည်းကို ၀ယ်ယူသူအမျိုးမျိုးအတွက်ရည်ရွယ်ပါတယ်။ အရင်ကဆို ကျွန်မတို့ ရဲ့ အဓိကဖောက်သည်တွေက အလုပ်လုပ်ကြတဲ့ လူကြီးသူမတွေဖြစ်ခဲ့ပေမယ့်၊ အခုမှာ ဆိုရင် ဆယ်ကျော်သက်တွေ၊ အထက်တန်းနဲ့  တက္ကသိုလ်ကျောင်းသား/သူတွေလည်း ပါလာကြပြီ။ ကျွန်မတို့  ပစ္စည်းတွေက သေးပြီးဆွဲဆောင်မှုရှိတဲ့အတွက် ၀ယ်သူတွေအနေနဲ့ ကောင်းမွန်တဲ့လက်ဆောင်တွေအဖြစ် ပေး နိုင်သလို မိမိရဲ့ အိမ်တွေမှာလည်း အလှဆင်နိုင်ပါတယ်။

 
 

ဘယ်နိုင်ငံရဲ့ ဈေးကွက်တွေမှာဖြန့် ဖြူးရောင်းချနေပါ သလဲ။

Aroma Space ကပစ္စည်းတွေကို တရုတ်၊ ဂျပန် နဲ့ ထိုင်ဝမ် နိုင်ငံတွေအပြင်၊ နယ်သာလန်၊ ဂျာမနီ နဲ့ အီတလီ စတဲ့ နိုင်ငံတွေပါဝင်တဲ့ ဥရောပတိုင်းပြည်တွေကိုလည်း တင်ပို့ ရောင်းချနေပါတယ်။ ဥရောပက ၀ယ်သူတွေက စပါးလင်နဲ့ စံပယ်ပွင့်ကို သိပ်စိတ်ဝင်စားကြတယ်။ သူတို့ က ဒီအနံ့ တွေကို ရှုရှိုက်ရတဲ့အခါမှာ လန်းဆန်း သန့်  စင်သွားတာကို ခံစားရပြီး စိတ်အပန်းပြေစေတယ်လို့ ပြောကြတယ်။ သူတို့ တွေရဲ့ ဒေသ၀န်းကျင်မှာက အထူးသဖြင့် ဒီအနံ့ တွေမရှိတဲ့အတွက် ဒီ aroma ရနံ့ တွေကို ကြိုက်ကြတာပါ။ အနာဂတ်မှာ ဒီတိုင်းပြည်တွေ ဆီကို ထိုင်းရနံ့ တွေ ပိုပြီးဆောင်ကျဉ်းလာနိုင်မှာကတော့ အသေအချာပါပဲ။

ဖောက်သည်တွေနဲ့ ထိတွေ့ နိုင်ဖို့  ဆိုရှယ်မီဒီယာတွေ ကို ဘယ်လိုသုံးပါသလဲ။

ငယ်ရွယ်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရတဲ့အားသာချက်က နည်းပညာသစ်နဲ့ ဆိုရှယ်မီဒီယာကိုသုံးပြီး ကျွန်မ ရဲ့  ပစ္စည်း တွေကို တင်ဆက်ရမလဲဆိုတာကို သိတာပါ။ ဥပမာ၊ Facebook နဲ့  Instagram ကြောင့် ကမ္ဘာ တစ်လွှား မှာရှိကြတဲ့ ကျွန်မရဲ့ ဖောက်သည်တွေနဲ့ လွယ်လွယ်ကူကူ ထိတွေ့ ဆက်ဆံနိုင်တယ်။ ဒါ့အပြင်၊ နိုင်ငံ တကာမှာရှိကြတဲ့ဖောက်သည်တွေလည်း ကျွန်မတို့ ထုတ်ကုန် ပစ္စည်းတွေရဲ့ အကြောင်းကို ကျွန်မတို့ ရဲ့ ဝက်ဘ် ဆိုက် ကနေ၀င်ပြီးကြည့်ရှုနိုင်ပြီး အဲဒီနောက်မှာ ပစ္စည်းဝယ်ဖို့ အတွက် ကျွန်မတို့ ကိုဆက်သွယ်နိုင်ပါတယ်။ သူတို့ တွေကလည်း ထိုင်း-ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုလည်း ပိုပြီးလွယ်လွယ်ကူကူမှတ်မိသိရှိလာနိုင်ပါတယ်။

အနာဂတ်အတွက် အစီအစဉ်တွေက ဘာများပါလဲ။

ထုတ်ကုန် ပစ္စည်းလိုင်းကို တိုးချဲ့ ချင်ပါတယ်။ ပထမမှာ မွှေးရနံ့ နဲ့ diffuser တွေကို ထုတ်ပြီးပါပြီ။ ဒါပေမယ့် အနာဂတ်မှာဆိုရင် ပိုပြီးထူးခြားဆန်းပြားတဲ့ဒီဇိုင်းတွေနဲ့ ဖယောင်းတိုင်နဲ့ ဖယောင်းတွေကို ထုတ်ပါအုံးမယ်။ ပြည်တွင်းနဲ့ ပြည်ပမှာရှိကြတဲ့ဖောက်သည်တွေအတွက် အရည်အသွေးမြင့်မားပြီး ထူးခြားတဲ့ ထိုင်းပစ္စည်းတွေကို ဖန်တီးနိုင်ဖို့ အတွက် ကျွန်မတို့ ရဲ့ တတ်ကျွမ်းမှုအရည်အချင်းကိုလည်း တိုးတက်စေချင်ပါသေးတယ်။

ပိုမိုနားလည်သိရှိလိုပါက၊ ကျေးဇူးပြု ၍ www.aromaspaceproducts.com အားဖတ်ရှုလေ့လာနိုင်ပါသည်။

 

 

368727